Keep Your Beat

Keep Your Beat Enjoy your time with us

27/05/2021

အရမ်း ကြမ်းတမ်းလွန်းတဲ့ဒီလမ်းလေး...
ဘယ်လောက်ပဲ ပြင်ပြင်ကောင်းမလာတဲ့ဒီလမ်းလေး...
ဒီလမ်းလေး ဘယ်မြို့ရဲ့လမ်းလဲ သိတဲ့လူရှိသလို့ မသိတဲ့သူတွေလည်းရှိမယ်။

ကဲ..ဒီလမ်းလေးဟာ...ဖားကန့်မြို့ ကချင်ပြည်နယ်မြန်မာနိုင်ငံအထက်ပိုင်း အဖိုးတန်ကျောက်စိမ်းများထွက်ရှိရာနေရာလေးပါ။ ဒီလောက်ကျောက်မြတ်ရတနာတွေထွက်တာ လမ်းလေးက ကြမ်းမြဲကြမ်းဆဲပါပဲ။

ဒီဗီဒီယိုလေးထဲမှာ လမ်းခင်းပေးနေတဲ့ အန်တီနဲ့ခလေးလေးတွေ့ကြမှာပါ။ ဒီအန်တီတို့နှစ်ယောက်ထဲမကဘူး။ အနီးနားရွာလေးမှာနေကြတဲ့ အဘိုးအဘွား ခလေးလေးတွေကအစ တပိုင်တနိုင်နဲ့ မုန့်လင်မယားခွက်လို ဖြစ်နေတဲ့ လမ်းလေးကို သူတို့တတ်နိုင်လောက်လေး မြေကြီးတူးပြီး ဖို့ပေးရှာကြတယ်။ နေပူပူ မရှောင် စေတနာအပြည့်နဲ့ ခင်းပေးကြရှာတယ်။

ဒီလို လမ်းလေး ပိုပိုပြီးမပျက်စီးအောင် တတ်အားသလောက်ကူညီပေးတဲ့ဒေသခံလေးတွေကို ကိုယ့်ဘက်ကလည်း နှစ်ရာတတ်နိုင်တတ်နိုင် ငါးရာတတ်နိုင်တတ်နိုင် ကူညီပေးကြရအောင်ပါလား။

ကျွန်မရိုက်ထားတဲ့ videoလေးက တိုတိုလေးပေမဲ့ တလမ်းလုံး နမ့်ယားမရောက်ခင်အထိ လမ်းတွေတတ်နိုင်သလောက်ပြုပြင်ပေးနေတဲ့ သားသားမီးမီး ဒေါ်ဒေါ် ဦးဦး ဘိုးဘိုး ဘွားဘွားတွေလဲရှိကြပါတယ်။

14/01/2021
20/12/2020

Don't invest yourself into wrong people ✅✅✅
It takes years in years to get back together 👍👍

Address

Johannesburg

Website

Alerts

Be the first to know and let us send you an email when Keep Your Beat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share