Poet Thu Lwan

  • Home
  • Poet Thu Lwan

Poet Thu Lwan ကဗျာတွေရဲ့နောက်ကို မလိမ်မိုးမလိမ်မာ လိုက်ခဲ့မိသော အပိုင်းအစများ

တိတ်ဆိတ်ခြင်း အသံများအလင်းရောင်က ငါ့အပေါ်ဖြာကျနေပေမယ့်ကောင်းကင်ကြီးကတော့ မဲမှောင်လို့လေပြေလေညှင်း တိုက်ခတ်ပုံကနုနုညံ့ညံ့...
08/10/2024

တိတ်ဆိတ်ခြင်း အသံများ

အလင်းရောင်က ငါ့အပေါ်ဖြာကျနေပေမယ့်
ကောင်းကင်ကြီးကတော့ မဲမှောင်လို့

လေပြေလေညှင်း တိုက်ခတ်ပုံက
နုနုညံ့ညံ့ ညင်ညင်သာသာ လှုပ်ခတ်

မျှော်လင့်ချက်တွေ ဖြစ်လာမလားလို့
စောင့်မျှော်နေတဲ့ မျက်ဝန်း တစ်စုံရယ်

ပျောက်ကွယ်လုနီးပါး
အမှန်တရား တစ်ခုရယ်

သေရာပါ ကြွေကျသွားတဲ့
သစ်ရွက်ကြွေတွေရယ်ပေါ့

လေတိုက်လို့ လှုပ်ခတ်နေရတယ် ဆိုပေမယ့်
ရွက်ဝါတွေရဲ့ ဘဝက နေဖို့ထက်
ကြွေဖို့ပဲ မဟုတ်လား။

#သူလွမ်း
Orange Magazine,Vol 1,No 5

Orange August 2024
06/08/2024

Orange
August 2024

25/01/2024

အစိမ်းရောင်လက်များ (၂)
********************

ကွေ့တိမ်းတောင်
--------------
မီးလောင်ပြင်က
သစ်ပင်တွေရဲ့ စျာပနကို
အရှင်လတ်လတ်မြင်ရ
ရင်နာ ကြေကွဲ ဝမ်းနည်း ပက်လက်
ရှေ့ဆက်
လက်ချိတ်
ပျံသန်းကြတာပေါ့
ငါတို့ရဲ့ အစိမ်းရောင်လက်များ

ကွေ့တိမ်းတောင် တဲ့
ဘယ်တော့မှ ကွေ့တိမ်းရှောင်မသွားပါဘူး
ငါတို့ မနက်ခင်း အပြုံးတွေနဲ့
တောက်ဖျန်းလိုက်တာ
မီးလောင်ပြင်က
ပဒုမ္မာကြာပန်းတွေ ထပွင့်တယ်

ကွေ့တိမ်းတောင်ရင်ပြင်ကို
ရင်တပွေ့စာ
အချစ်သစ်ပင်တွေနဲ့
ဆင်မြန်းပေးလိုက်ပါရဲ့
အနက်ရောင်စိတ်ထားပုပ်ပုပ်တွေ
ကြာကန်ရေလို မခမ်းခြောက်ပါစေသား

အောင်ဂျမ်းမြိုင်

(၁)
ဖော်ပြပါ ကဗျာကို ရေးခဲ့သူ ဆရာ အောင်ဂျမ်းမြိုင်ဆိုတာ သဘာဝပတ်ဝန်းကျင်က်ိုချစ်မြတ်နိုးပြီး တကယ်လည်း သစ်ပင်တွေ စိုက်ပျိုးနေသူတစ်ယောက် ဖြစ်သည်။သူ့အိမ်ကို သွားကြည့်လိုက်ရင် အိမ်ခြံဝင်း တစ်ခုလုံး သစ်ပင် ပျိုးပင်တွေနဲ့ စိမ်းစို အေးမြနေတာကို တွေ့ရ။နှစ်သက်တမ်းရှည် ငုဝါပင်ကြီးက နွေဆို ပင်လုံးကျွတ် ဝါထိန်နေအောင်ပွင့်ရှာတယ်။ပိတောက်ပန်းဆိုတာကလည်း သင်္ကြန်မိုးတွေ တစ်ဖျောက် နှစ်ဖျောက်ဖျန်းပက်ရင် အဝါရောင်တွေ ကျဲချတော့တာပဲ ။ သရက် မာလကာ မန်းကျဥ်း တမာ အပြင် ညောင်ပင်ပေါက်စလေးတွေ ထည့်ထားတဲ့ ပျိုးအိတ်ပေါင်းစုံ ။ဗာဒံပင် စိန်ပန်း နှင်းသီးပင် အညာဒေသအခေါ် ဖားမျက်စိ(သကြားပင်) တပေဘူတ ဖြူ ပန်းရောင် အဝါ စသဖြင့် အမျိုးမျိုးသော အပင်ပေါင်းစုံဖြင့် အိမ်ခြံဝင်းလေးထဲမှာ အလုပ်ရှုပ်နေသူ တစ်ယောက်သာ ဖြစ်သည်။အဲဒီအပင်တွေ ပျိုးပြီး ရောင်းတာလားဆိုတော့ မဟုတ်ပြန်ဘူး။ရပ်ထဲ ရွာထဲက အရပ်ရ သစ်ပင် စိုက်ချင်တဲ့ မည်သူ့ကို မဆ်ို အလကားပေးတဲ့ အပြင် စာသင်ကျောင်းတွေ ဘုန်းတော်ကြီးကျောင်းတွေမှာ ရွာထဲက ဝါသနာတူ ညီအစ်ကိုတွေနဲ့ ကုသိုလ်ဖြစ် လိုက်လံစိုက်ပျိုး ပေးနေတဲ့ အစိမ်းရောင်လက်များ သစ်ပင်ချစ်သူများ အဖွဲ့ရဲ့ စုစည်းသူ တစ်ယောက်လည်း ဖြစ်သည်။

ညနေပိုင်း အားတဲ့အချိန် ရွာလယ်က စာကြည့်တိုက်မှာ စာကြည့်တိုက်မှုးအဖြစ် ပါဝင်ဆောင်ရွက်ရင်း စာကြည့်တိုက်မှာလည်း ပျိုးပင်တွေနဲ့သာ ရှုပ်ယှက်ခတ်နေတော့တဲ့အထိပါပဲ။အဲဒီစာကြည့်တိုက်က လက်ရှိ စာကြည့်တိုက်မှုူး ကိုတင်ကို ဆိုတာကလည်း စာပေချစ်မြတ်နိုးသလို သစ်ပင်ပြုစု စိုက်ပျိုးရာမှာလည်း ဝါသနာထုံသူ တစ်ယောက်ဆိုတော့ အဖွဲ့ကျခဲ့ကြတာ မဆန်းပါဘူး။နောက်တော့ ကြေးမုံရွှေ​ကျောင်းမြောက်ဘက်က လူပျိုကြီး ကိုစိုးလွင် တို့ ဦးဇော်နိုင်ဦး (ခ) ဦးဇော်ကြီး အပြင် ကိုမိုးခိုင် ကိုကျော်မြင့် ကိုအောင်ဇင် စသည်ဖြင့် ဝါသနာတူ လူတွေ စုမိကြရာက သစ်ပင်စိုက်ကြဖို့ အကြောင်းရင်း တစ်ချက် ဖြစ်လာခဲ့တော့သည်။

(၂)
ကွေ့တိမ်းတောင် အကြောင်းပြောရရင် မုံရွေးကြေးမုံ အရှေ့ဘက်ဆီက ရွှေမြင်တင် တောင်တန်းများအကြောင်း ပြောမှ ဖြစ်လိမ့်မည်။ဒီအကြောင်းကို အရင်က အစိမ်းရောင်လက်များ ပတ်ဝန်းကျင် အက်ဆေးတစ်ခုမှာလည်း ရေးသား ပြောပြခဲ့ဖူးပါသည်။အရင်က ထင်းမီး အားကိုးပြီး ထမင်းဟင်း ချက်ပြုတ် ရတဲ့ ရွာသူရွာသားတွေကြောင့် တောင်ပေါ်ဘက် အညာဒေသတွေမှာ သစ်ပင်ခုတ် ရောင်းတာတွေ များခဲ့သည်။များဆို တောင်ကတုံး တော်တော် များများ ဖြစ်ခဲ့တာက သက်သေ။ဘိုး ဘေး တွေလက်ထက်က တောကောင်တွေနဲ့ စိမ်းစိုခဲ့တဲ့ တောင်တန်းတွေက ခုတော့ သွေ့ခြောက်လို့ပေါ့။ဆိုးကျိုးအနေနဲ့ အညာနေပူပူမှာ ရေပြတ်လာတယ် မိုးခေါင်လာတယ်။ကန်နက်နက် တူးလိုက်ရုံနဲ့တော့ ရေများများ ရမလာပါဘူး။မိုးများများရွာမှသာ ရေများများရနိုင်ပါတယ်။သဘာဝပတ်ဝန်းကျင် အသိ သစ်ပင်သစ်တောတွေရဲ့ ကောင်းကျိုး သိမှသာ အဆင်ပြေနိုင်ပါသည်။

ဒါနဲ့ပဲ မုံရွေးကြေးမုံ စာကြည့်တိုက်က ကိုဂျမ်းတို့ စုပေါင်းပြီး ကွေ့တိမ်းတောင်မှာ သစ်ပင်တွေ စိုက်ခဲ့ကြသည်။သစ်သားနဲ့ ခြံခပ်ကြီးကြီးတွေလုပ် ဆိတ် သိုး မစားနိုင်အောင် သေချာ ကာရံရပါတယ်။မြေကျင်းတူးဖို့အတွက်ပါ အလုပ်သမားငှားပြီး တစ်ကျင်း ဘယ်လောက်ပေးမယ် ဆိုပြီး တူးခိုင်းရသည်။တူးပြီးထားတဲ့ ကျင်းတွေထဲ မြေဆွေး ဆိတ်ချေး စသည်ဖြင့် ထည့်နှပ်ထားပြီး အတော်လေး အဆင်ပြေမှ သစ်ပင်တွေကို စိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်။လူအင်အားကလည်းတောင့် တော်တော်များများကလည်း စိတ်အားထက်သန်နေကြတဲ့အချိန်ဆိုတော့ အဆင်ပြေခဲ့ပါသည်။တောင်ခြေကြာကန်ကြီးကနေ ရေကို ပုံးအဝါကြီးတွေနဲ့ ဆွဲလောင်းကြ။အများဆုံးစိုက်ခဲ့ကြတာက မန်းကျဥ်း တမာ ကုက္ကို မယ်ဇလီ စသည်ဖြင့် အပင်မျိုးစုံအောင် တောင်ပတ်ပတ်လည် စိုက်ပျိုးထားခဲ့ကြသည်။ ဥပုသ် တစ်ပတ် တခါ မုံရွေးကြေးမုံကနေ ဆိုင်ကယ်နဲ့ တစ်မျိုး ကားနဲ့ တစ်ဖုံ အခေါက်ခေါက် အခါခါ သွားရောက်ပြီး ရေလောင်းကြ မြေဆွကြ ထိန်းသိမ်းကြနဲ့ပေါ့။ဒီလိုနဲ့ သစ်ပင်တွေလည်း ရှင်သန်လာခဲ့ကြပါတယ်။တဖြည်းဖြည်းနဲ့ ကြီးထွားလာပြီး အမြစ်တွေတောင် အခြေကျစ ပြုနေဆဲ အခြေအနေတွေသာ ဖြစ်ခဲ့သည်။

(၃)
အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် ကိုယ်ပိုင်လုပ်ငန်းမှာပဲ ဖြစ်ဖြစ် ပရဟိတ ဘာညာသာရကာ ဘယ်လုပ်ငန်းမှာမဆို အဖျက်အနှောင့် တွေ ရှိလာတတ်ကြတာ အစဥ်အလာ တစ်ခုပဲ ဖြစ်သည်။ဒီလိုအကြောင်းမျိုးတွေကြောင့်သာ လောကဓံတရားဆိုတာ သေချာပေါက် ရှိလာရခြင်း ဖြစ်သည်။သစ်ပင်လေးတွေ သေချာပေါက် ဖြစ်ထွန်းပြီ နှစ်နှစ် သုံးနှစ်လောက်သာ သေချာ ထိန်းသိမ်းနိုင်ခဲ့ရင် လုံးဝ စိမ်းစိုနေတဲ့ တောင်တစ်လုံးကို မြင်ရမှာ အသေအချာပါပဲ။သစ်သားနဲ့ သေချာ ရိုက်ထားတဲ့ ခြံတွေပါ ကာရံပြီး စိုက်ပျိုးခဲ့ကြပေမယ့် ရှင်သန်လုဆဲဆဲ မှာပဲ ပထမ အကြိမ် မီးလောင်သွားခဲ့သည်။ပထမအကြိမ်လို့ ပြောရခြင်းက နောက်ထပ် အကြိမ်တွေပါ ဆက်လက်လောင်ကျွမ်းခဲ့လို့သာ ဖြစ်သည်။ပထမအကြိမ်မီးလောင်သွားတော့ ရှင်သန်လုဆဲ သစ်ပင်တွေ တော်တော်များများ သေကုန်ကြသည်။
``မီးလောင်ပြင်က
သစ်ပင်တွေရဲ့ စျာပနကို
အရှင်လတ်လတ်မြင်ရ
ရင်နာ ကြေကွဲ ဝမ်းနည်း ပက်လက်
ရှေ့ဆက်
လက်ချိတ်
ပျံသန်းကြတာပေါ့
ငါတို့ရဲ့ အစိမ်းရောင်လက်များ´´ ဆိုတဲ့ ကဗျာ အပိုင်းအစလေးအတိုင်း သစ်ပင်ချစ်သူတွေ အားမလျှော့ပဲ ဆက်လက် ချီတက်ခဲ့ကြသည်။

မီးလောင်ပြင်ထဲက သစ်ပင်တစ်ချို့တစ်လေ မသေပဲ ကျန်ခဲ့တာမျိုးရှိသည်။အဲဒီသစ်ပင်တွေကို ပြန်လည် ရှင်သန်အောင် ပြုစုရ ရေလောင်း မြေဆွနဲ့ တစ်ချို့သေသွားတဲ့ သစ်ပင်နေရာတွေမှာ အပင်သစ် အစားထိုး စိုက်ပျိုးတာမျိုးတို့ကို အားတက်သရော ဆက်လက်စိုက်ပျိုးခဲ့ကြသည်။ကြိုးစားတဲ့အတိုင်း အပင်တွေ ရှင်သန်ကြပါသည်။အပင်တွေပြန်လည် ရှင်သန်လာတာ မြင်ရတော့ စိုက်ခဲ့ရသူတွေအဖို့ အပျော်ရွှင်ရဆုံး အခိုက်အတန့် တစ်ခုပါပဲ။ဥပုသ်တစ်ပတ်တိုင်း တောင်ပေါ်တက် သစ်ပင်စိုက်ကြရတာလည်း ပျော်စရာ တစ်ခုလိုပင် ဖြစ်ခဲ့ရသည်။
`` ကွေ့တိမ်းတောင် တဲ့
ဘယ်တော့မှ ကွေ့တိမ်းရှောင်မသွားပါဘူး
ငါတို့ မနက်ခင်း အပြုံးတွေနဲ့
တောက်ဖျန်းလိုက်တာ
မီးလောင်ပြင်က
ပဒုမ္မာကြာပန်းတွေ ထပွင့်တယ်´´ ဆိုတဲ့ ကဗျာစာသားလေးအတိုင်း မီးလောင်ပြင်ကနေ အပြုံးတွေ မြင်လိုက်ရပြီး ကြာကန်ကြီးထဲက ကြာပန်းတွေဟာ မျှော်လင့်ချက် ရောင်နီဦးကို ဖူးပွင့်ပေးခဲ့သလို ဖြစ်ခဲ့ရသည်။

အပျော်တွေ ခပ်ကြာကြာ မခံလိုက်ရ။ဒုတိယအကြိမ် မီးထပ်လောင်တဲ့ သတင်းက စိုက်ပျိုးသူတွေရဲ့ နားဝကို ထပ်ရောက်လာခဲ့ပြန်သည်။စိတ်ဓာတ်တွေကျ။သဘာဝပတ်ဝန်းကျင် အသိမရှိကြတဲ့ ပတ်ဝန်းကျင်ကိုလည်း ဒေါသထွက် နာကျည်းရ။အပစ်မဆိုသာပေမယ့် ကောင်းတာလုပ်နေတဲ့သူတွေကို ဝန်းရံအားပေးပြုရမယ် ဆိုတာလောက် အသိရှိကြရင် ပိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း တည်ဆောက်နိုင်မှာ ဖြစ်သည်။
``ကွေ့တိမ်းတောင်ရင်ပြင်ကို
ရင်တပွေ့စာ
အချစ်သစ်ပင်တွေနဲ့
ဆင်မြန်းပေးလိုက်ပါရဲ့
အနက်ရောင်စိတ်ထားပုပ်ပုပ်တွေ
ကြာကန်ရေလို မခမ်းခြောက်ပါစေသား´´
ကဗျာဆရာကတော့ ပတ်ဝန်းကျင် ခံစားချက်ကို သူ့ခံစားချက်အဖြစ် စာသားတွေနဲ့ ဖော်ပြခဲ့တာပဲ ဖြစ်သည်။ကွေ့တိမ်းတောင် ရင်ပြင်တစ်လျှောက် အစိမ်းရောင်လက်များရဲ့ ချစ်ခြင်းမေတ္တာ သစ်ပင်များနဲ့ ဆင်မြန်းပေးခဲ့ရပေမယ့် အနက်ရောင်စိတ်ထား ပုပ်ပုပ်တွေကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့ရတာလည်း စိတ်ဓာတ်ကျစရာ တစ်ခုအဖြစ်သာ မှတ်တမ်း ကျန်ခဲ့ရသည်။သူတို့မှီခို အားထားရတဲ့ ကြာကန်က ရေတွေ မခမ်းခြောက်စေချင်ပေမယ့် အနက်ရောင် စိတ်ထား ပုပ်ပုပ်တွေတော့ ခမ်းခြောက်သွားစေချင်တယ်။ဒါမှသာ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဆီ အရောက်သွားနိုင်မှာ ဖြစ်ပါသည်။

(၄)
ကွေ့တိမ်းတောင် ကို လအတော်ကြာမှ တစ်ခေါက်ထပ်ရောက်ဖြစ်ခဲ့သည်။ကြေးမုံ အ.မ.က ကျောင်းမှာ သစ်ပင်စိုက်အပြီး လက်ဖက်ရည်ဆိုင်ထိုင် မုန့် စား အအေးသောက်အပြီးမှာ အိမ်မပြန်ကြသေးပဲ မရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ တောင်ပေါ်ဘက်ဆီ ဆိုင်ကယ်နဲ့ ထွက်ခဲ့ကြသည်။ကိုတင်ကိုရယ် ကျနော်ရယ် တောင်ပေါ်တက် အရင်က စိုက်ထားခဲ့တဲ့ နေရာတွေ ပြန်သွားကြည့်တော့ မသေပဲ ကျန်ခဲ့တဲ့ အပင်တော်တော်များများက မိုးရွာတော့ ပြန်လည် ရှင်သန်လာတာကို မြင်ခဲ့ရသည်။မီးလောင်ပြင်ကနေ သစ်ပင်တွေ ပြန်လည် ရှင်သန်လာတာ မြင်ရတော့ ပျော်လိုက်ရတဲ့ အပျော်ဟာ ဘာနဲ့မှ မလဲနိုင်ဘူး ဆိုတာမျိုးပါပဲ။လုပ်စရာရှိတာကို စနစ်တကျ စေတနာပါပါ လုပ်ဆောင်ပါ။အောင်မြင်ခြင်းရဲ့ အသီးအပွင့်ကို အပြည့်အဝ မခံစားခဲ့ရရင်တောင် ထိုက်သင့်တဲ့ အသီးအပွင့်ကို ပြန်လည်ခံစားရမယ် ဆိုတဲ့ သင်ခန်းစာလေးတစ်ခုတော့ ကမ္ဘာကြီးက သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာကြီး စိမ်းလန်းပါစေ ...
ငြိမ်းချမ်းပါစေ ...
သစ်ပင်ချစ်သူ အစ်ိမ်းရောင်လက်များလည်း အဓွန့်ရှည် တည်တံ့ပါစေ ...။

#သူလွမ်း

2012 to 2018 ကျောင်းသားဘဝသို့ အမှတ်တရ #သူလွမ်း (Monywa)
12/01/2024

2012 to 2018 ကျောင်းသားဘဝသို့ အမှတ်တရ

#သူလွမ်း
(Monywa)

🍂🍁🍂
05/01/2024

🍂🍁🍂

ဆည်းဆာ ------------မီးတောက်မီးလျှံတွေအပူဒီဂရီလျော့ကျသွားချိန်နီစွေးစွေး အရောင်တွေ ဖြာကျတိမ်ဖြူတွေဟာ အမည်းရောင်ပြောင်းလို...
25/12/2023

ဆည်းဆာ
------------
မီးတောက်မီးလျှံတွေ
အပူဒီဂရီလျော့ကျသွားချိန်
နီစွေးစွေး အရောင်တွေ ဖြာကျ
တိမ်ဖြူတွေဟာ အမည်းရောင်ပြောင်းလို့
ခဲသားနက်နက်တွေ ခြယ်ထားတဲ့
မို့မောက်တောင်ပြိုကြီးရယ်
ထိုးထိုးထောင်ထောင် ထန်းပင်အုပ်စုလေးရယ်
အမှောင်တွေ တဖြည်းဖြည်း လာနေလေရဲ့
လူတွေ ခပ်သွက်သွက် လှုပ်ရှားနေကြ
တစ်ယောက်ကိုတစ်ယောက် မမြင်နိုင်အောင်
တစ်ယောက်အဝေးကိ်ု တစ်ယောက် ပြေးနေကြ
အမှောင်တွေကိုကျော်ပြီး
ရောက်လာမယ့် အစီအစဉ်အသစ်တွေကို
ရင်ခုန်နေကြတယ် ထင်ရဲ့
ထိုင်နေကြ ခုံတန်းပြာလေးလည်း
အမှောင်ထဲ တစ်ယောက်ထဲ ... ။

#သူလွမ်း
Dec 25,2020

လမ်းထိပ်က လက်ဖက်ရည်ဆိုင်စာစဥ်အမှတ် (၄)
29/07/2023

လမ်းထိပ်က လက်ဖက်ရည်ဆိုင်
စာစဥ်အမှတ် (၄)

အစီအစဥ်ကျသော လွဲချော်မှုများ(၁)
18/06/2023

အစီအစဥ်ကျသော လွဲချော်မှုများ(၁)

အရွေ့တစ်ခုခုကိုတော့ ...ရွေ့နေမှဖြစ်မယ်ဆိုတဲ့ အတွေးကဘဝအတွက် တကယ် အရေးကြီးပါတယ် #သူလွမ်း
16/06/2023

အရွေ့တစ်ခုခုကိုတော့ ...
ရွေ့နေမှဖြစ်မယ်ဆိုတဲ့ အတွေးက
ဘဝအတွက် တကယ် အရေးကြီးပါတယ်

#သူလွမ်း

10/06/2023

နေဝင်ချိန်
ရေး/ရွတ် --- သူလွမ်း

အောက်က Youtube Channel လေးကိုလည်း Subscribe လုပ်ပေးကြပါဦး🥰
https://www.youtube.com/

Address


Telephone

+959961659723

Website

Alerts

Be the first to know and let us send you an email when Poet Thu Lwan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Poet Thu Lwan:

  • Want your establishment to be the top-listed Arts & Entertainment?

Share