Receive the Holy Spirit

Directions Contact the establishment

Receive the Holy Spirit Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Receive the Holy Spirit, Performing Arts, Hawthorne Lane, Warrenville, IL.

ထိုသို့​မိန့်​တော်မူ​ပြီးနောက် သူ​တို့​အပေါ်​မှုတ်​တော်မူ​လျက် “သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ ခံယူ​ရရှိ​ကြ​လော့"ဟု မိန့်တော်မူ၏။_ရှင်ယောဟန်ခရစ်ဝင်‬ ‭၂၀:၂၂ ‭MSBU‬‬

10/15/2026

So when you’re invited, take the place of least honor. Then, when your host comes, he will tell you, ‘Friend, move to a more honorable place.’ Then all the other guests will see how you are honored. Those who honor themselves will be humbled, but people who humble themselves will be honored._
‭‭Luke‬ ‭14‬:‭10‬-‭11‬ ‭GW‬‬

ထို့ကြောင့် ဖိတ်ခေါ်​ခြင်း​ခံရ​သောအခါ နောက်ဆုံး​နေရာ​၌ သွား​၍​ထိုင်​လော့။ သို့ပြုလျှင် သင့်​ကို​ဖိတ်ခေါ်​ထား​သော​သူ​သည်​လာ​၍ ‘မိတ်ဆွေ ရှေ့သို့​ကြွ​ပါ’​ဟု သင့်​အား​ဆို​လိမ့်မည်။ ထိုအခါ သင်​သည် သင်​နှင့်အတူ​ထိုင်​နေ​သော​သူ​အားလုံး​တို့​ရှေ့​၌ ဂုဏ်သရေ​ရှိ​လိမ့်မည်။ အကြောင်းမူကား မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တိုင်း​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။_
‭‭ရှင်လုကာခရစ်ဝင်‬ ‭၁၄:၁၀-၁၁ ‭MSBU‬‬

10/13/2026

When someone invites you to a wedding, don’t take the place of honor. Maybe someone more important than you was invited._
‭‭Luke‬ ‭14‬:‭8‬ ‭GW‬‬

တစ်စုံတစ်ယောက်​သည် သင့်​ကို မင်္ဂလာဆောင်​ပွဲ​သို့ ဖိတ်ခေါ်​သောအခါ အထူး​နေရာ​၌​မ​ထိုင်​နှင့်။ သူ​သည် သင့်​ထက်​ဂုဏ်သရေ​ရှိ​သော​သူ​ကို ဖိတ်​ထား​ကောင်း​ဖိတ်​ထား​လိမ့်မည်။_
‭‭ရှင်လုကာခရစ်ဝင်‬ ‭၁၄:၈ ‭MSBU‬‬ Receive the Holy Spirit

10/09/2026

On a day of rest—a holy day, Jesus went to eat at the home of a prominent Pharisee. The guests were watching Jesus very closely. A man whose body was swollen with fluid was there. Jesus reacted by asking the Pharisees and the experts in Moses’ Teachings, “Is it right to heal on the day of rest—a holy day, or not?” But they didn’t say a thing. So Jesus took hold of the man, healed him, and sent him away. Jesus asked them, “If your son or your ox falls into a well on a day of rest—a holy day, wouldn’t you pull him out immediately?” They couldn’t argue with him about this._
‭‭Luke‬ ‭14‬:‭1‬-‭6‬ ‭GW‬‬

တစ်​နေ့​သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် အစားအစာ​သုံးဆောင်​ရန် ဖာရိရှဲ​အကြီးအကဲ​တစ်​ဦး​၏​အိမ်​သို့​ဝင်​တော်မူ​လျှင် သူ​တို့​သည် ကိုယ်တော်​ကို​စောင့်ကြည့်​နေ​ကြ​၏။ ကိုယ်တော်​၏​ရှေ့၌ ရေဖျဉ်း​စွဲ​သော​သူ​တစ်​ဦး​ရှိ​၏။ ယေရှု​က ကျမ်းတတ်​ပုဂ္ဂိုလ်​နှင့် ဖာရိရှဲ​တို့​အား“ဥပုသ်နေ့​၌ အနာရောဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော”​ဟု မေး​တော်မူ​၏။ သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။ ကိုယ်တော်​သည် ထို​လူနာ​ကို ခေါ်​၍ အနာရောဂါ​ပျောက်ကင်း​စေ​ပြီးလျှင် ပြန်လွှတ်​တော်မူ​၏။ ထို့နောက် ထို​သူ​တို့​အား“သင်​တို့​တွင် မိမိ​သား​၊ သို့မဟုတ် နွား​သည် ဥပုသ်​နေ့​၌ ရေတွင်း​ထဲသို့​ကျ​ခဲ့​လျှင် မည်သူ​သည်​ချက်ချင်း​မ​ဆွဲတင်​ဘဲ​နေ​မည်နည်း”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် ဤ​အရာ​များ​နှင့်​ပတ်သက်​ပြီး တုံ့ပြန်​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။_
‭‭ရှင်လုကာခရစ်ဝင်‬ ‭၁၄:၁-၆ ‭MSBU‬‬ Receive the Holy Spirit

10/07/2026

“Jerusalem, Jerusalem, you kill the prophets and stone to death those to you! How often I wanted to gather your children together the way a hen gathers her chicks under her wings! But you were not willing! Your house will be abandoned. I can guarantee that you will not see me again until you say, ‘Blessed is the one who comes in the name of the Lord!’ ”_
‭‭Luke‬ ‭13‬:‭34‬-‭35‬ ‭GW‬‬

“အို ဂျေရုဆလင်​မြို့၊ ဂျေရုဆလင်​မြို့၊ ပရောဖက်​များ​ကို​သတ်​၍ မိမိ​ထံသို့​စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​သော​မြို့၊ ကြက်မ​သည် မိမိ​၏​ကြက်ကလေး​များ​ကို အတောင်​အောက်၌​စုသိမ်း​သကဲ့သို့ ငါ​သည် သင်​၏​သားသမီး​တို့​ကို​စုသိမ်း​ရန် ကြိမ်ဖန်​များစွာ​အလိုရှိ​ခဲ့​၏။ သို့သော် သင်​သည်​အလို​မ​ရှိ။ ကြည့်ရှု​လော့။ သင်​တို့​၏​အိမ်​သည် သင်​တို့​ထံ၌ စွန့်ပစ်​ထား​ခြင်း​ခံရ​လိမ့်မည်။ သင်​တို့​အား ငါ​ဆို​သည်​ကား ‘ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း’​ဟု သင်​တို့​ပြော​သည့်​အချိန်​မ​ရောက်​မီ​တိုင်အောင် သင်​တို့​သည် ငါ့​ကို​လုံးဝ​မြင်​ရ​လိမ့်မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။_
‭‭ရှင်လုကာခရစ်ဝင်‬ ‭၁၃:၃၄-၃၅ ‭MSBU‬‬

10/06/2026

At that time some Pharisees told Jesus, “Get out of here, and go somewhere else! Herod wants to kill you.” Jesus said to them, “Tell that fox that I will force demons out of people and heal people today and tomorrow. I will finish my work on the third day. But I must be on my way today, tomorrow, and the next day. It’s not possible for a prophet to die outside Jerusalem.”_
‭‭Luke‬ ‭13‬:‭31‬-‭33‬ ‭GW‬‬

ထို​အချိန်​၌ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “ဟေရုဒ်​သည် သင့်​ကို​သတ်​လို​သည်​ဖြစ်၍ ဤ​အရပ်​မှ ထွက်​သွား​ပါ”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သွား​၍ ထို​မြေခွေး​ကို​ပြော​ကြ​လော့။ ငါ​သည် ယနေ့​နှင့်​မနက်ဖြန် နတ်ဆိုး​တို့​ကို​နှင်ထုတ်​၍ အနာရောဂါ​များ​ကို​ငြိမ်း​စေ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ အမှု​ကို​ပြီးမြောက်​စေ​မည်။ သို့ရာတွင် ငါ​သည် ယနေ့၊ မနက်ဖြန်​နှင့် နောက်တစ်နေ့​တို့​၌ ခရီး​သွား​ရ​ဦး​မည်။ အကြောင်းမူကား ပရောဖက်​သည် ဂျေရုဆလင်​မြို့​မှတစ်ပါး အခြား​အရပ်​၌ သေ​ရ​သည်​ဟူ၍​မ​ရှိ​နိုင်။”_
‭‭ရှင်လုကာခရစ်ဝင်‬ ‭၁၃:၃၁-၃၃ ‭MSBU‬‬

10/05/2026

Someone asked him, “Sir, are only a few people going to be saved?” He answered, “Try hard to enter through the narrow door. I can guarantee that many will try to enter, but they won’t succeed. After the homeowner gets up and closes the door, ⌞it’s too late⌟. You can stand outside, knock at the door, and say, ‘Sir, open the door for us!’ But he will answer you, ‘I don’t know who you are.’_
‭‭Luke‬ ‭13‬:‭23‬-‭25‬ ‭GW‬‬

ထိုအခါ လူ​တစ်​ဦး​က “သခင်၊ ကယ်တင်​ခြင်း​ခံရ​သူ အနည်းငယ်​သာ​ရှိ​သလော”​ဟု မေးလျှောက်​၏။ ကိုယ်တော်​က​လည်း “ကျဉ်း​သော​တံခါး​မှ​ဝင်​ရန် ကြိုးစား​ကြ​လော့။ အကြောင်းမူကား လူ​များစွာ​တို့​သည် ဝင်​ရန်​ရှာကြံ​ကြ​သော်လည်း မ​ဝင်​နိုင်​ကြ​ဟု သင်​တို့​အား ငါ​ဆို​၏။ အိမ်ရှင်​သည်​ထ​၍ တံခါး​ကို​ပိတ်​ပြီးမှ သင်​တို့​သည် အပြင်​၌​ရပ်​၍ တံခါး​ကို​ခေါက်​လျက် ‘သခင်၊ အကျွန်ုပ်​တို့​အား​တံခါး​ဖွင့်​ပေး​ပါ’​ဟု ဆို​ကြ​သော်လည်း သခင်​က ‘သင်​တို့​သည် အဘယ်​က​လာ​ကြ​သည်​ကို ငါ​မ​သိ’​ဟု ပြန်​၍​ဆို​လိမ့်မည်။_
‭‭ရှင်လုကာခရစ်ဝင်‬ ‭၁၃:၂၃-၂၅ ‭MSBU‬‬

10/02/2026

He asked again, “What can I compare God’s kingdom to? It’s like yeast that a woman mixed into a large amount of flour until the yeast worked its way through all the dough."_
‭‭Luke‬ ‭13‬:‭20‬-‭21‬ ‭GW‬‬

တစ်ဖန် ကိုယ်တော်​က “ဘုရားသခင်​၏​နိုင်ငံ​တော်​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း။ ၎င်း​သည် တဆေး​နှင့်​တူ​၏။ အမျိုးသမီး​တစ်​ဦး​သည် တဆေး​ကို​ယူ​၍ ဂျုံမှုန့်​သုံး​စိတ်​ထဲတွင်​ထည့်​လိုက်​သော် မုန့်ညက်​တစ်ပုံလုံး​ကို​ဖောင်းပွ​စေ​၏”​ဟု မိန့်​တော်မူ​၏။_
‭‭ရှင်လုကာခရစ်ဝင်‬ ‭၁၃:၂၀-၂၁ ‭MSBU‬‬

10/01/2026

Jesus asked, “What is God’s kingdom like? What can I compare it to? It’s like a mustard seed that someone planted in a garden. It grew and became a tree, and the birds nested in its branches.”_
‭‭Luke‬ ‭13‬:‭18‬-‭19‬ ‭GW‬‬

ထို့ကြောင့် ကိုယ်တော်​က“ဘုရားသခင်​၏​နိုင်ငံ​တော်​သည် မည်သည့်​အရာ​နှင့်​တူ​သနည်း။ ၎င်း​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း။ ၎င်း​သည် မုန်ညင်းနက်​စေ့​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ထို​အစေ့​ကို​ယူ​၍ မိမိ​ဥယျာဉ်​ထဲ၌​ကြဲ​သောအခါ ထို​အစေ့​သည် အပင်ပေါက်​ကြီးထွား​၍ အပင်​ကြီး​ဖြစ်လာ​ကာ မိုး​ကောင်းကင်​ငှက်​တို့​သည် ၎င်း​၏​အကိုင်း​များ​တွင် အသိုက်ဖွဲ့​၍​နေ​ကြ​၏”​ဟု မိန့်​တော်မူ​၏။_
‭‭ရှင်လုကာခရစ်ဝင်‬ ‭၁၃:၁၈-၁၉ ‭MSBU‬‬

09/30/2026

The synagogue leader was irritated with Jesus for healing on the day of rest. The leader told the crowd, “There are six days when work can be done. So come on one of those days to be healed. Don’t come on the day of rest—a holy day.” The Lord said, “You hypocrites! Don’t each of you free your ox or donkey on the day of rest—a holy day? Don’t you then take it out of its stall to give it some water to drink?”_
‭‭Luke‬ ‭13‬:‭14‬-‭15‬ ‭GW‬‬

သို့သော် ဥပုသ်နေ့​၌ အနာရောဂါ​ကို​ယေရှု​ငြိမ်း​စေ​တော်မူ​သောကြောင့် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​သည် စိတ်ဆိုး​လျက် “အလုပ်​လုပ်​ရ​မည့်​နေ့ရက်​ခြောက်​ရက်​ရှိ​သည်​ဖြစ်၍ ထို​နေ့ရက်​များ​၌​လာ​၍ ရောဂါ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ကြ​လော့။ ဥပုသ်​နေ့​၌​မ​လာ​ကြ​နှင့်”​ဟု လူထု​ပရိသတ်​တို့​အား​ဆို​၏။ သခင်​ဘုရား​က​လည်း“သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​အသီးသီး​သည် ဥပုသ်နေ့​၌ မိမိ​တို့​နွား​၊ သို့မဟုတ် မြည်း​ကို တင်းကုပ်​မှ​လွှတ်​၍ ရေ​တိုက်​ရန်​ခေါ်ဆောင်​သွား​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် တစ်ဆယ့်​ရှစ်​နှစ်​ပတ်လုံး စာတန်​ချည်နှောင်​ထား​သည့် အာဗြဟံ​၏​သမီး​ဖြစ်​သော ဤ​သူ​ကို ဥပုသ်​နေ့​၌ ထို​ချည်နှောင်​ခြင်း​မှ လွတ်​စေ​သင့်​သည်​မ​ဟုတ်​လော”​ဟု ပြန်​၍​မိန့်​တော်မူ​၏။_
‭‭ရှင်လုကာခရစ်ဝင်‬ ‭၁၃:၁၄-၁၆ ‭MSBU‬‬

09/29/2026

A woman who was possessed by a spirit was there. The spirit had disabled her for 18 years. She was hunched over and couldn’t stand up straight. When Jesus saw her, he called her to come to him and said, “Woman, you are free from your disability.” He placed his hands on her, and she immediately stood up straight and praised God._
‭‭Luke‬ ‭13‬:‭11‬-‭13‬ ‭GW‬‬

ထိုအခါ တစ်ဆယ့်ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​စေ​သော​နတ်​ပူး​သဖြင့် ခါး​ကုန်း​လျက် လုံးဝ​တည့်မတ်​စွာ​မ​ရပ်​နိုင်​သော​အမျိုးသမီး​တစ်​ဦး​ရှိ​၏။ ယေရှု​သည် သူ့​ကို​မြင်​လျှင် အထံ​တော်​သို့​ခေါ်​၍“အချင်း​မိန်းမ၊ သင်​သည် သင်​၏​နာမကျန်း​ဖြစ်​ခြင်း​မှ လွတ်မြောက်​ပြီ”​ဟု မိန့်​တော်မူ​ပြီးလျှင် သူ့​အပေါ် လက်​တော်​ကို​တင်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​၏​ခါး​သည် ပြန်လည်​တည့်မတ်​သွား​၍ သူ​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လေ​၏။_
‭‭ရှင်လုကာခရစ်ဝင်‬ ‭၁၃:၁၁-၁၃ ‭MSBU‬‬

Address

Hawthorne Lane
Warrenville, IL
60555

Website

Alerts

Be the first to know and let us send you an email when Receive the Holy Spirit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Receive the Holy Spirit:

Shortcuts

Share