06/15/2026
သွားလို့ရတုန်း သွားထားရမှာပဲ 🤭
ဒီနေ့ရောက်ခဲ့တဲ့ Galena မြို့လေးက ရှေ့ခေတ် အငွေ့သတ် ပိုရတဲ့ Illinois က မြို့လေး တမြို့ပေါ့
မြို့သေးသေးလေးက တောင်ကုန်းပတ်လည်မှာ တည်ရှိပြီး
Mississippi River နားမှာ တည်ရှိလို့ ကုန်သွယ်ရေး အရမ်းကောင်းခဲ့တဲ့ မြို့လေးတမြို့ဖြစ်ပြီး Chicago ထပ်တောင် လူဦးရေ များတဲ့ အချိန်တွေလဲ ရှိခဲ့ဖူးတယ်။
Galena ကနေ ပြည်တွင်းစစ် (Civil War) အတွင်း ဗိုလ်ချုပ်တွေ အများကြီး ထွက်ပေါ်ခဲ့တယ်
ပြီးတော့
Ulysses S. Grant ဟာ Galena မှာ နေထိုင်ခဲ့ပြီး Civil War အနိုင်ရပြီးနောက် အမေရိကန် သမ္မတဖြစ်လာခဲ့တယ်။
ဒီမြို့က အဆောက်ဦး ၈၀% ဟာ ရှေ့ခေတ်က အဆောက်ဦးတွေ ဖြစ်လို့ ယနေ့တိုင်ထိန်းသိမ်းထားခဲ့တာ ဖြစ်တယ်။ အဲ့ဒါကြောင့်လဲ ဒီမြို့ရဲ့ Downtownက Illinoisရဲ့ Attraction ထဲ ပါနေခဲ့တာပါတဲ့ 🫠
လေ့လာမိသလောက် ပြန် share တာပါ 🤭