Office To promote to the community about Health Knowledges related vector borne diseases

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏လမ်းည...
08/17/2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်
မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏
လမ်းညွှန်ချက်အရ ညောင်ဦးမြို့နယ် ဗြူကြီးကျေးရွာတွင်
ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ရုပ်ရှင်ရိုက်ကူးရေးဆောင်ရွက်လျှက်ရှိရာ COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများ အပြည့်အဝ လိုက်နာမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါတယ်
ဇာတ်လမ်းနာမည် -အသီးကြိုက်တဲ့ရွာ
ဒါရိုက်တာ -ပြည်ဟိန်းသီဟ
သရုပ်ဆောင် -ထွန်းထွန်း၊ ထက်ထက်ထွန်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေ....

မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၀-ခုနှစ်သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုဆိုင်ရာသတင်းပတ် (၃၁) အထိမြို့နယ်အလိုက် ဖြစ်ပွါးမှုပြ မြေပ...
08/14/2020

မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၀-ခုနှစ်
သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုဆိုင်ရာ
သတင်းပတ် (၃၁) အထိ
မြို့နယ်အလိုက် ဖြစ်ပွါးမှုပြ မြေပုံနှင့် သွေးလွန်တုပ်ကွေးအကြောင်း

မန္တလေးမြို့၊ သြဂုတ်လ (၁၄)ရက်နေ့

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှကူးစက်တတ်သော ရောဂါများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အဓိကကူးစက်မြန်ရောဂါ အမျိုးအစားလည်းဖြစ်ပါသည်။ ရောဂါပိုးသယ်ဆောင်သောခြင်မှာ Aedes agypti ခေါ် ခြင်ကျားဖြစ်ပါသည်။ ရောဂါပိုးမျိုးကွဲ (၄)မျိုးရှိပြီး Serotype 1, 2, 3 & 4 ဟု ခေါ်ဆိုပါသည်။ ရောဂါပိုးမျိုးကွဲတစ်ခုလျှင် တစ်ကြိမ်သာလျှင် အဓိကကူးစက်နိုင်ပြီး လူ့သက်တမ်းတစ်လျှောက် အဆိုပါရောဂါမျိုးကွဲကို ခုခံနိုင်သည့် ကိုယ်ခံစွမ်းအားစနစ် ရရှိစေသည့်အပြင် အခြားရောဂါပိုးမျိုးကွဲများကိုလည်း အထိုက်အလျှောက် ခုခံနိုင်စွမ်း ရရှိစေပါသည်။လူ့ဘဝတစ်လျှောက် (၄)ကြိမ်ကူးစက်ခံရနိုင်ပြီး ပထမအကြိမ် ကူးစက်မှုတွင် ကူးစက်ခံရမှုကို သတိမထားမိပဲ အလိုအလျှောက် ပြန်ည်ကောင်းမွန်သွားနိုင်ပါသည်။
Dengue Haemorrhagic Fever မှ Dengue Shock Syndrome ဟု ခေါ်ဆိုသော အသက်အန္တရာယ်ရှိသည့် သွေးလွန်တုပ်ကွေးရောဂါအဆင့် ပိုမိုဖြစ်စေနိုင်သော အကြောင်းအရာများမှာ ဒုတိယအကြိမ်ကူးစက်ခံရခြင်း၊ ကိုယ်ခံအားစနစ် မကောင်းမွန်ခြင်းနှင့် ရောဂါပိုးကူးစက်ခံထားရသူ မိခင်မှ မွေးဖွားလာသော ကလေးငယ်များ ဖြစ်ပါသည်။

ရောဂါသမိုင်း-အပူပိုင်းနှင့်သမပိုင်းဒေသတွင် ဖြစ်ပွားသော သွေးလွန်တုပ်ကွေး ရောဂါသည် မြန်မာနိုင်ငံတွင် ၁၉၆၄-ခုနှစ်နှင့် မန္တလေးတိုင်းဒေသကြီးတွင်-၁၉၇၄-ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ပါသည်။ ၁၉၈၇-ခုနှစ်၊ ၁၉၉၄-ခုနှစ်၊ ၁၉၉၈-ခုနှစ် နှင့် ၂၀၁၅-ခုနှစ်များတွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပါသည်။
ဖြစ်ပွားနိုင်သည့်အချိန်- မိုးရာသီတွင် အဓိကဖြစ်ပွားပြီး တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပါသည်။ (၃)နှစ်တစ်ကြိမ်ခန့် ကပ်ရောဂါအသွင် ဖြစ်ပွးနိုင်ပါသည်။
ကူးစက်စေနိုင်သည့်နေရာ- ကျေးလက်ဒေသထက် မြို့ပြတွင် ကူးစက်မှုပိုမိုနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၆၄-ခုနှစ်မှ စတင်ဖြစ်ပွားခဲ့သော အဆိုပါရောဂါပိုးသည် ဒေသတစ်ခုမှ တစ်ခုသို့ ပျံ့နှံ့လာပြီး ၂၀၁၅-ခုနှစ်တွင် ပြည်နယ်/တိုင်းအားလုံးသို့ ကူးစက်ပျံ့နှံ့ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် အာဆီယံ၊ တောင်အာရှ၊ ပစိဖိတ်နှင့် လက်တင်အမေရိကဒေသတွင် အဓိကကူးစက်ဖြစ်ပွားပါသည်။
ရောဂါကူးစက်ခံရနိုင်သူ-အသက်အရွယ်၊ ကျား/မ မရွေးဖြစ်ပွားနိုင်ပါသည်။ အသက်(၁၅)နှစ်အောက် အထူးသဖြင့် (၅)နှစ်မှ (၉)နှစ်အရွယ် ကလေးငယ်များတွင် ကူးစက်မှုပိုပါသည်။ မြို့ပြနေထိုင်သူများတွင် ပိုမိုကူးစက်နိုင်ပါသည်။
ရောဂါပိုးအမည်- ဒင်ဂွီံးဗိုင်းရပ်စ် (Dengue Virus)၊ Serotype 1, 2, 3 & 4
ရောဂါပိုးနေထိုင်သည့်နေရာ- သွေးလွန်တုပ်ကွေးလူနာ၏ သွေး
ရောဂါပိုးသယ်ဆောင်မည့်အကောင်-Aedes agypti (ခြင်ကျားဟု ခေါ်ပြီး အိမ်တွင်းတွင် နေထိုင်သည်။ တစ်ရက်လျှင် မီတာ ၁၀၀-ခန့်သာ ပျံသန်းသည်။ နေ့ခင်းအချိန်တွင် ကိုက်သည်။ လူနှင့်အနီးဆုံးတွင်နေပြီး အမှောင်ကြိုက်သည်။ ရေကြည်ရေသန့်တွင် ဉဉချပြီး ပျမ်းမျှ (၇)ရက်မှ (၁၀)ရက်အတွင်း ဉ ဘဝမှ သက်ကြီးကောင် ဘဝသို့ ပြောင်းသည်။
ရောဂါပိုးထွက်ပေါက်-ခြင်မှမှ လူ၏သွေးစုပ်ယူစဉ် သွေးနှင့်အတူ ထွက်သည်။
ကူးစက်မှုဖြစ်စေနိုင်သည့်နည်းလမ်း-ရောဂါပိုးသယ်ဆောင်သောခြင် ကိုက်ခံရခြင်းနှင့် အမေမှ သနေ္ဓသားသို့ ကူးစက်စေခြင်း
ရောဂါပိုးဝင်ပေါက်-ခြင်မှမှ ၄င်း၏မျိူးဉအောင်ရန် လူ၏သွေးစုပ်ယူစဉ် အရေးပြားကို ထိုးဖောက်စဉ် ဝင်ရောက်ပါသည်။
ရောဂါပိုးကူးစက်ခံရမည့်လက်ခံကောင်- အသက်အရွယ်၊ ကျား/မ မရွေး ဖြစ်ပွားနိုင်ပါသည်။ အသက်(၁၅)နှစ်အောက် အထူးသဖြင့် (၅)နှစ်မှ (၉)နှစ်အရွယ် ကလေးငယ်များတွင် ကူးစက်မှုပိုပါသည်။ မြို့ပြနေထိုင်သူများတွင် ပိုမိုကူးစက် နိုင်ပါသည်။ လူဖြူများသည် လူမည်းများထက် ပိုမိုကူးစက်ခံရနိုင်ပါသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှကူးစက်တတ်သော ရောဂါများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အဓိကကူးစက်မြန်ရောဂါ အမျိ....

ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးကွင်းဆင်းမှုကို ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဉီး...
08/13/2020

ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး
ကွင်းဆင်းမှုကို ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဉီးဆောင်မှုဖြင့်
သပြေလှ၊ ကန်ထက်၊ သက်ကယ်ခြံနှင့် ပေါက်အိုင်ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်မှု

မန္တလေးမြို့၊ သြဂုတ်လ (၁၃)ရက် မန္တလေးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးမှု လျော့နည်....

ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးကွင်းဆင်းမှုကို ညောင်ဉီးမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစ...
08/13/2020

ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး
ကွင်းဆင်းမှုကို ညောင်ဉီးမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဉီးဆောင်မှုဖြင့်
တောင်ဘီကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်မှု

မန္တလေးမြို့၊ သြဂုတ်လ (၁၃)ရက် မန္တလေးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးမှု လျော့နည်....

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ Reorientation Training of PHS-2 at township Level တွင...
08/13/2020

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ Reorientation Training of PHS-2 at township Level တွင် တိုင်းဒေသကြီး ရပကနမှ ခြင်မှကူးစက်တတ်သော ရောဂါများအကြောင်း သင်တန်းပို့ချပေး

မန္တလေးမြို့၊ သြဂုတ်လ (၁၃)ရက် ၂၀၂၀-ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်သူ.....

08/11/2020

မန္တလေးတိုင်းဒေသကြီး ရပကန (ငှက်ဖျား)မှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာတင့်ဝေ ဦးဆောင်သော အဖွဲ့သည် ပုသိမ်ကြီး...

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်တွင်ငှက်ဖျားကင်းဝေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
08/11/2020

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်တွင်
ငှက်ဖျားကင်းဝေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မန္တလေးမြို့၊ သြဂုတ်လ (၁၁)ရက် မန္တလေးတိုင်းဒေသကြီး ရပကန (ငှက်ဖျား)နှင့် နွားထိုးကြီးမြို့နယ် ပြည်သူ့ကျန်းမာ....

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင်ငှက်ဖျားကင်းဝေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
08/11/2020

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင်
ငှက်ဖျားကင်းဝေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မန္တလေးမြို့၊ သြဂုတ်လ (၁၁)ရက် မန္တလေးတိုင်းဒေသကြီး ရပကန (ငှက်ဖျား)နှင့် မတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးအဖွ....

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်ခြင်မှကူးစက်တတ်သော ရောဂါများအကြောင်း သင်တန်းပို့ချပေး
08/11/2020

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်
ခြင်မှကူးစက်တတ်သော ရောဂါများအကြောင်း သင်တန်းပို့ချပေး

မန္တလေးမြို့၊ သြဂုတ်လ (၁၁)ရက် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရပကန....

08/11/2020

မန္တလေးမြို့၊ သြဂုတ်လ (၁၁)ရက် မန္တလေးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးမှု လျော့နည်....

ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးကွင်းဆင်းမှုကို ညောင်ဉီးမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစ...
08/11/2020

ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး
ကွင်းဆင်းမှုကို ညောင်ဉီးမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဉီးဆောင်မှုဖြင့်
ဖွားစောနှင့် သဲပင်တောကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်မှု

မန္တလေးမြို့၊ သြဂုတ်လ (၁၁)ရက် မန္တလေးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးမှု လျော့နည်....

မန္တလေးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးမှု လျော့နည်းစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေ...
08/05/2020

မန္တလေးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးမှု လျော့နည်းစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့် နှင့် ဗဟိုရောဂါနှိမ်နင်းရေးဌာနခွဲတို့၏ လမ်းညွှန်မှုကို ခံယူလျှက် တိုင်းဒေသကြီး ရပကန(ငှက်ဖျား)ဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာတင့်ဝေမှ Area Stratification and Risk Assessment of Dengue Infection in Natogyi Township နှင့် လိုအပ်သော ကာကွယ်ရေးပစ္စည်းများ ရေးဆွဲပံ့ပိုးပြီး နွာထိုးကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာအောင်ကျော်ဉီး ဉီးဆောင်မှုဖြင့် အမှတ်(၅)ရပ်ကွက်သို့ ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်မှုကို နွာထိုးကြီးမြို့နယ် မြို့နယ် ရပကန (ငက်ဖျား) နင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာနှီးနွှယ်ဌာနများမှ ဝန်ထမ်းများ၊ ကြက်ခြေနီဝန်ထမ်းများ၊ ရပ်ကွက်နေ စေတနာ့ဝန်ထမ်းများနှင့် နယ်မြေခံအခြေခံ ကျန်းမာရေးကျွမ်းကျင် ပညာရှင်များ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းဆောင်ရွက်စဉ် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ဟန့်တားနိုင်ရန်အတွက် လိုအပ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ကာကွယ်ရေးလုပ်ငန်းများအပါအဝင် ပိုးလောက်လန်းရှာဖွေစစ်ဆေးခြင်း၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လန်းသေစေး အဘိတ် (Abate) ခတ်ပေးခြင်း၊ ရေလှောင်ကန်များအတွင်း လောက်လန်းစားငါးထည့်ခြင်း၊ ခြင်ပေါက်ပွားခိုအောင်းနိုင်သော နေရာများအား ရှင်းလင်းခြင်း (Cleaning Campaign) ၊ အသံချဲ့စက်၊ လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ပိုစတာများ အသုံးပြု၍ ကျန်းမာရေးအသိပညာပေးခြင်း နှင့် Fever Surveillance ဆောင်ရွက်ခြင်း အစရှိသော ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးမှု လျော့နည်းစေရန် ရည်ရွယ်၍ တိုင်းဒေသကြီ....

Address

New York, NY

Telephone

+9524021018

Website

Alerts

Be the first to know and let us send you an email when Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Office:

Share