Mobile Crazy

Mobile Crazy Android ဂိမ်းများကို up to date တင်ပေးပါသည်။Paradise of mobile games crazy
(2)

N.O.V.A 3 : Freedom Edition (Android)Mod info - Support Android 16,Force Full screen,Fix UIReview ကတော့ လူတိုင်းသိပြီးသာ...
08/09/2026

N.O.V.A 3 : Freedom Edition (Android)

Mod info - Support Android 16,Force Full screen,Fix UI

Review ကတော့ လူတိုင်းသိပြီးသားဂိမ်းဖြစ်လို ရေးရမှာလည်းပျင်းနေလို့ မရေးတော့ပါဘူး

Android 12 နဲ့ Android 16 မှာစမ်းထားပါတယ်။control ဘာညာအဆင်ပြေပေမယ့် တချို့နေရာတွေမှာ နံရံကိုဖောက်ထွင်းမြင်ရတဲ့ glitch တွေ၊ ရန်သူတွေကအမဲရောင်ဖြစ်ပြီး ပျောက်နေတာလို glitch တွေတော့တွေ့ရပါတယ်

ဒါပေမယ့် restart checkpoint လုပ်လိုက်ရင် အကုန်အဆင်ပြေသွားပါတယ်။

အားနည်းချက်တွေက ရိုးရှင်းတဲ့ mission တွေ၊ dumb ဖြစ်တဲ့ enemy Ai တွေကြောင့် တထိုင်တည်းဆော့ရင် repetitive ဖြစ်လာပြီးရိုးအီလာပါတယ်။
Sensitivity ကလည်း modern ဂိမ်းတွေလောက်မချောမွေ့တာမို့လို့၊ သေနတ်ပစ်တဲ့အခါ အလင်းရောင်စူးစူးတွေနဲ့ပေါင်းစပ်တဲ့အခါ motion sickness ဖြစ်ပြီးခေါင်းမူးလာပါတယ်။

ဒါပေမယ့် graphic ပိုင်း၊ sci-fi vibe ရတယ့် atmosphere ပိုင်းကတော့သွားရှုပ်လို့မရပါဘူး။

Nova 3 ကအားနည်းချက်တချို့ရှိနေပေမယ့် mobile ပေါ်မှာတော့ sci-fi shooting ဂိမ်းကောင်းတစ်ခုဖြစ်ပြီး retro gaming အတွေ့ကြုံပြန်လိုချင်သူတွေဆော့ကြည့်သင့်တဲ့ဂိမ်းတစ်ခုပါ။

ဂိမ်း link နဲ့ တခြားသတိထားရမယ့်ကိစ္စတွေကိုတော့ telegram မှာရေးပေးထားပါတယ်။

====

Size - 1.3gb

Type - fully offline

Link - comment

Minimum requirements - Android 4.1,Ram 3

====


08/09/2026

မကြာခင် mobile ပေါ်ရောက်လာတော့မယ့် offline sci-fi open world ဂိမ်းလေးတစ်ခု

08/08/2026

Tomb Raider mobile က PC မှာလိုကောင်းရဲ့လား? short review

Modern Combat 3 : Fallen Nation (Android)Mod info - support Android 16, force full screen ======Note - ဒါက obb file ထည့်...
08/07/2026

Modern Combat 3 : Fallen Nation (Android)

Mod info - support Android 16, force full screen

======

Note - ဒါက obb file ထည့်စရာမလိုတဲ့ APK installer ပါ။link ကပေးထားတာကို install တင်ပြီး app ထဲမှာ permission ပေးလိုက်ရင် modern combat 3 APK ကို auto install တင်ပေးပါလိမ့်မယ်။

====

Android 16 မှာစမ်းထားတာဘာပြဿနာမှမရှိပါဘူး။ဒါပေမယ့် mod version ဖြစ်တဲ့အတွက် ဖုန်းတိုင်းရမယ်လို့အာမမခံရဲပါဘူး။ဒါကြောင့် wifi ရမှဒေါင်းကြပါ။
Review ကတော့ mc 4 ရေးပြီးသားမို့ထွေထွေထူးထူးမရေးတော့ပါဘူး။ပျင်းတာလည်းပါပါတယ်

====

Link - comment

Size - 850mb

Type - offline

====


Modern Combat 4 : Zero Hour (Android)Mod info - Support Android 16, Force Full screenModern combat series ဆိုတာဖုန်းပေါ်...
08/07/2026

Modern Combat 4 : Zero Hour (Android)

Mod info - Support Android 16, Force Full screen

Modern combat series ဆိုတာဖုန်းပေါ်က call of duty လို့ပြောရပါလိမ့်မယ်။gameloft ရဲ့အအောင်မြင်ဆုံး fps game series တွေထဲကတစ်ခုဖြစ်ပြီး၊ old game တွေဖြစ်ပေမယ့် အခုခေတ်ပြန်ဆော့ရင်တောင်ရိုးမသွားသေးဘူးလို့ခံစားရမှာပါ။

Gameplay
=====

ဒီ modern combat 4 ရဲ့ထူးခြားချက်က US army ဘက်ကဆော့ရုံတင်မကဘဲ၊ villain တွေရဲ့နေရာကနေပါ၀င်ဆော့ရတာပါဘဲ။

ဇာတ်လမ်းဖြစ်ပျက်ရာ 2037 ခုနှစ်ကာလမှာ main villain တွေဖြစ်တဲ့ Page တို့ Saunder တို့နေရာကနေကစားပြီး အမေရိကန်သမ္မတကိုဘယ်လိုဖမ်းခဲ့လဲ၊ သူတို့တွေဘယ်လောက်ထိကြမ်းလဲဆိုတာ player ကိုယ်တိုင်ခံစားရတာဖြစ်ပါတယ်။

ဒီ MC 4 မှာဆိုရင် ရန်သူတွေနဲ့နင်လားငါလားပစ်ရတဲ့ mission တွေအပြင်၊ လူ၀င်ဖို့ခက်ခဲ‌တဲ့နေရာတွေမှာ စက်ရုပ်ကားအသေးလေးတွေကိုလွှတ်ပြီး ပစ်ရတာမျိုး၊ ဟက်စကီးတွေပေါ်ကနေ machine gun နဲ့အတွဲလိုက်ဆော်တာတွေအပြင်၊ drone တွေနဲ့တိုက်ခိုက်တာတွေထိစုံစုံလင်လင်ပါလာပါတယ်။
ရန်သူတွေနဲ့ပစ်လိုက်, cover ယူလိုက်ဆိုတဲ့ပုံစံနဲ့ဆော့ရတာက arcade ဆန်ပေမယ့် ဒီလို pure action gameplay ကြောင့်ဘဲ adrenaline rush ဖြစ်စေပြီး mobile fps fan တွေအတွက်အသဲစွဲဖြစ်နေရတာပါ။

Review
=====

MC 4 ရဲ့ graphic ပိုင်းနဲ့ detail ပိုင်းတွေကအခုခေတ် mobile ဂိမ်းတွေနဲ့ယှဉ်ရင်ခေတ်နောက်ကျသွားပေမယ့်သူ့ခေတ်သူ့အခါကဆို တော်တော်လေး quality ရှိခဲ့တာပါ။

စစ်သားတွေရဲ့တင်းမာတဲ့ voice acting ပိုင်းတွေ၊ သေနတ်နဲ့ပစ်ရင် မှန်တွေကွဲထွက်လာတာမျိုး၊ တိုင်ကအင်္ဂတေတွေကွာကျလာတဲ့ detail ပိုင်းတွေနဲ့၊ သေနတ်ပြင်းအားပေါ်မူတည်ပြီး ရန်သူတွေလွင့်ထွက်ပြီးသေကုန်တာလိုမျိုး ragdoll physics တွေကို energetic ဖြစ်စေတဲ့ bg music နဲ့ပေါင်းစပ်လိုက်တဲ့အခါ shooting ဂိမ်းတစ်ခုရဲ့ကြမ်းတမ်းမှုကိုအားကောင်းသွားစေပါတယ်။

စစ်သားတွေအချင်းချင်းစကားတွေလှမ်းပြောနေတာတွေကလည်း ဂိမ်းတစ်ခုဆော့တာထက် အရေးကြီးတဲ့ အဖွဲ့လိုက် mission တစ်ခုကိုဆောင်ရွက်နေသလိုခံစားမိစေမှာပါ။

လေယာဉ်သံတွေ၊ သေနတ်သံတွေနဲ့ဆူညံနေတဲ့ အသံ atmosphere ပိုင်းတွေကလည်း စစ်ပွဲထဲရောက်နေသလိုဖြစ်နေပြီး၊ လက်နက်ကြီးတွေကျတဲ့အခါ၊ ‌ပြင်းထန်တဲ့ပေါက်ကွဲမှုတွေဖြစ်တဲ့အခါ screen တွေပါတုန်လာတာမျိုးတွေက အဲ့လက်နက်တွေရဲ့ပြင်းအားက player ကိုပါလာရိုက်ခတ်နေသလိုခံစားရတာပါ။

အစပိုင်း mission တွေမှာ အဆောက်အဦးတွေထဲကို၀င်စီးရတာမျိုးတွေ၊ မြို့လည်ကကားပျက်တွေကိုအကာကွယ်ယူပြီးပစ်ရတာ၊ အဆောက်အဦးပျက်တွေကြားမှာ ခေတ်မီလက်နက်တွေနဲ့ပစ်ခတ်ရတာက modern combat ဆိုတဲ့နာမည်နဲ့လိုက်ဖက်အောင်ကိုမိုက်ပါတယ်။

Mission တစ်ခု complete ဖြစ်ရင် ချက်ချင်းနောက် mission တစ်ခုကိုကူးသွားရတာက action pacing ကိုပြတ်တောင်းပြတ်တောင်းမဖြစ်စေဘဲ cinematic cutscene တွေနဲ့ အသက်၀င်တဲ့ voice acting ပိုင်းတွေကြောင့် modern စစ်ကားတစ်ခုကိုကြည့်နေရသလိုခံစားမိမှာပါ။

အားနည်းချက်အချို့
====

ကြိုသတိပေးချင်တာက call of duty modern warfare လိုခံစားချက်မျိုးအပြည့်ရမယ်လို့မျှော်လင့်ပြီးဆော့ရင် ပေါ့ရွှတ်ရွှတ်နဲ့ quality တော်တော်စုတ်တာဘဲဆိုပြီးဖြစ်သွားပါလိမ့်မယ်။

ဂိမ်းထဲမှာ battle တွေပြင်းထန်ရင် မီးခိုးတွေအရမ်းထူလာတာက ရန်သူတွေကိုမမြင်ရဘဲ ယမ်းသန်းပြီးပစ်နေရပါတယ်။
နောက်တစ်ခုက aim assist ပိုင်းက ရန်သူရှိတဲ့ဆီ auto ချိန်ပေးတဲ့ထိလုပ်ထားတာက aiming လုပ်ရတဲ့ feeling ကျစေပြီး hardcore gamer တွေအတွက်တော့စိတ်ပျက်စရာပါဘဲ။
ဒီ aim assist ကြောင့်ဘဲ protect လုပ်ရတဲ့ mission တွေမှာဆို ကိုယ်ပစ်ချင်တဲ့ရန်သူကိုချက်ချင်းချိန်ပြီးပစ်လို့မရတာ နည်းနည်းလေးစိတ်ကသိကအောက်ဖြစ်စေပါတယ်။

Mod info နဲ့ဖြစ်တတ်သော error များ
====

ဒီဂိမ်းကထွက်တာ ဆယ်စုနှစ်တစ်ခုရှိပြီဖြစ်သလို Gameloft ဘက်ကနေ update မပေးတော့တာကြောင့် original version တွေက Android အမြင့်တွေမှာဆော့မရတော့ပါဘူး။
ဒါကြောင့်ဘဲ modder တွေက Android အမြင့်ပိုင်းတွေထိဆော့ရအောင် mod လုပ်ခဲ့ကြပြီး အခုတင်ပေးတဲ့ mod version က full screen ရသလို၊ control ပိုင်းကလည်း setting မှာ အကြီးအသေး customize လုပ်လို့ရတော့ ကိုယ့်ဖုန်း screen size နဲ့အဆင်ပြေသလိုထားနိုင်မှာပါ

Admin ကတော့ Android version 12 နဲ့ 16မှာစမ်းကြည့်တာ ဘာ error မှပါတာကိုမတွေ့ရပါဘူး။
ဒါပေမယ့်လည်း mod version ဖြစ်တာကြောင့်ဖုန်းတိုင်းမှာရမယ်လို့တော့အာမမခံရဲပါဘူး။ဒါကြောင့် အင်တာနက်နဲ့ဆိုမဒေါင်းဘဲ wifi ရမှဒေါင်းကြပါ။

====

Download size - 1.29gb

Unzip size - 2gb (apk+obb)

Link - comment

Minimum requirements - Android 4.1,Ram 3

=====


Candle Man (Android/iOS)ဂိမ်းတစ်ခုထက်ပိုတဲ့အနုပညာတစ်ခုပါ။ဆယ်စက္ကန့်စာဘဲလောင်ကျွမ်းလို့ရတဲ့ သင်္ဘောပျက်ထဲကဖယောင်းတိုင်လေး...
08/06/2026

Candle Man (Android/iOS)

ဂိမ်းတစ်ခုထက်ပိုတဲ့အနုပညာတစ်ခုပါ။
ဆယ်စက္ကန့်စာဘဲလောင်ကျွမ်းလို့ရတဲ့ သင်္ဘောပျက်ထဲကဖယောင်းတိုင်လေးဟာ သူကဘာအတွက်ဖြစ်တည်လာတာလဲ၊ သူ့ရဲ့တန်ဖိုးကဘာလဲဆိုတာ သူ့ကိုယ်သူလောင်ကျွမ်းခံပြီးအဖြေရှာတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။

Gameplay
======

Combat တွေမပါဘဲ ဂိမ်းရဲ့ဇာတ်လမ်းနဲ့ atmosphere၊ ‌developer တွေပေးချင်တဲ့ message တွေကိုခံစားပြီး စိတ်အေးလက်အေးဆော့လို့ကောင်းမယ့် chill ဂိမ်းတစ်ခုပါ။

ဖယောင်းတိုင်‌လေးက သူကိုယ်တိုင်ကသာ ဆယ်စက္ကန့်စာဘဲလောင်ကျွမ်းနိုင်ပေမယ့် လမ်းမှာသူ့လို ဖယောင်းတိုင်လေးတွေတွေ့ရင်မီးငြှိပေးခဲ့ပါတယ်။

မီးကိုအကြာကြီးထွန်းထားလို့မရတော့ မှောင်မဲပြီးဘာမှမမြင်ရတဲ့နေရာတွေဆိုရင် စက္ကန့်ပိုင်းလေးဘဲလောင်ကျွမ်းလိုက်ပြီး၊ လင်းနေချိန်လေးခဏမှာ လမ်းပုံစံတွေဘယ်လိုရှိလဲမှတ်ထားရတဲ့ challenge တစ်ခုတော့ရှိပါတယ်။

Chapter တစ်ခုနဲ့တစ်ခုမှာပြောင်းလဲသွားတဲ့ ပါတ်၀န်းကျင် design တွေ၊ mechanic အသစ်တွေကိုဖြည်းဖြည်းချင်းမိတ်ဆက်လာတာကြောင့် atmosphere driven ကြိုက်သူတွေအတွက် gameplay ပုံစံရိုးသွားတာမျိုးမဖြစ်ပါဘူး။

ဒါပေမယ့် action ဂိမ်းကိုမျှော်လင့်ထားသူတွေအတွက်တော့ ရိုးရှင်းတဲ့ gameplay ကြောင့်ပျင်းစရာကောင်းနေပါလိမ့်မယ်။

Review
=====

ဂိမ်းရဲ့ atmosphere က လှပတယ် သာယာတယ်ဆိုတဲ့ခံစားချက်ရသလို၊ တစ်ချိန်တည်းမှာဘဲ အထီးကျန်ခြင်းနဲ့လွမ်းမောစရာကောင်းတဲ့ ရသတွေရောနေတဲ့ Melancholic vibe ကိုရပါတယ်။

လမ်းလျှောက်နေတဲ့ကြမ်းပြားပေါ်မူတည်ပြီးခြေသံပြောင်းလဲမှုတွေ၊ ရေတွေတစက်ချင်းကျလာသံတွေ၊ လွမ်းမောစရာနောက်ခံတီးလုံးတွေကဒီဂိမ်းရဲ့အသက်ပါဘဲ။

ဒီအသံတွေက သင်္ဘောပျက်ကြီးရဲ့ခြောက်ကပ်တိတ်ဆိတ်မှုကိုအားကောင်းစေသလို၊ နေရာတိုင်းကမှောင်မဲနေပြီး၊ ကိုယ့်ကိုယ်ကို‌လောင်ကျွမ်းစေပြီးလမ်းရှာနေတဲ့ candle man လေးရဲ့အထီးကျန်အားငယ်မှုတွေကိုလည်းကိုယ်ချင်းစာမိစေမှာပါ။

ဖယောင်းတိုင်လေးတစ်တိုင်အတွက် သင်္ဘောပျက်ကြီးထဲကပစ္စည်းတိုင်းကကြီးမားနေပြီး ဒီလိုကြီးမားမှုတွေကြားမှာ သူလိုဖြစ်တည်မှုလေးတစ်ခုကတန်ဖိုးရှိရဲ့လားဆိုပြီးအဖြေရှာတဲ့ဇာတ်လမ်းကလည်း တော်တော်လေးသဘာ၀ကျလွန်းပါတယ်။

Brother တို့တွေဂိမ်းကိုအဆုံးထိဆော့ပြီးချိန်ကျရင်လည်း အတွေးတစ်ခုခုကျန်ခဲ့ကြမှာပါ။

အခုလိုမိုးလေးတဖွဲဖွဲကျနေတဲ့အချိန်မှာ ဒီလို atmosphere heavy ဖြစ်တဲ့ Melancholic ဂိမ်းတွေကိုနားကျပ်တပ်ဆော့ရတာ တော်တော်လေးအရသာရှိစေမှာမို့လို့ chill ဂိမ်းကြိုက်သူတွေ try ကြည့်ဖို့ recommend ပေးပါတယ်။

=====

Size - 723mb

Type - offline

Link - comment

Minimum requirements - Android 6.0,Ram 3

=====


Moonlight Peaks (Android/PC)My time at Portia လို၊ Harvest moon တို့လို cozy life sim ဂိမ်းတွေကြိုက်သူတွေ၊ အခု 2026 အတွင...
08/05/2026

Moonlight Peaks (Android/PC)

My time at Portia လို၊ Harvest moon တို့လို cozy life sim ဂိမ်းတွေကြိုက်သူတွေ၊ အခု 2026 အတွင်းမှာမှ pc နဲ့ mobile ပေါ်ရောက်လာတဲ့ ဂိမ်းအသစ်လေးတစ်ခုအကြောင်း နည်းနည်းပြောပြပါမယ်။
ဒီလိုဂိမ်းမျိုးကို full review လုပ်ဖို့ဆိုရင် လချီပြီးဆော့ရမှာမို့လို့ လက်ရှိဆော့ကြည့်ရသလောက် first impression review လုပ်‌ပေးပါမယ်

Gameplay
====

စစဆော့ချင်းတုန်း spirit of the island ကို spooky concept ပြောင်းလဲထားရုံဘဲလို့ထင်ခဲ့ပေမယ့် ဂိမ်းဆော့ရတဲ့ mood နဲ့ aesthetic တွေက တခြား life sim ဂိမ်းတွေနဲ့မတူဘဲထူးခြားနေတာပါ။

Player ကိုယ်တိုင်က vampire တစ်ယောက်ဖြစ်သလို ဇာတ်လမ်းဖြစ်ပျက်ရာ moonlight peaks ဆိုတဲ့မြို့လေးမှာလည်း စုန်းမတွေ၊ သမန်းဝံပုလွေနဲ့၊ သရဲတွေက ငြိမ်းချမ်းစွာနေကြပါတယ်။

အစပိုင်းမှာ life sim ဂိမ်းတို့ထုံးစံ သစ်ပင်တွေခုတ်၊ ကျောက်တွေတူး၊ အပင်တွေစိုက်ပြီး npc တွေနဲ့မိတ်ဖွဲ့ရင်းမြို့ကို explore ရပါတယ်။
ဆော့ရင်းနဲ့သတိထားမိလာတာ npc တွေနဲ့မိတ်ဖွဲ့ဖို့လက်ဆောင်ပေးတဲ့အခါမှာ မျိုးနွယ်အပေါ်မူတည်ပြီးအကြိုက်တွေမတူကြပါဘူး။

ဥပမာ - သမန်းဝံပုလွေတွေဆိုရင် အသားတွေငါးတွေကို လက်ဆောင်ပေးရင် relationship တက်သလို၊ vampire တွေဆိုရင်လည်း blood wine တွေပေးတဲ့အခါ သူတို့ကပိုသဘောကျတတ်ပါတယ်။

တခြားlife sime ဂိမ်းတွေနဲ့မတူဘဲတမူထူးခြားနေတာက gothic concept ဆန်ဆန် စိုက်ထားတဲ့အပင်တွေကိုရေမလောင်းဘဲ မိုးရွာအောင်မန္တာန်တွေရွတ်ဖတ်လိုက်တာမျိုး၊ ရက်တွေအကြာကြီးမစောင့်ရအောင် အပင်တွေမြန်မြန်ကြီးထွားစေတဲ့ charm တွေသုံးလိုက်တာတွေလုပ်လို့ရပါတယ်။

ကိုယ်သဘောကျတဲ့ npc နဲ့လက်ထပ်ချင်ပေမယ့် သူ့ဆီမှာပိုင်ရှင်ရှိနေတဲ့အခါ Llmie ဆိုတဲ့ npc ဆီသွားပြီး၊ အဲ့နှစ်ယောက်ကွဲသွားအောင် အစီအမံတွေလုပ်ခိုင်းပြီး စနှိုက်ကြော်လို့လည်းရဦးမှာပါ။

ကျနော်သဘောကျမိတာကတော့ game ရဲ့ထူးခြားတဲ့ mechanic တွေကိုဖြည်းဖြည်းချင်းမိတ်ဆက်လာတာပါဘဲ။နောက်ပိုင်းမှာ character transformation ဆိုတဲ့ system အသစ်တွေပါလာပြီး ရေသူမ (Mermaid)ပြောင်းနိုင်သွားတဲ့အခါ ကုန်းပေါ်တင်မကဘဲ၊ ရေအောက်ထဲထိငုပ်ပြီး ရေအောက်ကရှားပါးကျောက်တွေ၊ အပင်မျိုးစိတ်အသစ်တွေလိုက်ရှာလို့ရပါတယ်။

ဒီလိုမျိုးနေရာအသစ်တွေတဖြည်းဖြည်းတိုးလာမှု၊ player ကိုအဆင်ပြေစေမယ့် quality of life feature တွေကို game mechanic နဲ့ပေါင်းစပ်ထားမှုနဲ့၊ life sim ဂိမ်းတို့ထုံးစံ ငါးမျှားတာ၊ အပင်စိုက်တာလိုမျိုး လက်မလည်အောင်လုပ်ရမယ့် life activity တွေကြောင့် ဂိမ်းကအချိန်အကြာကြီးထိုင်ဆော့တောင်ပျင်းမသွားအောင်ဆွဲခေါ်ထားနိုင်ပါတယ်။

Review
=====

အပေါ်မှာပြောခဲ့သလိုဘဲ spooky aesthetic လေးကတခြားဂိမတွေနဲ့မတူဘဲကွဲထွက်နေတဲ့ခံစားချက်ကိုပေးတာပါ။
Top down isometric view မှာ အောက်ကြမ်းပြင်ကိုအလင်းရောင်ဖျဖျလေးကျနေတာက လပြည့်ညမှာလမ်းလျှောက်နေရတဲ့အတိုင်းပါဘဲ။

ပုံမှန်ဆိုရင် ကျီးအာသံတွေကမင်္ဂလာမရှိဘူးလို့သတ်မှတ်ထားကြပေမယ့် ဒီ moonlight peaks ထဲမှာတော့၊ ပိုးကောင်လေးတွေရဲ့အော်သံ Ambient sound‌ တွေ၊ သာယာတဲ့လရောင်အောက်မှာလမ်းလျှောက်ရတဲ့ခံစားချက်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ စကားလုံးနဲ့ဖော်ပြဖို့ခက်တဲ့ အနုပညာတစ်ခုလိုဖြစ်သွားပါတယ်။

ကဗျာဆန်ဆန်ပြောရရင် "ကြက်သီးထစရာလှပမှု" တစ်နည်းအားဖြင့် "ထိတ်လန့်စရာလှပမှု" တစ်ခုလို့တင်စားလိုက်ချင်ပါတယ်။

Game က cozy vibe ကိုပေးပေမယ့်လည်း တစ်ဖက်မှာ သုဿာန်တွေမှာမြူတွေဆိုင်းနေတာတွေ၊ ဝိဉာဉ်တွေလျှောက်သွားနေတာတွေ၊ ရှေးဟောင်းရဲတိုက်ကြီးတွေက gothic horror ရဲ့အငွေ့သက်တွေပျောက်မသွားတာပါဘူး။

ဆောင်းတွင်းနှင်းလေးတွေတဖွဲဖွဲကျနေချိန်မှာ လမ်းလျှောက်တဲ့အခါ နှင်းတွေပေါ်နင်းမိတဲ့ခြေသံ၊ ဆောင်းလေတဟူးဟူးတိုက်နေတဲ့ကြားမှာ ငါးမျှားရတဲ့ခံစားချက်၊ နွေးထွေးတဲ့ moonlight peaks မြို့ထဲလမ်းလျှောက်ရတဲ့ခံစားချက်က ဘာနဲ့မှမလဲနိုင်ပါဘူး။

Character design တွေဆိုရင်လည်းပုပုလုံးလုံးနဲ့ချစ်စရာကောင်းနေပြီး သူတို့တွေဒေါသထွက်သွားပုံ၊ ရှက်သွားပုံတွေက player ကိုပြုံးမိစေမှာပါ။

Mobile port အခြေနေ
====

Mobile version အတွက် graphic တအားလျှော့ထားတာမျိုးမရှိဘဲ lighting dynamic တွေ၊ shadow accurate နဲ့ သစ်ရွက်လေးတွေလှုပ်နေတဲ့ tiny detail လေးတွေထိထည့်ထားပါတယ်။
UI ပိုင်းတွေက simple ဖြစ်သလို first release version မှာတင်ကို frame drop တာလိုမျိုး issues တွေလည်းမတွေ့ရပါဘူး။
ဒါပေမယ့် Snapdragon 8s gen 3 မှာ နှစ်နာရီလောက်ဆက်တိုက်ထိုင်ဆော့တာတော့ battery အပူချိန်က 40ကျော်လောက်တက်လာသလို battery လည်းစားပါတယ်။

ဒါကြောင့် low device တွေအနေနဲ့ဒီလိုဂိမ်းမျိုးဆော့ချင်ပေမယ့် ဖုန်းမနိုင်ရင် ပုံစံတူ spirit of the island ကိုဆော့ကြပါ။

====

Size - 2.19gb

Type - offline

Link - comment

Minimum requirements - Android 14,Ram 6, Snapdragon 800+

=====


Hitman Blood Money Reprisal (Android/ps2)မှုခင်းဇာတ်လမ်းတစ်ခုကိုကြည့်နေရသလိုခံစားရစေမယ့် dark crime thriller ဂိမ်းတွေကြိ...
08/04/2026

Hitman Blood Money Reprisal (Android/ps2)

မှုခင်းဇာတ်လမ်းတစ်ခုကိုကြည့်နေရသလိုခံစားရစေမယ့် dark crime thriller ဂိမ်းတွေကြိုက်သူတွေ အခုပြောပြမယ့် hitman blood money reprisal ဂိမ်းကို try ကြည့်သင့်ပါတယ်။
2006 ခုနှစ်ကထွက်ခဲ့ပေမယ့် အခုချိန်ပြန်ဆော့ရင်တောင်ရိုးမသွားသေးဘဲ sandbox ဆန်တဲ့ gameplay ကြောင့်အမြဲဆန်းသစ်တယ်ခံစားနေရတာပါ။

Gameplay
====

ဒီဂိမ်းက stealth ဂိမ်းဆိုတဲ့အတိုင်း သေနတ်တွေနဲ့ဝုန်းဒိုင်းကြဲပြီး၀င်သွားလို့မရဘူးဗျ။ပထမဆုံး ဘယ်အစောင့်တွေကဘယ်နေရာမှာကင်းလှည့်နေလဲသေချာကြည့်ပြီး၊ သူတို့ထဲကတစ်ယောက်ကိုလုပ်ကြံ...အဲ့လူဆီကအ၀တ်အစားတွေနဲ့လဲ၀တ်ပြီးမှ သူတို့ကြားထဲမှာကိုယ်ယောင်ဖျောက်နေရင်း လုပ်ကြံမယ့် target ကိုလိုက်ရှာရတာပါ။

ကျနော်ကြိုက်တာက ဂိမ်းထဲမှာ Ai guard တွေကတော်တော်ကိုကြမ်းတာပါ။သွေးကွက်လေးတွေတွေ့ရင်၊ ကိုယ်ပစ်ချခဲ့တဲ့လက်နက်တွေတွေ့ရင်တောင် ဆက်တိုက်စစ်ဆေးကြပါတယ်။

ကိုယ်ကသူတို့နဲ့ပုံစံတူ၀တ်ထားရင်လည်း အမြဲတန်းသံသယဖြစ်နေကြပြီး အလျှင်စလိုလုပ်နေတာတွေတွေ့ရင် suspicious level တွေတက်လာတာပါ။

ပိုကြမ်းတာက rookie difficulty ကလွဲလို့ တခြား difficulty နဲ့ဆော့တဲ့အခါ notoriety system ပါလာတာပါ။အဲ့ system က၊ ကိုယ်က အရင် mission မှာ cctv camera မှာမိခဲ့ရင်၊ dead body ကိုမဖွက်ဘဲ ဒီတိုင်းထားခဲ့ရင်၊ နောက် mission တွေကျရင် အ၀တ်စားလဲထားရင်တောင် AI guard တွေက ကိုယ့်ရုပ်ကိုမှတ်မိနေကြပါတယ်။

ဒါကြောင့် တစ်ယောက်ယောက်ကိုလုပ်ကြံပြီးရင် dead body ကိုတခြားသူတွေမတွေ့အောင် အလောင်းဖျောက်တာတွေ၊ မလှုပ်ရှားခင် အနားမှာ camera တွေရှိနေလားသေချာကြည့်ပြီး၊ သေနတ်မသုံးဘဲ အတတ်နိုင်ဆုံးတိတ်တိတ်ဆိတ်ဆိတ်လှုပ်ရှားရပါတယ်။

ကျနော်အပေါ်မှာ‌ပြောသလိုဘဲ player ကိုလွတ်လပ်ခွင့်ပေးထားတဲ့ sandbox ဖြစ်တာကြောင့် target တွေကို သတ်မှတ်ထားတဲ့နည်းလမ်းတစ်ခုထဲနဲ့ဘဲရှင်းရမယ်လို့ မဟုတ်ပါဘူး။

အပေါ်ကပစ္စည်းတွေ လူပေါ်ပြုတ်ကျပြီးသေအောင် အကွက်ကျကျစီမံတာမျိုး၊ အမြင့်ကနေတွန်းချတာတွေ၊ အချိုရည်ထဲအဆိပ်ခပ်တာတွေလုပ်ပြီး နည်းပေါင်းစုံနဲ့လုပ်ကြံလို့ရပါတယ်။

mission တစ်ခုမှာ objective တစ်ခုပေးထားရုံကလွဲလို့ ဘယ်လိုလုပ်ကြံပါ၊ ဘယ်နေရာကိုသွားပါလို့ quest marker တွေမပါဘဲ၊ guard တွေဘယ်လိုကင်းလှည့်နေလဲသေချာလေ့လာ၊ trail and error ဆိုတဲ့ လုပ်ကြံမယ့်နည်းလမ်းပေါင်းစုံကို ကိုယ့်ဟာကိုစမ်းသပ်ရင်း mission တစ်ခုခုကိုအကြိမ်ကြိမ်အခါခါရှုံးပြီးမှအနိုင်ရတာမျိုးပါ။

Review
=====

ကျနော်ဒီဂိမ်းကိုကြိုက်မိတဲ့အထဲမှာ gameplay မိုက်ရုံတင်မကဘဲ ဇာတ်လမ်းနဲ့ atmosphere ကလည်း dark crime thriller vibe ကိုအပြည့်အ၀ပေးလို့ပါ။

ကျနော်တို့ရဲ့ main character 47 က hero မဟုတ်တဲ့ သွေးအေးကြေးစားတစ်ယောက်ဖြစ်နေသလို၊ ဇာတ်လမ်းကလည်း အကျင့်ပျက်ချစားမှုတွေ၊ အချင်းချင်းအမြတ်ထုတ်မှုတွေနဲ့ပြည့်နေပြီး လူကောင်းရယ်လို့လက်ညှိုးထိုးပြစရာမရှိပါဘူး။

Cinematic scene တွေမှာ အက်ကွဲကွဲ ခပ်လေးလေးစကားပြောသံ၊ အနက်ရောင်ကုတ်အင်္ကျီတွေ၀တ်ထားတဲ့လူတွေနဲ့၊ Ai guard တွေရဲ့မျက်နှာထားတွေက တင်းမာနေပြီးအမြဲတန်းသံသယဖြစ်နေတာက player ကိုစိတ်ကျဉ်းကျပ်စေသလို dark crime thriller vibe ကိုပိုပြီး‌အားကောင်းစေပါတယ်။

Admin ကြိုက်တာက FBI agent Cayne နဲ့ သတင်းသမား နှစ်ယောက်စကားပြောတဲ့ cutscene တွေမှာ အခန်းထဲမှာမှောင်နေပြီး character တွေရဲ့မျက်နှာတစ်ခြမ်းကိုဘဲ lighting လေးထိုးထားတာက "တစ်ခုခုမူမှန်သလို" ခံစားရပါတယ်။ interview နေတဲ့သတင်းသမားကိုယ်တိုင်ကလည်း သူ့မျက်လုံးတွေကနေတစ်ဆင့် စိတ်မလုံခြုံမှုတွေ၊ ကြောက်ရွံ့မှုတွေကိုအတိုင်းသားမြင်နေရပြီး၊ ကြည့်နေတဲ့ကျနော်တို့ player တွေကိုယ်တိုင်ကလည်း noir lighting setting ပိုင်းကြောင့် စိတ်ကျဉ်းကျပ်လာတာသလို စိတ္တဇဆန်တဲ့ခံစားချက်ကိုခံစားရပါတယ်။

Mission တစ်ခုနဲ့တစ်ခုကလည်း ခံစားချက်တွေမတူညီဘဲ လူသူအရောက်နည်းပြီး တောထဲတောင်ထဲမှာသွားလုပ်ရတဲ့ A vintage year mission မှာဆိုရင် ငှက်အော်သံတွေ ရေကျသံတွေနဲ့ တောတောင်သဘာ၀အလှတွေက သာယာသလိုရှိနေပေမယ့်၊ တစ်ယောက်ယောက်ကစောင့်ကြည့်နေသလိုမျိုး အမြဲတန်းနောက်ကျောမလုံတဲ့ခံစားချက်ကြီးပေးတာပါ။

တတိယ mission ကျတော့လည်း ခမ်းနားပြီးလှပတဲ့ opera နောက်ခံတေးတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုကိုပေါင်းစည်းထားတော့ စိတ္တဇဆန်နေသလိုခံစားရပြီး dark crime thriller ကိုပေါ်ပြီးပေါ်လွင်စေပါတယ်။

mission တွေမှာ အစောင့်တွေရဲ့အမြဲတန်းစောင့်ကြည့်ခံနေရမှု၊ လူကြားထဲမှာကိုယ်ယောင်ဖျောက်ပြီး တိတ်တဆိတ်လှုပ်ရှားရတာတွေက "ငါ့ကိုမိသွားမလား" ဆိုပြီးအမြဲတန်းစိတ်လှုပ်ရှားနေရပါတယ်။

Difficulty ပေါ်မူတည်ပြီး Ai တွေကြမ်းလာတာ၊ နည်းလမ်းပေါင်းစုံနဲ့ assassinate လုပ်လို့ရတဲ့ sandbox gameplay ပုံစံကြောင့် mission တစ်ခုတည်းကိုအကြိမ်ကြိမ်ဆော့ရင်တောင် အမြဲတန်းစိတ်လှုပ်ရှားနေရမှာပါ။

Mobile port အခြေနေ
===

Mobile port version က graphic ကိုပိုကောင်းအောင်လုပ်ထားသလို port ဘုရင်ဖြစ်တဲ့ feral interactive ကမို့လို့ optimization ပိုင်းတွေ၊ error ပါမှာတွေစိတ်မပူရဘဲ touch screen control ဆိုရင်လည်း ရိုးရိုးရှင်းရှင်းနဲ့ clean ဖြစ်ပါတယ်။

တစ်ခုရှိတာက mission တစ်ခုမှာ save လုပ်မထားမိတဲ့အခါ ရှုံးသွားရင်အစကပြန်စရတတ်ပြီး အရမ်းလည်းခက်တာကြောင့် casual player တွေအတွက်အဆင်ပြေမှာတော့မဟုတ်ပါဘူး။

====

နိဂုံးချုပ်ရရင် Hitman Blood Money က သေနတ်ပစ်ဂိမ်းမဟုတ်ဘဲ mission တစ်ခုကို အကွက်ချပြီး အမှားမရှိအောင် အဆုံးသတ်ရတဲ့ assassin simulation တစ်ခုလို ခံစားရစေပြီး ဇာတ်လမ်းအလှည့်ပြောင်းတွေနဲ့ dark crime thriller ကိုအကောင်းဆုံးပုံဖော်ထားနိုင်တဲ့ဂိမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။

=====

Size - 3.06gb

Type - offline

Link - comment

Minimum requirements - Android 12, Ram 6, Snapdragon 800+

Controller support - Yes

=====


Hitman Sniper (Android/iOS)Hitman Sniper ဆိုတာ mobile ပေါ်က sniper ဂိမ်းတွေထဲမှာ တော်တော်လေး quality ရှိတဲ့ premium snip...
08/03/2026

Hitman Sniper (Android/iOS)

Hitman Sniper ဆိုတာ mobile ပေါ်က sniper ဂိမ်းတွေထဲမှာ တော်တော်လေး quality ရှိတဲ့ premium sniper ဂိမ်းတစ်ခုဖြစ်ပါတယ်။
Agent 47 ဆိုတဲ့ကြေးစားကတုံးနေရာကနေ လူတွေကော zombie တွေကောပါ sniper နဲ့တစ်ကောင်ချင်းလှမ်းဖြုတ်ရမှာပါ။

Gameplay
=======

Mission မစခင်မှာ ဘယ်သူ့ကိုသတ်ရမလဲ၊ ဆုကြေးဘယ်လောက်သတ်မှတ်ထားလဲဆိုတဲ့ main objective တွေနဲ့ တခြားသော side quest အသေးစားလေးတွေ ပေးထားပါတယ်။

တခြား sniper ဂိမ်းတွေနဲ့မတူတာက ပစ်မှတ်ကိုဒီတိုင်းလှမ်းပစ်ရုံတင်မကဘဲ ပါတ်၀န်းကျင်ကပေါက်ကွဲတတ်တဲ့ပစ္စည်းတွေကိုပစ်တာမျိုး၊ မှန်ဘောင်မှာမှီနေတဲ့သူကို မှန်ကိုပစ်ခွဲပြီး မတော်တဆအောက်ပြုတ်ကျပြီးသေသွားတဲ့ပုံစံ တွေလုပ်ပြီးသတ်လို့ရပါတယ်။

Enemy တွေဘက်ကလည်း dead body တွေတွေ့တဲ့အခါ၊ သူတို့ရှေ့မှာတင်လူတစ်ယောက်သေသွားတာတွေ့တဲ့အခါမှာ အချင်းချင်းဖုန်းတွေနဲ့သတိလှမ်းပေးတတ်တာမို့လို့ လက်ညှိုးလေးမကွေးခင်မှာ target ရဲ့အနီးအနားမှာတခြားသူတွေရှိနေလား၊ ကိုယ်ပစ်သတ်ထားတဲ့ dead body ကိုတခြားတစ်ယောက်ကတွေ့သွားလားဆိုတာ အမြဲတန်းသတိထားနေရပါတယ်။

Sniper ကျည်ဖြည့်တဲ့အခါ တခြားဂိမ်းတွေလို ခလုတ်လေးတစ်ချက်နှိပ်ရုံနဲ့ပြီးမသွားဘဲ screen မှာပေါ်လာတဲ့ quick time event တွေကိုအမြန်နှိပ်ပြီး ကျည်ဖြည့်ရတာက၊ main target ထွက်ပြေးနေချိန် "လွတ်သွား‌တော့မှာဘဲ" ဆိုတဲ့စိုးရိမ်စိတ်ကြောင့် ခလုတ်တွေကိုအယောင်ယောင်အမှားမှားနှိပ်မိတာမျိုးတွေဖြစ်လာပါတယ်။

ဒီ tension က ကားသမားကိုကာကွယ်ရတဲ့ zombie mode မှာဆိုရင်ပိုသာသာပါတယ်။wave တစ်ခုချင်းဆီမှာများလာတဲ့ zombie တွေကိုခုခံရင်း ကျည်ကုန်သွားချိန် ကားသမားသေသွားမှာစိုးရိမ်စိတ်နဲ့ ကျည်အမြန်ဖြည့်ရတာက ဆော့နေတဲ့သူပါလက်တွေတုန်လာတာပါတယ်။

Mission တွေ complete ဖြစ်ရင် sniper အသစ်တွေတိုးမယ့် blueprint တွေ၊ လက်နက်တွေကို upgrade မြှင့်နိုင်မယ့် currency တွေရလာမှာပါ။အသစ်တိုးလာတဲ့ sniper တွေမှာ အရာ၀တ္ထုတွေကိုဖောက်မြင်နိုင်မယ့် ability တွေ၊ ကျည်ကလေထုကိုမဖြတ်ဘဲ target ကိုချက်ချင်းထိမှန်စေမယ့် ability တွေပါလာလို့ gameplay ကိုပိုမိုလွယ်ကူစေပါတယ်။

Review
=====

ဆော့ကြည့်ရသလောက်တော့ ကြိုက်တဲ့အချက်ကော အားနည်းချက်တွေကိုပါတွေ့ရပါတယ်

ကြိုက်တဲ့အချက်နဲ့ အားသာချက်များ
=====

ကျနော်သဘောကျမိတာက အပျင်းပြေဆော့တဲ့ sniper ဂိမ်းထက်ကို၊ အရေးကြီးတဲ့ mission လုပ်နေရတယ်ဆိုတဲ့ခံစားချက်ပေးနိုင်တဲ့ ambient soundtrack တွေပါဘဲ။

အနောက်က agent က ဘာလုပ်ရမလဲဆိုတာအမြဲတန်းညွှန်ကြားနေတာတွေ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ခံစားချက်ကိုပေးတဲ့ ရိုးရှင်းတဲ့ dark ambient song တွေက ငါအရေးကြီးတယ် mission လုပ်နေရတယ်ဆိုပြီးခံစားရတာပါ။

Sniper နဲ့ပစ်လိုက်တဲ့အစိတ်ပိုင်းပေါ်မူတည်ပြီး အရုပ်ကြိုးပျက်လဲကျသွားတဲ့ ragdoll physics ပိုင်းတွေ၊ မှန်ကိုပစ်လိုက်ရင် အစိတ်စိတ်အမွှာမွှာကွဲထွက်ကုန်တာလိုမျိုး detail အသေးစားလေးတွေကိုလည်းတွေ့နိုင်ပါတယ်။

ခလုတ်နှိပ်လိုက်ချိန် ကျည်ဆံကပြောင်း၀ကနေ လေကိုကန်ထွက်လာတဲ့အသံ၊ ကျည်ဖြည့်တဲ့အခါ ချောက်ခနဲထွက်လာသံတွေက ASMR တစ်ခုကိုနားထောင်နေရသလိုမျိုးစိတ်ကျေနပ်စေတာပါ။

Environment ပိုင်းဆိုရင်လည်း အပြာရောင်၊ မီးခိုးရောင်၊ အနက်ရောင်လို dark tone တွေသုံးထားတာက hitman ရဲ့အေးစက်စက်ရက်စက်ကြမ်းကြုတ်မှုကိုပေါ်လွင်စေတာပါ။
ဒီလိုအေးစက်စက် dark tone မှာ မီးရောင်တွေလင်းနေတဲ့နေရာကို contrast နည်းနည်းလေးတင်ထားပြီး ရိုးရှင်းတဲ့ နောက်ခံ environment တွေကြောင့် target ကိုအာရုံစိုက်လို့ပိုကောင်းစေပါတယ်။

Mobile အတွက် UI ပိုင်းတွေဆို တော်တော်လေး clean ဖြစ်ပြီး low device တွေမှာအေးဆေး run နိုင်တဲ့အထိ optimization ကောင်းပါတယ်

အားနည်းချက်များ
=====

ဂိမ်းရဲ့အကြီးမားဆုံးအားနည်းချက်ကတော့ နောက်ပိုင်းမှာ repetitive ဖြစ်လာတာပါ။

Mission အစပိုင်းတွေမှာ target အမျိုးမျိုးကိုသတ်ရတာ၊ မတူညီတဲ့ objective တွေနဲ့ပျော်စရာကောင်းပေမယ့်၊ နောက်ပိုင်း chapter တွေရောက်လာလည်း ပြောင်းလဲမှုမရှိတဲ့ map မှာ enemy တွေကလည်း ပုံသေကြီးအတိုင်းဘဲသွားနေတော့ ဆော့ရတာတဖြည်းဖြည်းနဲ့ရိုးအီလာပါတယ်

ဒါကြောင့်အချိန်တစ်ခုထိဆွဲဆော့တာထက် တခါဆော့ မိနစ်၂၀ လောက်ဘဲအပျင်းပြေဆော့ဖို့ကောင်းပါတယ်။

===

ဒါကြောင့် Hitman sniper ဂိမ်းက ရိုးရှင်းတဲ့ level design ကြောင့် နောက်ပိုင်းမှာ repetitive ဖြစ်တယ်ခံစားရပေမယ့်လည်း mobile sniper ဂိမ်းတစ်ခုအတွက်တော့ တော်တော်လေး quality ရှိတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။

=====

Size - 660mb

Type - offline

Link - comment

Minimum requirements - Android 7.0,Ram 3

=====

08/03/2026

PC ကော mobile မှာပါရတဲ့ open world survival ဂိမ်းကြီးတစ်ခု

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when Mobile Crazy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category