The Asia Times

The Asia Times Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Asia Times, Game Publisher, New York, NY.

ဘဝကို အပူအပင်မရှိ၊ သောကမရှိဘဲ ဖြတ်သန်းရတာ အကြိုက်ဆုံးပါပဲ။ ဂီတကို ပြန်ဆိုတာ ငွေရချင်လို မဟုတ်ပါဘူးဆိုတဲ့ စိုးစန္ဒာထွန်း ...
06/15/2026

ဘဝကို အပူအပင်မရှိ၊ သောကမရှိဘဲ ဖြတ်သန်းရတာ အကြိုက်ဆုံးပါပဲ။ ဂီတကို ပြန်ဆိုတာ ငွေရချင်လို မဟုတ်ပါဘူးဆိုတဲ့ စိုးစန္ဒာထွန်း

#စးစန္ဒာထွန်း

သီချင်းတစ်ပုဒ် ပရိသတ်ရင်ထဲရောက်ဖို အနောက်ကွယ်မှာ ပေးဆပ်ရတာတွေ အများကြီးရှိတယ်" လို အဆိုတော် သီရိမောင်မောင်က ဖွင့်ဟလိုက်ပ...
06/15/2026

သီချင်းတစ်ပုဒ် ပရိသတ်ရင်ထဲရောက်ဖို အနောက်ကွယ်မှာ ပေးဆပ်ရတာတွေ အများကြီးရှိတယ်" လို အဆိုတော် သီရိမောင်မောင်က ဖွင့်ဟလိုက်ပါတယ်။

လက်ရှိမှာ ဖခင်ဖြစ်သူ တေးရေး၊ တေးဆို ဂျေမောင်မောင် ကျန်းမာရေးမကောင်းတဲ့အချိန်မှာ ဖခင်ဖြစ်သူကိုယ်စား သီချင်းတွေကို ပြန်လည်သီဆိုနေတယ်လို ဆိုပါတယ်။

ဒါ့အပြင် နယ်ခရီးတစ်ခုမှာ ဖခင်ဖြစ်သူ ဂျေမောင်မောင်နဲ့ မှားပြီး လာရောက်နှုတ်ဆက်ကြတဲ့ ပရိသတ်တွေရဲ့ အမှတ်တရ လွဲချော်မှုလေးတွေကိုလည်း ရယ်မောပျော်ရွှင်စွာနဲ့ မီဒီယာ အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

အစားအသောက် Vlog ရို-က်ပြီးတိုင်း အိုးတွေ၊ ခွက်တွေ ဆေးရလို ထပ်မရို-က်ချင်တော့ဘူး။ ကိုယ့် ဇလုံ က အဖွားထက် အိုတယ်လို စကြတယ်...
06/15/2026

အစားအသောက် Vlog ရို-က်ပြီးတိုင်း အိုးတွေ၊ ခွက်တွေ ဆေးရလို ထပ်မရို-က်ချင်တော့ဘူး။ ကိုယ့် ဇလုံ က အဖွားထက် အိုတယ်လို စကြတယ်လိုဆိုတဲ့ မီးမီး

#မးမီး

မှူးဘဝမှာ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ပျော်ရွှင်မှုကိုပဲ ဦးစားပေးရတော့မယ်" လို သရုပ်ဆောင် မှူးထိပ်ထားက မီဒီယာအင်တာဗျူးတစ်ခုမှ...
06/15/2026

မှူးဘဝမှာ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ပျော်ရွှင်မှုကိုပဲ ဦးစားပေးရတော့မယ်" လို သရုပ်ဆောင် မှူးထိပ်ထားက မီဒီယာအင်တာဗျူးတစ်ခုမှာ အခုလို ပြောကြားခဲ့ပါတယ်။

ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ မိမိကိုယ်တိုင်အပေါ်မှာပဲ တာဝန်ရှိပြီး သူတစ်ပါးလက်ထဲ သွားအပ်နှံထားလိုမရကြောင်း၊ ဘဝက တိုတိုလေးမို သူတစ်ပါးကို အနှောင့်အယှက်မဖြစ်စေဘဲ ကိုယ်ဖြစ်ချင်တာ၊ လုပ်ချင်တာတွေကိုပဲ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိ အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်တူကိုယ်တူရှိတဲ့ ချစ်သူ (Girlfriend) နှင့် တွဲနေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်းကိုလည်း ပွင့်လင်းစွာ ဖြေကြားသွားခဲ့ပါတယ်။

လူရွှင်တော် သရုပ်ဆောင် ခင်လှိင်က သူကိုယ်တိုင် ဉီးစီးပြီး တည်ထောင်ထားတဲ့ ဇဝန ဖောင်ဒေးရှင်းကနေပြီးတော့ မတည်ငွေ တစ်လ ၁သိန်း...
06/15/2026

လူရွှင်တော် သရုပ်ဆောင် ခင်လှိင်က သူကိုယ်တိုင် ဉီးစီးပြီး တည်ထောင်ထားတဲ့ ဇဝန ဖောင်ဒေးရှင်းကနေပြီးတော့ မတည်ငွေ တစ်လ ၁သိန်းနဲ့ သက်ကြီး လှူရွှင်တော်တွေကို ထောက်ပံ့ပေးသွားမယ်လို ပြောကြားထားပါတယ်။

အဲ့ထောက်ပံ့မဲ့ထဲမာ သက်ကြီး လူရွှင်တော် အယောက်၄၀ကို ထည့်ထားပြီး နောက်ထပ် အနေနဲ့ သရုပ်ဆောင် မြင့်မြတ်ကလဲ တစ်လ ၅သောင်း ထည့်ဝင်မာလိုပြောကြားထားပါတယ်။

ပြီးတော့ မြင့်မြတ် တစ်လ၅သောင်းပဲထည့်တယ်ဆိုတာကိုလဲ တစ်မျိုးမမြင်စေချင်ကြောင်း ထောက်ပံ့ရမာကလဲ လစဉ်ဖြစ်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်လိုပြောကြားထားပါတယ်။

နောက်ထပ်လှူချင်သူများရှိရင်လဲ ဇဝန ဖောင်ဒေးရှင်း ကိုဆက်သွယ်ပြီး ပါဝင်လှူတန်းနိုင်တယ်လို လဲ ခင်လှိင်က နိုးစော်ထားပါတယ်။

ထိုင်းသံရုံးက ဦးစီးကျင်းပတဲ့ T-POP Star Challenge ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆီမီးဖိုင်နယ်အဆင့်အထိ အောင်...
06/15/2026

ထိုင်းသံရုံးက ဦးစီးကျင်းပတဲ့ T-POP Star Challenge ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆီမီးဖိုင်နယ်အဆင့်အထိ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ဖူးတဲ့ သက်ထားသူဇာ

မြန်မာ့လက်‌ရွေးစင် ကြက်တောင် အားကစားမယ် သက်ထားရွှေစင် ဟာ The Mask Singer ပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ထားခဲ့ပြီး

ထိုင်းနိုင်ငံမာနေစဉ်က ထိုင်းသံရုံးကပြုလုပ်တဲ့ စိန်ခေါ်မှုပြိုင်ပွဲမှာတော့ အွန်လိုင်းကနေတစ်ဆင့် ပါဝင်ယှဉ်ပြိုင်ရင်း ဆီမီးဖိုင်နယ်အဆင့် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူရဲ့ အားပေးမှု၊ လမ်းညွှန်မှုတွေနဲ့အတူ အိမ်မှာပဲ နေ့စဉ်ရက်ဆက် သီချင်းလေ့ကျင့်ဖြစ်ခဲ့ပုံတွေကို ခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြသွားခဲ့ပါတယ်။

အခုသူမ အနေနဲ့ The Mask Singer မှာ ဆိုခဲ့တဲ့ သီချင်းတွေကိုလဲ Cover songs အနေနဲ့ပြန်ပြီး သိဆိုသွားဖိုလဲ စီစဉ်နေကြောင်း ပြောပြခဲ့ပါတယ်။

Social / ဆိုရှယ် မှာ အေးချမ်းတဲ့သူပဲ ဖြစ်ချင်သလို ဘယ်သူ့ကိုမှ ပူလောင်မှု မပေးချင်ဘူး။ ကိုယ့်ကြောင့် တဖက်လူကိုလည်း မမုန်း...
06/15/2026

Social / ဆိုရှယ် မှာ အေးချမ်းတဲ့သူပဲ ဖြစ်ချင်သလို ဘယ်သူ့ကိုမှ ပူလောင်မှု မပေးချင်ဘူး။ ကိုယ့်ကြောင့် တဖက်လူကိုလည်း မမုန်းစေချင်ဘူးဆိုတဲ့ မေမီကိုကို

#မေမီကိုကို

သူဆံပင်ကျတာလေးက လှပါတယ်။ ဂတုံးဆံပင်လေးနဲ့လည်း လိုက်တာပဲလေ။ ရည်းစားဘဝတုန်းကတော့ ရန်ဖြစ်တာရှိပေမယ့် အိမ်ထောင်ကျသွားတော့ မဖ...
06/14/2026

သူဆံပင်ကျတာလေးက လှပါတယ်။ ဂတုံးဆံပင်လေးနဲ့လည်း လိုက်တာပဲလေ။ ရည်းစားဘဝတုန်းကတော့ ရန်ဖြစ်တာရှိပေမယ့် အိမ်ထောင်ကျသွားတော့ မဖြစ်တော့ပါဘူး။ အိမ်ထောင်သည် ဘဝရောက်သွားတော့လည်း သမီးရည်းစားဘဝတုန်းကလိုပါပဲ , ပြောင်းလဲသွားတာ မရှိပါဘူးဆိုတဲ့ သန္တာဗိုလ်တို အတွဲ

#သနတာဗိုလ်

နိုင်ငံတကာပြိုင်ပွဲတစ်ခုဖြစ်တဲ့ Mister Cosmo ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ဖို ပြင်ဆင်နေတ...
06/14/2026

နိုင်ငံတကာပြိုင်ပွဲတစ်ခုဖြစ်တဲ့ Mister Cosmo ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ဖို ပြင်ဆင်နေတဲ့ မော်ဒယ်/သရုပ်ဆောင် ဟင်နရီစံ က အခုလို နိုင်ငံကိုယ်စားပြုသွားရတဲ့နေရာမှာ လူတွေက အပြင်ပန်းပဲမြင်ပြီး ပေါ့ပေါ့တန်တန် ထင်တတ်ကြပေမယ့် အမှန်တကယ်တော့ တာဝန်အရမ်းကြီးမားတယ်လို ဆိုပါတယ်။

ကိုယ့်အချင်းချင်းကြားမှာ ဝေဖန်မှုတွေကို လက်ခံနိုင်ပေမယ့် ကိုယ့်နိုင်ငံကို သူများနိုင်ငံက လာပြီးဝေဖန်တာမျိုး မခံချင်တဲ့အတွက် အမှားအယွင်းမရှိအောင် အကောင်းဆုံးပြင်ဆင်နေပြီး ကိုယ့်ဘက်ကလည်း မိုင်ကုန်ကြိုးစားနေတယ်လို ပြောသွားခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံက လာပြီဆိုတာနဲ့ သူများနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ဖိုအတွက် ပရိသတ်တွေအနေနဲ့လည်း တကယ့်ကို ခွန်အားဖြစ်စေမယ့် အားပေးမှုမျိုးနဲ့ ဝိုင်းဝန်းဝန်းရံပေးကြဖို ဟန်ဒီစံက မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

သရုပ်ဆောင် မြတ်သူသူသည် သူမ၏မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ (၁၄) ရက်၊ နံနက်ပိုင်းက သန်လျင်မြိုနယ်ရှိ မင်းကျောင်းကျောင်...
06/14/2026

သရုပ်ဆောင် မြတ်သူသူသည် သူမ၏မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ (၁၄) ရက်၊ နံနက်ပိုင်းက သန်လျင်မြိုနယ်ရှိ မင်းကျောင်းကျောင်းတိုက်သို သွားရောက်ကာ သီတင်းသုံးတော်မူကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

အဆိုပါ မွေးနေ့မင်္ဂလာ ကုသိုလ်တော်အလှူကို သရုပ်ဆောင် မြတ်သူသူနှင့်အတူ ခင်ပွန်းဖြစ်သူ ကိုစိုင်းထက်မြတ် (Htet Myat Thu Diamond & Jewelry မိသားစု) က အတူတကွ စိတ်တူကိုယ်တူ ပူးပေါင်းလှူဒါန်းခဲ့ကြခြင်း ဖြစ်ပါတယ်။

ပရိသတ်များကလည်း မွေးနေ့ရှင် သရုပ်ဆောင် မြတ်သူသူတစ်ယောက် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး အနုပညာခရီးလမ်းတွင် ဒီထက်မက အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးထားကြပါတယ်။

Address

New York, NY

Telephone

+12014092607

Website

Alerts

Be the first to know and let us send you an email when The Asia Times posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category