Manau Ginra

Call Directions Website Contact the establishment

Manau Ginra Writing is making happy life.

10/16/2026

လူတစ်ယောက်ရဲ့ တန်ဖိုးကို သူပိုင်ဆိုင်ထားတဲ့ ငွေကြေးနှင့် မတိုင်းတာပါနဲ့ ...၊၊

10/15/2026

အကျင့်ပါနေလို့ပါ 😁 🤣 😂

သူ့နေရာမှာ ငါသာဆိုတဲ့ စိတ်ကလေးက အပြောလွယ်သလောက် လက်တွေ့ကျ ထင်သလောက်မလွယ်ကူသော အရာပါ...၊၊
10/15/2026

သူ့နေရာမှာ ငါသာဆိုတဲ့ စိတ်ကလေးက အပြောလွယ်သလောက် လက်တွေ့ကျ ထင်သလောက်မလွယ်ကူသော အရာပါ...၊၊

"စစ်မှန်တဲ့ပျော်ရွှင်ခြင်း"အမှန်တကယ်တော့ စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ သူတပါးကို ကူညီလိုက်တဲ့အချိန်မှာရလာတဲ့ ရင်ထဲက ခံစား...
10/15/2026

"စစ်မှန်တဲ့ပျော်ရွှင်ခြင်း"

အမှန်တကယ်တော့ စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ သူတပါးကို ကူညီလိုက်တဲ့အချိန်မှာရလာတဲ့ ရင်ထဲက ခံစားမှုတစ်ခုလေး ပါဝင်နေသည်ကို တွေ့ရပါတယ်...၊၊

ပရဟိတဆိုတာ အသက်စွန့်ရဲမှ၊ တဘဝလုံး ရင်းနှီးမြှပ်နှံပြီး လုပ်နိုင်တော့မှ ဖြစ်တာ မဟုတ်ပါဘူး။ အစာငတ်နေတဲ့ ကလေးတစ်ယောက်ကို မုန့်တစ်ဖဲ့ကျွေးလိုက်တာလည်း ပရဟိတပဲ ဖြစ်သလို၊ လမ်းမသိလို့ လာမေးတဲ့သူကို စိတ်ရှည်လက်ရှည် ဖြေပေးလိုက်တာကလည်း ပရဟိတပါပဲ...။

ကျွန်တော်တို့အားလုံးမှာ အချိန်ဟာ အကန့်အသတ်နဲ့ပဲ ရှိပါတယ်။ နောက်ကျတာဟာ မလုပ်လိုက်ရတာနဲ့ ဘာမှမထူးပါဘူး...။

ဒါကြောင့်... တန်ဖိုးရှိတဲ့ကိုယ့်ဘဝကို အကျိုးရှိရှိ အသုံးချသွားဖို့ လိုအပ်ပါတယ်။ ကိုယ်ပိုင်ဆိုင်ခွင့်မရှိတဲ့၊ ဆုံးရှုံးလိုက်ရတဲ့အရာတွေအတွက် ကြေကွဲဝမ်းနည်းနေမယ့်အစား... ကိုယ့်ဆီမှာ ရှိတဲ့အရာတွေ၊ ကိုယ့်ဘေးနားက လူတွေကို တန်ဖိုးထားတတ်ရမယ်။ အချိန်လွန်မှ နောင်တရနေတာထက် ကိုယ်ပိုင်ဆိုင်ထားတဲ့ လက်ရှိအချိန်တိုင်းမှာ အများအတွက် အကူအညီတွေပေးရင်း ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေကြဖို့ လိုပါတယ်...။

တကယ်တော့ ဘဝဆိုဟာ မနက်ဆိုတာ မသေချာတဲ့အချိန်တစ်ခုလေးကို ဆက်မျှော်လျှက် ရှင်သန်နေရတဲ့ ဘဝပါ၊၊ ဒါကြောင့် အကျိုးရှိတာ တခုခုလုပ်ဖို့အတွက် တုံ့ဆိုင်းနေဖို့ အချိန်မရှိပါဘူး...။

#𝐂𝐫𝐞𝐝𝐢𝐭

ကိုယ့်မှာ ရှိသောအရာကို မဆုံးရှုံးအောင် ထိန်းတတ်ဖို့ လိုအပ်ပါတယ်၊၊
10/14/2026

ကိုယ့်မှာ ရှိသောအရာကို မဆုံးရှုံးအောင် ထိန်းတတ်ဖို့ လိုအပ်ပါတယ်၊၊

"လောကထဲမှာအကောင်းမြင်စိတ်ရှိမှ လူဖြစ်ကျိုးလည်း နပ်စေမှာပါ"လူတွေကို ကြည့်မိတိုင်း သံဝေဂတစ်ခုတော့ ရမိပါတယ်။တချို့လူတွေက မာ...
10/14/2026

"လောကထဲမှာ
အကောင်းမြင်စိတ်ရှိမှ လူဖြစ်ကျိုးလည်း နပ်စေမှာပါ"

လူတွေကို ကြည့်မိတိုင်း သံဝေဂတစ်ခုတော့ ရမိပါတယ်။

တချို့လူတွေက မာနတွေနဲ့ အမြင့်တက်နေကြတယ်။ တချို့က အတ္တတွေနဲ့ မျက်စိပိတ်နေကြတယ်။

ကိုယ့်ထက် နိမ့်တယ်ထင်တဲ့သူကို အထင်သေးတယ်။ ကိုယ့်ထက် အားနည်းတယ်ထင်တဲ့သူကို နှိမ့်ချဆက်ဆံတတ်ကြပါတယ်။

ကိုယ့်မှာ အာဏာရှိလို့၊ ကိုယ့်မှာ ငွေရှိလို့၊ ကိုယ့်မှာ ဂုဏ်ရှိလို့... အဲဒီအရာတွေက ထာဝရပိုင်ဆိုင်ခွင့် ရထားသလိုနဲ့ နေတတ်ကြတယ်၊၊ ငါမှငါဆိုတဲ့ စိတ်နဲ့ လူလူချင်း နာကျင်အောင် ပြောဆိုကြတယ်။

ဒါပေမယ့်... အချိန်တန်ရင် ဘယ်သူမှ မကျန်ရစ်နိုင်ပါဘူး၊၊ နောက်ဆုံးမှာတော့ အားလုံးဟာ မြေတစ်ဆုပ်နဲ့ ပြာတစ်ဆုပ်ပါပဲ။ တစ်နေ့မှာ အားလုံးဟာ ထွက်ခွာသွားကြရမယ့် ခရီးသည်တွေပါ...။

ဒါပေမယ့်... ငါမှငါဆိုတဲ့အတွေးနဲ့ မာနတွေ ထူပြောနေကြတယ်၊ မနာလိုမှုတွေနဲ့ အချင်းချင်း လောင်ကျွမ်းနေကြတယ်။

သူများအပြစ်ကို ရှာရတာနဲ့ပဲ ဘဝကို ကုန်ဆုံးစေတဲ့အခါ မိမိကိုယ်တိုင်ရဲ့ အမှားနဲ့ အချိန်တွေ ကုန်သွားတာကို မသိလိုက်ကြဘူး။

အခိုက်အတန့်လေး ရထားတဲ့ ဘဝမှာ မုန်းတီးခြင်းတွေနဲ့ အချိန်မဖြုန်းသင့်ပါဘူး၊၊ အားလုံးဟာ သေခြင်းတရားရဲ့
လက်ခုပ်ထဲက ရေစက်လေးတွေပါပဲ။

ကိုယ့်ကိုအပြစ်ပြောနေသူကို သွားပြီးမုန်းစရာ မလိုပါဘူး၊၊ သူတစ်ပါးကို မနာလိုမယ့်အစား သူအတွက် ဝမ်းမြောက်တတ်ဖို့ လိုပါတယ်၊၊ အမုန်းတွေ သိမ်းထားမယ့်အစား ခွင့်လွှတ်တတ်ဖို့ လိုပါတယ်၊၊ မာနကို ဖက်တွယ်မယ့်အစား နှိမ့်ချတတ်ဖို့လည်း လိုပါတယ်၊၊

နောက်ဆုံး... ဒီလောကကြီးကနေ ပြန်ထွက်သွားတဲ့အချိန်မှာ ကိုယ်ယူသွားလို့ရတာ ငွေကြေးမဟုတ်ဘူး၊ ဂုဏ်ပုဒ်မဟုတ်ဘူး... ကိုယ်ပြုခဲ့တဲ့ ကောင်းမှုနဲ့ ကုသိုလ်ပဲ ကိုယ့်နောက်ကို လိုက်လာမှာပါ...။

ဒါကြောင့်... ကောင်းခြင်း ဆိုးခြင်းတွေဒွန်တွဲနေတဲ့ လောကထဲမှာ အကောင်းမြင်စိတ်ရှိမှ လူဖြစ်ကျိုးလည်း နပ်စေမှာပါ...။


လူ့ဘဝဆိုတာ ကိုယ့်သမိုင်းကို ကိုယ်ရေးသည့်အတွက် အသက်ရှင်နေတဲ့အချိန်မှာ ကိုယ့်သမိုင်းကို ဘယ်လို့ရေးထားမလဲဆိုတာ သိပ်အရးကြီးပ...
10/14/2026

လူ့ဘဝဆိုတာ ကိုယ့်သမိုင်းကို ကိုယ်ရေးသည့်အတွက် အသက်ရှင်နေတဲ့အချိန်မှာ ကိုယ့်သမိုင်းကို ဘယ်လို့ရေးထားမလဲဆိုတာ သိပ်အရးကြီးပါတယ်၊၊

"ကိုယ့်စိတ်ထဲက အနာဂတ်လေး အေးချမ်းသွားဖို့အတွက်ပါပဲ"လူ့ဘဝမှာ ကိုယ့်ရဲ့ သံယောဇဉ်ကို တန်ဖိုးမထားဘဲ အသုံးချသွားခဲ့သူတွေလေး ရ...
10/13/2026

"ကိုယ့်စိတ်ထဲက အနာဂတ်လေး အေးချမ်းသွားဖို့အတွက်ပါပဲ"

လူ့ဘဝမှာ ကိုယ့်ရဲ့ သံယောဇဉ်ကို တန်ဖိုးမထားဘဲ အသုံးချသွားခဲ့သူတွေလေး ရှိပါတယ်၊၊

ကိုယ့်ရဲ့ယုံကြည်မှုကို အခွင့်ကောင်းယူပြီး ရင်ဘတ်ကို တင်းတင်းကျပ်ကျပ် ထိုးနှက်သွားခဲ့သူတွေလေး ရှိပါတယ်၊၊

ကိုယ့်ရဲ့ စေတနာတွေကို အလကားလိုလို နားမလည်ပဲ ထားသွားခဲ့ကြသူတွေလေး ရှိပါတယ်၊၊

​အဲ့ဒီလိုလူတွေကို ပြန်တွေးကြည့်တိုင်း မုန်းပစ်လိုက်ဖို့ အကြောင်းပြချက်တွေက များစွာရှိပါတယ်၊၊

​ဒါပေမယ့်... ကိုယ်က ဘာလို့ မမုန်းခဲ့တာလဲဆိုတော့ ရင်ထဲမှာ အမုန်းတရားတွေကို သယ်ဆောင်ထားရတာ အလွန်ပဲ ပင်ပန်းလွန်းလို့ပါပဲ...၊၊

မုန်းနေသမျှ ကာလပတ်လုံး အဲ့ဒီလူတွေက ကိုယ့်စိတ်ထဲမှာ နေရာယူထားတုန်းပဲ မဟုတ်လား။ ကိုယ့်ကို နာကျင်အောင် လုပ်ခဲ့တဲ့သူတွေအတွက်နဲ့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို မရင်းနှီးချင်တော့ဘူး...၊၊

​ဒီတော့... မုန်းတယ်ဆိုတဲ့ ခံစားချက်ထက်၊ ဘာမှမဖြစ်ခဲ့သလို... အေးစက်စက် လျစ်လျူရှုခြင်း နဲ့ပဲ ကျောခိုင်းပစ်လိုက်တာ ကောင်းတယ်လို ခံစားရပါတယ်။ ကိုယ် ခွင့်လွှတ်ပေးခဲ့တာဟာ သူတို့ ကျေနပ်ဖို့အတွက် မဟုတ်ပါဘူး၊၊ ကိုယ့် အနာဂတ်အတွက်လေးပါ...၊၊

ကိုယ့်စိတ်ထဲက အနာဂတ်လေး အေးချမ်းသွားဖို့အတွက် အသက်ရှင်သန်နေခြင်းပါ...၊၊

​

လူ့ဘဝမှာ သူများဆီက ရယူဖို့ထက် ပေးကမ်းနိုင်တဲ့စိတ်ကို မွေးမြူတတ်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်...၊၊
10/13/2026

လူ့ဘဝမှာ သူများဆီက ရယူဖို့ထက် ပေးကမ်းနိုင်တဲ့စိတ်ကို မွေးမြူတတ်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်...၊၊

ဒီနေ့ ပျော်အောင်နေပါ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎မနေ့ကဆိုတာ အတိတ်က အချိန်ပါ၊၊ မနက်ဖြန်ဆိုတာ မရောက်တဲ့ မသေချာသောအချိန်ပါ၊၊  ...
10/12/2026

ဒီနေ့ ပျော်အောင်နေပါ
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

မနေ့ကဆိုတာ အတိတ်က အချိန်ပါ၊၊ မနက်ဖြန်ဆိုတာ မရောက်တဲ့ မသေချာသောအချိန်ပါ၊၊ ဒီနေ့ကသာ သေချာမှုရှိလို့ပါ။ တစ်နေ့ တစ်နေ့ အချိန်တွေက အကုန်မြန်လွန်းပါတယ်...။

မနေ့ကဖြစ်ခဲ့တဲ့ အရာတွေ၊ ခံစားခဲ့ရသမျှတွေ၊ ဆုပ်ကိုင်ခဲ့သမျှတွေဟာ ပျောက်ပျက်လွင့်ပြယ်သွားခဲ့ပါပြီ။ ဆုပ်ကိုင်သိမ်းဆည်းထားချင်လို့လည်း မရတော့ပါဘူး။ အရာရာဟာ ချုပ်ငြိမ်းသွားခဲ့ပါပြီ...။

မနက်ဖြန် ဘာတွေဖြစ်လာဦးမှာလဲလို့ ကြိုပြီးမှန်းဆတွေးမနေပါနဲ့... မနက်ဖြန်ဆိုတာ မသေချာတဲ့အရာတစ်ခုပါပဲ။

​လူတွေဟာ အချိန်မရွေး သေဆုံးသွားနိုင်ပါတယ်။ အချိန် မရွေး ကိုယ်ချစ်ခင်တန်ဖိုးထားရတဲ့သူတွေကို လက်လွတ်ဆုံးရှုံး လိုက်ရနိုင်ပါတယ်။ အချိန်မရွေး အနာရောဂါတစ်ခုခု ဖိစီးနှိပ်စက်တာကိုလည်း ခံချင်ခံရနိုင်ပါတယ်။ မမြင်နိုင်တဲ့ အန္တရာယ်တွေ၊ စိုးရိမ်ပူပန်ရမှုတွေ၊ လက်လွှတ်ဆုံးရှုံးလိုက်ရမှုတွေက အချိန်မရွေး နေရာမရွေး ထောင့်ပေါင်းစုံကနေ ဝင်ရောက်လာနိုင်တာမို့... ဒီနေ့အချိန်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ပါ...၊၊

ပျော်ရွှင်မှုလေးကို ဒီနေ့ပိုင်တယ်လို့ တွေးကြည့်ပါ။ ဘယ်လို စိတ်အနှောင့်အယှက်ဖြစ်စရာ...လူဖြစ်စေ... အကြောင်းအရာဖြစ်စေ၊ အာရုံတစ်ခုခုကဖြစ်စေ... ကိုယ့်ရဲ့ ကြည်လင်ပျော်ရွှင်နေတဲ့ စိတ်လေးကို အထိခိုက်မခံလိုက်ပါနဲ့။ စိတ်ညစ်သွားလည်း ခဏလေးသာညစ်ပါ။ မပျော်ရွှင်တဲ့ စိတ်ကလေးကလည်း ပြန်လည်ချုပ်ငြိမ်းသွားအောင် ထိန်းချုပ်လိုက်ပါ...၊၊

​မနက်မိုးလင်းလို့ အိပ်ရာက နိုးပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် ကတိပေးကြည့်ပါ။ ငါ ဒီနေ့ ပျော်အောင်နေမယ်။ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေ၊ ပူပန်စရာတွေကို တတ်နိုင်သမျှရှင်းထုတ်မယ်... မတွေးဘဲနေကြည့်မယ်။ ပျော်ရွှင်စရာ စိတ်ချမ်းသာစရာ အကောင်း မြင်တဲ့ အတွေးလေးတွေနဲ့ပဲ... ဒီနေ့ပျော်မယ်။ အဲ့ဒီလို တွေးကြည့်ပေးပါ။ အဲ့ဒီအတွေးမျိုးကို နေ့တိုင်းတွေးတဲ့အခါ အကျင့်တစ်ခုလို စွဲမြဲ လာပါလိမ့်မယ်...၊၊

​တည်ငြိမ်နေတဲ့စိတ်၊ ကြည်လင်နေတဲ့စိတ်၊ လိပ်ပြာလုံခြုံနေတဲ့စိတ်၊ နောင်တကင်းနေ တဲ့စိတ်၊ တစ်နည်းအားဖြင့်ပြောရရင်... အကုသိုလ်ကင်းနေတဲ့စိတ် ဟာ ပျော်ရွှင်နေတဲ့စိတ်ပါပဲ...။

ပျော်ရွှင်မှုဟာ စိတ်ကောင်းစေတနာကောင်းမှာလည်း မြစ်ဖျားခံပါတယ်။ လိုအပ်နေတဲ့သူတစ်ယောက်ကို စေတနာသန့်သန့်နဲ့ ဘာမှမျှော်ကိုးမှုမပါဘဲ အတတ်နိုင်ဆုံး အကောင်းဆုံးလေး လုပ်ပေးလိုက်လို့ တစ်ဖက်လူပျော်ရွှင်သွားတာကို မြင်ရတဲ့အခါ ကိုယ်လည်း တသိမ့်သိမ့် ပျော်ရွှင်ကြည်နူးရတာပါပဲ...။

​သူများဆီက ရယူလိုက်ရတာထက် သူလိုအပ်နေတာကို ဖြည့်ဆည်းပေးလိုက်ရတာ ပိုပြီး ပျော်ရွှင်ကျေနပ်စရာကောင်းပါတယ်။

ဒီနေ့ ပျော်​အောင်နေကြည့်ပါ။ ကိုယ့်စိတ်ကို ပျော်ရွှင်စေမယ့် အရာတစ်ခုခုကို လုပ်ကြည့်ပါ။ ပျော်ရွှင်ရတဲ့အရသာကို ကိုယ်တွေ့ချက်ချင်း ခံစားရမှာ သေချာပါတယ်၊၊

​ပျော်ရွှင်မှုဆိုတဲ့ အရာကလည်း ကိုယ်ကသာ စိတ်ထား တတ်မယ်ဆိုရင် ကိုယ့်ဆီ နေ့တိုင်းအလည်လာတတ်တဲ့ ဧည့်သည်လေးပါ။

​ဒါကြောင့်...ဒီနေ့ပျော်​အောင်နေပါ... နေ့တိုင်းပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်...၊၊


Address

Fort Worth, TX

Alerts

Be the first to know and let us send you an email when Manau Ginra posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Manau Ginra:

Shortcuts

Sponsored

Share