Myanmar Forever Liverpoolfc Supporters

Myanmar Forever Liverpoolfc Supporters Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Forever Liverpoolfc Supporters, Lima Street, Denver, CO.

Myanmar Forever Liverpool FC Supporters 🇲🇲
Since 2013 | Where True Fans Connect, Cheer & Inspire 🔥

We do not promote gambling — only pure Liverpool spirit ❤️

HAPPY BIRTHDAY ပါ ချစ်သောဒါ၀င်🎂❤️🎉ရောက်တဲ့နေရာတိုင်းမှာ အောင်မြင်မှုအပြည့်နဲ့ ပျော်ရွှင်နိုင်ပါစေလီဗာပူးလ်မှာကစားခဲ့တုံး...
06/24/2026

HAPPY BIRTHDAY ပါ ချစ်သောဒါ၀င်🎂❤️🎉

ရောက်တဲ့နေရာတိုင်းမှာ အောင်မြင်မှုအပြည့်နဲ့ ပျော်ရွှင်နိုင်ပါစေ
လီဗာပူးလ်မှာကစားခဲ့တုံးကလို မင်းရဲ့အသက်၀င်တဲ့အပြုံးတွေ ပြန်မြင်ချင်ပါသေးတယ်။❤️

🔴🇧🇷 လွန်ခဲ့တဲ့ ၁၁ နှစ်က ဒီလိုနေ့မျိုးမှာ Liverpool အသင်းဟာ Hoffenheim ကနေ Roberto Firmino ကို ပေါင် ၂၉ သန်းနဲ့ ခေါ်ယူနို...
06/24/2026

🔴🇧🇷 လွန်ခဲ့တဲ့ ၁၁ နှစ်က ဒီလိုနေ့မျိုးမှာ Liverpool အသင်းဟာ Hoffenheim ကနေ Roberto Firmino ကို ပေါင် ၂၉ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

အသင်းအတွက် လိုအပ်ချိန်တိုင်းဂိုးတွေသွင်းပေးခဲ့သလို၊ အသင်းဖော်တွေကို တောက်ပစေခဲ့တဲ့ Firmino ဟာ Salah နဲ့ Mané တို့နဲ့အတူ Liverpool သမိုင်းရဲ့ အကောင်းဆုံး တိုက်စစ်တွဲသုံးယောက်ထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။

Anfield မှာ ၃၆၂ ပွဲ ကစားပေးခဲ့ပြီး ဆုဖလား ၇ လုံး ဆွတ်ခူးနိုင်ခဲ့တဲ့ Bobby ရဲ့ အမှတ်တရတွေကတော့ ပရိတ်သတ်တိုင်းရဲ့ နှလုံးသားထဲမှာ အမြဲရှင်သန်နေဦးမှာပါ။ ✨🏆

"Si Señor..." 🎶❤️

ဘောလုံးလောကရဲ့ ခေတ်တစ်ခေတ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့တဲ့ လူနှစ်ယောက်။တစ်ယောက်က ၃၉ နှစ်၊ တစ်ယောက်က ၄၁ နှစ်။ပုံမှန်ဆိုကစားသမာ...
06/24/2026

ဘောလုံးလောကရဲ့ ခေတ်တစ်ခေတ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့တဲ့ လူနှစ်ယောက်။

တစ်ယောက်က ၃၉ နှစ်၊ တစ်ယောက်က ၄၁ နှစ်။

ပုံမှန်ဆိုကစားသမားတွေ ဒီအသက်အရွယ်မှာ အနားယူကြပေမယ့် သူတို့နှစ်ယောက်ကတော့ ဂိုးတစ်ဂိုးသွင်းတိုင်းစံချိန်သစ်တွေ ရေးထိုးနေတုန်း၊ ပရိသတ်တွေကို အံ့အားသင့်စေနေတုန်းပါပဲ။

နှစ်ပေါင်းများစွာ "သူတို့နှစ်ယောက် ထဲဘယ်သူက ပိုကောင်းလဲ" ဆိုတဲ့ အငြင်းပွားမှုတွေကြားမှာ ကျွန်တော်တို့ ရှင်သန်ခဲ့ကြပါတယ်။

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ နားလည်လာတာက သူတို့နှစ်ယောက်လုံးဟာ နှိုင်းယှဉ်ဖို့ထက် တန်ဖိုးထားရမယ့် ကစားသမားတွေ ဖြစ်နေခဲ့တာကိုပါ။

သိပ်မကြာခင်မှာ သူတို့နှစ်ယောက်လုံးရဲ့ ကစားသမားဘ၀အဆုံးသတ်ချိန်ကို ရောက်ရှိလာတော့မှာပါ။

အဲ့ဒီအချိန်ရောက်ရင် ဘယ်သူက ပိုကောင်းလဲဆိုတဲ့ အငြင်းပွားမှုတွေထက် ဘောလုံးသမိုင်းရဲ့ အကြီးကျယ်ဆုံး ကစားသမားနှစ်ယောက်ရဲ့ Last Dance ကို အမုန်းမပွားဘဲ ခံစားကြည့်ရှုနိုင်ဖို့က ပိုအရေးကြီးမယ်ထင်ပါတယ်။။ ❤️

never be forgotten. ❤️🕊️🇵🇹
06/23/2026

never be forgotten. ❤️🕊️🇵🇹




🚨🏆 𝗥𝗘𝗖𝗢𝗥𝗗 𝗕𝗥𝗘𝗔𝗞𝗘𝗥 🇵🇹🐐ဒီညမှာ သွင်းဂိုးနှစ်ဂိုးကို သမိုင်းစာအုပ်ထဲ ထပ်မံရေးထိုးနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစ...
06/23/2026

🚨🏆 𝗥𝗘𝗖𝗢𝗥𝗗 𝗕𝗥𝗘𝗔𝗞𝗘𝗥 🇵🇹🐐

ဒီညမှာ သွင်းဂိုးနှစ်ဂိုးကို သမိုင်းစာအုပ်ထဲ ထပ်မံရေးထိုးနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြန်ပါတယ်။

အချိန်တွေ ကုန်ပြီးအသက် တွေကြီးသွားပေမယ့် ရော်နယ်ဒိုရဲ့အဆင့်အတန်းကတော့ မလျော့သေးပါဘူး။ 🐐✨

GOATကြီးနှစ်ပါးတို့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားခရီးစဉ်က ဘောလုံးပရိသတ်တွေအတွက် တော်တော်ကြည့်ကောင်းပြီးမမေ့နိုင်တဲ့ အမှတ်တရတစ်ခု ဖြစ်လာနေပါပြီ ❤️⚽


🔴🏆𝒀𝒂𝒏 𝑫𝒊𝒐𝒎𝒂𝒏𝒅𝒆- 𝑻𝑹𝑨𝑵𝑺𝑭𝑬𝑹 𝑼𝑷𝑫𝑨𝑻𝑬 ✍️ ပြင်သစ်အခြေစိုက် မီဒီယာတစ်ခုဖြစ်တဲ့ 𝑴𝒆𝒅𝒊𝒂 𝑭𝒐𝒐𝒕 ရဲ့ အဆိုအရ လီဗာပူးလ်အသင်းဟာ လိုက်ဇစ် လ...
06/23/2026

🔴🏆𝒀𝒂𝒏 𝑫𝒊𝒐𝒎𝒂𝒏𝒅𝒆- 𝑻𝑹𝑨𝑵𝑺𝑭𝑬𝑹 𝑼𝑷𝑫𝑨𝑻𝑬 ✍️

ပြင်သစ်အခြေစိုက် မီဒီယာတစ်ခုဖြစ်တဲ့ 𝑴𝒆𝒅𝒊𝒂 𝑭𝒐𝒐𝒕 ရဲ့ အဆိုအရ လီဗာပူးလ်အသင်းဟာ လိုက်ဇစ် လူငယ်တောင်ပံကစားသမား 𝒀𝒂𝒏 𝑫𝒊𝒐𝒎𝒂𝒏𝒅𝒆 ကို ခေါ်ယူနိုင်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုကို အောင်မြင်ထားပြီလို့ သိရပါတယ်။

လီဗာပူးလ်ဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆွေးနွေးမှုများမှာ သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ လက်ရှိမှာတော့ ကလပ်အသင်းနှစ်သင်းကြား ညှိနှိုင်းမှုများသာ ဆက်လက်လုပ်ဆောင်နေကြတယ်လို့ ဖော်ပြထားပါတယ်။

အလားအလာကောင်းတဲ့ လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ Diomandé ဟာ Iraola ရဲ့ အနာဂတ်စီမံကိန်းထဲမှာ ပါဝင်လာဖို့ နီးစပ်လာနေပြီ ဖြစ်ပါတယ်။



🔴 𝑴𝒂𝒄𝒄𝒂 & 𝑲𝒍𝒐𝒑𝒑 🫶❤️🇦🇷 Alexis Mac Allister ဟာ သူ့ရဲ့ အာဂျင်တီးနားပွဲဝတ်ဂျာစီကို မနေ့ညက လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်နည်းပြဟော...
06/23/2026

🔴 𝑴𝒂𝒄𝒄𝒂 & 𝑲𝒍𝒐𝒑𝒑 🫶❤️

🇦🇷 Alexis Mac Allister ဟာ သူ့ရဲ့ အာဂျင်တီးနားပွဲဝတ်ဂျာစီကို မနေ့ညက လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်း Jürgen Klopp ထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။🏆

ဝေးကွာပြီးကြတာတောင် ကစားသမားနဲ့ နည်းပြဟောင်းတို့ ကြားက လေးစားမှု၊ ချစ်ခင်မှုနဲ့ ဆက်နွယ်မှုတွေကို ပြသနေတဲ့ အခိုက်အတန့်လေးတစ်ခုပါပဲ။⚽❤️

ကျနော်တို့ Bossကြီးပျော်နေတဲ့ပုံကိုလဲ ကြည့်ကြပါဦး။🫶

🔴🏆 𝑴𝒂𝒄𝒄𝒂 𝑴𝒂𝒔𝒕𝒆𝒓𝒄𝒍𝒂𝒔𝒔 🇦🇷✨မနေ့ညက Austria ကို (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် 𝑨𝒍𝒆...
06/23/2026

🔴🏆 𝑴𝒂𝒄𝒄𝒂 𝑴𝒂𝒔𝒕𝒆𝒓𝒄𝒍𝒂𝒔𝒔 🇦🇷✨

မနေ့ညက Austria ကို (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် 𝑨𝒍𝒆𝒙𝒊𝒔 𝑴𝒂𝒄 𝑨𝒍𝒍𝒊𝒔𝒕𝒆𝒓 က ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ထပ်မံပြသ ကစားနိုင်ခဲ့ပါတယ်။

📊🇦🇷 Alexis Mac Allister vs Austria:

-62/65 accurate passes
-6 defensive contributions
-75 touches
-9 passes into final third
-2/2 accurate long balls
-4 tackles completed
-5/8 ground duels won 🔥

ဒီလို ခြေစွမ်းတွေ လီဗာပူးလ်ဆီပြန်သယ်ခဲ့ပါ ကိုယ့်ကောင်ရေ...။👏🇦🇷



🔴🏆 ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမား တစ်ဦးဖြစ်တဲ့ 𝑳𝒊𝒐𝒏𝒆𝒍 𝑴𝒆𝒔𝒔𝒊 အတွက် ဂုဏ်ပြုစကားဆိုခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်နည်း...
06/22/2026

🔴🏆 ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမား တစ်ဦးဖြစ်တဲ့ 𝑳𝒊𝒐𝒏𝒆𝒍 𝑴𝒆𝒔𝒔𝒊 အတွက် ဂုဏ်ပြုစကားဆိုခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး 𝑱𝒖𝒓𝒈𝒆𝒏 𝑲𝒍𝒐𝒑𝒑 ❤️👏

🏆 မက်ဆီရဲ့ အောင်မြင်မှုတွေနဲ့ ဘောလုံးလောကအပေါ် သက်ရောက်မှုတွေဟာ ခေတ်တစ်ခေတ်ကို ကိုယ်စားပြုနိုင်တဲ့အထိ ကြီးမားခဲ့ပြီး၊ ဒီလိုမျိုး ၊World Classကစားသမားတစ်ယောက်ကို ကလော့ပ်ကလည်း မနေ့ညက ပွဲအပြီးမှာ လေးစားဂုဏ်ပြုစကား ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ 🐐✨




🏆🇦🇷 သမိုင်းစာမျက်နှာသစ်တစ်ခုကို ထပ်မံရေးထိုးလိုက်ပြန်တဲ့ မက်ဆီ! 🐐ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံ...
06/22/2026

🏆🇦🇷 သမိုင်းစာမျက်နှာသစ်တစ်ခုကို ထပ်မံရေးထိုးလိုက်ပြန်တဲ့ မက်ဆီ! 🐐

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် လီယွန်နယ် မက်ဆီက စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။



Address

Lima Street
Denver, CO

Website

Alerts

Be the first to know and let us send you an email when Myanmar Forever Liverpoolfc Supporters posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share