07/02/2026
၂၀၂၆ ဘတ်ဖလိုမြန်မာသင်္ကြန်ပွဲ ဘေးရန်ကင်းကင်း အောင်မြင်စွာပြီးဆုံးခဲ့ပြီ။ ပင်ပန်းနွမ်းနယ် စိတ်ညစ်စရာများမှ တဒင်္ဂလွတ်မြောက်ကျမည်ဟုမျှော်လင့်သည်။
ရပ်ဝေး ရပ်နီးမှ မိတ်ဆွေများ သင်္ကြန်အကြောင်းပြု တွေ့ကြဆုံကြရသည်။
ကလေးများ ပျော်ရွှင်စွာ ရေကစားရသည်။ ဘတ်ဖလိုမြန်မာကွန်မြူနတီ၏ ချစ်စရာ အဆို အကအလှများ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်။ ဤသည်ကား ဘတ်ဖလိုမြန်မာကွန်မြူနတီ၏ စုပေါင်းစွမ်းအားဟုသာ ပြောကြားလိုသည်။ အဓိက ကျေးဇူးတင်ထိုက်သူများမှာ ဘတ်ဖလိုမြန်မာကွန်မြူနတီမှ အယောက်ဆီတိုင်းဟုသာ ဆိုလိုချင်သည်။ သင်္ကြန်ပွဲအတွက် ကူညီဆောင်ရွက်ပေးသည့် Karen Society of Buffalo (KSB) သည် အထူးကျေးဇူးတင်ထိုက်သူအဖြစ်ကော်မတီမှ မှတ်တမ်းတင်ထားမည်ဖြစ်သည်။ ထို့အပြင် သင်္ကြန်အသီးအပွင့်များသည် နှစ်အဆက်ဆက် ဆောင်ရွက်ခဲ့ကြသည့် ကော်မတီဝင်အပေါင်းတို့၏ ကျိုးစားအားထုတ်မှုရလဒ်ဟုလည်း ဆိုရပေမည်။
သင်္ကြန်ပွဲ တစ်ရက်ကျင်းပနိုင်ရေးအတွက် ရက်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ကြရသည်။ ဆက်သွယ်မှုပေါင်းများစွာ ပြုလုပ်ကြရသည်။ အချိန်များပေးကြရသည်။ ကျင်းပရေး ကော်မတီဝင်များ၏ အားထုတ်မှုကို ကျေးဇူးတင်ရမည်သာဖြစ်သည်။ ထို့အတူ သင်္ကြန်ပွဲအတွင်း ပါဝင်ဖျော်ဖြေကပြခဲ့သည့် သမီးပျိုလေးများကိုလည်း နှစ်နှစ်ကာကာ ကျေးဇူးတင်ရမည်ဖြစ်သည်။ ၎င်းတို့ဖျော်ဖြေမှုသည် ဖျော်ဖြေရေးကဏ္ဍ၏ အသက်ပင်ဖြစ်သည်။ ဖျော်ဖြေရေးတွင်ပါဝင်ဖျော်ဖြေခဲ့ကြသည့်
ဝိုင်းတော်သူ ဝိုင်းတော်သားများ
ရပ်ဝေးမှ လာရောက် တီးခတ်ဖျော်ဖြေကြသူများ
လာရောက်သီဆိုအားပေးခဲ့သည့် နိုင်ငံကျော်အဆိုရှင်များ
မြို့ခံ အဆိုရှင်များ
မြို့ခံ တီးခတ်ပေးကြသူများ
BSW မှ တယောအဖွဲ့နှင့် ကပြဖျော်ဖြေပေးခဲ့သည့် ကလေးငယ်များ
BMA မှ ကပြဖျော်ဖြေပေးခဲ့သည့် ချစ်စရာ ကလေးငယ်များနှင့် လှပျိုဖြူများ
အကအလှ စုံလင်စွာနဲ့ ကရင်နီသမီးပျိုများ
ကရင် သမီးပျိုလေးများ၏ အကအလှများ
UB မှ သမီးပျိုများ
တပင်တိုင်ကပြဖျော်ဖြေခဲ့ကြသူအားလုံး
စက်ဆရာများအပါအဝင် အခြားအစုအဖွဲ့ပါဝင်ကပြဖျော်ဖြေပေးသူများအား ကျေးဇူးတင်ရှိရပါသည်။
ထို့အတူ ပွဲစဉ်တစ်လျှောက် အဆင်ပြေပြေ စီစဉ်ဆောင်ရွက်နိုင်ရင် ဆောင်ရွက်ပေးခဲ့သည့် လှပကျော့ရှင်း ခန့်ညားတည်ကြည်သည့် အစီစဉ်တင်ဆက်သူများ ကိုလည်း အထူးကျေးဇူးတင်ရပါသည်။
ဘတ်ဖလိုသင်္ကြန်ပွဲအား နှစ်စဉ် ပံ့ပိုးပေးသည့် အထူး ကျေးဇူးတင်ရှိရသည့် လူပုဂ္ဂိုလ်များ လုပ်ငန်းရှင်းများ အဖွဲ့အစည်းများမှာ The City of Buffalo Common Council နှင့် M&T bank, Labor Local Union (210) အပြင် ဒေသခံ လုပ်ငန်းရှင်များဖြစ်သည့် - Star Nail & SPA, Lime House Sushi & Ramen, Cozy Thai Restaurant, Jasmine Thai Restaurant, Sam နှင့် TT Salon တို့ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
ထို့အပြင် ပွဲ တစ်လျှောက်လုပ်အားပေးခဲ့ကြသည့်တစ်သီးပုဂ္ဂလလုပ်အားပေးများ အခြားအသင်းအဖွဲ့ volunteers များ ကရင်နီလူငယ်အဖွဲ့ ပွဲတွင်လာရောက် ဖွင့်လှစ်ခဲ့သည့် စျေးဆိုင်များ အစားသောက်ရောင်းချသူများအပြင် မုန့်လုံးရေပေါ် စတုဒိတာအဖွဲ့များ အင်ဖေါ်မေးရှင်းမျှဝေပေးသည့် အဖွဲ့များ ပွဲလုံခြုံရေးကို စောင့်ကြည့်ပေးသည့် အဖွဲ့အစည်းများ မိမိတို့သင်္ကြန်ပွဲနှင့်အတူ နှစ်စဉ်တပြိုင်တည်း တစ်လမ်း တည်းကျင်းပပြီး မိမိတို့အတွက် ပူးပေါင်းဆောင်ရွက်ပေးသည့် Taste of Diversity မှ ကော်မတီဝင်များ ကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
သင်္ကြန်တွင် ကလေးလူကြီး ရေကစားရန် စီစဉ်ပေးသူများကိုလည်း အထူးကျေးဇူးတင်ရသည်။ အားလုံး ကဏ္ဍအသီးသီး နေရာအသီးသီး ထောင့်ပေါင်းစုံမှ ပါဝင်ခဲ့ကြသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်း တစ်ယောက်ချင်းစီ တိုင်း၏ ပါဝင်ဆောင်ရွက်မှုကြောင့်သာ တစ်နှစ်တစ်ခါကျင်းပရသည့် ဘတ်ဖလိုမြန်မာသင်္ကြန်ပွဲသည် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဟု မှတ်ချက်ချရပေတော့မည် ဖြစ်သည်တကား။
အားလုံးကို ကျေးဇူးတင်လျှက်
၂၀၂၆ ဘတ်ဖလိုမြန်မာသင်္ကြန်ကော်မတီ
နောက်ဆက်တွဲ ကျနော်တို့ လုပ်စရာရှိပါသေးတယ်ခင်ဗျာ။ နောက်နှစ်ကစပြီး သင်္ကြန်ကော်မတီကို တရားဝင် အဖွဲ့ ဖွဲ့စည်းရမည်ဖြစ်ပါသည်။ သို့မှသာ အထောက်အပံ့များ ဆက်လက်ရရှိနိုင်မည်ဖြစ်ပါသည်။ ဤအတွက် ကျနော်တို့မည်သူမဆို လွတ်လပ်စွာပါဝင်နိုင်သည့် ကွန်မြူနတီအစည်းဝေးတစ်ရပ် ခေါ်ဆောင်မည်ဖြစ်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။ အစည်းဝေးရက်နှင့်အချိန်အား ကြေညာပေးပါမည်ခင်ဗျာ။
The 2026 Buffalo Burmese Thingyan Festival has successfully and safely concluded.
We hope this festival offered a momentary escape from the weariness and stresses of daily life. Friends from both near and far gathered together, using Thingyan as an opportunity to reconnect.
Children thoroughly enjoyed playing with water, and we were able to witness firsthand the beautiful musical and dance performances of the Buffalo Burmese Community. We want to emphasize that this is a testament to the collective strength of our community. The primary people we owe our gratitude to are each and every individual member of the Buffalo Burmese Community.
The committee would also like to officially recognize and special thanks to the Karen Society of Buffalo (KSB) for their assistance and support during the festival. Furthermore, the fruits of this Thingyan festival are the result of the dedication and hard work of all past and present committee members who have served over the consecutive years.
A Labor of Love and Dedication
To organize just a single day of this festival, months of advance preparation were required. It involved endless coordination and a massive investment of time. We must deeply appreciate the efforts of the organizing committee members.
Similarly, we would like to extend our heartfelt gratitude to the young women who participated and performed during the festival. Their performances were truly the soul of the entertainment sector.
A Heartfelt Thank You to Our Entertainers:
Our dedicated stage crew and ensemble members.
Musicians who traveled from afar to perform.
Nationally renowned singers who came to perform and show their support.
Our talented local vocalists.
Our amazing local instrumentalists and musicians.
The children's group from BSW who performed beautifully with violins and dance.
The adorable children and lovely young ladies from BMA who put on wonderful dance performances.
The Karenni young women who showcased a diverse array of beautiful dances.
The Karen young women for their graceful and lovely dance performances.
The young women from the University at Buffalo (UB).
All the solo dancers who captivated the audience.
Our sound and technical engineers, as well as all other performing groups.
We also offer a special thank you to our elegant, sophisticated, and dignified Masters of Ceremonies (MCs) who ensured the entire program ran smoothly.
Recognizing Our Sponsors and Partners
We officially express our deep gratitude to the following individuals, business owners, and organizations who support the Buffalo Thingyan Festival annually:
The City of Buffalo Common Council
M&T Bank
Laborers' Local Union (210)
Local Businesses: Star Nail & SPA, Lime House Sushi & Ramen, Cozy Thai Restaurant, Jasmine Thai Restaurant, Sam, and TT Salon.
Appreciating Volunteers and Community Collaborators
In addition, we would like to express our special thanks to:
Individual volunteers and other organizational volunteers who worked tirelessly throughout the event.
The Karenni Youth Group.
The vendors, food stalls, and the traditional Mont Lone Yay Paw (Thingyan rice dumpling) donation teams.
The information-sharing groups and security teams who kept watch over the event.
The committee members of the Taste of Diversity Festival, who hold their event annually on the same street alongside our Thingyan festival and partnered closely with us.
Those who arranged the water stations so that both children and adults could enjoy the water festival.
It is only because of the individual contributions and active participation of every single person, from every sector and every corner, that we can declare this annual Buffalo Burmese Thingyan Festival a resounding success.
With gratitude to all,
The 2026 Buffalo Burmese Thingyan Committee
Important Post-Festival Announcement:
Moving forward, we still have work to do. Starting next year, we need to officially register and structure the Thingyan Committee as a formal organization to ensure we can continue to secure funding and support.
Please accept this as an advance notice that we will be calling a community meeting where anyone is free to participate. The date and time of the meeting will be announced soon.