My Own Perspective

My Own Perspective The quality of your life depends on the quality of your thoughts

10/15/2025

အဝေးကြီးလိုသေးတယ်။
---------------------
စစ်တပ်စခန်းတွေ၊လက်နက်တွေသိမ်းဆီး
ရတဲ့အချိန်ကြရင်အရမ်းတွေပျော်၊လှေင်
ပြောင်ပြောဆိုပြီးပြည်သူတွေအပေါ်ဗုံးလာ
ကျဲတော့အပြစ်မဲ့ပြည်သူတွေကဘဝပျက်၊
အသက်တွေဆုံးရှုံးနဲ့တော်လှန်ရေးနိုင်တာ
ထက်စစ်ကိုပိုရက်စက်အောင်လောင်စာဆီ
ထည့်ပေးနေရာမကျဘူးလား။

စခန်းတွေဘယ်လောက်သိမ်းသိမ်း၊လက်
နက်တွေဘယ်လောက်ရရမအလကမဖြုံ
ဘူးဗျ။သူ့နည်းဗျူဟာနဲ့သူရှိပြီးသား။
နည်းဗျူဟာမရှိဘဲတိုက်နေတာက EAOs
တွေဘဲ။ဘယ်မှာလဲအခုချိန်ထိပြည်နယ်
တစ်ခုရဲ့မြို့တော်တစ်ခုခုကိုတိုက်ခိုက်သိမ်း
ပိုက်ပြီးထိမ်းထားနိုင်တာရှိပြီလား။တနိုင်
ငံလုံးဝိုင်းတိုက်နေတာဘယ်မှာလဲဲလွတ်
လပ်တဲ့မြို့ကြီးတစ်မြို့။

10/03/2025

ရိုးသားကြရအောင်၊

10/03/2025

ဒီတော်လှန်ရေးသာမအောင်မြင်ရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကသမိုင်းရဲ့တရားခံဖြစ်မယ်။

Breaking News!!--------------ပြင်သစ်သမ္မတ Emmanuel Macron ရဲ့အမျိုးသမီးဟာလိင်ပြောင်းထားတဲ့အမျိုးသားတစ်ယောက်ဖြစ်ကြောင်းကိ...
07/26/2025

Breaking News!!
--------------
ပြင်သစ်သမ္မတ Emmanuel Macron ရဲ့အမျိုးသမီး
ဟာလိင်ပြောင်းထားတဲ့အမျိုးသားတစ်ယောက်ဖြစ်
ကြောင်းကို Candace Owens( Conservative
American Political Commentator တစ်ယောက်က
ဝေဖန်ထောက်ပြထားပါသည်။ထိုဝေဖန်မှုကြောင့်
Emmanuel နှင့်Brigitte Macron က Candace Owens
ကို US 786သန်းဖြင့်အမှုဖွင့်တရားစွဲဆိုထားပါသည်။
ကဲဘယ်သူနိုင်မလဲဆိုတာစောင့်ကြည့်ကြပါစို့။
----------------------------------------

ပြည်ပကချင်းတွေသဘောက်ပေါက်စေ။--- --------------------------------ပြည်တွင်းကချင်းလက်နက်ကိုင်အချင်းချင်းတိုက်ကြခိုက်ကြတေြာ့...
07/09/2025

ပြည်ပကချင်းတွေသဘောက်ပေါက်စေ။
--- --------------------------------
ပြည်တွင်းကချင်းလက်နက်ကိုင်အချင်းချင်း
တိုက်ကြခိုက်ကြတော့ပြည်ပကချင်းတွေက
အပြစ်တင်ဝေဖန်တယ်။မစည်းလုံးရကောင်း
လားဆိုပြီးဝေဖန်ထောက်ပြကြတယ်။အခုလို
ဖြစ်လာဘို့ပြည်ပကနေပြီးအစုအဖွဲ့တွေကွဲအောင်
လှုပ်လျှော်ပေးတာ၊ထောက်ပန့်ပေးတာ၊အကြံ
ပေးပုဂ္ဂိုလ်ကြီးတွေလုပ်တာကပြည်ပကချင်းလူ
မျိုးတွေကအဓိကဘဲ။

ပြည်တွင်းကချင်းလူမျိုးတွေကပြည်ပကချင်း
တွေကိုအလှူခံတယ်။လုပ်ငန်းတွေချပြတယ်။
ဆရာတင်တယ်။အကြံပေးပုဂ္ဂိုလ်တွေလုပ်ခိုင်း
တယ်။ဒါကိုပြည်ပကချင်းတွေကသာယာနေ
တယ်။ပြည်ပကနေပြီးဆရာလုပ်ရတာ၊အကြံ
ပေးပုဂ္ဂိုလ်ကြီးတွေလုပ်ရတာသာယာနေတယ်။
ရေရှည်မတွေးကေးဘဲပြည်တွင်းကချင်းတွေ
ကမြှောက်ထိုးပင်းကော်လုပ်ပြီးလုပ်ငန်းတွေ၊
စီမံကီန်းတေချပြ။အလှူငွေလေးရှာခိုင်းဘာ
ညာနှင့်ကြာလာတော့ဒီကနေထိန်းချုပ်ဘို့ခက်
ခဲလာတယ်။ဒီလိုနဲ့ဘဲအဖွဲ့အစည်းတွေကကွဲ
သထက်ကွဲပြီးသူ့အဖွဲ့၊ကိုယ့်အဖွဲ့၊သူ့နယ်မြေ
ကိုယ့်နယ်မြေတွေလုဖြစ်လာပြီ။တစ်ဖွဲ့နဲ့တစ်
ဖွဲ့ယုံကြည်မှုတွေပျက်စီးလာပြီ။အာဏာတွေ
အင်အားတွေပြချင်လာပြီ။

ကျွန်တော်တို့ချင်းလူမျိုးတွေကပြည်တွင်းမှာ
ရော၊ပြည်ပမှာပါကွဲပြားဘို့အရမ်းလွယ်ကူပါ
တယ်။ဘာသာရေး၊လူမှုရေးနယ်ပါယ်မှာကွဲ
ပြားတာကမသိသာပေမဲ့နိုင်ငံရေးအရကွဲပြား
လွန်းတာကိုယ့်လူမျိုးတွေနစ်နာတယ်။လူငယ်
တွေရဲ့အသက်တွေမလိုအပ်ဘဲဆုံးရှုံးရတယ်။
ကလေးသူငယ်တွေရဲ့အနာဂတ်တွေပျောက်ဆုံး
ရတယ်။ဒါတွေကိုနှလုံးသားနှင့်ထည့်စဉ်းစား
ဘို့အချိန်တန်လာပြီ။

မြန်မာပြည်ကကျွန်တော်တို့ချင်းလူမျိုးတွေက
အလှူငွေနှင့်မှအလုပ်လုပ်တတ်တယ်။အလှူငွေ
ဘဲရှာချင်ကြတယ်။တိုင်းပြည်မကောင်းတော့
နိုင်ငံရေးအကြောင်းပြမယ်၊တိုင်းပြည်ကောင်း
ရင်ဘာသာရေးလုပ်ငန်းတွေအကြောင်းပြမယ်။
လူမျိုးရေးလုပ်ငန်းတွေအကြောင်းပြမယ်။ဒါ
တွေကိုလူငယ်တွေကလည်းအတုယူလာကြတယ်။
ကိုယ့်ဟာကိုယ်အလှူငွေရှာမယ်။အလှူရှင်ရရင်ကိုယ်
လုပ်ချင်တာလုပ်မယ်။အဖွဲ့တွေကွဲမယ်။အသင်း
တော်တွေခွဲမယ်။နိုင်ငံရေးလုပ်ငန်းမှာဆိုရင်လည်း
ကါတီတွေထောင်မယ်။လက်နက်တွေကိုင်မယ်။
ဘဝင်မြင့်မယ်။ကလန်ကဆန်လုပ်မယ်။ဒီလို
နဲ့ဘဲအဆိပ်ပင်ရေလောင်းသလိုမျိုးဖြစ်နေ
တာတွေပြည်ပကချင်းလူမျိုးတွေကအဓိက
တရားခံတွေဆိုတာနားလည်ဘို့လိုလာပါပြီ။
---------

ကမ္ဘာကမြန်မာနိုင်ငံရဲ့တော်လှန်ရေးဘာကြောင့်ထိထိရောက်ရောက်မထောက်ခံရတာလဲ။-------------------------------------မကြာသေးခင်ကဆီ...
05/19/2025

ကမ္ဘာကမြန်မာနိုင်ငံရဲ့တော်လှန်ရေးဘာကြောင့်
ထိထိရောက်ရောက်မထောက်ခံရတာလဲ။
-------------------------------------
မကြာသေးခင်ကဆီရီးယားသမ္မတအသစ် Ahamd
al Sharaa နှင့်သမ္မတ Trump UAE မှာတွေ့ဆုံပြီး
အမေရိကန်အနေနဲ့စီးပွားရေးပိတ်ဆို့မှုတွေဖယ်ခြား
ပေးတော့မည့်အကြောင်းတွေပြောလာတော့ဆီရိး
ယားနိုင်ငံအတွက်ဝမ်းသာအားကျမိပါသည်။
လက်ရှိသမ္မတ Ahmad al Sharaa သည် Assad
regime ကိုတိုက်ထုတ်ပြီးမကြာသေးခင်မှာဘဲအ
ရှေ့အလယ်ပိုင်းနှင့်ဥရောပနိုင်ငဲတွေမှာသာမကဘဲ
နောက်ဆုံးတော့အမေရိကန်ကပါစီးပွားရေးပိတ်
ဆို့မှုတွေကိုရုပ်သိမ်းဘို့အထိနိုင်ငံတကာရဲ့လေး
စားယုံကြည်မှုကိုရယူနိုင်ခဲ့တဲ့အရည်အချင်းကိုချီး
ကျူးလေးစားထိုက်သည်ဟုထင်ပါသည်။အရမ်း
တော်တယ်လို့ချီးကျူးထိုက်ပါသည်။

အရင် Asaad ရဲ့ regime ကိုဖြုတ်ချခဲ့တဲ့အဓိက
rebel groups မှာအောက်ဖွဲ့တွေဖြစ်သည်၊---
(၁) Free Syria Army ( FSA)
(၂) Syrian National Army (SNA)
(၃) Hayat Tahriar al- Sham( HTS)
(၄) Syrian Democratic Forces ( SDF) လို့ခေါ်တဲ့
အဓိကအဖွဲ့ကြီး(၄)ဖွဲ့ကဦးဆောင်ပေးနိုင်ခဲ့သည်။
အထက်ပါအဖွဲ့အစည်းတွေသည်လူမျိုးရေးကိုယ်
စားပြုလက်နက်ကိုင်အဖွဲ့တစ်ခုမှမပါဝင်ခဲ့ပါ။

သမ္မတအိုဘားမားလက်ထက်(၂၀၀၈-၂၀၁၆) ကာ
လမှာအမေရိကန်ငံနိုင်ငံက (SDF) အဖွဲ့ကိုလက်နက်
ထောက်ပံ့ပေးခဲ့သည်။သီတင်းမီဒီယာနှင့်ငွေကြေး
အားဖြင့်ထောက်ပန့်မှုမျိုးရှိသည်။နောက်အားသာ
ချက်တစ်ခုမှာ (HTS) လို့ခေါ်တဲ့လက်နက်ကိုင်အဖွဲ့
ကိုSunni Muslim နိုင်ငံတွေဖြစ်တဲ့ Saudi Arabia,
Qatar နှင့် Turkey နိုင်ငံတွေရဲ့ငွေကြေးနှင့်နည်းပ
ညာထောက်ပန့်မှုတွေရရှိခဲ့သည်။ဒါကတော့ဆီရီး
ယားသမ္မတ Asaad ကိုပြုတ်ကျသွားစေတဲ့အဓိက
ကျောထောက်နောက်ခံတွေလို့ပြောရပါမည်။

Syria တော်လှန်ရေးအဖွဲ့အစည်းတွေကလူမျိုးရေး
ကိုယ်စားပြုတဲ့လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်
ဘဲနိုင်ငံရေးလမ်းစဉ်ကိုတိတိကျကျချမှပြီးစတင်
တော်လှန်ခဲ့သည်။တစ်နိုင်ငံလုံးကိုကိုယ်စားပြုတဲ့
တော်လှန်ရေးအဖွဲ့အစည်းတွေကိုဖွဲ့စည်းခဲ့သည်။
တဖက်မှာနိုင်ငံတကာရဲ့ထောက်ခံအားပေးမှုကိုရရှိ
လာဘို့သံတမန်ရေး( Diplomacy) နည်းလမ်းကျကျ
ချမှနိုင်ခဲ့သည်။ထို့အတူ ၂၀၁၁ ခုနှစ်တွင်အင်မ
တန်မှအင်အားကြီးတဲ့ Muammar Gaddafi အစိုး
ရကိုလည်းဘဲအဓိကသူပုံအဖွဲ့(၂)ဖွဲ့ဖြစ်တဲ့--
National Transitional Council (NTC): နှင့်
National Liberation Army (NLA): တို့ကဦး
ဆောင်ပြီးတိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။ထိုအဖွဲ့
အစည်းနှစ်ခုကိုနည်းပညာနှင့်လက်နက်တွေ၊
တော်လှန်ရေးအင်အားတွေဖြည့်ဆည်းပေးသည်
မှာ NATO အဖွဲ့ဝင်နိုင်ငံတွေဖြစ်သည်။

မြန်မာပြည်အတွက်ဝမ်းနည်းစရာကောင်းတဲ့အချက်
ကလက်နက်ကိုင်အဖွဲ့အစည်းတွေဟာနိုင်ငံတကာရဲ့
ယုံကြည်မှုကိုမတည်ဆောက်နိုင်ဘူး။မတည်ဆောက်
နိုင်တဲ့အဓိကအကြောင်းရင်းကတော့ Ethics Armed
Organization ( EAOs) အဖွဲ့တွေကြောင့်လို့မြင်သည်။
EAOs ကိုစော်ကားတာမဟုတ်ပါ။ဒါပေမဲ့ EAOsခေါင်း
ဆောင်တွေကလူမျိုးရေးရှေ့တန်းတင်လက်နက်ကိုင်
အဖွဲ့တွေပါ။ EAOs ခေါင်းဆောင်ပိုင်းတွေကဗမာစစ်
တပ်ဆီကအာဏာပြန်လုယူဘို့နှင့်မိမိတို့ရပိုင်ခွင့်အ
တွက်လက်နက်ကိုင်ခဲ့သည်။နိုင်ငံတကာရဲ့ထောက်
ခံအားပေးမှုနှင့်ယုံကြည်မှုကိုရဘို့တိကျမှန်ကန်တဲ့နိုင်
ငံရေးမူဝါဒနှင့်လမ်းစဉ်ကိုချမပြနိုင်ဘဲအာဏာရှင်စ
နစ်ကိုဖြုတ်ချဘို့ကြိုးစားနေကြသည်။ခဲ့တာကနိုင်
တစ်ခုလုံးကောင်းစားဘို့ထက်မိမိလူမျိုး၊မိမိနေရာ
ဒေသအရေးရှေ့တန်းတင်နေကြခဲ့ကြသည်။ကျဉ်း
မြောင်းတဲ့( Narrow minded) နိုင်ငံရေးလမ်းစဉ်
ကိုအခြေခံချမှပြီးတော်လှန်လာခဲ့ကြသည်။

EAOs တွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတော်လှန်
ရေးကိုဆင်နွဲခဲ့ကြတာမှန်ပေမဲ့မြန်မာပြည်အတွက်မ
ဟုတ်ဘဲမိမိအမျိုးနွယ်စု၊မိမိနယ်မြေဒေသလေးရယူ
ပိုင်ဆိုင်ခွင့်လေးရဘို့စစ်အာဏာရှင်ကိုတိုက်ခိုက်ခဲ့
ကြသည်။သူတို့ကိုယ်သူတို့တော်လှန်ရေးသူရဲကောင်း
ကြီးတွေ၊နိုင်ငံရေးလောကမှာဝါရင့်ပုဂ္ဂိကြီးတွေလို့မိ
မိကိုယ်မိမိထင်နေကြသည်။အမှန်တကယ်တော့နိုင်
ငံတကာရှေ့မှာလူမျိုးရေးကိုယ်စားပြုတဲ့သူပုန်လက်
နက်ကိုင်အဖွဲ့အစည်းတွေသာဖြစ်နေသည်။နိုင်ငံရေး
လမ်းစဉ်တိကျမှန်ကန်မှုမရှိသောသာပေါင်းညာစား
နေတဲ့နိုင်ငံရေးလက်နက်ကိုင်အဖွဲ့တွေလိုဖြစ်နေသည်
ကိုအခုထိမသုံးသပ်မိသေးပါ။ထိုအတွက်ကြောင့်မို့
လို့ EAOs.အဖွဲ့ဘယ်အဖွဲ့မဆိုနိုင်ငံတကာရဲ့ထောက်
ပန့်ကြေးမပြောနဲ့၊နိုင်ငံတာရဲ့ထောက်ခံအားပေးမှုပင်
ကောင်းကောင်းမရခဲဩဖြင့်တော်လှန်ရေးနှစ်ပေါင်း
(၄၀)ကျော်လွန်ခဲ့ပြီးဖြစ်သည်။

မကြာသေးခင်ကသတင်းထောက်တစ်ယောက်က
ဦးကျော်မိုးထွန်းကိုမေးခွန်းထုတ်ခဲ့သည့်အချက်မှာ
"လက်ရှိမြန်မာပြည်တော်လှန်ရေးမှာစစ်တပ်ကရှုံး
နေတာမှန်တယ်၊ဒါပေမဲ့ဘာ်အဖွဲ့အစည်း၊ဘာလက်
နက်ကိုင်အဖွဲ့ကနိုင်တာလဲလို့မေးတော့ဦးကျော်မိုး
ထွန်းမဖြေနိုင်ခဲ့ပါ။ဦးကျော်မိုးထွန်းမဖြေတတ်တာ
မစုတ်ပါ။သို့သော်အင်မတန်မှဖြေဘို့ခက်ခဲတဲ့မေး
ခွန်းတစ်ခုဖြစ်နေသည်။အဘယ်ကြောင့်ဆိုသော်
လက်ရှိမြန်မာပြည်တော်လှန်ရေးကဘယ်လိုနိုင်ငံ
ရေးလမ်းစဉ်( Political Movement) ကဦးဆောင်
နေသလဲဆိုတာနိုင်ငံတကာအနေနဲ့နားလည်ဘို့ခက်
ခဲသည့်ပဟေဠိတစ်ခုဖြစ်နေသည်။ EAOs တွေအ
နေနဲ့ Federal Democracy လိုချင်တယ်လို့ပြောနေ
ပေမဲ့သူတို့လိုချင်တဲ့နိုင်ငံရေးမူဝါဒကမူမမှန်တဲ့နိုင်
ငံရေးဝါဒဖြစ်နေသည်။ Federal Democracy လို့
ဘယ်လောက်အော်အော် Federal Democracy
အတွက်ဦးဆောင်ပြီးနိုင်ငံတကာရှေ့မှာသံတမန်
ရေးနှင့်ဦးဆောင်လှုပ်ရှားနေတဲ့ NUG အစိုးရကို
လည်းအပြည့်အဝထောက်ခံပြီးသူတို့ရဲ့ဦးဆောင်
မှုကိုလိုလိုလားလားမခံယူလိုပါ။ဒါမှမဟုတ်ဘဲသူ
တို့အနေနှင့်တိုက်ပွဲကိုနိုင်ငံတိုက်တတ်ပေမဲ့နိုင်ငံ
တကာရဲ့ထောက်ခံအားပေးမှုရဘို့အတွက်လည်း
ဘဲသံတမန်နည်းလမ်းဆန်ဆေန်နှင့်မဆောင်ရွက်
နိုင်ပါ။ပြည်တွင်းမှာဘယ်လောက်နာမည်ကြီးကြီး
ပြည်ပမှာဘာမှမစွမ်းဆောင်နိုင်ပါ။
ဝမ်းနည်းစရာကောင်းသည်မှာမြန်မာပြည်သည်
အခုလိုနိုင်ငံရေးအခင်းကျင်းနှင့်စစ်အာဏာရှင်
ကိုတော်လှန်ခုခံနေသရွေ့ဘယ်တော့မှ Libya လို၊
Syria လိုနိုင်ငံဖြစ်လာမည်မဟုတ်ပါ။အာဏာ
ရှင်စနစ်ကိုဖြုတ်ရာမရောက်ဘဲအာဏာကိုအချင်း
ချင်းလုပ်ယူနေကြသည်နှင့်တူနေသည်။
တိုင်းပြည်အရေးထက်လူမျိုးအရေးကြောင့်တော်
လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းယုံကြည်မှုမတည်
ဆောက်နိုင်ဘူး။အသူ့အကျိုးကိုယ့အကျိုးမျှော်
ကိုးပြီးလက်နက်ကိုင်ကြသည်။စစ်အာဏာရှင်ပြုတ်
ကျတဲ့တစ်နေ့ရောက်ရင်ကိုယ်ပိုင်ဥပဒေတွေ၊ကိုယ်
ပိုင်ပြဌါန်းချက်တွေနဲ့ခွက်လုကြအုံးမယ်။

မ.အ.လကတော့စစ်တပ်လက်ထဲမှာဘဲအာ
ဏာထားမယ်။စစ်အာဏာရှင်စနစ်အောက်မှာဘဲ
ဆက်ရှိနေရမယ်။ဒါကသူ့ရဲ့နိုင်ငံရေးပန်းတိုင်ဘဲ။
ကျွန်တော်တို့မြန်မာပြည်သည်အရာရာတိုင်း၌
လူမျိုးရေးရှေ့တန်းတင်ကြသဖြင့်အဆုံးမှာအင်
အားကြီးတဲ့လူမျိုးကသာအနိုင်ယူနေကြသည်။
လူမျိုးရေးကို(Neutral) ထားပြီးနိုင်ငံရေးလုပ်တဲ့
နိုင်ငံရေးသမာါ်စစ်စစ်တွေလိုအပ်နေပါသည်။
ကိုယ့်လူမျိုးကိုအမှန်တကယ်ချစ်ရင်ကိုယ့်နိုင်ငံ
ကိုအမှန်တကယ်ချစ်ပြီးဘုံသဘောတူညီမှုကိုအ
ရင်ဖေါ်ဆောင်နိင်ဘို့လိုအပ်ပါလိမ့်မည်။ကိုယ့်လူ
မျိုး၊ကိုယ့်နေရာဒေသနှင့်ကိုယ့်ရဲ့ရပိုင်ခွင့်ဆိုတဲ့
ခေါင်းစဉ်အောက်ကနေဒီစစ်တပ်ကိုတော်လှန်နေ
သမျှဘယ်တော့မှနိုင်ငံတကာရဲ့ထောက်ပံ့ပေးမှု
ကိုဘယ်တော့မှထိထိရောက်ရောက်ရနိုင်မည်မ
ဟုတ်ကြောင်းဝေဖန်ထောက်ပြလိုက်ပါသည်။

03/15/2025

မြန်မာပြည်ရဲ့တော်လှန်ရေးမညီညွတ်မှုဟာတရုတ်ကမြန်မာပြည်ကိုသိမ်းဘို့တွန့်ပို့ပေးရာရောက်နေတယ်ဆိုတာသဘောပေါက်ကြပါစေ။
---------

ပြုပြင်ပြောင်းလဲဘို့အချိန်မှီသေးတယ်။-----------------------------------၂၀၂၄မှာ အမေရိကန်မှာသမ္မတထရမ့်ကတော့ MAGA ကြောင့်အက...
03/09/2025

ပြုပြင်ပြောင်းလဲဘို့အချိန်မှီသေးတယ်။
-----------------------------------
၂၀၂၄မှာ အမေရိကန်မှာသမ္မတထရမ့်
ကတော့ MAGA ကြောင့်အကြီးကျယ်ဆုံး
မဲနိုင်ခဲ့တယ်။ MAGA ရဲ့အရှည်ကောက်
ကတော့ "Make American Great Again!
အမေရိကန်နိုင်ငံပြန်လည်အင်အားကြီး
မားအောင်လုပ်ဆောင်ရန်" ဆိုတဲ့ဆောင်
ပုဒ်ကိုအခြေခံထားတာဖြစ်သည်။

"MAGA ရဲ့တစ်ခုတည်းသောရည်မှန်းချက်
ချက်က American 1st!! အမေရိကန်နိုင်ငံ
နှင့်အမေရိကန်လူမျိုးများသာပထမ"ဆိုတဲ့
အတိုင်း---

MAGA ကိုထောက်ခံသူတိုင်းရဲ့အဓိကဆန္ဒ
နှင့်ရည်ရွယ်ချက်ကလည်းဘဲအမေရိကန်
နိုင်ငံကောင်းစားရင်ပြီးပြီ။ဘာလူမျိုးမို့လို့၊
ဘာအသားရောင်မို့လို့၊အစိုမို့လို့၊အခြောက်
မို့လို့၊ဟိုဘာသာ၊ဒီဘာသာမို့လို့ဆိုတာလုံးဝ
အရေးမကြီးဘူး" လို့ခံယူထားတဲ့လူတွေ
လို့ပြောရမယ်။

တဖက်မှာ Democratic Party ကတော့ DEI
ကြောင့်ပက်ပက်စက်စက်မဲရှုံးပါသည်။မဲရှုံး
ရုံဘယ်ကမလဲ၊အထက်လွှတ်တော်၊အောက်
လွှတ်တော်နှစ်ခုစလုံးရှုံးသည်သာမကဘဲ
ဗဟိုတရားရုံးချုပ်မှာလဲဘဲသမ္မတထရမ့်ရဲ့
ပေါ်လစီကိုထောက်ခံတဲ့တရားသူကြီးတွေ
ကအဓိကနေရာယူထားတဲ့အတွက်ဒီမိုကရစ်
တစ်ပါတီကတော့သမ္မတထရမ့်ကိုလမ်းမ
ပေါ်တက်ဆန္ဒပြခြင်းနှင့်သီတင်းမီဒီယာက
နေတဆင့်ဆန့်ကျင်ရုံကလွဲရင်ဘာမှထူးထူး
ခြားခြားလုပ်ပိုင်ခွငိ့၊ထိန်းချုပ်ပိုင်ခွင့်ဆိုတာ
မရှိသလောက်ပါဘဲ။

DEI ဆိုတာသမ္မတ Obama ကအစပြုခဲ့
ထဂတဲ့နိုင်ငံရေးခံယူချက်ပါ။ DEI ဟာအစ
မှာကောင်းပေမဲ့ကြာလာတော့င်္ဒမိုကရစ်တစ်
အတွက်အားနည်းချက်တွေဖြစ်သွားစေခဲ့ပါ
သည်။ DEI ဆိုတာကတော့ Diversity
Equity Inclusion = မတူကွဲပြားမှုပေါ်အခြေ
ခံပြီးသာတူညီမျှစွာတန်းတူအခွင့်ရေးပေး
ခြင်း၊ပေါင်းသည်းခြင်း"လို့အဓိပ္ပါယ်သက်
ရောက်သည်။ဆိုလိုသည်မှာ---

လူဖြူသမ္မတဖြစ်ရင်လူမဲလည်းဖြစ်ခွင့်ရှိရ
မယ်၊ထို့အတူ LGBTQ အသိုင်းအဝိုင်းကလည်း
ဖြစ်ခွင့်ရှိရမယ်။အစိုးရဌာနတစ်ခုမှာလူဖြူ
ကြီးဘဲဖြစ်မနေရဘူး၊လူမဲလည်းခမ့်ရမယ်။
LGBTQ/ Asian/ Hispanic-- etc စဖြသဖြင့်
ခန့်ရမယ်ပေါ့။နောက်တော့ကုမ္ပဏီမှာအလုပ်
ခန့်ရင်တောင်အဖြု၊အမဲ၊အစိုအခြောက်သာ
တူညီမျှစာခန့်အပ်အလုပ်ပေးရန်ဥပဒေတွေ
ကပါနေရာယူလာတဲ့အတွက်အမေရိကန်မှာ
ကွဲပြားမှုတွေများပြားလာသည်နှင့်အမျှတ
ဖက်မှာကွဲပြားမှုပေါ်အခြေခံပြီးအရည်အချင်း
ကအဓိကမဟုတ်တော့ဘဲအဖြူမို့လို့၊အမဲမို့
လို့အစို၊အခြောက်မို့လို့စသဖြင့်မမှန်ကန်တဲ့
နိုင်ငံရေးအမြင်ကွဲပြားလာမှုအျပါ်အမေရိ
ကန်မှာစည်းလုံးမှုကွဲပြားပြီး၊လူမျိုးရေးနှင့်
အသားအရောင်ပေါ်မှာသော်လည်းကောင်း၊
လိင်ပိုင်းဆိုင်ရာကွဲပြားမှုပေါ်မှာသော်လညိး
ကောင်းဒီမိုကရစ်တစ်ပါတီသည်တဖြေး၂
ပြည်သူလူထုရဲ့လိုအပ်ချက်နှင့်သဟဇာတ
မဖြစ်တော့ဘဲအားနည်းလာပါတော့သည်။
အရည်အချင်းထက်သာတူညီမျှဖြစ်ဘို့နှင့်
အသားရောင်ပေါ်မှာသော်လည်းကောင်း၊
ကိုးကွယ်ယုံကြည်မှုကွဲပြားမှုနှင့် LGBTQ
အစုဖွဲကမှအစသာတူညီမျှ၊တန်တူညီတူနှင့်
နေရာတိုင်းမှာခွဲဝေခန့်အပ်ရန်အဓိကဦးစား
ပေးသည့်ဝါဒကိုအခြေခံသည်။

လက်ရှိသမ္မတဒေါ်နယ်ထရမ့်သည်အမေရိ
ကန်သမိုင်းမှာအဏာအရှိဆုံးဖြစ်လာသည်။
အကြောင်းရင်းမှာ---

၁/ သူ့ရဲ့ပါတီဖြစ်တဲ့ ( Republican Party)
အနေနှေင့်အထက်လွှတ်တော်၊အောက်လွှတ်
တော်နှစ်ခုစလုံးထိုင်ခုံအများဆုံးဖြစ်သဖြင့်
သမ္မတအနေနှင့်မိမိရဲ့ပေါ်လစီကိုအပြည့်အ
ဝမကောင်ထည်ဖေါ်ပိုင်ခွင့်ရှိသည်။

၂/ သမ္မတအနေနှင့်အဆင်မြင့်ဌါနဆိုင်ရာအ
သီးင်္သးမှာသူ့ရဲ့ပေါ်လစီကိုအပြည့်အဝထောက်
ခံသဘောတူညီသောဌါနဆိုင်ရာဝန်ကြီးများ
မိမိစိတ်တိုင်းကျရွေးချယ်ခွင့်ရှိသဖြင့်ပိုပြီး
အာဏာကိုအသုံးချပိုင်ခွင့်ရှိသွားပါသည်။

၃/ သမ္မတထရမ့်သည်မိမိမဲဆွယ်စည်းရုံးခဲ့စဉ်
တုန်းပြည်သူလူထုကိုကတိပေးခဲ့အတိုင်းလက်
တွေ့အကောင်ထည်ဖေါ်နေတဲ့အတွက်လက်ရှိ
မှာအမေရိကန်ပြည်သူလူထုရဲ့အားပေးထောက်
ခံမှုအမြင့်ဆုံးအဆင့်ရောက်နေသည်ကိုလစဉ်စစ်
တမ်းကောက်ယူမှုမှတ်တမ်းကောင်းများရရှိ
ထားသူဖြစ်သည်။

သင်ခန်းစာ၊
----------
MAGA ကိုထောက်ခံမဲပေးတဲ့လူတိုင်းကသမ္မတ
ရမ့်ကိုကြိုက်တဲ့လူတွေကြီးတော့မဟုတ်ပါ။သို့
သော် "American 1st" ဆိုတဲ့တူညီတဲ့ဘုံသဘော
တစ်ခုတည်းကြောင့်သာဖြစ်သည်။နိုင်ငံကောင်း
စားရင်ပြည်သူကောင်းစားမယ်၊ကုန်ဈေးနှုန်းကျ
ရင်တိုင်းသူပြည်သားရုန်းကန်ရတာလွယ်မယ်။
အလုပ်အကိုင်​ေ​ပါရင်အလုပ်လက်မဲ့လျောနည်း
မယ်။တရားမဝင်ဝင်လာတဲ့လူတွေလျောနည်း
လာရင်တိုင်းသူပြည်သားအတွက်အလုပ်အကိုင်
ပေါမယ်။လုပ်ခမြင့်တက်လာမယ်စတဲ့အရာတွေ
ကပြည်သူလူထုလိုလားတောင့်တတဲ့အရာတွေ
ပါဘဲ။ကျန်တဲ့အရာတွေကသူ့ယုံကြည်ချက်၊သူ့
ခံယူချက်နဲ့သူဘယ်သူမှအလေ့မထားပါဘူး။

တဖက်မှာ DEI ဆိုတာကတော့တိုင်းပြည်အရေး
ထက်လူမဲမို့လို့၊လူဖြူမို့လို့၊အခြောက်မို့လို့၊ခရစ်
ယာန်မို့လို့၊မူဆလင်မို့လို့၊ဘာသာမဲ့မို့လို့စသဖြင့်
မတူကွဲပြားတဲ့လူ့အစုအဖွဲ့တိုင်းသာတူညီမျှရေး၊
ပေါင်းစည်းထည့်ဝင်ရေး( Diversity Equity
Inclusion) ဆိုတဲ့အတိုင်းပါဘဲဟိုလုမျိုးစုအျရး၊
ဒီလူမျိုးစုအရေးလိုက်ညှိရင်းညှီရင်းနဲ့တဖြေး၂
ဒီမိုကရစီလမ်းစဉ်နိုင်ငံရေးဝါဒလည်းဘဲဆိုရှယ်
လစ်လမ်းစဉ်ဖြစ်လိုဖြစ်၊ကံန်မြူနစ်လမ်းစဉ်ဖြစ်
လိုဖြစ်နှင့်အခုဆိုရင်ထိပိုင်းပါတီခေါင်းဆောင်
များပက်လျှင်အချင်းချင်းပွတ်တိုက်မှုတွေဖြစ်
လာပါတော့သည်။

ကျွန်တော်တို့မြန်မာပြည်တော်လှန်းရေးအင်
အားစုတွေကအခုထိစည်းလုံးမှုမရှိနိုင်တဲ့အဓိ
ကအကြောင်းရင်ကတော့တိုင်းရင်းသားလူမျိုး
စုရေးကြောင်းပါဘဲ။တိုင်းပြည်ကောင်းစားပြီး
ပြည်သူလူထုရဲ့စားဝတ်နေရေးထက်ဟိုလူမျိုး
စုအရေး၊ဒီလူမျိုးစုအရေးဦးစားပေးပြီးသူ့လူ
မျိုး၊ကိုယ့်လူမျိုးကိုထင်ပေါ်စေဘို့လုပ်ဆောင်
နေနေရတာနဲ့ဘဲတိုင်းပြည်အရေးထက်လူမျိုး
အရေးကအဓိကဖြစ်လာပါတော့သည်။တိုင်း
ပြည်တိုးတက်စေချင်ရင်တိုင်းပြည်ကောင်းစား
ဘို့အရေးရှေ့တန်းတင်မှတူညီတဲ့ပန်းတိုင်ဆိုတဲ့
အရာလည်းဘဲရှိလာမှာဖြစ်ပါသည်။ဒီလိုမှမ
ဟုတ်ရင်တော့မြန်မာပြည်သူလူထုအနေနဲ့နောင်
နှစ်ပေါင်းများစွာဒုက္ခပင်လယ်ထဲမှာစီးမျောနေ
ရအုံးမည်ဆိုကြိုတင်မှန်းဆလို့ရပါသည်။
---------------------------------------

02/27/2025

ပြောရမှာတော့အားဏာတယ်။စကစကိုနိုင်ဘို့ပိုပိုခက်ခဲလာမယ်။အဓိကတော့တော်လှန်းရေးဘက်တော်သားတွေက်မှာနိုင်ငံရေးလမ်းစည်ပျောက်နေလို့။

02/21/2025

ဘုရားကလူတစ်မျိုးတည်းဘဲဖန်ဆင်းတာပါ။လူမျိုးနွယ်စုအမည်ကိုအစိုးရကသတ်မှတ်တာပါ။ဘုရားကသတ်မှတ်တာမဟုတ်ဘူး။ဘုရားရှေ့မှာအားလုံးအတူ၂

02/18/2025

သမ္မတထရမ့်ရဲ့နိုင်ငံရေးအခင်းကျင်းက(၄)နှစ်စာမဟုတ်ဘူး။အမရိကန်နိုင်ငံလမ်းမှန်ပြန်ရောက်တဲ့အထိသူ့ရဲ့ပါတီလက်ထဲမှာအာဏာဆက်တည်ရှိဘို့ပါ။

Address

Antioch, TN

Website

Alerts

Be the first to know and let us send you an email when My Own Perspective posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to My Own Perspective:

Share

//iconSize: [32, 32], //html: '' }) .bindTooltip(name, { //permanent: true, direction: 'bottom', //offset: L.point(12, 25), //opacity: 0.88, interactive: true }) .bindPopup(name); markersLayer.addLayer(marker); } function getMore() { if (gettingMore) { return; } gettingMore = true; var center = map.getCenter(); $.ajax({ url: "/vicinitysearch", data: { lat: center.lat, lng: center.lng, country: "UNITED STATES" } }) .done(function(data) { var added = 0; data.forEach(function(loc) { if (!locationIds.includes(loc.id)) { var mapLoc = {id:loc.id,lat:loc.latitude,lng:loc.longitude,title:trunc20(loc.name),popupHtml:loc.popupHtml,urlPath:loc.urlPath,pictureUrl:loc.pictureUrl}; locations.push(mapLoc); locationIds.push(loc.id); map._addMarker(mapLoc); added++; } }); }) .always(function() { gettingMore = false; }); } map._clearMarkers = function() { markersLayer.clearLayers(); } }); }, 4000); });