Social Safari Classic Vibes
(1)

14/10/2025

ကိုယ့်ရဲ့သားသမီးတွေအတွက် ကိုယ့်မျိုးဆက်ကို နိမ့်ရာကနေမြင့်ရာကိုမြှင့်တင်နိုင်အောင် ကြိုးစားရုန်းကန်ပေးခဲ့တဲ့ အဖေ့ရဲ့ချစ်ခြင်းမေတ္တာ‌တွေကို သားသမီးတိုင်း သိရှိနားလည်သဘောပေါက်နိုင်ပါစေ။

"ခင်သန်းနု‌ရေးတဲ့ဝင်းဦးအကြောင်း” ကြာပြီဖြစ်ပေမဲ့ ခင်သန်းနုကိုယ်တိုင်ရေးသားခဲ့တဲ့မင်းသားကြီးဝင်းဦးနဲ့အမှတ်တရများအကြောင်းက...
18/09/2025

"ခင်သန်းနု‌ရေးတဲ့ဝင်းဦးအကြောင်း”

ကြာပြီဖြစ်ပေမဲ့ ခင်သန်းနုကိုယ်တိုင်ရေးသားခဲ့တဲ့မင်းသားကြီးဝင်းဦးနဲ့အမှတ်တရများအကြောင်းကိုမဖတ်ရသေးသူများဖတ်လို့ရအောင်တင်ဆက်လိုက်ပါတယ်။
စာတွေကိုဖတ်ခြင်းဖြင့် အနုပညာမောင်နှမနှစ်ဦးရဲ့တစ်ဦးအပေါ်တစ်ဦးထားတဲ့သံယောဇဉ်ဘယ်လောက်ကြီးကြောင်းကို အထင်းသားမြင်တွေ့နိုင်ပါတယ်

စာတွေကို ပုံအဖြစ်ပြောင်းထားတာကြောင့်တစ်ပုံချင်းစီထောက်ပီးဖတ်ရှုနိုင်ပါတယ်
#ခင်သန်းနု #ဝင်းဦး #ခင်သန်းနုရေးတဲ့ဝင်းဦး‌အကြောင်း

06/06/2024

ကိုယ့်သမီးတွဲနေတဲ့ကောင်ကို သဘောမကျတဲ့အဖေ‌တွေအတွက်ဒီမှာတစ်ကွက်....

မွေးကတည်းကကိုယ့်လက်ပေါ်မှာကြီးပြင်းလာခဲ့ရတဲ့သားသမီးကို‌လမ်းမှားမရောက်စေချင်တာ မကောင်းတဲ့သူတွေနဲ့ တွေ့မှာစိုးရိမ်တာ အမြဲကောင်းစားစေချင်တာဟာ မိဘတွေရဲ့သဘာဝပါပဲ။ဘာတွေပြန်ရမလဲလို့ မတွေးထားပဲ ပေးနိုင်သမျှပေးနေတာဟာစုန်ရေပါ။ အထက်ကနေ အောက်သို့ မြဲမြဲမြံမြံစီးဆင်းတတ်တာ မိဘရဲ့မေတ္တာပဲ မဟုတ်လား။ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သားသမီးဆိုတာ တစ်ချိန်မှာ ပျံထွက်သွားမယ့် ငှက်ပဲလေ။ ဘယ်လောက်ကြာကြာ လှောင်အိမ်ထဲမှာ ထည့်ထားနိုင်မှာတဲ့လဲ။
#စုန်ရေ #မြန်မာ့ရုပ်ရှင် #အကယ်ဒမီ #ကျော်ဟိန်း #ခင်သန်းနု #မင်းဦး #ဇင်မာဦး

02/06/2024
31/05/2024

ကလေးက အမေလိုချင်တယ်ပူဆာလို့ တွေ့တဲ့ကောင်မလေးရည်းစားစကားလိုက်ပြော‌ရတဲ့လူပျိုကြီး😂😂

ဒီဇာတ်ကားလေးဟာ အောင်ထွန်းလေး ကလေးသရုပ်ဆောင်ဆုရတဲ့ကားဖြစ်ပါတယ်။အကယ်ဒမီစိန်မြင့်နဲ့ အဖေနှင့်သားအလွန်လိုက်ဖက်ညီစွာသရုပ်ဆောင်ချက်တွေကြောင့် ထို‌ခေတ်ကကြည့်ဖူးသူပရိတ်သတ်တိုင်းအရမ်းကြိုက်နှစ်သက်အား‌ပေးခဲ့ကြပီး အောင်မြင်ခဲ့တဲ့ဇာတ်ကားလေးဖြစ်တာကြောင့်အမှတ်တရတင်ဆက်လိုက်ပါတယ်။

#အဖေတစ်ခုသားတစ်ခု #မြန်မာ့ရုပ်ရှင် #အကယ်ဒမီ #စိန်မြင့် #ဆွေဇင်ထိုက် #အောင်ထွန်းလေး

29/05/2024

" ဟဲ့သား အရူးကြီးပေးတဲ့ပိုက်ဆံမယူရဘူးအဲ့တာနင့်ကိုဖမ်းမလို့ " တဲ့.....အဲ့လိုဟုတ်ပါ့မလား
သားဇောနဲ့အရူးကြီးယောင်ဆောင်ပီးတနယ်ဝင်တနယ်ထွက်ကာငယ်စဉ်ကခွဲခွာခဲ့ရတဲ့သားကိုပြန်လည်ရှာ‌ဖွေ နေတဲ့ဖခင်တစ်ယောက်ရဲ့မေတ္တာကိုမြင်ရမှာပါ။
ကလေးဘဝမှာထမင်းဆီဆမ်းကိုရွှေလင်ဗန်းနဲ့တောင်းခဲ့ကြတာကိုမိဘတိုင်းကဖြည့်ဆည်းပေးချင်ကြတယ်မဟုတ်လား။
မြန်မာ့ပထမဆုံးကလေးသရုပ်ဆောင်ဆုရှင် အောင်ထွန်းလေးနဲ့အကယ်ဒမီညွှန့်ဝင်းတို့ရဲ့ အင်မတန်ကောင်းမွန်လှတဲ့သရုပ်ဆောင်ချက်တွေပါ။

#ထမင်းဆီဆမ်းရွှေလင်ဗန်း #မြန်မာ့ရုပ်ရှင် #အကယ်ဒမီ #ညွှန့်ဝင်း #ထွန်းထွန်းဝင်း #နွဲ့နွဲ့မူ #ချိုပြုံး #အောင်ထွန်းလေး

28/05/2024

အကယ်ဒမီ (၃၃) ယောက်ပါဝင်တဲ့ဇာတ်ကားဆိုတော့ ဘာပြောကောင်းမလဲ သရုပ်ဆောင်တာတွေကောင်းချက်
နောက်ထူးခြားတာတစ်ခုရှိသေးတယ် ဇာတ်ကားထဲမှာဇာတ်‌ကောင်တွေကိုမင်းသားမင်းသမီးတွေရဲ့နာမယ်အရင်းကိုပဲသုံးသွားတာ

#ချစ်တဲ့ရက်ကိုကြိုနေမယ် #အကယ်ဒမီ #ကောလိပ်ဂျင်နေဝင်း #စံရှားတင် #ကျော်ဟိန်း #နွဲ့နွဲ့မူ #မြန်မာ့ရုပ်ရှင်

26/05/2024

ရီရလွန်းလို့အူတွေနာပြီးသေးထွက်တဲ့သူတောင်ရှိတယ်တဲ့

အကောင်းဆုံးလူရွှင်တော်တွဲလုံး‌ဖြစ်တဲ့ ဦးမော့စ်နဲ့ဦးမိုးဒီတို့ရဲ့ ရှားရှားပါးပါး "မင်္ဂလာဦးညပြဇာတ်"
(၁၉၈၄ခုနှစ်ပဲခူးရွှေမော်ဓောဘုရားပွဲ)

24/05/2024

ဒဏ်ရာရထားတဲ့စစ်ဗိုလ်တစ်ယောက်တွေ့ရင် ငွေငါးရာဆုချမယ်..

ဒီဇာတ်ကားလေးမှာတော့ ဆင်းရဲတဲ့မိသားစုက‌မွေးပီး သူဌေးအိမ်ကမွေးစားခံရ သူဌေးသမီးလေးနဲ့အတူ ငယ်ရာကအတူတူကြီးပြင်းလာရာကနေ သွေးမတော်သားမစပ် မောင်နှမနှစ်ယောက် သံယောဇဉ်တွယ်မိတော့ ပတ်ဝန်းကျင်ကကဲ့ရဲ့မှာစိုးလို့ အိမ်က‌ထွက်ပြေးပီး စစ်ထဲဝင်ရာက ဒဏ်ရာရတော့ ကူညီပေးတဲ့မိန်းခလေးအပေါ်မေတ္တာသက်ဝင်မိသွားကာ လွမ်းမောဖွယ်သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကိုခံစားရမှာဖြစ်ပါတယ်။

#မေတ္တာကိုယ်စားနှင်းပါ့မယ် #မြင့်မြင့်ခိုင် #ခင်မောင်ထွေး #တင်တင်လှ #မြန်မာ့ရုပ်ရှင် #အကယ်ဒမီ

23/05/2024

မင်းသမီးရွေးပွဲသွားပြိုင်တဲ့ ရုပ်ရှင်ရူးမလေးခင်သန်းနုနဲ့ ပရိုဂျူဆာတွေရဲ့အလွဲတွေ...

#မြန်မာ့ရုပ်ရှင် #အကယ်ဒမီ #ခင်သန်းနု #ဝင်းဦး #ဟာသ
#ရုပ်ရှင်ရူးမလေး

22/05/2024

မမျှော်လင့်တော့ပါဘူးအရှင်ဘုရား😔🙏

ที่อยู่

Sun Kankha Rangsit 13 Alley, Prachathipat
Thanyaburi
12130

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Social Safariผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์