Z Movie Recap Z MOVIE RECAP မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ 🎬🍿
(1)

05/06/2026

အရမ်းကောင်းတဲ့ကားလေးပါ

🪵 စိတ္တဇ လူ  🆃🅷🅴🆃 သမား ခင်ပွန်းကို ပြုပြင်ဖို့ ကြိုးစားပေးခဲ့တဲ့ ဇနီးသည် 👩‍❤️‍👨​🚸 S•I•C•K•P•U•P•P•Y (2025)စိတ္တဇလူသတ်သမာ...
05/06/2026

🪵 စိတ္တဇ လူ 🆃🅷🅴🆃 သမား ခင်ပွန်းကို ပြုပြင်ဖို့ ကြိုးစားပေးခဲ့တဲ့ ဇနီးသည် 👩‍❤️‍👨

​🚸 S•I•C•K•P•U•P•P•Y (2025)

စိတ္တဇလူသတ်သမား John ဟာ ဇနီးသည်ဖြစ်သူ Charlie ရဲ့ တောင်းဆိုမှုကြောင့် သွေးစွန်းခဲ့တဲ့ အတိတ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ချာလီဟာ ခင်ပွန်းဖြစ်သူကို ကြမ်းဆမ်းတဲ့စိတ်တွေ ပြေပျောက်ပြီး စိတ်တည်ငြိမ်သွားစေဖို့ မြေအိုးလုပ်တဲ့ အနုပညာအလုပ်မှာ အာရုံစိုက်ခိုင်းပြီး နောက်ဆုံးမှာတော့ အောင်မြင်စွာ ဖျောင်းဖျပြောင်းလဲပေးနိုင်ခဲ့ပါတယ်•••🏺

​🏡🏚️ ခင်ပွန်းဖြစ်သူ လမ်းမှန်ပေါ်ပြန်ရောက်ပြီး ဆင်ခြေဖုံးရပ်ကွက်လေးထဲမှာ အေးချမ်းတဲ့ ဘဝသစ်ကို တည်ဆောက်နိုင်ပြီလို့ ထင်မှတ်ခဲ့ရပေမဲ့... သူတို့ရဲ့ ကမ္ဘာငယ်လေးထဲကို ရဲတပ်ဖွဲ့ဝင်တွေ သံသယဝင်ရောက်လာပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လာတဲ့အခါမှာတော့ အရာရာဟာ လုံးဝဗြောင်းဆန်သွားပါတော့တယ်။ တစ်ချိန်က အေးချမ်းခဲ့တဲ့ ဇနီးသည် ချာလီဟာ ခင်ပွန်းဖြစ်သူကို ရဲတွေလက်ထဲကနေ အစွမ်းကုန် ကာကွယ်ဖို့နဲ့ သူ လမ်းမမှားစေဖို့အတွက်... မတတ်သာဘဲ သူမကိုယ်တိုင် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ၊ လူ 🆃🅷🅴🆃 မှုတွေထဲအထိ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်လာရပါတော့တယ်••• 🪤

🥹❤️ တစ်ပတ်အတွင်းမှာတင် Positive Reactions ပေါင်း 47,000 ကျော်Z Movie Recap ရဲ့ ဗီဒီယိုတွေကို Like, Comment နဲ့ အားပေးကြတ...
05/06/2026

🥹❤️ တစ်ပတ်အတွင်းမှာတင်
Positive Reactions ပေါင်း 47,000 ကျော်

Z Movie Recap ရဲ့ ဗီဒီယိုတွေကို
Like, Comment နဲ့ အားပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးအများကြီးတင်ပါတယ်🙏

ဒီထက်မက ပိုကောင်းတဲ့ Content တွေနဲ့ ဆုံကြပါဦးမယ်ခင်ဗျာ

🎬✨ Stay tuned!

🎧

🏨🛌 တောအုပ်ထဲကဟိုတယ်အို‌လေးထဲမှလျှို့ဝှက် ဟန်နီးမွန်းအခန်း🗝️👹🍯 H•O•K•U•M (2026)✍️ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာ တယောက်ဟာ...
05/06/2026

🏨🛌 တောအုပ်ထဲကဟိုတယ်အို‌လေးထဲမှလျှို့ဝှက် ဟန်နီးမွန်းအခန်း🗝️

👹🍯 H•O•K•U•M (2026)

✍️ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာ တယောက်ဟာ စာအုပ်အသစ်တစ်အုပ်ကို အဆုံးသတ်ဖို့နဲ့ ကွယ်လွန်သူမိဘတွေရဲ့ အရိုးပြာတွေကိုကြဲဖို့ ဟိုတယ်လေးတခုဆီကို ခရီးထွက်လာခဲ့ပါတယ်။ အဲ့ဒီဟိုတယ်ကတော့ မိဘတွေ ဟန်းနီးမွန်းထွက်ခဲ့ဖူးတဲ့ အိုင်ယာလန်တောပိုင်းက ရှေးဟောင်းဟိုတယ်လေးတစ်ခုပေါ့။ ဒါပေမဲ့ ဒီအဆောက်အအုံဟောင်းကြီးထဲ ရောက်တဲ့အခါ... ပုံမှန်ဧည့်သည်တွေ ဝင်ခွင့်မရှိဘဲ သော့ခတ်ချိတ်ပိတ်ထားတဲ့ လျှို့ဝှက်ဆန်းပြားလွန်းတဲ့ အခန်းတစ်ခန်းကို သူ သတိပြုမိသွားရာကနေ ဇာတ်လမ်းက စတင်လာပါတော့တယ်•••🏚️🔎

📢 အဲ့ဒီဒေသက သက်ကြီးရွယ်အိုတွေရဲ့ ပြောကြားချက်တွေအရ... အဲ့ဒီအခန်းကြီးရဲ့ အတွင်းထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကတည်းက ကလေးငယ်တွေကို ဖမ်းစားသတ်ဖြတ်တတ်တဲ့ သွေးအေးစုန်းမကြီးတစ်ကောင်ကို အရှင်လတ်လတ် ဝှက်ကွယ်ပိတ်လှောင်ထားတာ ဖြစ်ပါတယ်။ သူဟာ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး အခန်းတံခါးကို ဖွင့်လှစ်မိလိုက်တဲ့အခါ... နံရံတွေကြားကနေ ကုန်းထလာတဲ့ ရှေးဟောင်းဝိညာဉ်ဆိုးရဲ့ တန်ပြန်အမဲလိုက်ခြင်းကို ခံရပြီး တစ်ဟိုတယ်လုံး သွေးစွန်းသွားပါတော့တယ်••• 👣☠️

🌳 တောတွင်းဟိုတယ်အိုကြီးထဲကနေ စုန်းမကြီးရဲ့ ကျိန်စာတိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံပြီး အိုမ်တစ်ယောက် အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား? ဆိုတာကို ရိုးရာအောက်လမ်းမှော်အတတ်နောက်ခံ ဇာတ်ကွက်ဆန်းတွေ၊ ရင်တလှပ်လှပ်နဲ့ အသက်ရှူမှားလောက်မယ့် ဂမ္ဘီရသည်းထိတ်ရင်ဖို ပြကွက်တွေနဲ့ ပုံဖော်ထားတာကြောင့် သဘာဝလွန်သည်းထိတ်ရင်ဖိုကား ကြိုက်သူတွေ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကောင်းတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါတယ် 📽️🍿

🐰 Bunny မ လေးရဲ့ လျှို့ဝှက်ထောင်ချောက်•••🖤🪤💃 B•U•N•N•Y•!•! (2026)🦋🐇 ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးငယ်တစ်ဦးဟ...
04/06/2026

🐰 Bunny မ လေးရဲ့ လျှို့ဝှက်ထောင်ချောက်•••🖤🪤

💃 B•U•N•N•Y•!•! (2026)

🦋🐇 ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ ညဦးယံအချိန်တွေမှာ ယုန်မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ပြီး လူချမ်းသာအသိုင်းအဝိုင်းက အမျိုးသားတွေကို ပစ်မှတ်ထားကာ ဆွဲဆောင်သိမ်းသွင်းလေ့ရှိပါတယ်။ သူမရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားကြတဲ့ အမျိုးသားတွေဟာ ရမက်ဇော်တွေနဲ့အတူ လိုက်ပါသွားခဲ့ကြပေမဲ့... အချစ်ထောင်ချောက်ကြီး စောင့်ကြိုနေတာကို ဘယ်သူမှ ကြိုတင်မရိပ်မိခဲ့ကြပါဘူး•••🕸️

🦸‍♀️ဒီလျှို့ဝှက်ဆန်းပြားတဲ့ ယုန်မလေးရဲ့ အောက်လမ်းနည်းကျ လှည့်ကွက်တွေနဲ့ ငွေညှစ်မှုတွေကြားထဲကို ဉာဏ်ထက်မြက်တဲ့ အမျိုးသားတစ်ဦး မထင်မှတ်ဘဲ ပါဝင်ပတ်သက်မိသွားတဲ့အခါမှာတော့ ဇာတ်လမ်းဟာ ပိုမိုရှုပ်ထွေးလာပါတော့တယ်••• 🏃‍♂️

👹ယုန်မျက်နှာဖုံးနောက်ကွယ်က သွေးအေးလှတဲ့ အမှန်တရားက ဘယ်လိုမျိုး လမ်းဆုံးမလဲဆိုတာကို ဗီယက်နမ် စတိုင် အငွေ့အသက်တွေနဲ့အတူ ရင်တထိတ်ထိတ် စောင့်ကြည့်ရမယ့် Romance Mystery Thriller ရုပ်ရှင်ကောင်းတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါတယ် 📽️🍿

💊 ကင်ဆာဝေဒနာရှင်တွေအတွက် အသက်ကယ်ဆေးနဲ့ ဆင်းရဲတဲ့ရောဂါ•••🛒✨🪦💀 D•Y•I•N•G T•O S•U•R•V•I•V•E (2018)💊 အိန္ဒိယနိုင်ငံထုတ် လိင်...
04/06/2026

💊 ကင်ဆာဝေဒနာရှင်တွေအတွက် အသက်ကယ်ဆေးနဲ့ ဆင်းရဲတဲ့ရောဂါ•••🛒✨

🪦💀 D•Y•I•N•G T•O S•U•R•V•I•V•E (2018)

💊 အိန္ဒိယနိုင်ငံထုတ် လိင်ပိုင်းဆိုင်ရာ အားတိုးဆီတွေကို တရုတ်နိုင်ငံမှာ ဆိုင်ဖွင့်ရောင်းချနေတဲ့ ချန်ယောင်ဟာ ဆိုင်လခမပေးနိုင်ဘဲ စီးပွားရေး အကြီးအကျယ် ပျက်ကပ်ဆိုက်နေတဲ့ သာမန်လူလတ်တန်းစားတစ်ဦး ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သွေးကင်ဆာဝေဒနာရှင်တစ်ဦးက သူ့ဆီရောက်လာပြီး တရုတ်နိုင်ငံမှာ အလွန်တန်ဖိုးကြီးလှတဲ့ ကင်ဆာဆေးအစစ်တွေနေရာမှာ အစားထိုးသောက်သုံးနိုင်မယ့် အိန္ဒိယထုတ် ဈေးနှုန်းချိုသာတဲ့ ကင်ဆာဆေးအတုတွေကို အိန္ဒိယကနေ တရားမဝင် ခိုးသွင်းပေးဖို့ အကူအညီတောင်းခံလာရာကနေ... ချန်ယောင်တစ်ယောက် ငွေကြေးအမြတ်အစွန်းရဖို့အတွက် မှောင်ခိုလောကထဲကို စတင်ခြေချမိပါတော့တယ်•••💸📉

📢 ချန်ယောင် ခိုးသွင်းပေးတဲ့ ဆေးတွေကြောင့် ဈေးကြီးတဲ့ဆေးကို မဝယ်နိုင်ဘဲ သေလုမြောပါးဖြစ်နေရတဲ့ ကင်ဆာဝေဒနာရှင် ထောင်ပေါင်းများစွာဟာ အသက်ဆက်ခွင့် ရရှိသွားကြပြီး၊ သူ့ကိုလည်း "အသက်ကယ်သူရဲကောင်းသမားတော်" အဖြစ် သတ်မှတ်လာကြပါတယ်။ ဒါပေမဲ့ ဥပဒေအရ တရားမဝင် မှောင်ခိုဆေးဝါးဖြစ်နေတာကြောင့် ဆေးဝါးကုမ္ပဏီကြီးတွေရဲ့ ဖိအားပေးမှုနဲ့အတူ ရဲတပ်ဖွဲ့ကပါ ကွင်းဆက်လိုက်လံဖမ်းဆီးဖို့ စုံစမ်းစစ်ဆေးလာပါတော့တယ်••• 🚨🏃‍♂️

🥶 "ဒီကမ္ဘာပေါ်မှာ တစ်မျိုးတည်းသောရောဂါပဲရှိတယ်... အဲ့ဒါ ဆင်းရဲတဲ့ရောဂါပဲ" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လူနာတွေရဲ့ ရင်နင့်စဖွယ် ရင်ဘတ်ထဲထိ ရိုက်ခတ်သွားအောင် ပုံဖော်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဇာတ်ကားကြီး ဖြစ်ပါတယ်။ 📽️🍿

ที่อยู่

San Klang
San Kamphaeng
50130

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Z Movie Recapผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์