Myo Min Kyaw

Myo Min Kyaw Investing Service

ပုဇွန် အစိမ်းသုပ် 🤤🤤 #ဟင်းချက်နည်းများ
30/05/2025

ပုဇွန် အစိမ်းသုပ် 🤤🤤

#ဟင်းချက်နည်းများ

စားချင်စရာ ☺☺☺
30/05/2025

စားချင်စရာ ☺☺☺

ခေါက်ဆွဲခြောက်၊ ဝက်သားနီ၊ ဝက်သားခြောက် 🍜😋 #ဟင်းချက်နည်းများ
30/05/2025

ခေါက်ဆွဲခြောက်၊ ဝက်သားနီ၊ ဝက်သားခြောက် 🍜😋

#ဟင်းချက်နည်းများ

ကြက်ပဲရည်သုပ်အလွယ်လုပ်နည်းအသုံးပြုမည့်ကြက်သားများအား ဆား၊နံနွင်း၊မဆာလာအနည်းငယ်ဖြင့် နယ်ပြီးမိနစ်၂၀ခန့်နှပ်ထားပေးပါ။ပဲစိမ...
29/05/2025

ကြက်ပဲရည်သုပ်အလွယ်လုပ်နည်း

အသုံးပြုမည့်ကြက်သားများအား ဆား၊နံနွင်း၊မဆာလာအနည်းငယ်ဖြင့် နယ်ပြီးမိနစ်၂၀ခန့်နှပ်ထားပေးပါ။

ပဲစိမ်းမှုန့်ထမင်းစားဇွန်း၄ဇွန်းခန့်နှင့်ဆားအနည်းငယ်ထည့်၍ရေဖျော်ထားပါ။

နှပ်ထားသောကြက်သားများအား ဂျင်း၊ကြက်သွန်ဖြူထောင်းထည့်၍ ရေဖြင့် မိနစ်၃၀ခန့်ပြုတ်ပါ။

ကြက်သားမှထွက်လာသော အမြှပ်နှင့်ဆီများအားဖယ်ထုတ်ပစ်ပါ။

ထို့နောက်ကြက်သားများအားဆယ်ထားပါ။

ကြက်ပြုတ်ရည်ကို ပဲရည်ချက်ရန်အတွက်သီးသန့်ဖယ်ထားပါ။

အရည်ချက်ရန် ကြက်သွန်နီ/ဖြူ ရောထောင်းပြီး ဆီအနည်းငယ်ဖြင့်ဆီသတ်ပါ။မဆလာအနည်းငယ်ထည့်ပါ။

အနံ့မွှေးလာလျင် ကြက်ပြုတ်ရည်ထည့်ပါ၊ကြက်ပြုတ်ရည်ပွက်လာလျင် ပဲစိမ်းမှုန့်ဖျော်ထားသောအရည်ကိုဖြေးဖြေးချင်းထည့်ပြီး မွှေပါ။

ပဲစိမ်းနံ့ပျောက်ပြီး မွှေးလာလျင် ပြုတ်ထားသောကြက်သားများ အနေတော်လှီးထည့်ပြီး ရှောက်ရွက်၊ဂေါ်ဖီ၊ပူစီနံ၊ငရုတ်သီးမှုန့်နှင့်သံပုရာသီးထည့်၍ စားသုံးနိုင်ပါပြီ

" ရှူးရှူးရှဲရှဲနဲ့ စားမြိန်စေမယ့် ဒညင်းသီးငပိချက်ပါဝင်ပစ္စည်း၁.ဒညင်းသီး (ပြုတ်ထားပြီးအရွယ်တော်လှီးထားပါ)၂.ကြက်သွန်နီ ဖြ...
27/05/2025

" ရှူးရှူးရှဲရှဲနဲ့ စားမြိန်စေမယ့် ဒညင်းသီးငပိချက်

ပါဝင်ပစ္စည်း
၁.ဒညင်းသီး (ပြုတ်ထားပြီးအရွယ်တော်လှီးထားပါ)
၂.ကြက်သွန်နီ ဖြူ (ထောင်းထားပါ)
၃.ငရုတ်နှစ်.ငရုတ်ခွဲကြမ်း
၄.ပုဇွန်ခြောက် (ထောင်းထားပါ)
၅.ငပိ.ဆား.ဆနွင်း.ဆား.dashi.ဆီ
၆.ခရမ်းချဉ်သီး(လှီးထားပါ)
၇.ငရုတ်သီးစိမ်း
ဒယ်အိုးထဲဆီပူလျှင်ကြက်သွန်နီဖြူဆနွင်းထည့်ဆီသတ်ပါ.ခရမ်းချဉ်သီးထည့်ပြီးလိပ်လာလျှင်ပုဇွန်ခြောက်ထည့်ပါ.ငရုတ်နှစ်ထည့်ပါ. ငပိထည့်ပါ.ငရုတ်ခွဲကြမ်းထည့်ပါ.မွှေးလျှင်ဒညင်းသီးထည့်ပြီးရေထည့်ပါ.ဆား.dashiထည့်ပြီးဆီပြန်အောင်ချက်ပါ.အရသာစိတ်ကြိုက်ပြင်ဆင်ပါ.ဆီပြန်လျှင်ငရုတ်သီးစိမ်းအုပ်ပါ.အရသာရှိစွာသုံးဆောင်နိုင်ပါသည်.
Credit: မူရင်း
မူရင်းပုံ နဲ့ စာပိုင်ရှင်များအား လေးစားစွာ Credit ပေးပါသည်။

ခရမ်းချဥ်သီး ပန်ထွေဖျော်နည်း.. 🍅****************ပါဝင်ပစ္စည်းများ....- ခရမ်းချဥ်သီး- ငရုတ်သီးစိမ်းအညှာခြွေ- ကြက်သွန်ဖြူ တ...
27/05/2025

ခရမ်းချဥ်သီး ပန်ထွေဖျော်နည်း.. 🍅
****************
ပါဝင်ပစ္စည်းများ....
- ခရမ်းချဥ်သီး
- ငရုတ်သီးစိမ်းအညှာခြွေ
- ကြက်သွန်ဖြူ တို့ကို ရေဆေးပြီး မီးကင်
- စိမ်းစားငပိအနည်းငယ် မီးကင်

ပါဝင်ပစ္စည်းများအားလုံး မီးကင်ပြီးရင်
ခရမ်းချဥ်သီး ကို အခွံနွှာ
ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတွေကို
ကြိတ်စက်ထဲ ဆားထည့်ပြီး ကြိတ်

(ကြိတ်စက်မရှိလဲ ခရမ်းချည်သီးလေးတွေကို ဇွန်းလေးနဲ့ခြေပီးဖျော်လည်းရတယ်။ ​ငရုတ်သီး၊ ကြက်သွန်ဖြူလေးတွေကို ငရုပ်ဆုံလေးနဲ့ထောင်းပြီးမှဖျော်ထားတဲ့ခရမ်းချည်သီးထဲကိုထည့်ပီးမွှေ)

နံနံပင် ပါးပါးလှီးထည့်ပြီး ကိုယ်ကြိုက်တဲ့
အသီးနှံတွေနဲ့ တွဲစားလို့ရပါပြီး ခင်ဗျာ.....။ 😋

#ဟင်းချက်နည်းများ

ကတစ်ချဉ်ဘတ်စုံ ကြိုက်သူများအတွက်...🤤😘  #ဟင်းချက်နည်းများ
26/05/2025

ကတစ်ချဉ်ဘတ်စုံ ကြိုက်သူများအတွက်...🤤😘


#ဟင်းချက်နည်းများ

ကြက်သားခေါက်ဆွဲ 🥒😋🤤 #ဟင်းချက်နည်းများ
26/05/2025

ကြက်သားခေါက်ဆွဲ 🥒😋🤤

#ဟင်းချက်နည်းများ

ငါးခူဟင်းကြိုက်သူများအတွက်... 😍🤤  #ဟင်းချက်နည်းများ
26/05/2025

ငါးခူဟင်းကြိုက်သူများအတွက်... 😍🤤


#ဟင်းချက်နည်းများ

အုန်းနို့ခေါက်ဆွဲချက်နည်း .........အုန်းနို့ ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများခေါက်ဆွဲဖတ် – ၄၀ ကျပ်သားအုန်းနို့နှစ် – ၁၆၀ ဂရ...
25/05/2025

အုန်းနို့ခေါက်ဆွဲချက်နည်း .........

အုန်းနို့ ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများ

ခေါက်ဆွဲဖတ် – ၄၀ ကျပ်သား
အုန်းနို့နှစ် – ၁၆၀ ဂရမ်
ကြက်သွန်နီ – ၁၀လုံး (အလုံးသေးများ အခွံနွှာထားပါ)
ပဲအစိမ်းမှုန့် – ရ၀ ဂရမ် (ရေ ၂၅၀ မီလီလီတာဖြင့် ပဲမှုန့်များကို ဖျော်ထားပါ)
ဆား – စားပွဲတင်ဇွန်း တဝက်
ကြက်သားမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ပဲကပ်ကြော် – ၁၀ခု
မုန့်ကြွပ်ကြော် – ၁ထုပ် (ဆီများများဖြင့် ကြော်ပေးပါ)
ဘဲဥ – ၃လုံး (ကျက်အောင် ပြုတ်ပြီ စိပ်ပေးထားပါ)
ငရုတ်သီး အကြမ်းမှုန့် – အနည်းငယ်
သံပရာသီး – ၃လုံး (အစိပ်လေးများ စိပ်ထားပါ)
-------------------------------------------
ကြက်သားဆီသပ်ရန် ပါဝင်ပစ္စည်းများ

ကြက်သား (သို့) ကြက်တောင်ပံ – ရခု (အတုံးသေးများ တုံးထားပါ)
ကြက်သွန်နီ – ၄လုံး (ဆီသပ်ရန် ထောင်းထားပါ)
ကြက်သွန်ဖြူ – ၂မွှာ (ဆီသပ်ရန် ထောင်းထားပါ)
ဂျင်း – လက်တဆစ် (ဆီသပ်ရန် ထောင်းထားပါ)
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
ဆား – လက်ဖက်ရည်ဇွန်း တဝက်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
-------------------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်သား ဆီသပ်ရန် ဒယ်ထဲ ဆီထည့် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း များကို အညှိရောင်သန်းသည်အထိ ဆီသပ်ပေးပါ။

၂။ ပြီလျှင် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်တို့ကို ထည့်ဆီသပ်ပေးပြီ (ကြက်သား၊ ဆား၊ ကြက်သားမှုန့်) တို့ကို ထည့်ကာ ၁မိနစ်ခန့် လုံးချက်ပေးပါ။

၃။ ပြီနောက် ကြက်သား မြုပ်ရုံ ရေ ထည့်ပြီ အဖုံးအုပ်ထားပါ။

၄။ ကြက်သား နူပြီ ဆီပြန်ပြီဆိုလျှင် ဒယ်အိုးကြီးထဲ ကြက်သားများကို ပြောင်းထည့်လိုက်ပါ။

၅။ ထို့နောက် ရေ(၂လီတာ) အိုးထဲသို့ လောင်းထည့်ကာ ဆူအောင် တည်ထားပေးပါ။

၆။ ဆူလာလျှင် ရေဖြင့် ရောဖျော်ထားသော ပဲစိမ်းမှုန့်များကို လောင်းချပေးပြီ သမအောင် မွှေပေးပါ။

ရ။ ထို့နောက် အုန်းနို့နှစ်များကို ထည့်ပြီ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်းခွဲ)၊ ငံပြာရည်(စားပွဲတင်ဇွန်း ၃ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပေးပြီ ရောမွှေပါ။

၈။ အရသာ မြည်းလို့ အနေတော်ပြီဆိုမှ ကြက်သွန်နီလုံးများကို ထည့်ပြီ ၂မိနစ်ခန့်တည်ပေးပြီ အုန်းနို့ ခေါက်ဆွဲ အရည်အိုးကို မီးပိတ်လိုက်ပါ။

credit

ကြိုက်ကြလား ☺☺☺
25/05/2025

ကြိုက်ကြလား ☺☺☺

Address

Puchong

Website

Alerts

Be the first to know and let us send you an email when Myo Min Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share