TikTok Myanmar Cele

TikTok Myanmar Cele TikTok Myanmar ဆယ်လီများ

26/05/2023

ငြိမ်ငြိမ်နေလို့မရဘူး
Dancing with problems
ဆရာလင်းသိုက်ညွန့်

1999 မွေးသူဆိုရင် 23 ပြည့်ပြီး 1998 မွေးသူဆိုရင် 24 ပြည့်ပြီး1997 ဆိုရင်ဒီနှစ်ထဲမှာ 25 နှစ်ပြည့်ပြီး ၉၇ အောက်မွေးသူတွေကတ...
01/02/2022

1999 မွေးသူဆိုရင် 23 ပြည့်ပြီး
1998 မွေးသူဆိုရင် 24 ပြည့်ပြီး
1997 ဆိုရင်ဒီနှစ်ထဲမှာ 25 နှစ်ပြည့်ပြီး
၉၇ အောက်မွေးသူတွေကတော့ 26 ကျော်သွားပါပြီ။ ဒီအရွယ်ဟာ လူငယ်လည်းမဟုတ်တော့သလို၊ လူကြီးလည်းမဟုတ်ပေမယ့် လူလတ်ပိုင်းအရွယ်အစ ဖြစ်တာမို့ နေထိုင်မှုပုံစံမှာ ပြုပြင်ပြောင်းလဲမှုလေး အနည်းငယ် လိုအပ်လာပါပြီ။

၁ - တည်ငြိမ်ရင်ကျက်ဖို့လိုလာပြီး
ကိုယ့်ဘဝ ကိုယ့်ခြေကို ရပ်တည်နိုင်ဖို့
လိုလာပြီး သူများအားကိုးနဲ့ မျော်ကိုးစိတ်နဲ့
မျော်လင့်တာတွေ ရပ်တန့်သင့်ပြီး ၊ အလုပ်ကိုင်တခု
ဒါမှမဟုတ် ဘဝအခြေခံရပ်တည်နိုင်မယ့်
အတက်ပညာတခုခု တက်ကျွမ်းထားဖို့ လိုပါတယ်
အပျော်ပါးတွေနဲ့ အချိန်ကို မဖြုန်းသင့်တော့ပါဘူး

၂ - စျေးပေါပေါအင်္ကျီတွေမ၀ယ်နဲ့တော့။

ဒီအရွယ်မှာ အများအားဖြင့် ၀င်ငွေရှာနိုင်တဲ့ အရွယ်အပိုင်းအခြား ဖြစ်နေပြီဖြစ်သလို ငယ်ငယ်တုန်းကလို စျေးနည်းနည်းနဲ့ အထည်များများ ၀ယ်တာမျိုး မလုပ်သင့်တော့ပါဘူး။ သင့်ရဲ့အလုပ်အကိုင်၊ အသက်အရွယ်၊ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက္ဖက်ညီတဲ့ အ၀တ်အစားမျိုးကို ရွေးချယ်၀တ်ဆင်သင့်သလို ခပ်ပေါပေါ အ၀တ်အစားမျိုးထက် စျေးနှုန်းသင့်တင့်ပြီး ၀တ်လိုက်တာနဲ့ အဆင့်အတန်းတစ်ခုရှိတဲ့ ပုံစံမျိုးကို ၀တ်ဆင်သင့်ပါတယ်။

၃ - ရည်းစားမရှုပ်နဲ့တော့။

ဘ၀အတွက် အတည်တကျ ရွေးချယ်သင့်တဲ့ အရွယ်တစ်ခု ရောက်နေပြီမို့ ငယ်ငယ်တုန်းကလို အပျော်ရည်းစားထားတာမျိုးကို ဒီအချိန်မှာ ရှောင်ရှားသင့်ပါပြီ။ သင်နဲ့ အမူအကျင့်ခြင်း လိုက်ဖက်ညီမယ့်၊ သင်ကိုချစ်တဲ့၊ သင်ကလည်းချစ်တဲ့ ဘ၀လက်တွဲဖော်တစ်ဦးကို နှလုံးသားနဲ့ ဦးနှောက်တို့ ပူးပေါင်းပြီး ရွေးချယ်သင့်တဲ့အချိန်ပါ။

၄ - သူများတွေရဲ့ထင်မြင်ချက်တွေကို ဂရုမစိုက်နဲ့တော့။

ငယ်ငယ်တုန်းကတော့ မိဘကခွင့်မပြုလို့ မလုပ်ရဘူး။ ပတ်၀န်းကျင်က ဒီလိုမြင်မှာဆိုးလို့ မလုပ်ဖြစ်ဘူး။ ဟိုလူတွေက ဟိုလိုများပြောမလား၊ ဒီလိုများပြောမလားဆိုပြီး သူမ်ားရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ပါနဲ့တော့။ သင့်မှာလည်း ထိုက်သင့်တဲ့ အသိဉာဏ်၊ အတွေးအခေါ်ရှိနေပြီမို့ သင့်ရဲ့လုပ်ကိုင်ပုံ ကောင်းခြင်း၊ ဆိုးခြင်းကို သင်ကိုယ်တိုင် အမှားအမှန်ခွဲခြားနေနိုင်ပါပြီ။

၅ - မိဘေတွေကို အပြစ်မတင်နဲ့တော့။

ဟုတ်ပါတယ်။ ဘယ်သူမွေတာ့ အရာရာပြီးပြည့်စုံတယ်ရယ်လို့ မရွိပါဘူး။ ဆင်းဆင်းရဲရဲမွေးလာရတဲ့ သင့်အပြစ်မဟုတ်ပါဘူး။ ဆင်းဆင်းရဲရဲသေသွားရရင်သာ သင့်အပြစ်ပါ။ သင်မိဘတွေက သင့်အပေါ် မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ အချို့သော ကိစ္စရပ်တွေအတွက် သူတို့ကို ဗွေမယူပါနဲ့။ သင့်သားသမီးတွေလက်ထက်မှာ သင်ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားပါ။

၆ - ငွေတွေမဖြုန်းနဲ့တော့။

လူငယ်ဘ၀မှာတော့ ငွေတန်ဖိုးမသိသေးလို့ မလိုအပ်တဲ့ အပိုတွေကို သုံးဖြုန်းပစ်မိခဲ့ပေမယ့် ၂၄ ဆိုတဲ့ ဒီအရွယ်နောက်ပိုင်းမှာတော့ ငွေစုချိန်ရောက်ပြီ ဖြစ်ပါတယ်။ သင့်ဘ၀တိုးတက်ရေးအတွက် ငွေကို မလိုအပ်ပဲ မဖြုန်းပစ်သင့်သလို စုနေယုံနဲ့လည်း မပြီးပဲ တိုးပွားအောင် ကြံဆောင်နိုင်ရမယ့် အရွယ်ပါ။ ပညာကိုရှာပြီးချိန်မို့ အချိန်တွေကို ဥစ္စာအတွက် ရင်းနှီးမြှုပ်နှံပါ။

၇ - အင်တာနက်မှာပဲ အချိန်တွေအကြာကြီး မဖြုန်းနဲ့တော့။

ယနေ့ခေတ်မှာ လူငယ်တွေဟာ အင်တာနက် လူမှုကွန်ယက်တွေကို ပိုမိုစွဲလမ်းလာကြပြီး အဲ့ဒီအပေါ်မှာပဲ အလကားအချိန်တွေ ကုန်နေတတ်ကြပါတယ်။ ၂၄ နှစ်နောက်ပိုင်းမှာတော့ ဒီအပြုအမူတွေကို အတတ်နိုင်ဆုံး လျှော့ချထားလိုက်ပါ။ အင်တာနက်သုံးတယ်ဆိုရင်လည်း Facebook တစ္ခုထဲသာ အဓိကမထားပဲ သင့်ရဲ့ လူမှုရေး၊ အလုပ်အကိုင်၊ ပညာရေးဆိုင်ရာတွေအတွက် အချိန်အနည်းငယ်တော့ အသုံးချထားသင့်ပါတယ်။

၈ - လူတိုင်းအပေါ် အရမ်းမကောင်းနဲ့တော့။

စေတနာသည် လူတိုင်းနဲ့မတန်ဆိုတာ ဒီအရွယ်မှာ သဘောပေါက်သင့်သလောက် ပေါက်ပြီးသား ဖြစ်မှာပါ။ လူတိုင်းအပေါ် အရမ်းမကောင်းပါနဲ့။ ဒါဟာစိတ်ယုတ်မွေးဖို့ကို ဆိုလိုတာမဟုတ်ပဲ၊ လှိုက်လှိုက်လှဲလှဲ ပစ်ယုံလိုက်တာမျိုးကို ရှောင်ရှားတတ်ဖို့ ဆိုလိုတာပါ။ အားနာလို့ ခါးပါရတဲ့ ကိစ္စမျိုးကို ပရိယာယ်နဲ့ ရှောင်ပါ။

Credit.
ဟင်းလင်းပြင်

 #နတ်ဆေးတမျှအစွမ်းထက်လှတဲ့_နှာရည်ယိုနှာမွှန်နှာပိတ်(ထိပ်ကပ်နာ)ရောဂါအတွက်.... #ခရေစေ့(​မူရင်းတင်သူကို ကျေးဇူးတင် လွန်းလို...
01/12/2021

#နတ်ဆေးတမျှအစွမ်းထက်လှတဲ့_နှာရည်ယိုနှာမွှန်နှာပိတ်(ထိပ်ကပ်နာ)ရောဂါအတွက်.... #ခရေစေ့

(​မူရင်းတင်သူကို ကျေးဇူးတင် လွန်းလို့ မျှ​ဝေပါသည်)

လွန်ခဲ့တဲ့ ၃/၄ လခန့်ကစပြီး နှာမွှန်​ရောဂါ စွဲကပ်လာပါတယ်.. အိပ်ယာထချိန် နံက်အ​စောပိုင်းဆို အ​တော်​လေးမွှန်ပါသည်..မနားမ​နေကိုနှာ​ချေပါသည်။ အင်္ဂလိပ်ဆေး..{ စီထရင်း (သိုမဟုတ်)ဘာမီတွန်} ​သောက်ရင် ​ပျောက်ပါသည် ​ဆေးအာနိသင်ကုန်တာနှင့် ပြန်ဖြစ်ပါ​တော့သည်။

တကယ်မွှန်တဲ့​နေ့ဆို စွတ်ကြယ်ဂျိုင်းပြတ်အင်္ကျီ ၃ ထည်​လောက်​ နှာရည်ညှစ်ဖို့ ဆောင်ထားရပါသည်။ တရားထိုင်ချိန်၊တရားမှတ်ချိန်ဆို နှာရည်​တွေ ​တောက်​တောက်..​တောက်​တောက်နဲ့ ​​အောက်ကိုစီးကျ​နေ​လောက်​အောင်ကို မွှန်ပါတယ်... အနံဆိုးများ​တော့ မထွက်​သေးပါ။

လွန်ခဲ့တဲ့ ၃ လခန့်က fb​ပေါ်မှာ ဦးဇင်းတစ်ပါးတင် ထားတဲ့ ပိုစ်​လေးတစ်ခု ဖတ်ရ​ပါသည်။ သူ ၁၄ နှစ်တိုင်တိုင် ​ငွေသိန်းချီကုန်ပြီး အင်္ဂလိပ်​ဆေးနဲ့ကုသလို့မပျောက်တဲ့ နှာမွှန်​ရောဂါကို ခ​ရေစေ့ကို​သွေးလိမ်း၊ ခ​ရေ​စေ့ကို မီးဖုတ်၊မီးဖုတ်ထားတဲ့အ​စေ့ကို ငရုပ်ဆုံမှာ ညက်​အောင်​ထောင်းပြီး အုန်းဆီစစ်စစ်​လေးနဲ့ ငယ်ထိပ်​ပေါ် လိမ်းတာ ၃ ရက်နဲ့ ​ပျောက်တယ်လို့ တင်ထားတာ​တွေ့တာနဲ့ ခ​ရေသီးမှည့်​ချိန် (အခုအချိန်)
ကြုံတာနဲ့ ခ​ရေ​သီးအမှည့်ထဲကအ​စေ့ကို ​သွေးပြီး ညအိပ်ယာဝင်ချိန် နှာ​ခေါင်းမှာနှာတံဆွဲသလိုလိမ်း၊နှာဖူးထိပ်(မျက်ခုံးရိုး ၂ ခုကြား)မှာ လိမ်းပြီး ​​ခြောက်​တော့အိပ်ယာဝင်တာ နံက် (တစ်ကြိမ်တည်း လိမ်းရုံ)ထူးထူးခြားခြားကို(၉၀ ရာခိုင်နှုံး)ခန့် သက်သာ​ပျောက်ကင်း​နေတာ အံသြဖွယ်​တွေ့ရပါတယ်...

အခုစာ​ရေး​နေချိန်မှာ ​ဆေးလိမ်းချိန် ၁ ရက်နဲ့ တမွန်းတက်သာရှိ​သေးချိန်မှာ ၉၅ ရာခိုင်နှုံးခန့် ​ပျောက်ကင်း​နေပါပြီ။(မီးဖုတ်လို့ ​ထောင်းပြီး အုန်းဆီနှ့င် ငယ်ထိပ်ကိုမလိမ်းဖြစ်ပါ)

ကျ​တော်ရဲ့ သူငယ်ချင်းမိတ်ဆွေများ နှာမွှန်၊နှာပိတ်(ထိပ်ကပ်နာ)ဖြစ်ခဲ့လို့ စိတ်ညစ်​နေခဲ့ရင် ​ငွေကုန်​ကြေးကျ မရှိတဲ့ ခ​ရေ​စေ့​လေးသာ​ သွေးလိမ်းကြည့်ကြပါလို့ ကိုယ်ပျောက်ခဲ့တာ​လေးကို ဝမ်းသာအားရ မျှ​ဝေပါရ​စေ။


Credit : ကို သက်

28/11/2021

ဒီလူ စော်နှစ်ပွေနဲ့ ရေချိုးချင်လို့ ဉာဏ်ဆင်တာ 😂

video

10/11/2021

ကျောင်းတက်မှ ပညာတတ်ကြီး ဖြစ်မယ် အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်မယ်လို့ မထင်ပါနဲ့

-TAS

ဟာ ဦးဇင်း သည်းခံတော် မူပါဦး
09/11/2021

ဟာ ဦးဇင်း သည်းခံတော် မူပါဦး

05/11/2021

နမည်ကြီးနေတဲ့ ဆံတော်မုလအိစေတီတော်မှာ လှေကားလမ်းလျောက်တဲ့ video file
Myint Naing Oo

2021 လူကြိုက်အများဆုံး mobile game 10ခု
07/10/2021

2021 လူကြိုက်အများဆုံး mobile game 10ခု

Social media မှာရော အပြင်မှာရော Followers အများဆုံး အနုပညာရှင် ငါးဦး
07/10/2021

Social media မှာရော အပြင်မှာရော Followers အများဆုံး အနုပညာရှင် ငါးဦး

ที่อยู่

Rangsit

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ TikTok Myanmar Celeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง TikTok Myanmar Cele:

แชร์