26/07/2026
Bob Dylan ကို အလေးအမြတ်ပြုတဲ့အနေနဲ့ Indie folk ဝိုင်း Bon Iver တို့အသစ်ဖွဲ့ထားတဲ့ Bon Dylan အဖွဲ့ဟာ မနေ့က Eaux Claires ပွဲတော်ရဲ့ပထမနေ့မှာ အပိတ်ဝိုင်းအနေနဲ့ Bob Dylan ရဲ့သီချင်း (၁၅)ပုဒ်တိတိကို တီးခတ်ဖျော်ဖြေသွားခဲ့ပါတယ်။
Bob Dylan ရဲ့အမာခံပရိသတ်ဖြစ်တဲ့ Bon Iver တို့ရဲ့အဆိုတော် Justin Vernon နဲ့သူ့ဝိုင်းသားတွေဟာ ပွဲမှာ Bob Dylan ရဲ့ပုံစံအတိုင်း ဝတ်ဆင်လာကြပြီး Justin Vernon ဟာ သီချင်းအများစုကို Bob Dylan ရဲ့ဆိုဟန်နဲ့ ဆိုသွားခဲ့ပါတယ်။ ပွဲကိုတော့ Bob Dylan ရဲ့နာမည်ကြီးသီချင်း Knockin' On Heaven's Door နဲ့အဆုံးသတ်ခဲ့ပါတယ်။