Arakan Thar chay သာလီစွပါAraakan Thar Chay pageမှလိုက်လဲစွာကြိုဆိုပါရေ🙏🙏🙏

 #10ပြည့်ပြီးcmမရသေးတာသူဇာတစ်ယောက်တည်းလား🥺
13/01/2026

#10ပြည့်ပြီးcmမရသေးတာသူဇာတစ်ယောက်တည်းလား🥺

 #ရခိုင်လိုဘယ်လိုခေါလေ သိရင်ဖြေပေးအုံး🙃
05/12/2025

#ရခိုင်လိုဘယ်လိုခေါလေ သိရင်ဖြေပေးအုံး🙃

 #ဘာအသီးလဲ့ဟ🤔
05/12/2025

#ဘာအသီးလဲ့ဟ🤔

 #ကဿ်မောက်သီးစားချင်စရာလေး🤤
05/12/2025

#ကဿ်မောက်သီးစားချင်စရာလေး🤤

သာလီစွပါ
05/12/2025

သာလီစွပါ

 #ပေါက်တောမြို့မှကြိုဆိုဆိုပါရေ🙏🙏🙏
04/12/2025

#ပေါက်တောမြို့မှကြိုဆိုဆိုပါရေ🙏🙏🙏

 #တိုင်းသုံးတိုင်းတွင် AA က စစ်ကောင်စီ စစ်စခန်း ၅ ခုနှင့် ရွာသုံးရွာကို သိမ်းပိုက်ထား ဒီဇင်ဘာ ၂ ရခိုင်ရိုးမတောင်တန်းအလွန...
02/12/2025

#တိုင်းသုံးတိုင်းတွင် AA က စစ်ကောင်စီ စစ်စခန်း ၅ ခုနှင့် ရွာသုံးရွာကို သိမ်းပိုက်ထား

ဒီဇင်ဘာ ၂

ရခိုင်ရိုးမတောင်တန်းအလွန် မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းထဲက စစ်ကောင်စီ စစ်စခန်း ၅ ခုနှင့် ရွာသုံးရွာကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည်ဟု ISP Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ISP ၏ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် အစီရင်ခံစာ ဖော်ပြချက်အရ မကွေးတိုင်း အမ်း-ပဒါန်းလမ်းပေါ်က စစ်ကောင်စီ စစ်စခန်း နှစ်ခု၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က နှစ်ခုနှင့် ဧရာဝတီတိုင်း ဂွ-ငါးသိုင်းချောင်းလမ်းပေါ်က စစ်စခန်း ၁ ခုတို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားကြောင်း သိရသည်။

AA သိမ်းပိုက်ထားသော ကျေးရွာသုံးရွာမှာ မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းကျေးရွာအုပ်စုမှ ပဇီကျေးရွာနှင့် ဂွမြို့နယ်အစပ် ဧရာဝတီတိုင်းထဲက မကျီဇင်ကျေးရွာနှင့် ဘောမိကျေးရွာတို့ ဖြစ်ကြောင်း ISP ဖော်ပြချက်အရ သိရသည်။

မကွေးတိုင်း အမ်း-ပဒါန်းလမ်းပေါ်က သိမ်းပိုက်ထားသော စစ်ကောင်စီ စစ်စခန်းနှစ်ခုမှာ ပဇီကျေးရွာအနီး မျှော်စင် စစ်စခန်းနှင့် ဂုတ်ကြီး စစ်စခန်းတို့ဖြစ်ပြီး ယင်းစစ်စခန်းများအား အောက်တိုဘာလ ၉ ရက်နေ့တွင် AA က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ပဇီရွာသည် လက်ရှိတိုက်ပွဲပြင်းထန်နေသော နတ်ရေကန်ဗျူဟာကုန်းတပ်စခန်း၏ အရှေ့မြောက်ဘက် ၃ မိုင်အကွာတွင်ရှိပြီး အမှတ် (၉၀၅) အမြောက်စခန်းကွပ်ကွဲမှုဌာနချုပ်နှင့်လည်း နီးကြောင်း သိရသည်။

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က စစ်ကောင်စီ စစ်စခန်းနှစ်ခုမှာ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ၆၆၆ ပွိုင့်ကုန်းနှင့် ပန်းတောင်း-တောင်ကုတ်လမ်းပေါ်ရှိ မိုးထိတောင်စစ်စခန်းတို့ကို AA က သိမ်းပိုက်ထားခြင်းဖြစ်သည်။

ပန်းကန်ကွဲ ၆၆၆ ပွိုင့်ကုန်းကို အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းတွင် သိမ်းပိုက်ခဲ့ပြီး မိုးထိတောင်စစ်စခန်းကို ဇန်နဝါရီလ ၂၆ ရက်တွင် သိမ်းပိုက်ခဲ့သည်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အနီးက စစ်ကောင်စီ၏ အမြောက်တပ်ရင်း အမှတ် ၃၄၄ အနီးက ကာကင်းစခန်း ၂ ခုထက်မနည်းကို ပြီးခဲ့သည့်လအနည်းငယ်အတွင်းမှာ AA က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အမှတ် ၃၄၄ အမြောက်တပ်ရင်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်နိုင်ရန် ယခုနှစ်ဆန်းပိုင်းကစ၍ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

လက်ရှိ အာရက္ခတပ်တော် AA သည် မကွေး-ရခိုင်အစပ်ရှိ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကြီး၊ ပဲခူး ပန်းတောင်းမြို့နယ်က ကပစ ၆ အနီးနှင့် ဧရာဝတီတိုင်း ရေကြည်၊ လေးမျက်နှာ၊ သာပေါင်း မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေဆဲဖြစ်သည်။

ရခိုင်ရိုးမတောင်တန်းအလွန်က အာရက္ခတပ်တော် AA ၏ ထိုးစစ်များသည် အာဏာသိမ်း စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သည့် စက်ရုံ ကပစ ၆ နှင့် ကပစ ၁၄ တို့ကို ဦးလျက်ရှိကြောင်း ISP Myanmar က သုံးသပ်ထားသည်။

မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် စစ်ကောင်စီ၏ ကပစ စက်ရုံ ၂၂ ခုရှိပြီး ၁၆ ခုသည် ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်းတွင် တည်ဆောက်ထားသည်။

AA ထိုးစစ်များမှာ ကစပ စက်ရုံများသို့ ဦးတည်လာသော်လည်း ရခိုင်ကမ်းရိုးတန်းဘက်တွင် စစ်ဆိုင်ထားရမှု၊ သိမ်းပိုက်ပြီးပါကလည်း ထိန်းချုပ်ထားရန် ခက်ခဲမှုများကြောင့် ကပစ စက်ရုံများအား သိမ်းနိုင်ရန် မလွယ်ကူသေးကြောင်း ISP Myanmar က သုံးသပ်ထားသည်။

အာရက္ခတပ်တော် AA သည် ရခိုင်ပြည်အတွင်း မြို့နယ် ၁၄ ခုနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ရခိုင်တွင် သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် စစ်ကောင်စီ ထိန်းချုပ်မြို့ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေသည်။

AA ၏ စစ်ရေးလှုပ်ရှားမှုများသည် ရခိုင်ပြည်အပြင် ချင်းပြည်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်နှင့် ရှမ်းမြောက်တို့တွင် ရှိနေပြီး စစ်ကောင်စီ၏ တပ်စခန်း၊ တပ်ရင်းများအား သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

#အာရက္ခတပ်တော် #စစ်ကောင်စီ #တပ်စခန်းများသိမ်းပိုက် #မကွေး #ပဲခူး #ဧရာဝတီ #ရခိုင်ရိုးမတောင်တန်းအလွန်
#ပြန်လည်ကာမျှဝေခြင်း

#ကျောက်ဖြူသားသျှေ

ဒုတိယ-မြောက်ဦးမြို့တည် မင်းဗာကြီးအစမင်းစနေ အဆုံး မင်း(၉)ဆက်တို့ အကြောင်း(ရခိုင်သမိုင်း အကျဉ်း)၁။မင်းခေါင်ရာဇာလွန်တော်မူလ...
02/12/2025

ဒုတိယ-မြောက်ဦးမြို့တည် မင်းဗာကြီးအစ
မင်းစနေ အဆုံး မင်း(၉)ဆက်တို့ အကြောင်း
(ရခိုင်သမိုင်း အကျဉ်း)
၁။မင်းခေါင်ရာဇာလွန်တော်မူလျှင် မင်းရာဇာ၏
သားတော် သံတွဲစားမင်းဗာကြီးသည် သက္ကရာဇ်
(၈၉၃)ခုနှစ်တွင် ဆင်ဖြူရှင်သမီး၊ ဖွားစောမင်းနှင့်
ရေဆိပ်တဲနန်းတော်ဝယ် ဘိသိက်တော်ခံ၍ မင်းအ
ဖြစ်သော ရောက်တော်မူသည်။ ဗြဟ္မာအမည်အားဖြင့်
သီရိသူရိယ စန္ဒမဟာရာဇာ စသောအမည်တို့ကို
ခံယူတော်မူသည်။ ဘုရင်မင်းဗာကြီးသည်
ဘုန်းတန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူ၏။ အမျိုး
လေးပါးတို့အား ရင်၌ဖြစ်သောသားကဲ့သို့ ချစ်ခင်
တော်မူ၏။ မင်းအဖြစ်ကို ရရှိပြီး မကြာမီပင် သံတြဲ
မြို့သို့ ကြွချီတော်မူပြီး ကြီးစွာသောအလှူကို
ပေးတော်မူ၏။ မြတ်စွာဘုရား၏ ဦးကင်းတော်ဓာတ်
တည်ရာ မိုဃ်းစဲကျွန်း၌ ကျောက်တောင်ကြီးကို
ဥမင်ဖောက်ထွင်း၍ (၈၉၅)ခုတွင် လေးဆူသော
ရုပ်ပွားတော်တို့၏ ကိန်းဝပ်တော်မူရာ ရှစ်သောင်း-
ဘုရား ဟု အမည်တွင်သော စေတီတော်ကြီးကို
တည်တော်မူ၏။ ထိုစေတီတော်ကြီးအနီးတွင်
ကျောင်းတိုက်ကြီးကို ဆောက်လုပ်လျက် ရဟန်း
သံဃာတော်တို့အား ပင့်ဖိတ်ကိုးကွယ်ဆည်းကပ်
တော်မူလျက် အလှူကြီးကို မပြတ်ပေးတော်မူ၏။
မဟာမုနိရုပ်ရှင်တော်မြတ်အားလည်း သဒ္ဒါကြည်ညို
ရိုသေလေးမြတ်စွာ အလှူကြီးကိုပေးတော် မူသည်။
ဘုရင်မင်းဗာကြီးသည် ရန်သူများလာရောက်တိုက်
ခိုက်ပါက၊ ခုခံတွန်းလှန်နိုင်စွမ်းရှိအောင် နေပြည်တော်
မြောက်ဦးမြို့အား တံခါးကွေ့၊ တံခါးကောက်၊ ရေကျုံး၊
ညွန်ကျုံး၊ ကျုံးခြောက်၊ ကျုံးပင်လယ် စသည်တို့ဖြင့်
ပြုပြင်မွမ်းမံကာရံလျက် ပြင်ဆင်တော်မူသည်။
မြောက်ဦးမြို့၏ ပတ်ပတ်လည်တွင် ရန်အောင်မြို့၊
သံလျှင်မြို့၊ မြတောင်မြို့၊ ကုလားမြို့၊ သာယာမြို့၊
တလက်တောင်မြို့၊ ပိန်းနဲတောင်မြို့၊ နတ်တောင်မြို့၊
သျှမ်းတောင်မြို့၊ အင်ကြင်းတောင်မြို့၊ ကျားနတ်
တော်မြို့ စသောမြို့ရံ(၁၁)မြို့ကို တည်လျက်
ရေလှောင်မြောင်း၊ တန်ဆောင်း၊ ပြအိုး၊ ပစ္စင်၊ ရင်တား၊
တံခါးကွေ့၊ တံခါးကောက်၊ ကျုံးတို့ဖြင့် ကာရံဆီး
တားပြုပြင်တော်မူသည်။ ထိုမြို့ရံတို့၌ အမြောက်၊
သေနတ်၊ စိန်ပြောင်း၊ ဓားလြံ လက်နက်စသည်တို့ကို
လည်း ပြည့်နှက်စွာ စီမံတပ်ဆင်ထားသည်။
သက္ကရာဇ်(၈၉၆)ခုနှစ်တွင် ဘရင်ကျီဖလောင်းလူ
မျိုးတို့ များစွာသော သင်္ဘောသမ္ဗာန်တို့ဖြင့် လာရောက်
တိုက်ခိုက်သည်ကို တွန်းလှန်အောင်မြင်တော်မူသည်။
သက္ကရာဇ်(၉၀၆)ခုနှစ်တွင် တောင်ငူဘုရင်
တပင်ရွှေထီး၏ စစ်သည်များ ဒွါရာဝတီသံတွဲမြို့သို့
လာရောက်တိုက်ခိုက်သည်ကို တွန်းလှန်အောင်
မြင်တော်မူသည်။
သက္ကရာဇ်(၉၀၇)ခုနှစ်တွင် တပင်ရွှေထီးမင်းကြီး
ကိုယ်တိုင်ဦးဆောင်၍ တိုက်ခိုက်လာသော မြန်မာ
စစ်သည်တို့အား တွန်းလှန်အောင်မြင်တော်မူသည်။
သက္ကရာဇ်(၉၀၈)ခုနှစ် တန်ဆောင်မုန်းလဆန်း(၄)
ရက်နေ့တွင် တပင်ရွှေထီးမင်းနှင့် စစ်သူကြီး ဘုရင်
နော်ကျော်ထင် နော်ရထာတို့သည် စစ်သည်အလုံး
အရင်းနှင့် ကြည်းကြောင်း၊ရေကြောင်း ချီတက်တိုက်
ခိုက်ကြရာ၊ ဒွါရာဝတီသံတွဲမြို့ကို သိမ်းပိုက်ရရှိခဲ့
ကြလေသည်။ ထို့နောက် မြောက်ဦးမြို့သို့ ချီတက်
တိုက်ခိုက်ကြရာ၊ တပင်ရွှေထီး၏တပ်များသည်
ရခိုင်စစ်သည်များ၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို ခံရသည့်
အတွက် တပင်ရွှေထီးက စစ်ပြေငြိမ်းလိုကြောင်း
ကမ်းလှမ်းသည့်အတွက်၊ ဘုရင်မင်းဗာကြီးသည်
လက်ခံခွင့်လွှတ်တော်မူခဲ့လေသည်။ တပင်ရွှေထီး
မင်းလည်း သေဘေးမှကင်းလွတ်သောကြောင့်
အလွန်ဝမ်းမြောက်သည်ဖြစ်၍၊ တလိုင်းမင်း
သုရှင်တကာရွတ်ပိ၏မယားဖြစ်သော၊ ပြည်ဘုရင်
နရပတိနှမတော်ကို မင်းဆောင်မင်းယောင်နှင့်တကွ
ဆက်သတော်မူခဲ့၍၊ သက္ကရာဇ်(၉၀၈)ခုနှစ် တပေါင်း
လဆန်း(၉)ရက်နေ့တွင် ပြန်တေည်မူခဲ့သည်။
တပင်ရွှေထီးသည် ကသာအရပ်သို့ ဆင်ဖမ်းထွက်
စဉ် သမိန်စောထွတ်၏ညီ၊ လက်ဝဲဒါးမှူးလုပ်ကြံ၍
သက္ကရာဇ်(၉၁၂)ခုနှစ် ကဆုန်လပြည့်ကျော်(၁)ရက်
ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်တော် မူသည်။
သက္ကရာဇ်(၈၉၄)ခုနှစ်တွင် အနောက်ဘင်္ဂလားနယ်
ဒါကာမြို့သို့ ချီတက်တိုက်၍ ဘင်္ဂါ(၁၂)မြို့ကို
သိမ်းယူတော်မူသည်။ ဝိမလအမတ်အား စစ်တကောင်း
မြို့စားပေးတော်မူသည်။ ဒီလီပဆာမင်းက သမီး
တော် ပဲသီဒါအား ဆက်သတော်မူသည်။
ဘုရင်မင်းဗာကြီးသည် သက္ကရာဇ်(၉၁၅)ခုနှစ်တွင်
နတ်ရွာစံတော်မူသည်။
၂။ မင်းဗာကြီးလွန်တော်မူလျင် သားတော်အိမ်ရှေ့
မင်းသား မင်းတိက္ခာသည် မျောက်သားတော်
စောသန္တာနှင့် သက္ကရာဇ်(၉၁၅)ခုနှစ်တွင် ထီးနန်း
ဆက်ခံတော်မူသည်။ သားတော် မင်းစောလှကို
သမီးတော်နန်းတက်မိဖုရား စောဘုန်းထွတ်နှင့်
ထိမ်းမြား၍ အိမ်ရှေ့မင်းအရာအပ်နှင်းတော်မူသည်။
သက္ကရာဇ်(၉၁၇)ခုနှစ်တွင် ကိုးသောင်းဘုရား ကို
တည်တော်မူ၍ အလှူကြီးပေးတော်မူသည်။
မင်းတိက္ခာသည် သက္ကရာဇ်(၉၁၈)ခုနှစ် တပေါင်း
လပြည့်ကျော်(၁၀)ရက် သောက်ကြာနေ့တွင်
ကျောက်ရောဂါဖြင့် နတ်ရွာစံတော်မူသည်။
၃။မင်းတိက္ခာလွန်တော်မူလျင် သားတော်အိမ်ရှေ့
မင်းသား မင်းစောလှသည် (၉၁၈)ခုနှတွင် နန်းတက်
မိဖုရား စောဘုန်းထွတ်နှင့် နန်းတက်တော်မူသည်။
မင်းစောလှကား ရဟန်းရှင်လူပြည်သူ အပေါင်းတို့အား
အမြဲမပြတ်ပေးကမ်းစွန့်ကြဲတော်မူသည်။ သိမ်၊
ကျောင်းကန်တို့ကို ဆောက်လုပ်လှူဒါန်းတော်မူ
သည်။ (ဒုက္ကန်သိမ် ၉၂၃)။ မြောင်ဦးမြို့တော်ကို
ပြုပြင်မွမ်းမံ၍၊ လက်နက် ကိရိယာတို့ကိုလည်း
ပြီးစီးအောင်စီရင်တော်မူသည်။ သက္ကရာဇ်(၉၂၆)
ခုနှစ်တွင် နတ်ရွာစံတော်မူသည်။
၄။မင်းစောလှ လွန်တော်မူလျင် ညီတော် စကြာဝတေး
သည် နှမတော် ဓမ္မာဒေဝီနှင့်(၉၂၆)ခုနှစ်တွင် နန်း
တက်သည်။ ဤ စကြာဝတေးမင်း လက်ထက်တွင်
စစ်တကောင်မြို့ကို လက်လွှတ်ရသည်။ ဓမ္မာဒေဝီ
လွန်တော်မူလျင် မရီးတော် စောသန္တာကို မိဖုရား
မြှောက်တင်သည်။ စေတီကျောင်းကန်တို့ကို
ဆောက်လုပ်လှူဒါန်းတော်မူသည်။ သက္ကရာဇ်(၉၃၃)
ခုနှစ်တွင် ကျောက်ရောဂါဖြင့် နတ်ရွာစံတော်မူသည်။
၅။စကြာဝတေးမင်း လွန်တော်မူလျင် မင်းဗာကြီး၏
သားတော်ထွေး၊ ဖွားတော်ထွေးချစ်နှောင်း (ခေါ်)
မင်းဖလောင်းကို ပြည်သူမှူးမတ်တို့ညီညွတ်တိုင်ပင်
၍(၉၃၃)ခုနှစ်တွင် စကြာဝတေးမင်း၏ သမီးရှင်လတ်
နှင့် ဘိသိက်သွန်း၍ ထီးနန်းတင်ကြလေသည်။
သားတော်ကြီးဖြစ်သော သတိုးဓမ္မရာဇာကို
စကြာဝတေးသမီး နန်းတက်ဖွားနှင့် ထိမ်းမြားတော်
မူ၍ အိမ်ရှေ့အရာကို အပ်နှင်းတော်မူသည်။
သက္ကရာဇ်(၉၄၃)ခုနှစ် တန်ဆောင်မုန်းလတွင် ပဲခူး
ဘုရင်ကျော်ထင်နော်ရထာသည် ကြည်းကြောင်း၊
ရေကြောင်းတို့ဖြင့် ရခိုင်ပြည်သို့ ဝင်ရောက်တိုက်
ခိုက်ကြရာ၊ ဒွါရာဝတီသံတွဲမြို့ကို သိမ်းပိုက်လျက်၊
မြောက်ဦးမြို့ကို ဝန်းရံတိုက်လာသည်။ မင်းဖလောင်း
၏ စစ်သည်များက အပြင်းအထန် လိုက်လံတိုက်
ခိုက်ကြာရာ၊ ကျော်ထင်နော်ရထာ၏စစ်သည်များ
သည် အသေအပျောက်များစွာနှင့် မော်တင်စွန်းဘက်မှ
ထွက်ပြေးသွားကြရလေသည်။ ကျော်ထင်နော်ရထာ
သည် (၉၄၃)ခုနှစ်တွင် လွန်တော်မူသည်။
မြောက်ဦးမြို့သည် မင်းသက်ကုန်ပြီ၊ ဓညဝတီမြို့
ဟောင်းကို တည်တော်မူသင့်ကြောင့် အမတ်ပုဏ္ဏား
တို့လျောက်ထားသော် အမတ်ကြီးမဟာပညာကျော်
၏ လျှောက်ထားချက်အရ၊ မပြောင်းဘဲထားခဲ့သည်။
သက္ကရာဇ်(၉၅၅)ခုနှစ် ဝါဆိုလဆန်း(၆)ရက် တနင်္ဂနွေနေ့
တွင် နတ်ရွာစံတော်မူသည်။
၆။မင်းဖလောင်း လွန်းတော်မူလျှင် သားတော်
အိမ်ရှေ့မင်း သတိုးဓမ္မရာဇာသည် မြောက်သားတော်
ဝိဇလာနှင့် ဘိသိက်ခံ၍ (၉၅၅)ခုနှစ်တွင် ထီးနန်း
ဆက်ခံတော်မူသည်။ မင်းရာဇာဟူသော ရှေးဘေး
တော်၏ အမည်ကို ခံယူတော်မူသည်။ ညီတော်ရင်း
သတိုးမင်းစောလှကို စစ်တကောင်းမြို့စားပေးတော်
မူသည်။ (၂)နှစ်ခါသောအခါ သတိုးမင်းစောလှ
ထောင်ထားသောကြောင့် မင်းရာဇာကိုယ်တိုင်
ချီတက်သိမ်းပိုက်တော်မူသည်။ မဟာပညာကျော်
အား စစ်တကောင်းမြို့စားပေးမြဲပေးတော်မူသည်။
သက္ကရာဇ်(၉၅၉)ခုနှစ် ကျော်ထင်ရာဇာညီတော်
မင်းခေါင်၏သား မင်းရဲကျော်ထင် အမည်ရှိသော
တောင်ငူမင်းသီဟသူသည် ဘကြီးတော်ကျော်ထင်
နော်ရထာ၏သား ဟံသာဝတီပဲခူးမင်းကို လုပ်ကြံ
လို၍ အထူးထူးသော လက်ဆောင်ပဏ္ဍာများဖြင့်
စစ်ကူတောင်းလာသည့်အတွက် သားတော်
အိမ်ရှေ့မင်းခမောင်း၊ စိုင်းတင်စားဥက္ကာပျံတို့နှင့်
အတူ စစ်သည်ပေါင်း ငါးသောင်းတို့ကို သက္ကရာဇ်
(၉၆၀)ခုနှစ်တွင် မော်တင်ကိုလှည့်ပတ်၍ သံလျှင်သို့
ချီတက်စေသည်။ မင်းကြီးကိုယ်တိုင်လည်း
နောက်တော်မှ ချီတက်လိုက်ပါတော်မူသည်။
ဟံသာဝတီပဲခူးကို ဝိုင်းဝန်းတိုက်ခိုက် အောင်မြင်
သည့်တွက် တောင်ငူဘုရင်က ဘုရင်မင်းရာဇာအား
ဆင်ဖြူတော်တစ်စီးနှင့်တကွ ဟံသာဝတီဘုရင်
သမီးတော် မင်းသမီးခင်မနှောင်းကို မိဖုရားကြီးတို့
အဆောင်အယောင်နှင့်တကွ အထူးထူးသော
လက်ဆောင်ပစ္စည်းတို့နှင့် ဆက်သပေးအပ်လာသည်။
ထိုအချိန်တွင် ယိုးဒယားဘုရင် ဗြနရာဇ်သည်
တောင်ငူမြို့နှင့် ဟံသာဝတီပဲခူးမြို့တိုကို လာရောက်
တိုက်ခိုက်သည်။ တောင်ငူဘုရင်နှင့် ရခိုင်ဘုရင်
မင်းခမောင်းတို့ ခုခံတိုက်ခိုက်သောကြောင့် ယိုးဒယား
ဘုရင်စစ်ရှုံးနိမ့်ပြီး ညီတော် ဗြသမ္ဗန်ကို ရခိုင်စစ်သည်
တို့ လက်ရဖမ်းဆီးမိလေသည်။ ယိုးဒယားကြည်ရှိ
ဘဏ္ဍာလက်နက်တို့ကို တောင်းယူရရှိသည့်အတွက်
ညီတော် ဗြသမ္ဗန်အား ပြန်ပေးတော်မူလိုက်သည်။
မင်းရာကြီးလည်း ယိုးဒယားမင်း တောင်ငူမင်းတို့
ဆက်သေသာ ပဏ္ဍာများနှင့်တကွ ဟံသာဝတီမြို့ရှိ
ယိုးဒယား အိမ်ထောင်စုံ သုံးသောင်း၊ လူပေါင်း
ခြောက်သောင်းတို့ကို သိမ်းပိုက်ခေါ်တော်မူပြီးလျင်
သက္ကရာဇ်(၉၆၁)ခုနှစ်တွင် ရခိုင်ပြည်သို့ ပြန်တော်
မူခဲ့သည်။ လမ်းခရီးအကြား မော်တင်သို့ ရောက်သော
အခါ အမတ်မဟာပညာကျော် သေလွန်လေသော်
ကြီးကျယ်စွာ သင်္ဂြိုလ်တော်မူ၍ အမတ်ကြီးကို
သင်္ဂြိုတော်မူသော သင်္ချုင်္ိင်းရာပေါ်တွင် ဘုရားစေတီ
တည်ထားတော်မူခဲ့လေသည်။ ထိုစေတီကို ယခုတိုင်
မော်တင်စေတီ ဟု ခေါ်တွင်လျက်ရှိသည်။
ရွှေမြို့တော်သို့ ပြန်ရောက်သော် ယိုးဒယာတို့ကို
အတီး၊ အက၊ စကျောအစို့၊ ကြွေတဲတပ်၊ တောင်ငူ
တပ်၊ ကျွန်းကောင်းတပ်၊ မှိုင်းတပ်၊ ရှစ်တပ်အစုဖွဲ့
တော်မူ၍ ကစ္စပနဒီအရှေ့ဘက်၊ ဖွဲတားကျွန်း၊
တောင်ရင်းကျွန်း၊ မြစ်အနောက်ဘက်၊ ပေကျွန်း၊
ဦးရာဇ်တော်ကျွန်း၊ မရိုးကျွန်း၊ ရမောင်ကျွန်းများတွင်
ချထားတော်မူသည်။ တလိုင်းသုံးသောင်းကိုလည်း
ဆင်အောက်မ သင်းများမှာ ဖြည့်တော်မူ၍ ငါးဇင်ရိုင်း
ကျွန်းတွင် ချထားတော်မူသည်။
အမတ်ကြီမဟာပညာကျော်၏သား ကျီးညိုကို
စစ်တကောင်းမြို့စားပေးတော်မူ၍ ပညာဝံသ
အမည်ကို ပေးတော်မူသည်။
မင်းရာဇာသည် သာသနာတော်စည်ပင်ပြန့်ပွား
အောင် ဆောင်ရွက်တော်မူသည်။ သက္ကရာဇ်(၉၆၈)
ခုနှစ်တွင် သံဃာတော်များအား သီဟိုဠ်ကျွန်းသို့
ပို့တော်မူ၍ သာသနာတော် စည်ပင်ပြန့်ပွားအောင်
ဆောင်ရွက်တော်မူစေခဲ့သည်။ ဘေးတော် ဒသရာဇာမင်း
ဆောက်လုပ်တော်မူခဲ့သော မဟာမုနိသိမ်တော်ကို ပြုပြင်မွမ်းမံလျက် ရဟန်းသံဃာတော်တို့ကို ပင့်ဖိတ်လျက်
ပဉ္ဇင်းတစ်သောင်းခံတော်မူသည်။
အင်းဝဘုရင်အနောက်ဘက်လွန်မင်းတရားက
သံတမန်စေလွှတ်ဖိတ်ခေါ်သည့်အတွက် (၉၇၁)
ခုနှစ်တွင် အမတ်ကြီး ဥဂ္ဂါပျံအား ရာဇသင်္ကြန်အမည်
ဖြင့် သံတမန်စေလွှတ်တော်မူသည်။ မင်းရာဇာ
သည် သက္ကရာဇ်(၉၇၄)ခုနှစ်တွင် နတ်ရွာစံတော်မူသည်။

 #ရခိုင်ပြည်ကြီးကို ခေါတ်အဆက်ဆက် ခေါ်ဝေါ်ပုံများ================================၁။ အယုဇ္စျုပူရတိုင်းကကုဿာန် - ဘုရားသျှင်...
02/12/2025

#ရခိုင်ပြည်ကြီးကို ခေါတ်အဆက်ဆက် ခေါ်ဝေါ်ပုံများ
================================
၁။ အယုဇ္စျုပူရတိုင်း
ကကုဿာန် - ဘုရားသျှင်လက်ထက်၌ အသက်ရှည်ခြင်းကိုအကြောင်းပြု၍ (အယုဇ္ဈုပူရ)တိုင်း ဟုခေါ်ဆိုခြင်းဖြစ်သည်။

၂။ ရမ္မာပူရတိုင်း
ကောဏဂုံ - ဘုရားသျှင်လက်ထက်၌ သာယာဝဖြိုးမှုကိုအစွဲပြု၍ (ရမ္မာပူရ)တိုင်း ဟုခေါ်ဆိုခြင်းဖြစ်သည်။

၃။ ရက္ခပူရတိုင်း
ကဿပ - ဘုရားသျှင်လက်ထက်၌ ရခိုင်လူမျိုးတို့၏ အမျိုးသီလ နှစ်ဌာနကိုစောင့်ရှောက်ကြခြင်းကိုအစွဲပြု၍
(ရက္ခပူရ) တိုင်း ဟုခေါ်ဆိုခြင်းဖြစ်သည်။

၄။ မဟိံသကတိုင်း
ဂေါတမ - ဘုရားသျှင်လက်ထက်၌ ကျွဲနွားတိရစ္ဆာန်ပေါများခြင်းကို အစွဲပြု၍ (မဟိံသက) တိုင်း ဟုခေါ်ဆိုခြင်းဖြစ်သည်။ ဆန်ရေစပါးပေါကြွယ်ဝခြင်းကြောင့် ဓညဝတီတိုင်းဟုလည်းခေါ်ဆိုကြသည်။ အနောက်မဇ္စျိမဒေသ ကိုးတိုင်းကိုးဌာနမှ မဟိံသကတိုင်းဖြစ်ပါသည်။

၅။ ဓညဝတီတိုင်း
မြတ်စွာဘုရားရှင်လေးဆူတို့၏လက်ထက်တော်အခါ၌ ဆန်ရေစပါးပေါကြွယ်ဝကြောင်းကိုအစွဲပြု၍
(ဓညဝတီတိုင်း) ဟုလည်းခေါ်တွင်ခဲ့သည်။

၆။ မဟာဝိဟိကတိုင်း
ဂေါတမမြတ်စွာဘုရားရှင်အလောင်းတော် ရခိုင်ပြည်၌ မဟာဝိဟိကဆင်မင်း ဖြစ်ခဲ့ဖူးသောအကြောင်းကိုအစွဲပြုပြီး ( မဟာဝိဟိကတိုင်း) ဟုခေါ်တွင်ခဲ့သည်။

၇။ ရက္ခင်္ဂ
သီရိလက်ာ(သီဟိုဠ်)ကျွန်း၏ မှတ်တမ်းများတွင် ရခိုင်တို့ကို (ရက္ခဂ်) ဟုရေးသားထားခြင်းခြစ်သည်။

၈။ အာရကန်နိုင်ငံ
ဥရောပအနာက်နိုင်ငံများမှ ရခိုင်ပြည်ကိုခေါ်ဆိုသောနာမည်ဖြစ်သည်။

၉။ ရခိုင်ပြည်
ရက္ခ ဟူသောပါဠိဘာသာစကားဖြစ်ပြီး
(ရက္ခ=အမျိုးသီလကိုစောင့်ရှောက်ခြင်း )ဟုအဓိပ္ပါယ်ရသည်။ မိမိအမျိုးအနွယ်နှင့်သီလကိုစောင့်ရှောက်ကြသောလူမျိုးများနေထိုင်ကြသည့်တိုင်းပြည်ဖြစ်သောကြောင့် အာရက္ခ (ရခိုင်ပြည်)ဟု ခေါ်ဆိုခြင်းဖြစ်သည်။

နောက်ထပ်ရှိပါသေးသည်။......
#မဟာမုနိဘုရားသမိုင်းမှကူးယူဖော်ပြသည်။


Crd :

ที่อยู่

Maha Sawat, Bang Kruai District, Nonthaburi 11301, Thailand
Nonthaburi
11301

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Arakan Thar chayผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์