Kyaw Win Htike about

10/05/2026

VAN 🇲🇲 VS TAIRA 🇯🇵 ချန်ပီယံကချန်ပီယံပဲ အောက်ကြေးဖိဖိ ကောင်းကင်ကြေးဖိဖိ ကြိုက်တာခန့်မှန်းပေးချင်သာပေးကွာ🤣

09/05/2026

မျိုးမျိုးပဲ

  🇲🇲မြန်မာဂုဏ်ဆောင်ဗန်ကတော့မြန်မာကိုဘယ်လောက်ချစ်လည်းဆိုဝတ်စုံကိုပဲကြည့် Vanနိုင်မယ်လို့ယုံကြည်ရင်Vanနိုင်မယ်လို့မန့်ခဲ့က...
09/05/2026


🇲🇲မြန်မာဂုဏ်ဆောင်ဗန်ကတော့မြန်မာကိုဘယ်လောက်ချစ်လည်းဆိုဝတ်စုံကိုပဲကြည့် Vanနိုင်မယ်လို့ယုံကြည်ရင်Vanနိုင်မယ်လို့မန့်ခဲ့ကြပါဗျ🇲🇲Followခဲ့ကြနော်
#မြန်မာ #အားကစား ゚viralシfypシ゚

သင်ဝါသနာရှိတဲ့ အလုပ်ကို သင်တစ်ခုခုသင်ယူရမှာကိုမပျင်းပါနဲ့။✌️
09/05/2026

သင်ဝါသနာရှိတဲ့ အလုပ်ကို သင်တစ်ခုခုသင်ယူရမှာကိုမပျင်းပါနဲ့။✌️

09/05/2026

😂😂🤣

ဂျပန်ဖိုက်တာ တက်ဆူရိုကို တတိယအချီမှာအလဲထိုးအနိုင်ယူမယ်လို့ ဂျိုရှူအာဗန် ကြုံးဝါးမေ ၈၊၂၀၂၆။ သုည/People's Springချင်းတိုင်...
08/05/2026

ဂျပန်ဖိုက်တာ တက်ဆူရိုကို တတိယအချီမှာအလဲထိုးအနိုင်ယူမယ်လို့ ဂျိုရှူအာဗန် ကြုံးဝါး

မေ ၈၊၂၀၂၆။ သုည/People's Spring

ချင်းတိုင်းရင်းသား UFC ဖိုက်တာ ဂျိုရှုအာဗန်ဟာ လာမယ့် ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ပြိုင်ဘက် ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို တတိယအချီမှာ အလဲထိုးအနိုင်ယူသွားမယ်လို့ UFCရဲ့ မီဒီယာအင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

ဂျိုရှုအာဗန်နဲ့ တက်ဆူရိုတိုင်ရာတို့ဟာ မြန်မာစံတော်ချိန် မေလ ၁၀ ရက် မနက် ၅နာရီ ၃၀မိနစ်မှာ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် Newark မြို့ရှိ Prudential Centerမှာ ကျင်းပမယ့် UFC 328 ပြိုင်ပွဲရဲ့ ဒုခေါင်ပွဲအဖြစ် ဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲ ထိုးသတ်မှာ ဖြစ်ပါတယ်။

ဂျိုရှုအာဗန်အနေနဲ့ ၎င်းရဲ့ပထမဆုံး ချန်ပီယံကာကွယ်ပွဲအဖြစ် ထိုးသတ်ရမှာ ဖြစ်ပြီး ဒီပွဲအတွက် အဆင်သင့်ဖြစ်နေပြီ လို့ ဗန်က ဆိုခဲ့ပါတယ်။

"ချန်ပီယံခါးပတ်ကို ပထမဆုံးကာကွယ်တာ ဆိုပေမယ့် အခက်အခဲ မရှိပါဘူး။ ချန်ပီယံကာကွယ်ပွဲတွေ ဘာတွေ ကျွန်တော်မစဥ်းစားဘူး။ ကျွန်တော် ဖိုက်မယ့်ပွဲရှိတယ်။ နိုင်အောင်ကစားမယ်။ အဲ့တာပဲ ခေါင်းထဲမှာ ထည့်ထားတယ်။ ထိုးမယ့်ပွဲအတွက်လည်း ကျွန်တော်အဆင်သင့်ပါပဲ" လို့ ဗန်က ပြောပါတယ်။

မူလက ဒီပွဲစဥ်ကို ဧပြီလအတွင်း ကျင်းပခဲ့တဲ့ UFC 327 ပြိုင်ပွဲမှာ ကျင်းပဖို့ စီစဥ်ခဲ့ပေမယ့် ဗန်ရဲ့ လေ့ကျင့်ရေးမှာ ရရှိခဲ့တဲ့ အသေးစားဒဏ်ရာကြောင့် မေလ ၁၀ရက်မှာ ကျင်းပမယ့် UFC 328 ပြိုင်ပွဲကို ရွေ့ဆိုးခဲ့တာပါ။

လက်ရှိမှာတော့ ဒဏ်ရာအနေအထားလည်း ကောင်းမွန်သွားပြီ ဖြစ်တဲ့အတွက် ပရိသတ်တွေ စိတ်မပူဖို့နဲ့ တတိယအချီမှာ တက်ဆူရိုကို အလဲထိုးအနိုင်ယူသွားမယ်လို့ ဗန်က မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

"စိတ်ပူပေးတာ ဝမ်းသာပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်တော် ကောင်းပါတယ်။ ပွဲအတွက် Ready ပါပဲ။ တတိယအချီအတွင်း တက်ဆူရိုကို နိုင်မယ်လို့ ထင်ပါတယ်။ ပထမအချီ၊ ဒုတိယအချီလည်း ဖြစ်နိုင်ပါတယ်။ အလဲထိုးကွက်နဲ့ မဟုတ်ရင် ချုပ်ကွက်နဲ့ အနိုင်ယူမှာပါ" လို့ ဗန်က ဆိုပါတယ်။

ဗန်ရဲ့ ပြိုင်ဘက် အသက် ၂၆ နှစ်အရွယ် တက်ဆူရိုဟာ UFC ဖလိုင်းဝိတ်တန်းမှာ အဆင့် ၃နေရာမှာရှိပြီး MMA ပွဲစဥ် ၁၉ ပွဲ ယှဥ်ပြိုင်ထိုးသတ်ရာ ၁၈ ပွဲနိုင်၊ ၁ ပွဲသာ ရှုံးနိမ့်ထားပါတယ်။

ဂျိုရှူအာဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့တာပါ။

UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံးအရှေ့တောင်အာရှဖွားဖိုက်တာဖြစ်သလို အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံ ဖြစ်လာပါတယ်။

ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံးUFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ ပထမဆုံးချန်ပီယံဖြစ်လာတာပါ။

အသက် ၂၅နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၁၀ ပွဲအထိ ထိုးသတ်ထားပြီး ၉ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားပါတယ်။

ဂျိုရှူအာဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဇွန်လဆန်းက စင်ကာပူအခြေစိုက် Straits Times သတင်းဌာနနဲ့ အင်တာဗျူးမှာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုဟာအရာ အားလုံးကို ပျက်စီးကိန်းကြုံစေခဲ့ပေမဲ့ မြန်မာပြည်သူတွေဟာ ဆက်ပြီး တိုက်ပွဲဝင်နေပြီးအောင်ပွဲရတဲ့ထိ ဆက်ပြီးတိုက်ခိုက်နေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာပြည်သူ​တွေရဲ့အဲဒီရုန်းကန် ကြိုးစားမှုမှာသူဟာ ဥပမာတစ်ခုလို့ သတ်မှတ်နိုင်ပြီး သူ့အနေနဲ့ ရှုံးခဲ့တဲ့တိုင် ပြန်ရုန်းထပြီး ရှေ့ဆက်ခဲ့ကြောင်းလည်း ဗန်ကဆက်ပြောခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းယူမှု မခံရခင်ထိ မြန်မာဟာ အားကောင်းပြီးလွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ရပ်
တည်ခဲ့တယ် ဆိုတာကို လူတွေသိစေချင်ကြောင်း လည်းသူကပြောခဲ့ပါတယ်။

စင်ကာပူအခြေစိုက် Straits Times သတင်းစာက ဟူစတန်မှာ ရှိနေတဲ့ ဗန်ကို ဆက်သွယ်ပြီး အင်
တာဗျူးခဲ့တဲ့အခါ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကမ္ဘာကြီးကို ဘာတွေ သိမြင်စေချင်သလဲဆိုပြီး မေးတဲ့အခါ သူကပြန်​ဖြေခဲ့တာဖြစ်ပါတယ်။

ဗန်ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မွေးဖွားခဲ့ပြီး သူ့အသက် ၉ နှစ်အရွယ်မှာတော့ မိသားစုနဲ့အတူ မလေးရှားကိုရွှေ့ပြောင်းထွက်ခွာခဲ့ပါတယ်။

ဗန်ဟာ မြန်မာပြည်ဖွားတိုင်းရင်းသား ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ငယ်စဉ်ကတည်းက မိသားစုနဲ့ အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုချစ်တဲ့ ဗန်ဟာ UFC ပြိုင်ပွဲ အောင်ပွဲခံတိုင်း မြန်မာအလံနဲ့ အတူ အောင်ပွဲခံလေ့ရှိသူ ဖြစ်ပါတယ်။

မနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာလည်း UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ဂျိုရှုအာဗန်က ချင်းရိုးရာဝတ်စုံကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ - UFC

08/05/2026

#ကာတော့ကားများ

08/05/2026

#ကားတော့ကားများ

11/12/2022

🥀💔🖤😞

26/11/2022

ကျွန်နော။ ကျွန်နော်။😔
သူကိုအရမ်လွမ်းတယ်ဗျာ။😭

ที่อยู่

Nakhon Ratchasima
30000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kyaw Win Htikeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์