08/04/2022
ဘာသာရေး အယူများ ခေတ္တ ထားခဲ့ပီး ဆွေးနွေးကြရအောင်
#မူလအစ ဖြစ်တည်မှု
မူလအစ ဖြစ်တည်မှုကို ဘယ်တဉီးတယောက်မှ တိကျသေချာသော အဖြေကို မပေးနိုင်တာကို တွေ့ရမှာပါ။ ဘာကြောင့်လဲ ကျနော် တို့ တွေးကြည့်ရအောင်
*ဘာသာ ကြီးလေးခု မှာ ၂ခု လောက်က ရွှံ့ တွေ တခြား ဘာညာတွေ က ဖြစ်လာတယ်ဖန်ဆင်းတယ် လို့ ဆိုတယ်၊ ဗုဒ္ဓ ကတော့ ကနဉီး အစဖြစ်တည် မှုကို မကြံစည်အပ် မတွေးအပ် ဘူးလို့ ဆိုတယ် တဲ့၊ ခရစ်ယာန်က လဲ ရေရှုက ဖန်ဆင်းတယ် ဆိုတယ်၊
*** ဒါဆို ကမ္ဘာ ပေါ် က လူသားတွေ ဟာ ဘယ်လို စဖြစ်တည်လာ သလဲ ဆိုတာကို တယောက်တပေါက် ငြင်းခုံနေကြ တဲ့ အဆင့်ဘဲ ရှိသေးတာဘဲ။
အတိတ်မှာ ဘာတွေ ဖြစ်ခဲ့ ပျက်ခဲ့ သလဲ ဆိုတာကို လက်ဆင့်ကမ်းနိုင် ခဲ့သလောက် သာ သိကြရတာပါ။အချိန်ကြာလာတာနဲ့ အမျှ အဲ့လို လက်ဆင့်ကမ်းတဲ့ နေရာ မှာ လဲ တကယ် ဖြစ်ပျက် ခဲ့တာတွေ နဲ့ သေချာ ပေါက် ကွဲလွဲ လာနိုင် ပါသေးတယ်။
* ဒါ စကြာဝဠာ အတွင်းက ကမ္ဘာ ပိစိညောင့်တောက် လေးပေါ် က လူသားအစရဲ့ ဖြစ်တည် မှုလေးနော်။
အဆုံးမရှိ ကျယ်ပြန့်တယ် ဆိုတဲ့ စကြာဝဠာ အတွင်းက မရေတွက် နိုင် တဲ့ မြောက်များစွာ သော ဂြိုတွေ ရဲ့ အစဖြစ်တည်မှု ကို လက်တွေ့ကျကျ သိနိုင် ဖို့ လုံးဝ ဝေးသွားဘီ။
အကျိုး ကြောင့် အကြောင်းဖြစ်တယ် ဆိုရင် ကျနော် တို့ရဲ့ ကနဉီး အစဖြစ်တည်မှုက ရှိကို ရှိရမယ်။
ကျနော် တို့ ကို တယောက် ယောက် က ဖန်ဆင်း တယ် ဆိုရင် လဲ အဲ့ဖန်ဆင်းတဲ့ သူရဲ့ အစကို ထပ်လိုက်ဖို့ လိုလိမ့်မယ်။
ဒီနေရာမှာ စိတ်ဝင်စားစရာ တခု ကို ခများသတိထားမိ လား၊ လူသားတို့ ကနဉီးအစဖြစ်တည်မှုကို မကြံစည် အပ် မတွေးအပ် ဘူး ဆိုတဲ့ ဗုဒ္ဓ ကိုလေ။
သူ ဘာကြောင့် အဲ့ လိုဟော ခဲ့တာလဲ , တယောက်တပေါက် နဲ့ လက်တွေ့ကျကျ အဖြေရှာ မရ နေတဲ့ ကြားမှာ သူ့ မှတ်ချက်က အဖြေ ဖြစ်မသွားနိုင်ဘူးလား။ ဒါဆို ဖြစ်မြဲ တိုင်းဖြစ် ပျက်မြဲ တိုင်းပျက် သံသရာကြီး လည်နေတယ် ဆို တာလဲ မှန်ကောင်းမှန် မသွားနိုင်ဘူးလား။
သိပ္ပံ ပညာရှင် တွေ ကတော့ ဂြိုကမ္ဘာ တွေဟာ Big Bang Theory (ကြီးမားတဲ့ပေါက်ကွဲ မှုကြီး) ကြောင့် လို့ ဆိုတယ်။
စကြဝဠာထဲ က ကျနော်တို့ တွေ ကလဲ အဲ့ပေါက်ကွဲ မှု ကြီး ဖြစ်ပီးမှ စပီးဖြစ်တည်လာတာဘဲပေါ့။
ဒါဆို ခနက သံသရာ လည်နေတယ်ဆိုတာလဲ မဟုတ်တော့ ပြန်ဘူး။
အဆုံးမရှိတဲ့ စကြာဝဠာထဲမှာ နေပီး
*ဘာတွေ များလက်တွေ့ ကျကျ သိနိုင်လဲ
*ဘာတွေများ အတည်တကျ ရှိနေနိုင်လဲ
သေချာစဉ်းစားကြည့် ရင် သိပ်ကြောက်ဖို့ကောင်းသလို ။သိပ်လဲ စိတ်ဝင်စားဖို့ကောင်းတာ အမှန်ပါ။
**ကျနော်တို့ဟာ ရှင်သန်မွေးဖွားလာ တဲ့တလျောက်လုံး
- မိဘ သွင်သင်သမျှ သိခဲ့ မှတ်သားခဲ့ကြရတယ်
- မိဘ ကိုးကွယ် တဲ့ ဘာသာကို ယုံကြည်လာခဲ့ကြရတယ်
- ပတ်ဝန်းကျင်က ရတဲ့ အသိတရား တွေနဲ့ ဆက်လက်ရှင်သန်သွားကြရတယ်
မွေးဖွားလာ ပုံခြင်းတူ နေတာတောင် ယုံကြည် ကိုးကွယ် မှုတွေ က ကွဲလွဲ နေကြသေးတယ်၊
**** ဘာတွေ ဆက်ပီး ငြင်းခုံနေကြအုံးမလဲ ဗျာ***
သေချာတာတစ်ခု ကတော့ လူလူချင်းစာနာစိတ်အပြန်အလှန်ထားပီး လူကိုလူလို အပြန်အလှန်ဆက်ဆံ သွားကြ ရင် အစစအရာရာ အဆင်ပြေသွားမှာပါဘဲ။
အမှားပါရင် လဲ အားမနာတမ်းထောက်ပြပေးနိုင်သလို လက်တွေ့ကျ တဲ့ အမြင်တွေ နဲ့ လွတ်လပ်စွာဝေဖန် ပေးနိုင်ပါတယ်။
ကျနော်ဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ ရဲ့ လွဲမှားတဲ့ကိုယ်ကျိုးရှာ/ လူလုပ် အယူတွေဝါဒ တွေကို ဒဲ့ဆန့်ကျင်တဲ့ **ဗုဒ္ဓ ရဲ့ သဘာဝကျ တဲ့အဆုံးအမတွေကို သာ လက်ခံယုံ ကြည် တဲ့ ဗုဒ္ဓ ရဲ့ တပည့် တစ်ယောက်ပါ။