12/05/2026
ဇတ်လမ်းအကျဉ်း✓✓မင်းသားကြီး Mammootty, Mohanlal နဲ့ Kunchacko Bohan တို့ ၃ ယောက် အပြိုင်ကြဲမဲ့ မလေယာလမ်ဇာတ်ကားသစ်ကြီးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။
အများအကျိုးအတွက် လူထုအကျိုးအတွက်ဆိုတဲ့စကားကို ဖန်တရာထေနေအောင် ချိုမြမြ စကားလုံးတွေသုံးနှုန်းပြနေတဲ့ နည်းပညာကော်ပိုရိတ်လုပ်ငန်းကြီးတွေက တကယ်ပဲ ယုံကြည်လို့ရလောက်ရဲ့လား။
လုံခြုံရေးဆိုတဲ့ စကားလုံး ၃ လုံးရဲ့နောက်ကွယ်မှာ ကျွန်တော်တို့တွေ ဘယ်လောက်ထိ ကိုယ်ရေးအချက်အလက်တွေ ခိုးယူခံနေရ ချိုးဖောက်ခံနေရလဲ။
အသက်တစ်ချောင်းနဲ့ ကိုယ်ရေးကိုယ်တာချိုးဖောက်ခံရမှု လူတောင်သေမှတော့ ကိုယ်ရေးကိုယ်တာဆိုတာ ဘာအရေးလဲတဲ့
ဒါကိုအခြေခံပြီး တည်ဆောက်ထားတဲ့ပယ်ရီစကုပ် ဆော့ဖ်ဝဲလ်ဟာ ဝန်ကြီးကစ ကလေးအဆုံး လူတိုင်းရဲ့ဘဝကို နေရာယူလာခဲ့တာပေါ့။
ဒီပယ်ရီစကုပ်ရဲ့မိခင်ကုမ္ပဏီကတော့ Shakti Solution ဆိုတဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်ပြီး CEO ကတော့ စစ်ပြန်ဘဝကနေ နည်းပညာသမားဖြစ်လာသူ မျိုးချစ်ကြီးပေါ့။
ပယ်ရီစကုပ်ရဲ့ မူလရည်ရွယ်ချက်တွေ သန့်စင်ခဲ့ပေမဲ့ ကာလရွေ့လျားလာတာနဲ့အမျှ လူတွေပြောင်းလဲလာချိန်မှာတော့ ဒီပယ်ရီစကုပ်ဟာ ချိန်ကိုက်ဗုံးဖြစ်လာပါတော့တယ်။
ဒါကို ပြည်သူကို သတိပေးဖို့ကြိုးစားခဲ့တဲ့ ဝန်ကြီးရဲ့ သိပ္ပံ နည်းပညာအကြံပေး ဒန်နီယယ်ကတော့ ကော်ပိုရိတ်လုပ်ငန်းကြီးနဲ့ သူ့ရဲ့အပေါင်းအပါ ရာထူးမြင့်အရာရှိတွေရဲ့ ချောက်တွန်းမှုတွေကြားမှာ ရွာပြင်ရောက်သွားတဲ့ သစ္စာဖောက်ဖြစ်သွားတော့တာပေါ့။
ဉာဏသမားဒန်နီယယ်တစ်ယောက် ဓနရှင် အာဏာရှင်တွေက အဖတ်ဖတ်က ပိတ်ဆို့ ဖမ်းဆီးနေတဲ့ကြားကနေ ဘယ်လိုအကွက်ရွှေ့ပြီး နောက်ကွယ်က လက်မည်းကြီးတွေကို ဖော်ထုတ် တွန်းလှန်သွားမလဲဆိုတာကို ရင်ဖိုစွာနဲ့ ကြည့်ရှုလိုက်ကြပါဦးစို့။
ကြည့်ရန်
Telegram link !!
https://t.me/sayarginmovies27/432
https://t.me/sayarginmovies27/432