10/11/2026
‼️SPEAK OUT‼️
*ကချင်ပြည်နယ်ကနေ မန္တလေးထိ ပညာသွားသင်နေတဲ့ ညီမလေးတစ်ယောက် မုဒိန်းကျင့်ခံရတဲ့ကိစ္စ ဘာကြောင့် အသံတိတ်နေကြမှာလဲ**
မိဘတွေနဲ့ ဝေးရာ ကချင်ပြည်နယ်ကနေ မန္တလေးက GED သင်တန်းကျောင်းတစ်ခုမှာ ပညာရှာဖို့ ယုံယုံကြည်ကြည် သွားတက်နေတဲ့ ကောင်မလေးတစ်ယောက်။ ကျောင်းဝင်းထဲ၊ ကျောင်းအဆောင်ထဲမှာတင် အနိုင်ကျင့် အကြမ်းဖက်ခံလိုက်ရတယ်။ အဲ့ဒါတင်မကဘူး အသက်ကိုပါ ခြိမ်းခြောက်ခံထားရတယ်။
ဒါကို ကျောင်းဘက်က အကာအကွယ်ပေးရမယ့်အစား "အဝတ်အစားတိုလို့ ဖျားယောင်းသလိုဖြစ်တာ" ဆိုပြီး မိန်းကလေးဘက်ကို အပြစ်ပုံချတယ်တဲ့။
တကယ် မေးချင်တာက —
**အဝတ်အစားက မုဒိန်းမှုနဲ့ ဘာဆိုင်လို့လဲ။**
မုဒိန်းမှုဆိုတာ ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးရဲ့ ခန္ဓာကိုယ်ကို အင်အားသုံး အနိုင်ကျင့်တဲ့ "ရက်စက်တဲ့ ရာဇဝတ်မှု" သက်သက်ပဲ။ အဝတ်အစားတိုတာ၊ ရှည်တာက ဖက်ရှင်နဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်။ ဘယ်အဝတ်အစားကမှ မုဒိန်းကျင့်ခွင့်ပြုတယ်ဆိုတဲ့ အဓိပ္ပာယ် မသက်ရောက်ဘူး။ ရာဇဝတ်မှုကျူးလွန်တဲ့သူတွေရဲ့ ရက်စက်မှုကြောင့်ဖြစ်တာကို အဝတ်အစားကို အကြောင်းပြပြီး Victim Blaming လုပ်နေတာ တကယ့်ကို လက်ခံနိုင်စရာ မရှိဘူး။
ပညာသင်တဲ့နေရာမှာ ကျောင်းသားတွေရဲ့ အသက်အန္တရာယ်ကို တာဝန်မယူဘဲ ဖြစ်စဉ်ကို ဖုံးဖိဖို့လုပ်၊ အသံထွက်တဲ့ ကောင်မလေးကို နှုတ်ပိတ်ဖို့ ကြိုးစားနေတာတွေက လုံးဝ မဖြစ်သင့်တဲ့ကိစ္စ။
လူငယ်တွေအနေနဲ့ ဒီလို မတရားမှုကို လုံးဝ လက်ပိုက်ကြည့်မနေနိုင်ဘူး။ ကျူးလွန်တဲ့သူတွေကိုရော၊ အကာအကွယ်ပေးနေတဲ့ ကျောင်းဘက်ကိုပါ တာဝန်ခံခိုင်းရမယ်။
ငါတို့ ကချင်ပြည်နယ်က ညီမလေးဘက်က အပြည့်အဝ ရပ်တည်တယ်! တရားမျှတမှု ရတဲ့အထိ speak out လုပ်ကြမယ်!