10Million Gaming ❤Cristiano Ronaldo❤

💙Efootball - 2024💙

💛Football Trolling💛

09/12/2025

ရပ်ကွက်မှာတော့မန်ယူနိုင်သွားတယ်ဟေ့

ညီကိုတို့ရပ်ကွက်မှာရော.. ..အခြေအနေဘယ့်နှယ်လဲ... ထွက်သွားတဲ့သူထက်..ကျန်ရစ်တဲ့သူက ပိုနာကျင်ရတာပေါ့ဗျာ.. နားလည်ပါတယ်..

(မစရတာ ကြာလို့ Admin G ပါ)


09/12/2025

#ဒို့ရပ်ကွက်မှာတော့မန်ယူနိုင်သွားတယ်ဟေ့

ညီကိုတို့ရပ်ကွက်မှာရော.. ..အခြေအနေဘယ့်နှယ်လဲ... ထွက်သွားတဲ့သူထက်..ကျန်ရစ်တဲ့သူက ပိုနာကျင်ရတာပေါ့ဗျာ.. နားလည်ပါတယ်..

(မစရတာ ကြာလို့ Admin G ပါ)


09/12/2025

#ဒို့ရပ်ကွက်မှာတော့မန်ယူနိုင်သွားတယ်ဟေ့

ညီကိုတို့ရပ်ကွက်မှာရော.. ဘယ့်နှယ်လဲဗျ.. 😁

(မစရတာကြာလို့ လာစတာပါ Admin G)

20/09/2025

ဝူးရူးဝါးတွေဖြစ်ကုန်မယ်😅😅😅

 #ခေတ္တနှုတ်ဆက်ခြင်း            ညီကိုတို့ ဒီကနေ့မှာတော့ 10Million Gaming ရဲ့ Admin G ဟာဆိုရင် ပညာရေးကြောင့် 2 နှစ်လောက်န...
13/06/2025

#ခေတ္တနှုတ်ဆက်ခြင်း

ညီကိုတို့ ဒီကနေ့မှာတော့ 10Million Gaming ရဲ့ Admin G ဟာဆိုရင် ပညာရေးကြောင့် 2 နှစ်လောက်နီးပါး ခရီးထွက်ရမှာဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ ကျွန်တော် (Admin G) ရဲ့စိတ်အချရဆုံးလဲဖြစ်တဲ့ ညီလေး Admin K ရဲ့လက်ထဲမှာ Page လေးကိုအပ်ထားရစ်ခဲ့ပါပြီ...

အရင်လိုဘောလုံးဟာသလေးတွေ မလုပ်အားတာလဲ ကြာနေပါပြီ.. ပြန်လာမှပဲ အသစ်သစ်သောတွေကို ဆက်လုပ်ပါတော့မယ်။ ဘရားသားတို့ မန်ယူပွဲကြည့်ရင်၊ ရော်နယ်ဒိုပွဲကြည့်ရင် ကျွန်တော်တစ်ယောက်စာအတွက်ပါ ပေါင်းပြီး အားပေးပါအုန်းဗျ။

ချစ်ခင်စွာဖြင့် Admin G💖

 #အရင်ကဇာတ်လမ်းလေး 😁😁😁
12/06/2025

#အရင်ကဇာတ်လမ်းလေး 😁😁😁

 #ဒီအဖိုးကြီးအတွက်ပျော်လွန်းလို့ကွာ          ပေါ်တူဂီသမိုင်းတစ်လျှောက် ဖလားသုံးလုံးရတယ်.. သုံးခုစလုံးမှာ သူ့နာမည်ပါတယ်.....
09/06/2025

#ဒီအဖိုးကြီးအတွက်ပျော်လွန်းလို့ကွာ

ပေါ်တူဂီသမိုင်းတစ်လျှောက် ဖလားသုံးလုံးရတယ်.. သုံးခုစလုံးမှာ သူ့နာမည်ပါတယ်...ဒါပါပဲ ❤

Photo Crd

 #ရင်နာနာဖြင့်ကြည့်ခဲ့သည် Gym မှာ လာဆော့နေကျ ကျွန်တော်နဲ့ခင်နေတဲ့ အကိုနဲ့ အမ  ရည်းစားအတွဲတစ်တွဲရှိတယ် ။သူတို့နှစ်ယောက် လ...
07/06/2025

#ရင်နာနာဖြင့်ကြည့်ခဲ့သည်

Gym မှာ လာဆော့နေကျ ကျွန်တော်နဲ့ခင်နေတဲ့
အကိုနဲ့ အမ ရည်းစားအတွဲတစ်တွဲရှိတယ် ။
သူတို့နှစ်ယောက် လာဆော့တဲ့အချိန်ဆိုရင်
gymဆော့ရင်း သူတို့အတွဲ roတာကို ကြည့်ရင်း
အားကျနေရတာပေါ့ဗျာ ။

ဟို အကိုက သူ့ရည်းစားဖြစ်တဲ့ အမနားကပ်ပြီး
ချွေးသုတ်ပေးလိုက် ၊ မောနေပြီလား ကလေးရေ
မေးလိုက် ။ ရေဘူးဖွင့်ပေးလိုက် ။
ဟိုအမက သောက်လိုက် ။

ဟိုအမကလည်း သူ့ရည်းစားနားကို ကပ်လိုက်။
တစ်ရှူးနဲ့‌ချွေးသုတ်ပေးလိုက် ။
ယူလာတဲ့အအေးတွေတိုက်လိုက် ။
မုန့်တွေကျွေးလိုက်နဲ့ ။ အဆင်တွေကို ပြေလို့ပေါ့ ။

ဘေးကကြည့်နေရတဲ့ ကျွန်တော်တို့ကသာ
သူတို့ကို ကြည့်ရင်း ကိုယ့်ဘ၀ကိုယ် အမောစို့နေရတယ်။

ဒါပေမဲ့ ဒီနေ့တော့ သူတို့အတွဲ အခြေအနေ
မကောင်းဘူးထင်တယ် ။ ရန်ဖြစ်လာတဲ့အတိုင်းပဲ ။
မျက်နှာ မကောင်းကြဘူး ။

အမကြီးက ပြေးစက်ပေါ်ပြေးရင်
အကိုကြီးက စက်ဘီးနင်းတဲ့ နေရာကိုလာဆော့တယ်။
အရင်ကဆို အတူတူ ဘေးချင်းယှဉ်ပြေးတာ။
ဒီနေ့ကျမှ တစ်ကွဲတစ်ပြား။

အမကြီးက တစ်ခြားစက် ဆော့နေရင်
အကိုကြီးက အမကြီးနဲ့ ဝေးတဲ့တစ်နေရာမှာဆော့တယ်။
နှစ်ယောက်သား စကားလည်း မပြောဘူး ။
အလေးတုံးတွေကိုသာ ဖိဆော့နေကြရော။

" သွေးအေးတိုက်ပွဲတွေ ၀င်နေတဲ့ အတိုင်းပါပဲလားဟေ့"

" အခြေအနေ မကောင်းဘူး ဆရာ ..."

ကျွန်တော်နဲ့ ကျွန်တော့် gym trainerက
သူတို့နှစ်ယောက်အခြေအနေကို အကဲခတ်ရင်း
ငြိမ်ငြိမ်လေး နေပေးလိုက်ရတယ်။
gym တစ်ရုံလုံးလည်း ဘာမှမပြောကြပဲ
တိတ်ဆိတ်လို့ပေါ့။

ခဏလောက်ကြာတော့ အမကြီးက အလေးတုံး
သွားယူတယ်။ အဲ့မယ် အကိုကြီးက ဘေးကနေလိုက်ပြီလိုက်ချော့နေပြီ။

" နင် ငါ့အသားကို မထိနဲ့ ...."

"ဒုန်းးးးး"

ကျွန်တော်က အမကြီးတော့ အလေးတုံးနဲ့ ခေါင်းကို
ဆော်ထည့်လိုက်ပြီကိုထင်တာ ။
ပြီးတော့မှ အအေးတုံးကြီးကို အောက်ကိုပစ်ချတာဖြစ်နေတယ် ။ သူ့ဘဲကိုတော့ သူ မလုပ်ရက်တဲ့ သဘော။
အရိုက်ခံရရင်လည်း ဟိုဘဲ အနည်းဆုံး၆ချက်လောက်တော့ အသာလေးချုပ်ရမှာ။
ပွဲကြီးပွဲကောင်းကို လွတ်သွားတယ် ။

ငါ့အသားကို မထိနဲ့လို့ အမကြီးကဆိုပေမဲ့
အကိုကြီးကတော့အမကြီးရဲ့ ပါးလေးနှစ်ဖက်ကို
ဆွဲညှစ်ရင်းချော့နေပြီ ။

" မထိနဲ့လို့ဆို ...."

" အာ ... ထိမှာပဲ...ထိမှာပဲ စိတ်ကောက်ပြေတဲ့ထိ
ထိနေမှာ "

"မထိနဲ့သွား ...."

" သွားဘူး ...ထိမှာပဲ"

အမကြီးက မျက်ရည်တွေပါ ဝဲလာ‌ပြီး ကျလာတယ်။

" နင် ... သိပ်ရက်စက်တာပဲ ကိုရယ် တဲ့"

" ချစ်ရယ် ... ကိုယ်တောင်းပန်နေပြီလေနော် ။
ချစ်စိတ်ကောက်ပြေတဲ့အထိ ကိုယ် တောင်းပန်မယ်"

နှစ်ယောက်သား ပြောနေတဲ့ တော်ကီတွေ ...
ဒိုင်ယာလော့ဒ်တွေကလုံး၀ကို drama ဆန်တယ် ဗျာ။

သူတို့ပြောနေတဲ့စကားသံတွေကို ကျွန်တော်က
လေ့ကျင့်ခန်းလုပ်နေသလိုလိုဘာလိုလိုနဲ့
ခိုးနားထောင်နေလို့ ကြားနေရတာ။
ကျွန်တော်တောင် အဲ့လယ့်မိုက်သားဟ ဆိုပြီး
ချီးကျူးနေသေးတယ် ။

ရန်ပွဲကို ပြန်အကဲခတ်လိုက်တော့ အချစ်ပွဲပြန်ဖြစ်နေပါပြီ။အမကြီး ရဲ့တင်းထားတဲ့ မျက်နှာက မချော့ခင်ကတည်းက ပျော့နေပြီ။
အကိုကြီးကလည်း အဲ့ဒါကိုသိတော့
မျက်ရည်တွေသုတ်ပေးရင်း ဟာသတွေလုပ်ပြီး
ချော့နေရော။

" ကဲဟယ် .... ကဲဟယ် .... ''

အမကြီးက ဟိုအစ်ကိုကြီး ပခုံးလေးကို
ဖြည်းဖြည်းလေးထုတယ် ။
ညင်ညင်သာသာလေး အားမရှိတဲ့ ပုံစံနဲ့ပေါ့ဗျာ။

ပြီးတော့ ရေဘူးဖွင့်ပေးတဲ့။ ရေဆာနေပြီတဲ့။
အကိုကြီးကလည်း ဖွင့်ပေးတယ်။
ချွေးတောင် သုတ်ပေးနေလိုက်သေးရော။

( ရေဖူးက အားမရှိလို့ ဖွင့်ခိုင်းတာလားမသိပေမဲ့
စောနက အဲ့အမကြီး 7.5KG အလေးတူံးကို
မျက်တောင် တစ်ချက်မခတ်ပဲ ပေါ့ပေါ့ပါးပါး မသွားတာကို ကျွန်တော်မြင်တယ်)

" ဘာလို့ ပစ်ထားတာလဲ "

အမကြီးက အကိုကြီးကို မျက်စောင်းထိုးပြီး
ပြောရော ။
အကိုကြီးကလည်း ပစ်ထားတာမဟုတ်ပါဘူးတဲ့။
ဘာလို့ ကိုယ့်ကိုblack list ထဲ ထည့်ထားရတာလဲတဲ့။
စိတ်ပူလို့ ဒီက ဖုန်းတွေခေါ်နေခဲ့ရတာတဲ့။

သူတို့နှစ်ယောက်သားလေး ပြန်အဆင်ပြေသွားတော့
အမကြီးကို အကိုကြီးက နမ်းခိုင်းတဲ့ပုံပဲ။
အမကြီးက gymထဲမှာ လူတွေ ရှိနေတယ်လေဆိုတဲ့ပုံစံ
ပြတော့ အကိုကြီးက ရဝူး ရဝူး ဆိုပြီး
ငြင်းနေတာကို တွေ့လိုက်ရတယ် ။

အမကြီးက လူလစ်ပြီထင်ပြီး အကိုကြီးကို
အာဘွားပေးတော့ လူက မလစ်ဘူး။
ကျွန်တော်က မှန်ထဲကနေ ချောင်းကြည့်နေတာ ။

သူတို့ စစ်ပြေငြိမ်းမှပဲ။
gymတစ်ရုံလုံးက ပြန်ပြီးစကားတွေပြော ဘာပြောနဲ့
အသက်၀င်လာပါတော့တယ် ။

ဘာမှမဟုတ်ဘူး ။
ဒီနေ့ တွေ့လာခဲ့ရတာကို အတင်းတုပ်ရုံသက်သက်ပဲ။
အဓိကကတော့ အတွဲတွေက ရန်ဖြစ်နေရင်တစ်မျိုး၊
ရန်မဖြစ်တော့ရင်တစ်မျိုး ။လုံး၀ကို အမျိုးမျိုးဆိုတာကို။

Crd #ခဲတံ

 #ခေါ်လိုက်တော့ခေါ်လိုက်တော့ 😁😁မူရင်းဓာတ်ပုံ-ခရက်ဒစ်
02/06/2025

#ခေါ်လိုက်တော့ခေါ်လိုက်တော့ 😁😁

မူရင်းဓာတ်ပုံ-ခရက်ဒစ်

🙄🙄🙄Crd
31/05/2025

🙄🙄🙄

Crd

 #အင်္ဂလန်ကညိုကီတို့            ဘယ်နိုင်ငံကလဲလို့မေးလာရင်.. မောင်မောင်လွင်နေတဲ့နိုင်ငံကလို့ဖြေလိုက်.. 😁😁Photo Crd
29/05/2025

#အင်္ဂလန်ကညိုကီတို့

ဘယ်နိုင်ငံကလဲလို့မေးလာရင်.. မောင်မောင်လွင်နေတဲ့နိုင်ငံကလို့ဖြေလိုက်.. 😁😁

Photo Crd

23/05/2025

#မနေနိုင်လို့ဝင်ပြောပါအုန်းမယ်

ဘယ်သူ့ကိုပွဲမထုတ်လို့..ဘာဖြစ်လို့ညာဖြစ်လို့...ပြောဆိုနေကြတာကွာ.. ငါလွမ်း.. အဲ့လောက်လွယ်နေတယ်ထင်ရင်.. မင်းတို့ပဲသွားနည်းပြလိုက်ကြပါလား... ရာသီဝက်နဲ့ မန်ယူကိုစကိုင်တယ်... ရှုံးပွဲမရှိစေပဲ ဖိုင်နယ်အရောက်ပို့ခဲ့တယ်...တော်ပြီပေါ့ကွာ.အဲ့လောက်ဆိုရင်.ရှိတာလေးနဲ့လှအောင်ဝတ်ထားရတာကွာ.. ဘာတွေအများကြီးမျှော်လင့်နေတာတုန်း.. မသိရင် မန်ယူကိုကိုင်နေတာ ဆယ်နှစ်လောက်ပဲကြာနေသလိုလို..သက်တော်ရှည်နည်းပြကြီးလိုလို..ပြောဆိုနေကြတာ.. အရေးမပါအရာပေး..

မင်းတို့ကြိုက်ကြိုက်မကြိုက်ကြိုက်.. ငါတော့ကြိုက်တယ်... ငါယုံကြည်တယ်.. ဒီရာသီအလုပ်မဖြစ်ခဲ့ဘူး..နောက်ရာသီဖြစ်လာလိမ့်မယ်.. အဲ့ချိန်ကျမှ အမိုရင်ကြီးကောင်းလိုက်တာ.. မန်ဖန်ပါဆိုပြီး အရှက်မရှိသာကူလာမလုပ်ကြနဲ့... ရင်ဘတ်နဲ့အားပေး.. နှလုံးသားနဲ့ချစ်... အသင်းအောင်မြင်မှအားပေးကြစတမ်းဆိုရင်..ငါ့ကောင်ရေ့... ပရိတ်သတ်မရှိတဲ့ အသင်းတွေတစ်ပုံတစ်ခေါင်းဖြစ်နေလိမ့်မယ်...

Video Crd

ที่อยู่

Mae Sai
06101

เบอร์โทรศัพท์

+959680926690

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 10Million Gamingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง 10Million Gaming:

ทางลัด

แชร์