13/04/2025
မကြာခင်မှာ Thailandကို study abroad သွားချင်တဲ့ကလေးတွေရောသွားဖို့ပြင်နေတဲ့ကလေးတွေအတွက်ဒီကနေလိုအပ်တာလေးတွေကိုsharingလေးလုပ်ပေးမယ်နော်✨
⭐️First stepအနေနဲ့ကတော့ High School Certificateတွေဖြစ်တဲ့ G12/GED/IGCSE/OSSD..အစရှိတာတွေပြင်ထားရပါမယ်။ နောက်တစ်ချက်အနေနဲ့တော့universityတွေကအဓိကတောင်းတဲ့ English Proficiencyတွေဖြစ်တဲ့ IELTS/Duolingo / English Score နဲ့ scholarshipလျှောက်ရင်မဖြစ်မနေလိုအပ်တဲ့SAT or others certificatesတွေကိုအဓိကပြင်ဆင်ဖြေဆိုထားရမှာဖြစ်ပါတယ်
ပထမပြောခဲ့တဲ့ဟာတွေကိုဖြေဆိုပြင်ဆင်ပြီးရင်နောက်ထပ်stepတစ်ခုအနေနဲ့ကတော့
⭐️ကိုယ်ကဘယ်majorကိုစိတ်ဝင်စားတယ် ၊ ကိုယ်တက်ချင်တဲ့majorကဘယ်ကျောင်းမှာranking မြှင့်လဲဆိုတာကိုအရင်ဆုံးလေ့လာထားရပါမယ် ဘယ်သူကပြောလို့သူငယ်ချင်းကတက်လို့လိုက်တက်တယ်ဆိုတာမျိုးမလုပ်ဘဲကိုယ်ကဘယ်majorကိုအားသာလဲ ဘယ်အပိုင်းကိုစိတ်ဝင်စားလဲဆိုတာကိုယ့်ကိုကိုယ်ပြန်သုံးသပ်ထားရပါမယ်
⭐️ကျောင်းကသတ်မှတ်ထားတဲ့requirementsတွေနဲ့ပြည့်စုံပြီလား?
ကိုယ်အဓိကရွေးချယ်ထားတဲ့ကျောင်းပေါ်မူတည်ပြီးadmissions requirementsတွေမတူညီနိုင်ပါဘူး။
ကျောင်းတွေရဲ့သက်ဆိုင်ရာwebsiteတွေမှာဝင်ကြည့်ပြီးကိုယ့်ဘက်ကလိုအပ်နေတာတွေဖြည့်စွက်ထားဖို့လဲလိုပါတယ်။ အထူးသဖြင့်English proficiencyတွေပါ။ universityတွေကသူတို့သတ်မှတ်ထားတဲ့score rateရမှတက်ခွင့်ရတာရှိသလို ကျောင်းမှာရှိတဲ့ English foundation/English majorတွေယူပြီးတက်လို့ရတဲ့universityတွေလဲရှိပါတယ်။ ကိုယ့်ဘက်ကသာပြည့်စုံအောင်ဖြည့်ထားရင်တော့အဆင်ပိုပြေပါတယ်နော်
⭐️self funded or scholarshipနဲ့လား??
Fully self fundedနဲ့လာမယ်ဆိုရင်တော့အထူးတလည်လုပ်စရာတော့မလိုပါဘူး။ကိုယ့်မိသားစုကထောက်ပံ့ထားနိုင်တယ်ဆိုရင်တော့ self fundedကအလွယ်ကူဆုံးနဲ့အလုပ်ရှုပ်တာမရှိသလောက်ပါပဲ။
အကယ်၍ဒီလိုမဟုတ်ဘဲself fundedနဲ့လာမယ်ဆိုရင်တော့ဖြည့်စွက်ပြင်ဆင်ရမယ့်အချက်တွေများပါတယ် များများလေ့လာဖို့လိုအပ်ပြီးuniversityအလိုက် လိုအပ်ချက်တွေကိုဖြည့်ထားရမှာဖြစ်ပါတယ် scholarship ရခဲ့မယ်ဆိုရင်လည်းကျောင်းအတွက်ဖြစ်စေ တခြားသောအရာတွေအတွက်ဖြစ်စေပြန်လည်အကျိုးပြုရမယ့်လုပ်ငန်းတွေရော စာတွေပါအချိန်နဲ့တပြေးညီလောက်ငအောင်လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် သေချာလေးစဉ်စားထားပြီးလေ့လာထားစေချင်ပါတယ်။scholarshipဆိုတဲ့အတိုင်းစာကတော့မဖြစ်မနေလုပ်ရမှာဖြစ်ပြီးstudent lifeကိုအသေအချာမဖြတ်သန်းနိုင်တာမို့မလျှောက်ခင်တည်းကကလေးတွေအားလုံးကိုစဉ်းစားချင့်ချိန်စေချင်ပါတယ်။
⭐️Monthly Expenses
abroadသွားပြီဆိုကတည်းကမိဘနဲ့ခွဲcomfort zoneတွေထဲကနေထွက်ပြီးနေရာသစ်မှာနေရပြီးလူသစ်တွေနဲ့တွေ့ရမှာဖြစ်တဲ့အတွက်mentallyပိုင်းကိုလည်းကြိုတင်ပြင်ဆင်ထားသင့်ပါတယ်နော် မိဘပို့ပေးတဲ့ပိုက်ဆံကိုချွေတာသုံးပြီးနေရမှာဖြစ်တဲ့အတွက်ကြောင့်တစ်လတာအသုံးစရိတ်အကြောင်းကိုလဲပြောပြပေးမယ်နော် စစချင်းလမှာတော့အသုံးစရိတ်ကတော့များနေမှာပါ ဝယ်စရာတွေဝယ်သင့်သလောက်ဝယ်ပါ နောက်ပိုင်းတွေကတော့ချွေတာနိုင်ရင်ချွေတာသလောက်ကောင်းကောင်းနေလို့အဆင်ပြေပါတယ် ကိုယ်နေမယ့်apartment or condoရွေးတာကိုလည်းဒီကနေကြိုပြီးပြင်ဆင်သွားသင့်ပါတယ် တစ်လကိုအနည်းဆုံးaverage rate - Bhat 10000/12000လောက်ဆိုကောင်းကောင်းနေလို့ရပါတယ်နော်
⭐️Air ticket
အားလုံးသိတဲ့အတိုင်းလေယာဉ်လက်မှတ်ကိုနီးမှဝယ်တာထက် ကြိုဝယ်ထားရင်စျေးလဲသက်သာပြီးအဆင်ပြေပါတယ်
Visaလုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် Air ticketကလိုအပ်တာမို့လို့စောစောဝယ်ထားလေ ကောင်းလေပါပဲနော် ဒါကြောင့်မို့ကျောင်းသားတွေအနေနဲ့ကျောင်းကdocumentsတွေရပြီးရင် air ticket ကိုချက်ချင်းဝယ်ထားသင့်ပါတယ်
⭐️other personal items
ညီမလေးတွေအနေနဲ့တော့ဒီကနေskin careတွေတစ်ကိုယ်ရည်သုံးပစ္စည်းလေးတွေအကုန်စုဆောင်းထားပြီးဒီကနေပဲယူသွားစေချင်ပါတယ်နော်
အဓိကကတော့ဆေးဝါးတွေပါ နေ့စဉ်သောက်နေကျဆေးတွေကိုတစ်ခါတည်းပဲထည့်သွားပါ ဟိုရောက်မှဝယ်တာထက်ဒီကနေဝယ်သွားရင်တော့ပိုအဆင်ပြေပါတယ် budgetချွေတာချင်တဲ့သူလေးတွေကတော့အစားအသောက်တွေအခြောက်အခြမ်းလေးတွေယူသွားပါနော်
⭐️Self-care
ဒါကတော့ကျောင်းသား/သူတွေအတွက်အရေးကြီးဆုံးပါပဲနော် အကုန်လူငယ်တွေကြီးပဲမို့အပျော်အပါးမက်ကြပေမယ့် မိဘတွေနဲ့ဝေးရာမှာမို့လို့ ကိုယ့်ကိုကိုယ်ထိန်းဖို့ self-controlလုပ်နိုင်ဖို့အရေးကြီးပါတယ်
နိုင်ငံခြားဆိုတည်းကဒီမှာလိုမဟုတ်ဘဲအစစအရာရာပွင့်လင်းကြတာမို့လို့သူတို့နိုင်ငံရဲ့cultureနဲ့အလိုက်အထိုက်နေရင်းကိုယ့်ကိုကိုယ့်ထိန်းကျောင်းပြီးနေသင့်ပါတယ်
အစရှိတာတွေကိုမသိသေးလို့မသေချာသေးလို့ ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့မင်မင်တို့pageရဲ့messengerမှာအသေးစိတ်လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်