22/09/2026
သာယာဝတီ လှိုင်ဝတီဆေးရုံကြီးမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသော ဆက်ဆံရေးနှင့် ပေါ့ဆမှုကြောင့် ညီမလေးတစ်ယောက် အသက်စွန့်ခဲ့ရသည့် ဖြစ်စဉ်အား အများပြည်သူ သိရှိသတိထားနိုင်ရန် ဝေမျှခြင်း
မမျှော်လင့်ဘဲ မိသားစုတစ်ခုလုံး ရင်ကွဲမတတ် ပူဆွေးသောက ရောက်ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုကို နောက်ထပ် မိသားစုတွေ ကျွန်မတို့လို အဖြစ်ဆိုးမျိုး မကြုံရအောင်နဲ့ သတိထား ဆင်ခြင်နိုင်ကြဖို့အတွက် မေတ္တာရှေ့ထားပြီး ရေးသားလိုက်ရပါတယ်။
ခွဲစိတ်ခန်းထဲ မဝင်ခင်အထိ အပြုံးလေးနဲ့ "သမီးလေးရဲ့ မေမေ ဖြစ်တော့မယ်" ဆိုပြီး ဝမ်းသာအားရ ဝင်သွားခဲ့တဲ့ ကျွန်မတို့ရဲ့ ညီမလေးဟာ ခွဲစိတ်ခန်းထဲက ပြန်ထွက်လာချိန်မှာတော့ ဘာသတိမှ ပါမလာတော့ဘဲ မျက်လုံးအိမ်ပါ သေနေခဲ့ရပါတယ်။
ဒါ့အပြင် ဆေးရုံဝန်ထမ်းတွေနဲ့ သူနာပြုတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ မသမာသော ဆက်ဆံရေးများ၊ လူနာအရေးပေါ် ရန်ကုန်ကို လွှဲပြောင်းကုသဖို့ ပြင်ဆင်ချိန်မှာလည်း -
၁။ လူနာအသက် အရေးကြီးနေသည့်အချိန်တွင် ဆေးဖိုးကျန်သည်များကို နောက်မှရှင်းမည်ဟု ပြောသော်လည်း လက်မခံဘဲ ဘောက်ချာ အကုန်ထွက်အောင် အေးဆေး လုပ်ဆောင်နေခဲ့ခြင်း၊
၂။ ဆေးဖိုး အကုန်ရှင်းပြီးမှ Ambulance ပေါ် အချိန်ဆွဲ တင်ပေးခဲ့ခြင်း၊
၃။ ဆေးရုံပြောင်းလွှဲသည့်အခါတွင်လည်း စနစ်တကျ လွှဲစာ (Referral Letter) တစ်စုံတစ်ရာမျှ ထည့်ပေးလိုက်ခြင်း မရှိဘဲ ပေါ့ဆစွာ လုပ်ဆောင်ခဲ့ခြင်း၊
စသည့် တာဝန်မဲ့ ပေါ့ဆမှုများစွာကြောင့် အရေးကြီးသော အချိန်များ ကြန့်ကြာခဲ့ရပြီး နောက်ဆုံးမှာတော့ ကျွန်မတို့ရဲ့ အသက်တမျှ ချစ်ရတဲ့ ညီမလေး အသက်စွန့်သွားခဲ့ရပါတယ်။
ဒီဖြစ်စဉ်မှာ တာဝန်ရှိသည့် သာယာဝတီ လှိုင်ဝတီဆေးရုံ မှ OG ဆရာမ ဒေါက်တာပြည့်ဖြိုးစံ နှင့်တကွ တာဝန်ရှိသူများအနေနဲ့ သူများမိသားစုကို ဒီလို ပူဆွေးသောကရောက်အောင် လုပ်ခဲ့သလိုမျိုး မခံစားရပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။
နေရာတိုင်းမှာ ညီမလေးရဲ့ ပုံရိပ်တွေကိုပဲ မြင်ယောင်နေရပြီး ရင်ကွဲမတတ် ခံစားနေရတဲ့ ကျွန်မတို့ မိသားစုလိုမျိုး နောက်ထပ် ဘာမသိညာမသိနဲ့ ဒုက္ခရောက်မယ့် လူတွေ မရှိရအောင်၊
အားလုံး သတိထား ရှောင်ရှားနိုင်ကြဖို့အတွက် ဒီဖြစ်စဉ် အစအဆုံးကို ဒေါသအလျောက် မဟုတ်ဘဲ အမှန်အတိုင်း သတိပေး ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။
#လှိုင်ဝတီ