Cele News ...

လားရှိုးက ချွေးမဖြစ်သူကို ခင်ပွန်းနဲ့ယောက္ခမတို့က သေဆုံးတဲ့အထိ ရိုက်သတ်မှုမှာ ခရစ်ယာန်ဘာသာကူးမဝင်လို့ ရိုက်တာလို့ သိရပြီ...
16/06/2026

လားရှိုးက ချွေးမဖြစ်သူကို ခင်ပွန်းနဲ့ယောက္ခမတို့က သေဆုံးတဲ့အထိ ရိုက်သတ်မှုမှာ ခရစ်ယာန်ဘာသာကူးမဝင်လို့ ရိုက်တာလို့ သိရ

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် ညနေပိုင်းက ရှမ်းမြောက် လားရှိုးမြို့မှာ ချွေးမဖြစ်သူက ရိုက်နှက်ခံရပြီး သေဆုံးတဲ့ ဖြစ်စဉ်ဟာ ခရစ်ယာန်ဘာသာ မဝင်လို့ ခင်ပွန်းဖြစ်သူနဲ့ မိသားစုဝင်တွေက ဝိုင်းရိုက်တာလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သေဆုံးသွားတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးဟာ ရွှေရင်ကျော်ဂိုဏ်းဝင် ဖြစ်ပြီး ၎င်းရဲ့ ယောက္ခထီးဖြစ်သူ သင်းအုပ်ဆရာ ဦးယောဟန်က ခရစ်ယာန်ဘာသာဝင်ဖို့ ပြောရာကနေ မဝင်တာကြောင့် မိသားစုလိုက် အိမ်ထဲပိတ်ပြီး ဝိုင်းရိုက်ခဲ့တာလို့ သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

"သူ့ယောက်ျားအဖေက သင်းအုပ်ဆရာ ဦးယောဟန်။ ချွေးမဖြစ်သူကို ဘာသာရေးအရ စည်းရုံးမရတော့ အကြမ်းနည်းသုံးတာ။

ကလေးမက ရွှေရင်ကျော်ဂိုဏ်းဝင်ထားတယ်။ အိမ်သော့ခတ်ပြီး ၄ ယောက်က ၁ ယောက်ကို ဝိုင်းရိုက်တာ" လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး တအာင်းလူမျိုးဖြစ်ကာ ရိုက်နှက်ခံရမှုကြောင့် ဦးခေါင်းမှာ ကွဲအက်နေတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ နောက်ထပ် လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

"ဦးခေါင်းကို နံရံနဲ့ ဆောင့်တာနေမှာ။ ဦးခွံလေးနေရာ ကွဲတယ်။

လည်ပင်းရိုးလည်း ကျိုးသွားတယ်။ အချက်ပေါင်း ရာချီ ရိုက်ခံရတဲ့ ပုံစံပဲ" လို့ ဆိုပါတယ်။

လက်ရှိမှာ တရားခံ ဦးယောဟန်နဲ့ ၎င်းရဲ့ သားဖြစ်သူ အပါအဝင် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးထားပြီး ဘယ်လို အရေးယူမှုတွေ လုပ်ဆောင်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

#လားရှိုး

ခင်ပွန်းနဲ့ တရားဝင်ကွာရှင်းခွင့် ရလိုက်ပြီဖြစ်တဲ့ အေးငြိမ်းဆွေ 🥰🥰🥰သူမ ပရိသတ်တွေကတော့ သူမကိုယ်စား ဝမ်းသာပျော်ရွှင်နေခဲ့ကြ...
16/06/2026

ခင်ပွန်းနဲ့ တရားဝင်ကွာရှင်းခွင့် ရလိုက်ပြီဖြစ်တဲ့ အေးငြိမ်းဆွေ 🥰🥰🥰

သူမ ပရိသတ်တွေကတော့ သူမကိုယ်စား ဝမ်းသာပျော်ရွှင်နေခဲ့ကြသလို သူမကိုယ်တိုင်လည်း ဒီနေ့လေးကို ဝမ်းသာနေခဲ့တာတွေ့ရပါတယ်။

သူမဟာ ခင်ပွန်းဆီက ကွာရှင်းခွင့်တောင်းထားပြီး သူမတို့ ဇနီးမောင်နှံကြားမှာ ပြဿနာအချို့ဖြစ်ပွားခဲ့တာလည်း သူမဘက်က ရှင်းပြထားခဲ့ပြီးဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ကွာရှင်းခွင့်ကိုရလိုက်ပြီဖြစ်တာကြောင့် သူမဟာ အလှဆုံးပြင်ဆင်ပြီး ကွာရှင်းစာချုပ် ၊ ပန်းစည်းနဲ့အတူ ပျော်ရွှင်ဝမ်းမြောက်နေကြောင်း ဖော်ကျူးပြခဲ့ပါတယ်။

ရွှေတွေအပြည့်ထည့်ထားတဲ့ အိတ်ကို ပြန်ပေးတဲ့ တက္ကစီသမားအား ရွှေနှင့် ငွေသားများ ထိုက်တန်စွာ ဆုချဘတ် ၁၃ သန်းကျော် တန်ဖိုးရှ...
16/06/2026

ရွှေတွေအပြည့်ထည့်ထားတဲ့ အိတ်ကို ပြန်ပေးတဲ့ တက္ကစီသမားအား ရွှေနှင့် ငွေသားများ ထိုက်တန်စွာ ဆုချ

ဘတ် ၁၃ သန်းကျော် တန်ဖိုးရှိတဲ့ ရွှေတွေကို ပိုင်ရှင်ဆီ ရိုးရိုးသားသား ပြန်အပ်ခဲ့တဲ့ ထိုင်းတက္ကစီဒရိုင်ဘာတစ်ဦးကို ရွှေဆိုင်ပိုင်ရှင်သူဌေးက ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဘတ် ၂ သိန်းတန်ကြေးရှိ ရွှေ ဆွဲကြိုးကို ပြန်လည်ဆုချလိုက်ပါတယ်။

အသက် ၆၀ အရွယ် ရွှေဆိုင်ပိုင်ရှင် အီကာရတ်ဟာ ဘန်ကောက်မြို့ကနေ ရွှေထည်တွေ သွားဝယ်ပြီးအပြန် အသက် ၅၆ နှစ်အရွယ် ဆပ်ဆီ မောင်းတဲ့ တက္ကစီပေါ်မှာ ရွှေတွေအပြည့်ထည့်ထားတဲ့ အိတ်ကို မေ့ကျန်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအိတ်ထဲမှာ အလေးချိန် ၈ ကီလိုဂရမ်ကျော်ရှိတဲ့ ရွှေထည်တွေ ပါဝင်ပြီး စုစုပေါင်းတန်ဖိုးကတော့ ထိုင်းဘတ်ငွေ ၁၃ သန်းကျော်ထိ ရှိပါတယ်။

တက္ကစီဒရိုင်ဘာ ဆပ်ဆီဟာ ကားပေါ်မှာ ရွှေအိတ်ကြီး ကျန်ခဲ့တာကို တွေ့တဲ့အခါ ပိုင်ရှင်ထံ ပြန်ပေးဖို့အတွက် ရေဒီယိုအသံလွှင့်ဌာနနဲ့ ရဲစခန်းဆီ ချက်ချင်း ဆက်သွယ်ခဲ့ပါတယ်။

ရွှေဆိုင်ပိုင်ရှင်သူဌေးကလည်း မိမိရဲ့ ရွှေတွေကို စိတ်ချလက်ချ ပြန်လည်ရရှိသွားတဲ့အတွက် အလွန်ဝမ်းသာပြီး တက္ကစီဒရိုင်ဘာရဲ့ မွန်မြတ်လှတဲ့ ရိုးသားမှုကို ကျေးဇူးတင်တဲ့အနေနဲ့ ဘတ် ၂ သိန်းလောက်တန်တဲ့ ရွှေဆွဲကြိုး ၂ ကုံးနဲ့အတူ ငွေသား ဘတ် ၃ သိန်းကိုပါ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခဲ့ပါတယ်။

အခုလို ငွေမက်တဲ့ခေတ်ကြီးထဲမှာ ထိုင်းတ္ကစီဒရိုင်ဘာရဲ့ စံနမူနာပြ ရိုးသားမှုနဲ့ ရွှေဆိုင်ပိုင်ရှင်ရဲ့ စေတနာအလှ တုံ့ပြန်မှုတွေဟာ ကြားရသူတိုင်းကို စိတ်ချမ်းမြေ့စေပြီး လူသားချင်းစာနာမှုအလှကို မြင်တွေ့ရစေတာဖြစ်ပါတယ်။

ပဲခူးတိုင်း ကဝမြို့နယ်တွင် ရက်စက်ကြမ်းကြုတ်သည့် လေးလောင်းပြိုင် လူသတ်လုယက်မှု ဖြစ်ပွား၊ ကျူးလွန်သူ ၅ ဦးကို ဖမ်းဆီးရမိထား...
16/06/2026

ပဲခူးတိုင်း ကဝမြို့နယ်တွင် ရက်စက်ကြမ်းကြုတ်သည့် လေးလောင်းပြိုင် လူသတ်လုယက်မှု ဖြစ်ပွား၊ ကျူးလွန်သူ ၅ ဦးကို ဖမ်းဆီးရမိထား

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ရွှေဘုံသာကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က တစ်မိသားစုလုံးကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ရွှေနှင့် ငွေများ လုယက်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် အသက် ၁၁ နှစ်နှင့် ၉ နှစ်အရွယ် ကျောင်းသား/သူ ကလေးငယ်နှစ်ဦး အပါအဝင် မိသားစုဝင် ၄ ဦး ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ရပြီး၊ လေးနှစ်အရွယ် ကလေးငယ်တစ်ဦးသာ အသက်မသေဘဲ ပြင်းထန်ဒဏ်ရာများဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။

ကျူးလွန်သူများသည် ၎င်းတို့၏ ကြွေးမြီးများဆပ်ရန်အတွက် နေအိမ်ရှိ ရွှေ ၄ ကျပ်သားနှင့် ငွေကျပ်သိန်း ၁၀၀ ကို လုယက်ခဲ့ကြပြီး၊ ကလေးများက မှတ်မိသွားသည့်အတွက် အစဖျောက်သည့်အနေဖြင့် ယခုကဲ့သို့ တစ်မိသားစုလုံးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

လတ်တလောတွင် ပြစ်မှုကျူးလွန်သူဟု ယူဆရသည့် တစ်ရွာတည်းနေ အမျိုးသား ၅ ဦးကို ဖမ်းဆီးရမိထားပြီး ဖြစ်သော်လည်း ပါရှိသွားသည့် ပစ္စည်းများ ပြန်မရသေးကြောင်း သိရပါတယ်။

မလေးရှားမှ အရေးပေါ် ပြန်လာခဲ့ရသည့် ဖခင်ဖြစ်သူနှင့် ကျန်ရစ်သူ မိသားစုဝင်များက ဤအမှုကို ပေါ့ပေါ့တန်တန် မလုပ်ဘဲ တရားခံများကို ထိုက်တန်သည့် ပြင်းထန်သော ပြစ်ဒဏ်များ ပြတ်ပြတ်သားသား ချမှတ်ပေးရန် တောင်းဆိုထားကြပါတယ်။

သေဆုံးသွားရရှာသည့် မိသားစုဝင် ၄ ဦးအတွက် အထူးပင် စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည် 🙏။

#လေးလောင်းပြိုင်လူသတ်မှု #တရားမျှတမှု #ကဝမြို့နယ် #ဝမ်းနည်းကြေကွဲရပါသည်

ကိုဝင်းခိုင်၏ မြန်မာပြည်မှ အမျိုးသမီး မသီတာဌေး(လင်ကွင်းရွာ၊ နတ်တလင်းမြို့၊ ပြည်မြို့နယ်၊ ပဲခူးတိုင်း) သိစေရန်.....2025 ခ...
16/06/2026

ကိုဝင်းခိုင်၏ မြန်မာပြည်မှ အမျိုးသမီး မသီတာဌေး(လင်ကွင်းရွာ၊ နတ်တလင်းမြို့၊ ပြည်မြို့နယ်၊ ပဲခူးတိုင်း) သိစေရန်.....

2025 ခုနှစ် (၈) လပိုင်းကတဲက မလေးရှားနိုင်ငံ Johor ပြည်နယ် Pekan Nenas လဝကထိန်းသိမ်းရေးစခန်းမှာ ကိုဝင်းခိုင် ထိမ်းသိမ်းခံထားရပါတယ်

မြန်မာပြည်ပြန်ဖို့ မိသားစုနှဲ့အဆက်အသွယ် မရှိခဲ့တာကြောင့် လိုအပ်တဲ့ အထောက်အထားများ မရရှိပဲ ထိမ်းသိမ်းရေးစခန်းမှာကြာနေပါသည်

ယခုအခါ ကိုဝင်းခိုင်၏ ကျန်းမာရေးအခြေအနေမှာ တဖြည်းဖြည်းချို့တဲ့လာပါသဖြင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန် သူ့အမျိုးသမီးဆီမှ စာရွာစာတမ်းအထောက်အထားများ လိုအပ်နေပါသည်

အမည် : ကိုဝင်းခိုင်

အဖအမည် : ဦးကြည်

အမိအမည် : ဒေါ်လှရီ

အမျိုးသမီးအမည် :မသီတာဌေး
(လင်ကွင်းရွာ၊ နတ်တလင်းမြို့၊ ပြည်မြို့နယ်၊ ပဲခူးတိုင်း)

မသိတာဌေး သိရှိပြီးလျင် မလေးရှားနိုင်ငံမှ
ကိုသီဟမောင်မောင် +6012-3888480 ကို
အမြန်ဆုံးးးဆက်သွယ်ပေးပါ တဲ့......

တဆင့်စကား တဆင့်နား ဆိုသလို
မသီတာဌေးသိစေနိုင်ပါစေ

မသီတာဌေး တွေ့အောင်မြင်အောင်လို့ ရှယ်ပေးသွားကြပါအုံးနော်🙏🙏


゚viralシ ..

ခင်ပွန်းဖြစ်သူ တူမအရင်းနှင့် ဖောက်ပြန်မှုကြောင့် စိတ်ဒဏ်ရာပြင်းထန်စွာ ခံစားခဲ့ရသည့် ချင်းအမျိုးသမီးတစ်ဦး သားငယ်နှင့်အတူ ...
16/06/2026

ခင်ပွန်းဖြစ်သူ တူမအရင်းနှင့် ဖောက်ပြန်မှုကြောင့် စိတ်ဒဏ်ရာပြင်းထန်စွာ ခံစားခဲ့ရသည့် ချင်းအမျိုးသမီးတစ်ဦး သားငယ်နှင့်အတူ မိမိကိုယ်မိမိ အဆုံးစီရင်၊ သားအမိနှစ်ဦးစလုံး ကွယ်လွန်

ဇွန် ၁၅

ကနေဒါနိုင်ငံ၊ ကယ်ဂရီ (Calgary) မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဖလမ်းမြို့ဇာတိ ချင်းတိုင်းရင်းသူ အသက် (၄၃) နှစ်အရွယ် မေရီတွမ်ကိပ်ဆုန်း (Mary Thuam Kip Sung) သည် ခင်ပွန်းဖြစ်သူ၏ ဖောက်ပြန်မှုကြောင့် စိတ်ကျရောဂါ ပြင်းထန်စွာ ခံစားခဲ့ရပြီးနောက်

ဇွန်လ ၁၀ ရက်နေ့က ၎င်း၏ အသက် (၇) နှစ်အရွယ် သားငယ်နှင့်အတူ အဆိပ်သောက်ကာ မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့သည့် စိတ်မကောင်းဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

မေရီတွမ်ကိပ်ဆုန်း၏ ခင်ပွန်းဖြစ်သူသည် ၎င်း၏ မောင်နှမအရင်းမှ မွေးဖွားသည့် တူမတော်စပ်သူ အသက် (၂၂) နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ဖောက်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် မေရီတွမ်ကိပ်ဆုန်းသည် (၄) နှစ်မျှ ကြာမြင့်သည့်တိုင် စိတ်ကျရောဂါနှင့် စိတ်ဒဏ်ရာများကို ပြင်းထန်စွာ ဆက်လက်ခံစားခဲ့ရပြီးနောက် ဇွန်လ ၁၀ ရက်နေ့တွင် မိခင်ဖြစ်သူနှင့် သားဖြစ်သူ အဘီဒန် လာလ်လျန်ထန်း (Abidan Lal Lian Thang) တို့ သားအမိနှစ်ဦးစလုံး အဆိပ်သောက်ကာ အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

ကွယ်လွန်သူ မိခင် မေရီတွမ်ကိပ်ဆုန်းနှင့် သားဖြစ်သူ အဘီဒန်တို့၏ နာရေးစျာပနအခမ်းအနားနှင့် သင်္ဂြိုဟ်မည့် အစီအစဉ်ကို လာမည့် ဇွန်လ ၂၀ ရက် (စနေနေ့) နံနက် ၁၀:၀၀ နာရီတွင် ကနေဒါနိုင်ငံ၊ Calgary မြို့ရှိ Mountain View Funeral Home & Cemetery (လိပ်စာ - 1605 100 St SE, Calgary, AB, Canada) ၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ထို့ပြင် ဝတ်ပြုကိုးကွယ်ခြင်းနှင့် ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်များကိုမူ ၎င်းနေ့ မွန်းလွဲ ၁:၀၀ နာရီမှ ည ၁၀:၀၀ နာရီအထိ RUNDLE COMMUNITY HALL (လိပ်စာ - 2409 50 St NE, Calgary, AB, Canada) တွင် ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း နာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်း - ချင်းလေး

ကညွှတ်ကွင်းမှာ ကလေးငယ် မောင်နှမသုံးယောက်လုံးရေနစ်သေဆုံး ပဲခူးတိုင်း ၊ ဖြူးမြို့နယ် ၊ ကညွှတ်ကွင်းမြို့ ၊ ခင်တန်းရပ်ကွက်မှ...
16/06/2026

ကညွှတ်ကွင်းမှာ ကလေးငယ် မောင်နှမသုံးယောက်လုံးရေနစ်သေဆုံး

ပဲခူးတိုင်း ၊ ဖြူးမြို့နယ် ၊ ကညွှတ်ကွင်းမြို့ ၊ ခင်တန်းရပ်ကွက်မှာ လူမမယ် ကလေးငယ် မောင်နှမသုံးယောက် ရေနစ်သေဆုံး မှုဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

မနေ့က ဇွန် ၁၅ ရက်နေ့ ၊ နေ့လယ်ပိုင်းမှာ ကလေးငယ်သုံးယောက်ဟာ ခင်တန်းရပ်ကွက် ၊သင်္ချိုင်းကုန်းအနီးက မြေတူးဖော်ထားတဲ့ ရေအိုင်ထဲမှာ ရေနစ်သေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

သေဆုံးတဲ့ကလေးငယ်သုံးယောက်မှာ အသက် ၁၂ နှစ်အရွယ်တွေဖြစ်တဲ့ မောင်ကြယ်စင်အေး နဲ့ မောင်ကြယ်စင်အောင်တို့က အမွှာဖြစ်ပြီး အသက် ၇ နှစ်အရွယ် မဇွန်ပန်းဖြူ ကအငယ်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

" သတင်းရတော့ ၂ နာရီလောက်ဖြစ်မယ်။ ရေနစ်တယ်ဆိုတော့ ရဲကိစ္စဘာညာပြီးတော့ ဆေးရုံကိုပို့လိုက်တယ်။ အဲဒီကမှ အိမ်ကိုပြန်သယ်တာပေါ့။ ဖြစ်တာက ကလေးတွေနေတဲ့ ခင်တန်း တိုးချဲ့မြေနေရာ သင်္ချိုင်းကုန်းနားက မြေကြီးတွေတူးယူထားတဲ့ ကန်ရှိတယ်။

အဲဒီထဲမှာသေဆုံးနေတာ။ အမွှာက လေး တန်း ၊ အငယ်က နှစ်တန်းပါ။ " လို့ ကူညီကယ်ဆယ်ရေး လုပ်ခဲ့သူတယောက်က ပြောပါတယ်။

ကလေးတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး ရေနစ်သေဆုံးတာမှန်ကြောင်း အတည်ပြုပြီးနောက် အလောင်းကို နေအိမ်ပြန်လည်သယ်ဆောင်ထားကာ မနက်ဖန် ဇွန် ၁၇ ရက်မှာ သဂြိုလ်မှာ ဖြစ်တယ်လို့ သိရပါတယ် ။

မေ ၂၂ ရက်နေ့ကလည်း ပဲခူးမြို့က ဇလပ်ထော်ရေလှောင်တမံမှာ ရေဆင်းကူးတဲ့ ကလေးငယ်လေးယောက် ရေနစ်သေဆုံးမှုရှိ ခဲ့တယ်လို့ သိရပါတယ်။

မေ ၁၇ ရက်နေ့ကလည်း မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ရပ်ကွက်ကြီး (၁၂)၊ရေချမ်းအိုး(တောင်)ရွာရှိ ဖက်ဆွတ်ကန်မှာ အသက် ၁၀ နှစ်အရွယ် ကျောင်းသားကလေးငယ်သုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မေ ၁၁ ရက်ကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ စက်ကန်အမှတ်(၄) (ကန်နီရေကန်)မှာ လူငယ် အမျိုးသားခြောက်ယောက် ရေဆင်းကူးတာမှာ နှစ်ယောက်က ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မေ ၁၀ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာက သဲချောင်းမှာ ရေဆင်းကူးရာကနေ မောင်နှမသုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မေ ၇ ရက် ညကလည်း မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ၊ ဇရပ်ဖြူကျေးရွာ ဇီးတောချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ် ။

အလားတူ မေ ၃ ရက်ကလည်း ကျောက်ဆည်မြို့နယ် ၊ အနောက်ငယ်တိုးကျေးရွာရှိ ပန်းလောင်ချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသမီးတယောက် ရေနစ်သေဆုံး ခဲ့ပါတယ်။

ဧပြီ ၉ ရက်နေ့ကလည်း မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ တောင်ကုန်းရပ်ကွက် မြစ်ဆိပ် မြစ်သာမြစ်ထဲမှာ ရေချိုးတဲ့ အမျိုးသမီး တယောက်နဲ့ အမျိုးသား တယောက် ရေနစ်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

မတ် ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ရေဆင်းချိုးတဲ့ ကလေးငါးယောက်အနက် သုံးယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ် ။

အလားတူ မတ် ၄ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်မှာလည်း ချင်းတွင်းမြစ်အတွင်း ရေဆင်းကစားတဲ့ ကျောင်းသား ၊ ကျောင်းသူ ၁၁ ယောက်နက် လေးယောက်မှာ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်ကလည်း မန္တလေးတိုင်း ၊ မြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ညီအစ်ကိုနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ - ကညွှတ်ကွင်းနာရေးကူညီမှု အသင်း
#ပဲခူး #ဖြူး #ကညွှတ်ကွင်း #မောင်နှမသုံးယောက်ရေနစ်သေဆုံး

သင်္ဘောအင်ဂျင်ခန်းမီးလောင်ပြီးကွယ်လွန်ခဲ့တဲ့ခင်ပွန်းရဲ့ ရုပ်အလောင်းကို (၄) လနီးပါး ကြာမှာ သဂြိုဟ်ခဲ့ရတဲ့ ဇနီးလောကကြီးမှာ...
15/06/2026

သင်္ဘောအင်ဂျင်ခန်းမီးလောင်ပြီးကွယ်လွန်ခဲ့တဲ့ခင်ပွန်းရဲ့ ရုပ်အလောင်းကို (၄) လနီးပါး ကြာမှာ သဂြိုဟ်ခဲ့ရတဲ့ ဇနီး

လောကကြီးမှာ ကိုယ်အချစ်ရဆုံး "ခင်ပွန်းသည် ပင်လယ်ပြင်ကြီးထဲမှာ အသက်ဆုံးရှုံးသွားတယ်ဆိုတဲ့ သတင်းလောက် ဇနီးသည်တစ်ယောက်အတွက် ရင်ကွဲစရာကောင်းတာ" မရှိတော့ပါဘူး။

အခုလည်း နိုင်ငံခြားမှာ အလုပ်သွားလုပ်ရင်း မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ရတဲ့ ယောကျ်ားဖြစ်သူရဲ့ ရုပ်ကလပ်ကို (၄) "လနီးပါးကြာအောင် နေ့တိုင်း မျက်ရည်နဲ့ စောင့်မျှော်ခဲ့ရတဲ့ "ဇနီးသည်ရဲ့ ရင်နင့်စရာ အဖြစ်အပျက်လေးကို "မျှဝေပေးချင်ပါတယ်။

ပင်လယ်ပြင်က အင်ဂျင်ခန်းထဲမှာ ရုတ်တရက်
ကြွေလွင့်ခဲ့ရသူ
ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့က တရုတ်နိုင်ငံ "ကမ်းလွန်ပင်လယ်ပြင်မှာ စင်ကာပူမှတ်ပုံတင် ကုန်တင်သင်္ဘော {Bulk Carrier MANDY} ဟာ ရုတ်တရက် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အင်ဂျင်ခန်း မီးလောင်မှု အထဲမှာ" မြန်မာသင်္ဘောသား (၂) ဦး သေဆုံးခဲ့ရပြီး၊ အဲဒီအထဲက" တစ်ဦးကတော့ အသက် (၃၄) နှစ်အရွယ် အင်ဂျင်သင်္ဘောသား ကိုသက်ထူးကျော် ပဲ ဖြစ်ပါတယ်။

၁၆ ရက်နေ့က ဖုန်းပြောတာ နောက်ဆုံးပဲ ကိုရေ
မသေဆုံးခင် တစ်ရက်အလို (၁၆) ရက်နေ့မှာ ကိုသက်ထူးကျော်က ဇနီးဖြစ်သူ မဆုလဒ်ရတနာ ဆီကို ဖုန်းခေါ်ခဲ့ပါသေးတယ်။

ကို နေမကောင်းဘူး မိန်းမကို ယောကျ်ား အရမ်းချစ်တယ်၊ စိတ်မချဘူး လို့ ပြောခဲ့တာဟာ သူ့ရဲ့ နောက်ဆုံး နှုတ်ဆက်စကား ဖြစ်ခဲ့ရပါတယ်။

ခင်ပွန်းသည် ဆုံးပါးသွားတဲ့ အချိန်မှာ ဇနီးသည် မဆုလဒ်ရတနာ က ကို ဘယ်ရောက်နေလဲဟင် ကို ပြန်လာမှာမလား ကြိုချင်သေးတယ် ကိုရေ ကို လိမ်တာမလား၊ သမီးလေးက ဖေဖေရော မေးရင် ရင်ကွဲမတတ်ပါပဲ ကိုရေဆိုပြီး ရေးသားခဲ့တဲ့ စာလေးတွေက ဖတ်ရသူတိုင်းကို မျက်ရည်ကျစေခဲ့ပါတယ်။

ကိုသက်ထူးကျော်ဟာ မိန်းမနဲ့ သမီးလေးကို အမြဲတမ်း စိတ်မချဖြစ်နေတတ်ပြီး သူငယ်ချင်းတွေကိုတောင် သူ့မိန်းမကို စောင့်ရှောက်ပေးဖို့ အမြဲမှာတမ်းချွေတတ်တဲ့ မိသားစုကို သိပ်ချစ်တဲ့ ဖခင်ကောင်း တစ်ယောက်ပါ။

(၄) လနီးပါး စောင့်ခဲ့ရပြီး (၁) မိနစ်သာ တွေ့ခွင့်ရတဲ့ နောက်ဆုံးနှုတ်ဆက်ခြင်း
ဇနီးသည်ခမျာ နေ့စဉ်နဲ့အမျှ မျက်ရည်တွေနဲ့ မျှော်လင့်စောင့်စားနေခဲ့ရတဲ့ ခင်ပွန်းဖြစ်သူရဲ့ ရုပ်ကလပ်ဟာ သေဆုံးပြီး လေးလပြည့်ဖို့ (၂) ရက်အလို ဇွန်လ (၁၄) ရက်နေ့ ကျမှသာ "လေယာဉ်နဲ့ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာခဲ့တာပါ။

အဲဒီနေ့ နေ့လယ်မှာပဲ "ကျီစုသုဿာန်မှာ သင်္ဂြိုဟ်ခဲ့ရပြီး... သံသေတ္တာ၊ သစ်သားသေတ္တာတွေကို ဖွင့်ပြီးချိန်မှာ ဇနီး၊ သမီးနဲ့ ဆွေမျိုးတွေဟာ" ကိုသက်ထူးကျော်ရဲ့ ရုပ်ကလပ်ကို တစ်မိနစ်လောက်သာ မြင်တွေ့လိုက်ရပြီး အပြီးတိုင် နှုတ်ဆက် ခွဲခွာလိုက်ရပါတော့တယ်။

ကျန်ရစ်သူ ဇနီးသည်နဲ့ သမီးလေးအတွက် ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့. ကိုသက်ထူးကျော် တစ်ယောက် ကောင်းရာသုဂတိ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီရင်နင့်စရာ သတင်းလေးကို ဝိုင်းဝန်း မျှဝေ (ပေးသွားကြပါဦးခင်ဗျာ။🙏

ရန်ကုန်ကလေးဆေးရုံကြီးမှာ ရင်ချင်းဆက်အမြွှာညီအစ်မ မကြာညိုသင်းနှင့်" မကြာညိုသိမ့်တို့အား ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရ...
15/06/2026

ရန်ကုန်ကလေးဆေးရုံကြီးမှာ ရင်ချင်းဆက်အမြွှာညီအစ်မ မကြာညိုသင်းနှင့်" မကြာညိုသိမ့်တို့အား ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

​အသက် (၂) နှစ်နှင့် (၅) လအရွယ်ရှိပြီဖြစ်တဲ့ ရင်ချင်းဆက်အမြွှာ မိန်းကလေးငယ်နှစ်ဦးကို (၁၁-၆-၂၀၂၆) ရက်နေ့ နံနက် (၁၀:၁၀) နာရီမှစတင်ကာ စုစုပေါင်း ခွဲစိတ်ချိန် ၉ နာရီ ၃၅ မိနစ် ကြာအောင်" ကြိုးပမ်းခွဲစိတ်ခဲ့ကြတာဖြစ်ပြီး အခုအခါမှာတော့ အထူးကြပ်မတ်ကုသဌာန (ICU) မှာ အောင်မြင်စွာ" စောင့်ကြည့်ကုသလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။

​ ဦးဆောင်ကုသပေးခဲ့ကြသည့် ဆေးပညာရှင်ကြီးများ

​ဒီခွဲစိတ်မှုကြီး အောင်မြင်ဖို့အတွက် "အတွေ့အကြုံရင့် ဆရာဝန်ကြီးတွေ" စုပေါင်းအင်အားနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ် ။

​ဦးဆောင်စီမံခန့်ခွဲမှု - ဒေါက်တာအောင်ထွန်းဦး (ဆေးရုံအုပ်ကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး)

​ခွဲစိတ်ကုသမှုအဖွဲ့ (၁) - ပါမောက္ခဒေါက်တာညိုညိုဝင်း (ကလေးခွဲစိတ်) နှင့် "ပါမောက္ခဒေါက်တာဖုန်းမြင့် (မေ့ဆေး) ခေါင်းဆောင်သောအဖွဲ့။

​ခွဲစိတ်ကုသမှုအဖွဲ့ (၂) - ပါမောက္ခဒေါက်တာမြမြလှိုင် (မန္တလေးကလေးဆေးရုံကြီး)" နှင့် ပါမောက္ခဒေါက်တာမြစိုး (မေ့ဆေး) ခေါင်းဆောင်သောအဖွဲ့။

​ကလေးအထူးကုအဖွဲ့ - ပါမောက္ခဒေါက်တာသဇင်မွန် ခေါင်းဆောင်သော "ရန်ကုန်ကလေးဆေးရုံကြီးနှင့် ရန်ကင်းကလေးဆေးရုံကြီးတို့မှ အဖွဲ့များ။

​သူနာပြုအဖွဲ့ - သူနာပြုအုပ် "ဒေါ်မိုးယုယုခိုင် ခေါင်းဆောင်သော သူနာပြုများအဖွဲ့

​အပြင် အငြိမ်းစားကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ခွဲစိတ်၊ နှလုံးနှင့်သွေးကြော၊ အသည်းခွဲစိတ်ပညာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူး ဆရာဝန်ကြီးများလည်း" တက်ညီလက်ညီ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

​သမီးငယ်နှစ်ဦး အမြန်ဆုံးကျန်းမာကြံ့ခိုင်ပြီး သာမန်ကလေးငယ်များကဲ့သို့ ပျော်ရွှင်စွာ" ဖြတ်သန်းနိုင်ပါစေကြောင်းနှင့် ခဲရာခဲဆစ် ခွဲစိတ်မှုကို အောင်မြင်အောင် စွမ်းဆောင်ပေးခဲ့ကြတဲ့ "မြန်မာ့ဆေးပညာရှင်ကြီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ အလေးပြု ဂုဏ်ယူမိပါတယ်ခင်ဗျာ။

အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ စပိန်အမျိုးသမီး ဆန္ဒအလျောက် ဆေးထိုး အဆုံးစီရင်ပြီး ကွယ်လွန်။စပိန်နိုင်ငံမှာ အုပ်စုဖွဲ့ ...
15/06/2026

အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ စပိန်အမျိုးသမီး ဆန္ဒအလျောက် ဆေးထိုး အဆုံးစီရင်ပြီး ကွယ်လွန်။

စပိန်နိုင်ငံမှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် ကိုယ့်ကိုယ်ကိုယ် "သတ်သေဖို့ ကြိုးစားရာကနေ အောက်ပိုင်း သေသွားခဲ့တဲ့ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ" နောက်ဆုံးမှာ ဥပဒေအရ ခွင့်ပြုချက်နဲ့ ဆေးထိုး "အဆုံးစီရင်ပြီး (Euthanasia) ကွယ်လွန်သွားခဲ့ပါတယ်။

ဘာစီလိုနာမြို့မှ Noelia Castillo ဟာ "ကြာသပတေးနေ့ (မတ်လ ၂၆ ရက်) က Sant Pere de Ribes အရပ်ရှိကျန်းမာရေးဌာနတစ်ခုမှာ "သူမရဲ့ တဆန္ဒအလျောက် ဆေးထိုးပြီး အဆုံးစီရင်ခံခဲ့တာ" ဖြစ်ပါတယ်။

သူမဟာ နောက်ဆုံးညနေခင်းကို" မိသားစုဝင်တွေနဲ့အတူ ကုန်ဆုံးခဲ့ပြီးမှ "ဒီလုပ်ငန်းစဉ်ကို တစ်ဦးတည်း ရင်ဆိုင်သွားခဲ့ပါတယ်။

မူလက ညနေ (၆) နာရီမှာ "စတင်ဖို့ စီစဉ်ထားပေမဲ့ သူမက ချစ်ခင်ရသူတွေနဲ့ အချိန်နည်းနည်းလောက် ပိုနေချင်သေးတယ်လို့ "တောင်းဆိုခဲ့ပါတယ်။

ယခု သီတင်းပတ်အစောပိုင်း အင်တာဗျူးတစ်ခုမှာ Noelia က "ကျွန်မ "လှလှပပလေးနဲ့ပဲ သေချင်တယ် အမြဲတမ်းလည်း အဲဒီလိုပဲ "တွေးခဲ့တာ။

ကျွန်မရဲ့ အလှဆုံးဝတ်စုံကို "ဝတ်မယ်၊ မိတ်ကပ်လေး လိမ်းမယ်၊ ရိုးရိုးရှင်းရှင်းလေးပဲ ဖြစ်မှာပါ" လို့ ဖွင့်ဟပြောခဲ့ပါတယ်။

သူမရဲ့ဖခင်ဖြစ်သူ Geronimo Castillo က သမီးဖြစ်သူရဲ့ ဒီတောင်းဆိုမှုကို "တားဆီးဖို့အတွက် Christian Lawyers လို့ခေါ်တဲ့ "ခရစ်ယာန်ရှေ့နေများအဖွဲ့နဲ့ ပူးပေါင်းပြီး တရားရုံးမှာ နှစ်နဲ့ချီကြာ
အရေးဆိုခဲ့ပါတယ်။

သူမ ကွယ်လွန်သွားတဲ့အကြောင်းကို ဒီအဖွဲ့က ထုတ်ပြန်ရာမှာ သူမရဲ့ "မိဘတွေဟာ နှလုံးသားတစ်ခုလုံး ကြေကွဲနေရပြီလို့ ဆိုပါတယ်။

ရှေ့နေဖြစ်သူက "ဒီစနစ်က ဒီမိန်းကလေးကို မကယ်တင်နိုင်ခဲ့ဘူး။ နောက်နောင် Noelia လို ဖြစ်ရပ်မျိုးတွေ ထပ်မရှိအောင် ဒီဖြစ်ရပ်ကနေ "သင်ခန်းစာယူနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောခဲ့ပါတယ်။

Noelia ရဲ့ ဘဝဟာ ငယ်စဉ်ကတည်းက ခက်ခဲခဲ့ရှာပါတယ်။ မိဘတွေ ကွာရှင်းပြီးနောက်ပိုင်း အသက် (၁၃) နှစ်အရွယ်ကတည်းက စိတ်ကျန်းမာရေး ကုသမှု ခံယူခဲ့ရပါတယ်။

နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၂) ကြိမ်အထိ ကြုံခဲ့ရပြီး နောက်ဆုံးအကြိမ်က နိုက်ကလပ်တစ်ခုမှာ ယောက်ျားလေး (၃) ဦးရဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီစိတ်ဒဏ်ရာတွေကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ သူမဟာ (၅) ထပ်တိုက်ပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မသေဘဲ ခါးရိုးအာရုံကြော ပြင်းထန်စွာ ထိခိုက်ပြီး အောက်ပိုင်း‌ သေသွားခဲ့ရပါတယ်။

ထိုနောက်ပိုင်း ခြေထောက်နဲ့ ကျောရိုးမှာ ပြင်းထန်တဲ့ နာကျင်မှုတွေကို နေ့စဉ်ခံစားရပြီး အိပ်ဖို့ပင် ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။

"နောက်ဆုံးတော့ ကျွန်မ လုပ်နိုင်ခဲ့ပြီ။ ကျွန်မဘဝမှာ မိသားစုကိစ္စတွေ၊ ခံစားနေရတဲ့ ဝေဒနာတွေနဲ့ ကျွန်မကို ညှဉ်းပန်းနှိပ်စက်နေတဲ့ အတိတ်က စိတ်ဒဏ်ရာတွေကနေ နားခွင့်ရတော့မယ်။ ကျွန်မဟာ ဘယ်သူ့အတွက်မှ စံပြပုဂ္ဂိုလ် မဖြစ်ချင်ဘူး။ ဒါက ကျွန်မဘဝပဲ" လို့ Noelia က ပြောခဲ့ပါတယ်။

စပိန်အစိုးရက သူမရဲ့ အဆုံးစီရင်ခွင့် တောင်းဆိုမှုကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ခွင့်ပြုခဲ့ပေမဲ့ ဖခင်ဖြစ်သူက တရားရုံးမှာ ကန့်ကွက်နေခဲ့တာကြောင့် (၂) နှစ်ခန့် ကြန့်ကြာခဲ့ရပါတယ်။

ဖခင်ဖြစ်သူက ဥရောပ လူ့အခွင့်အရေးတရားရုံးကို နောက်ဆုံးအဆင့် အယူခံဝင်‌ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။

စပိန်ဥပဒေအရ ကုသမရတဲ့ ပြင်းထန် ရောဂါဝေဒနာ ခံစားနေရသူတွေဟာ မိမိဆန္ဒအလျောက် အဆုံးစီရင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူကတော့ သမီးဖြစ်သူမှာ စိတ်ဝေဒနာရှိနေတာကြောင့် ဒီလိုဆုံးဖြတ်ချက်မျိုးကို မှန်ကန်စွာ မချနိုင်ဘူးလို့ တရားရုံးကို တင်ပြခဲ့ပါတယ်။

Noelia က သူမရဲ့ နောက်ဆုံးအင်တာဗျူးမှာ "ကျွန်မ အခုပဲ သွားချင်ပြီ။ ခံစားနေရတာတွေ ရပ်တန့်ချင်ပြီ။ ကျွန်မ မိသားစုထဲမှာ ဘယ်သူမှ ဒါကို သဘောမတူကြဘူး။ ဒါပေမဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ ခံစားခဲ့ရတဲ့ ဝေဒနာတွေကို ဘယ်သူသိမှာလဲ" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

သူမရဲ့ မိခင်က သမီးဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူပေမဲ့ သမီး မျက်စိပိတ်သွားမယ့် နောက်ဆုံးအချိန်အထိ ဘေးမှာ ရှိနေပေးခဲ့ပါတယ်။

"သူမကို မသေစေချင်ဘူး။ ရှင်သန်စေချင်တယ်။ ဒါပေမဲ့ သူမနဲ့အတူ ရှိနေပေးမှာပါ" လို့ မိခင်ဖြစ်သူက မျက်ရည်ကျရင်း ပြောခဲ့ပါတယ်။

Noelia ဟာ သူမရဲ့ဘဝကို အမှောင်ထုကြီးလိုပဲ မြင်ခဲ့ရပြီး ဘယ်သူကမှ သူမအပေါ် စာနာနားလည်ပေးတာမျိုး မခံစားခဲ့ရဘူးလို့လည်း ရင်ဖွင့်သွားခဲ့ပါတယ်။

လက်ရှိမှာ ခရစ်ယာန်ရှေ့နေများအဖွဲ့က ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး စပိန်နိုင်ငံရဲ့ အဆုံးစီရင်ခြင်းဆိုင်ရာ ဥပဒေတွေကို ပယ်ဖျက်ဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့ တောင်းဆိုနေပါတယ်။

ที่อยู่

Ahlone Road
Khlong San
11121

เบอร์โทรศัพท์

+66835489820

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Cele Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์