30/07/2026
🏴 Rio Ferdinand — Build Up 🎁
Rio Ferdinand ဟာ အင်္ဂလန်ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး Centre Back တွေထဲက တယောက်ဖြစ်ပြီး အေးဆေးတည်ငြိမ်တဲ့ ခံစစ်ကစားပုံ၊ Positioning ကောင်းမွန်မှုနဲ့ Ball Playing Ability ကြောင့် နာမည်ကြီးခဲ့သူပါ။
Manchester United မှာ Sir Alex Ferguson လက်အောက်မှာ နောက်တန်းကို နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့ပြီး Premier League နဲ့ UEFA Champions League အပါအဝင် ဆုဖလားများစွာ ရရှိခဲ့ပါတယ်။ ခံစစ်ကို ဦးဆောင်နိုင်တဲ့ Leadership နဲ့ Aerial Duel တွေမှာ အားသာချက်ရှိတာကြောင့် ကမ္ဘာ့အဆင့် Defender အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။
🎮 eFootball Review
Treasure Link ကနေ ကံကောင်းရင် Free ရနိုင်မယ့် Rio Ferdinand ဟာ Free Card ဆိုပေမယ့် Performance ပိုင်းမှာ လုံးဝ လျှော့မတွက်သင့်တဲ့ CB တစ်ယောက်ပါ။
Defensive Awareness (96), Tackling (96), Aggression (97) နဲ့ Physical Contact (91) ကြောင့် ပြိုင်ဘက်တိုက်စစ်ကို ယုံကြည်စိတ်ချစွာ ထိန်းချုပ်နိုင်ပါတယ်။
Build Up Playstyle ဖြစ်တဲ့အတွက် Ball ရပြီးချိန်မှာ အေးအေးဆေးဆေး Build-up စတင်နိုင်သလို Aerial Fort နဲ့ Aerial Superiority ကြောင့် Cross တွေ၊ Long Ball တွေကိုလည်း အနိုင်ရဖို့ လွယ်ကူပါတယ်။
Free Card တစ်ကတ်အနေနဲ့ ဒီလောက် Defensive Stat တွေ ရရှိထားတာက အတော်လေးတန်ဖိုးရှိပြီး New Player တွေအတွက်သာမက Veteran Player တွေအတွက်ပါ Squad ထဲထည့်သုံးလို့ရတဲ့ Card ပါ။
Overall Rating: ⭐⭐⭐⭐⭐ (9.6/10)
⭐ Special Skills
🛡️ Aerial Fort
Aerial Fort က မိမိဂိုးဧရိယာ လေထဲက Duel တွေမှာ Ferdinand ကို ပိုပြီး အားသာစေပါတယ်။ Corner Kick, Cross နဲ့ Long Ball တွေကို ခေါင်းတိုက်ရှင်းထုတ်ရာမှာ ပိုမိုတည်ငြိမ်ပြီး အောင်မြင်မှုနှုန်း မြင့်စေတဲ့ Special Skill ဖြစ်ပါတယ်။
⚽ Through Passing မဖြစ်မနေထည့်ပေါင်းပေးပါ။
CB ဖြစ်ပေမယ့် Through Passing Skill ထည့်ပေးမယ်ဆိုရင် Build Up Playstyle နဲ့ အရမ်းလိုက်ဖက်ပါတယ်။ Ball ကို ပြန်လည်ရယူပြီးတာနဲ့ Midfielder ဒါမှမဟုတ် Forward တွေဆီကို တိကျတဲ့ Through Pass တွေ ထုတ်ပေးနိုင်တာကြောင့် Counter Attack ကို မြန်မြန်စတင်နိုင်ပါတယ်။
ယူနိုက်တက် ၂၀၀၈ ကတ်ကတော့ ပိုကောင်းပါတယ်။
Treasure Link ကနေ Free ရနိုင်မယ့် Rio Ferdinand ဟာ Free Card ဖြစ်ပေမယ့် End-game အဆင့်နီးပါး Defensive Performance ပေးနိုင်တဲ့ Build Up CB တစ်ယောက်ပါ။ Aerial Duel, Tackling, Positioning နဲ့ Build-up အားလုံး မျှတစွာ ပိုင်ဆိုင်ထားတာကြောင့် Free Defender ရှာနေသူတိုင်း ပေါက်ထားသင့်တဲ့ Card လို့ ပြောနိုင်ပါတယ်။
EFootball with Marco Paing