Smitthy ကာတွန်း​ ဆွဲမယ်၊ ဟာသ​လေး​​တွေ ​​ရေးမယ်။

လွမ်း​နေနှင့်ဦး​တော့ ​ဒေါ်မိုး​ရေ...😢😢😢အလုပ်ထွက်လုပ်ရပြီ 😢😢😢   #ခူးခူး​ဖေ​ဖေ
06/07/2024

လွမ်း​နေနှင့်ဦး​တော့ ​ဒေါ်မိုး​ရေ...😢😢😢
အလုပ်ထွက်လုပ်ရပြီ 😢😢😢

#ခူးခူး​ဖေ​ဖေ

လေးနှစ်သမီးရဲ့ Trauma~~~~~~~~~~~~~~ခူးခူးမေမေက ဖုန်းကြည့်နေတုန်း ခူးခူးလေးက လာမေးတယ်တဲ့။“မာမားဘာတွေကြည့်နေတာလဲ” ဆိုတော့ ...
04/07/2024

လေးနှစ်သမီးရဲ့ Trauma
~~~~~~~~~~~~~~

ခူးခူးမေမေက ဖုန်းကြည့်နေတုန်း ခူးခူးလေးက လာမေးတယ်တဲ့။

“မာမားဘာတွေကြည့်နေတာလဲ” ဆိုတော့ အိမ်တွေပြိုကျ ပျက်စီးနေတဲ့ပုံကို သူ့မေမေက ပြလိုက်တယ်။ “ဘာလို့အဲလိုဖြစ်သွားတာလဲမာမား” တဲ့ ။ “ဗုံးကျလို့ ဖြစ်သွားတာ” လို့ သူ့မေမေက ဖြေလိုက်တယ်။

အဲညမှာပဲသမီးက အိပ်နေရင်းထထိုင်ပြီး ငိုတယ်။ ရေတိုက်ရင်း “ခူးခူးဘာလို့ထငိုတာလဲ” လို့ သူ့မေမေကမေးတော့ “ဗုံးကျတာအိပ်မက်လို့” တဲ့။
“သမီးဗုံးကျတာကြောက်ရင်မာမားရှိတယ် မာမားဖက်ထားပေးမှာပေါ့” လို့ ခူးခူးမေမေက ပြောတော့
“မာမားထက် ပါပါးက ပိုအားရှိတယ် ပါပါးကာကွယ်ပေးလိမ့်မယ်” လို့ပြောတယ်တဲ့။

သမီးက တခုခုဆို ဖအေကို အားကိုးတယ်။ ညဘက်မီးပျက်လို့ မှောင်နေရင် ပါပါးရှိတယ်ဆိုအေးဆေး၊ ကြွက်တို့ ဖားတို့ မြွေတို့တွေ့ရင်လည်း ပါပါးရှိရင် သူမကြောက်ဘူး။ အခုတော့ သူအဲလိုပါပါးကို တတဲ့ အချိန်မှာ ကိုယ်က အဝေးရောက်နေတော့ စိတ်မကောင်းဘူး။

နောက်တခုက ရန်ကုန်မှာနေတဲ့ လေးနှစ်သမီးလေးက ဓါတ်ပုံထဲက ဗုံးကျတဲ့ အိမ်အပျက်အစီးတွေမြင်တာတောင် အိပ်မက်ဆိုးမက်တယ်ဆို တကယ့်ဒဏ်ခံနေရတဲ့နေရာတွေက လူကြီးလူငယ် ကလေးငယ်တွေမှာ တကယ့် စိတ်ဒဏ်ရာတွေ ဘယ်လောက်များ ရနေကြမလဲတွေးရင်း စိတ်မောမိလေရဲ့။ ။

#ခူးခူး​ဖေ​ဖေ

အော်...ကိုယ်ဆွဲတဲ့ပုံ​လေး​တွေ သူများ​တွေ ယူတင်မှ အများရှယ်ကြ ကြိုက်​နေကြတာ​ ထိုင်ကြည့်​နေရတာ... ...ရည်းစားဦးကို ​နောက်လ...
03/07/2024

အော်...ကိုယ်ဆွဲတဲ့ပုံ​လေး​တွေ သူများ​တွေ ယူတင်မှ အများရှယ်ကြ ကြိုက်​နေကြတာ​ ထိုင်ကြည့်​နေရတာ... ...ရည်းစားဦးကို ​နောက်လူနဲ့ မာစီဒီး​ပေါ်မှာ ရယ်ရယ်ပြုံးပြုံးရှိ​နေတာကို လမ်း​ဘေးလက်ဖက်ရည်ဆိုင်မှာ ကျစိမ့်ရိုးရိုးတခွက်​သောက်ရင်း ထိုင်​ငေး​နေရသလိုပဲ... ...ဝမ်းသာဝမ်းနည်း ဖီလင်​လေး 😅😅😅

ခေတ်ကြီးက ဘယ်သူ့မှ ယုံရတာ မှုတ်ဖူး 😁😁😁   #ခူးခူး​ဖေ​ဖေ
02/07/2024

ခေတ်ကြီးက ဘယ်သူ့မှ ယုံရတာ မှုတ်ဖူး 😁😁😁

#ခူးခူး​ဖေ​ဖေ

🎉 Facebook recognised me as a top rising creator this week!
01/07/2024

🎉 Facebook recognised me as a top rising creator this week!

မျက်ဖြူဆိုက်​လေ ဆရာကြိုက်​လေ အကျင့်​မျိုးတွေ​တော့ မလုပ်ကြပါနဲ့ဗျာ😢😢😢   #ခူးခူး​ဖေ​ဖေ
01/07/2024

မျက်ဖြူဆိုက်​လေ ဆရာကြိုက်​လေ အကျင့်​မျိုးတွေ​တော့ မလုပ်ကြပါနဲ့ဗျာ😢😢😢

#ခူးခူး​ဖေ​ဖေ

အခုတလော ခဏခဏ ခေါင်းထဲဝင်ဝင်လာတဲ့ ဟာသလေးကို ပြန်မျှဝေလိုက်ပါတယ်ဗျ။ ဟာသမဟုတ်တဲ့ ဟာသလေးပါ😔😔ရုရှား ဟာသလို့ပဲ ထင်ပါတယ်😁😁😁 (ဆရ...
29/06/2024

အခုတလော ခဏခဏ ခေါင်းထဲဝင်ဝင်လာတဲ့ ဟာသလေးကို ပြန်မျှဝေလိုက်ပါတယ်ဗျ။ ဟာသမဟုတ်တဲ့ ဟာသလေးပါ😔😔

ရုရှား ဟာသလို့ပဲ ထင်ပါတယ်😁😁😁 (ဆရာ မောင်းကောင်းထိုက် ရဲ့ ဟာသပဒေသာတအုပ်အုပ်ထဲက ဟာသလေးကို နည်းနည်းဖြည့်စွက်ပြီး တင်လိုက်တာပါ)
###################################################

အရာရာကို အကောင်းမြင်တတ်သူနှင့် အရာရာကို အဆိုးသာမြင်တတ်သူ သူငယ်ချင်းနှစ်ယောက်လမ်းမှာအမှတ်မထင်တွေ့ကြသည်။
နှစ်ဦးသားစကားလက်ဆုံကျနေရင်း အကောင်းမြင်သမားက ပြောသည်။

"ဒီအတိုင်းသာဆို ငါတို့တွေတော့ လမ်းပေါ်မှာခွက်ဆွဲပြီး တောင်းစားရတော့မှာပဲကွာ"

အဆိုးမြင်သမားက သူငယ်ချင်းကို ပြန်မေးသည်။

"တောင်းစားမယ် ဟုတ်လား၊ ဘယ်သူ့ဆီကလဲ ??"

မိန်းမကို​ ​ပြော​နေကျစကား​လေး😁😁"အရာတိုင်းမှာ အဆိုးအ​ကောင်းဆိုတာရှိတယ် မိ​ထွေးဆိုးတဲ့ ပုံပြင်​တွေပဲ ဖတ်ပြပြီး ငါ့သမီးကို ...
28/06/2024

မိန်းမကို​ ​ပြော​နေကျစကား​လေး😁😁
"အရာတိုင်းမှာ အဆိုးအ​ကောင်းဆိုတာရှိတယ် မိ​ထွေးဆိုးတဲ့ ပုံပြင်​တွေပဲ ဖတ်ပြပြီး ငါ့သမီးကို Brain wash မလုပ်နဲ့" လို့။

သမီးကို Snow White တို့ Cinderella တို့ Hansel & Gretel တို့ မ​ထွေး​လေးပုံပြင်တို့ မ​ပြောပြဘူး 😁😁😁

#ခူးခူး​ဖေ​ဖေ

ခု​နောက်ပိုင်း မိန်းမက​တော့ ​ပေးငမ်းရှာပါတယ် 😢😢😢   #ခူးခူး​ဖေ​ဖေ
26/06/2024

ခု​နောက်ပိုင်း မိန်းမက​တော့ ​ပေးငမ်းရှာပါတယ် 😢😢😢

#ခူးခူး​ဖေ​ဖေ

26/06/2024

✅လူကို မတူသလိုမတန်သလို ဆက်ဆံတဲ့ အရောင်းစာရေးမကို ပြန်ချေ ❤️❤️
✅ရုပ်ရှင်နာမည်လေး မှတ်မိကြသေးလား 😊😊

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Smitthyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์