Eclectic Lookout by Thwin Gyi

Eclectic Lookout by Thwin Gyi သွင်ကြီးလိုက်ကြည့်သည်။

ဘုရားသခင်အားသက်ဝင်ယုံကြည်ခြင်းဘာသာမဲ့လူတစ်ယောက်သည် တောထဲတွင် ဝက်ဝံတစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်တိုးမိလေသည်။ဝက်ဝံမှလက်သ...
25/11/2025

ဘုရားသခင်အားသက်ဝင်ယုံကြည်ခြင်း

ဘာသာမဲ့လူတစ်ယောက်သည် တောထဲတွင် ဝက်ဝံတစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်တိုးမိလေသည်။

ဝက်ဝံမှလက်သည်းကြီးများဖြင့် ထိုလူ၏ လည်မြိုအားကုပ်ခဲရန်ဆဲဆဲတွင် အချိန်ရပ်တန့်သွားသည်။

ထိုအချိန်တွင် ဘုရားသခင်ပေါ်လာပြီး ထိုလူအားမေးလေသည်။

"သားတော်... အသင်သည် ဘာသာမဲ့ဖြစ်သည်။ ငါဘုရားသခင်အား သက်ဝင်ယုံကြည်ပါလျှင် ဝက်ဝံ၏ အန္တရာယ်မှ အသင့်အား ကယ်တင်ပါမည်။ ဘုရားသခင်အား သက်ဝင်ယုံကြည်ပါမည်လော"

ထိုအခါ ထိုလူသည်ခေါင်းခါ၍

"ကျွန်တော်က လက်တွေ့သမားဗျ။ သိပ္ပံနည်းကျပဲတွေးခေါ်တယ်။ ဘာသာတွေဘာတွေ ကိုးကွယ်စရာမလိုပါဘူးဗျာ"

ထိုအခါ ဘုရားသခင်မှ

"ချစ်သား... သေချာရဲ့လား။ ငါဘုရားသခင်အား သက်ဝင်ယုံကြည်၍ ခရစ်ယာန်ဘာသာအဖြစ် ခံယူပါက ယခုအသက်ဘေးမှလည်း လွတ်မြောက်မည်။ လူ့သက်တမ်းကုန်လို့ သေလျှင်လည်း ကောင်းကင်ဘုံသို့ရောက်ရမည်။ သေချာစဥ်းစားပါဦး"

ထိုသူလည်း စိတ်မရှည်သည့်လေသံဖြင့်

"နေပါဗျာ... အဲ့လောက်ထိ ခရစ်ယာန်ဖြစ်စေချင်ရင်လည်း ဒီဝက်ဝံကိုပဲ တရားချပြီး ခရစ်တော်၌အိပ်ပျော်ခိုင်းလိုက်​ဗျာ။ ကျွန်တော်ကတော့စိတ်မဝင်စားဘူး"

"ကောင်းပြီချစ်သား"

ထို့နောက် အချိန်ရပ်နေရာမှ ပုံမှန်ပြန်ဖြစ်၍ ဘုရားသခင်လည်းပျောက်ကွယ်သွားလေသည်။

ထိုလူလည်း ဝက်ဝံကုတ်ခံရတော့မည်ထင်၍ လက်ဖြင့်ကာလိုက်လေသည်။ သို့သော် ဝက်ဝံမှထိုသူအား မတိုက်ခိုက်တော့ချေ။ ထိုလူ၏ရှေ့တွင် ထိုင်ချလိုက်သည်။ ထို့နောက် လက်အုပ်ချီ၍

"ကြီးမြတ်သောဘုရားသခင်။ ဤအစာအတွက် ကျေးဇူးတင်ပါသည်။ အကျွန်ုပ်အား ကောင်းချီးပေးတော်မူပါ။.... အာမင်...."

#ဝက်ဝံ #ခရစ်ယာန် #ဟာသ
#သွင်ကြီးလိုက်ကြည့်သည်

15/04/2025

ဟိုဘက်အသိုင်းအဝိုင်းက ရန်ငါပြတ်တယ်... နေတတ်ထိုင်တတ်တယ်။ စောက်ဆံတွေပေါနေတော့ လူဝင်ဆန့်တယ်။ အဲ့အသိုင်းအဝိုင်းထဲက ဥာဏ်ကောင်းတဲ့ကောင်တွေအကုန် နိုင်ငံခြားရောက်နေကြတာ။ ဦးမင်းအောင်လှိုင်ကိုမုန်းကြောင်းတော့ ရှယ်ပလန်နဲ့ပြောပြလိမ့်မယ်။ သူတို့ကြည့်တော့ အဖေအရာရှိ အမေအရာရှိ။ အဖေခရိုနီ အမေခရိုနီတွေ။ လူ့အခွင့်အရေးတို့ ခွဲခြားခွဲခြားလုပ်တာတို့ဆိုရင် အရမ်းမုန်းကြတယ်... အဲ့ထက်ဆိုးတာက project တွေ event တွေနဲ့ လုပ်စားနေတဲ့ NGO တွေ။ အသေကောင်စားတဲ့ လင်းတအုပ်တွေလိုပဲ။ ကူညီတာမဟုတ်ဘူး။ ဒုက္ခရောက်တဲ့သူများလေ သူတို့ပွဲ ဖြစ်လေပဲ။

10/04/2025

လူတွေက
အဆင်ပြေတုန်း အလုပ်အတူတူလုပ်ကြတယ်....
အဆင်ပြေတုန်း ချစ်ကြတယ်.....
အဆင်ပြေတုန်း သစ္စာရှိကြတယ်.....
အဆင်ပြေမယ်ထင်ရင် အဆင်ပြေဖို့အတွက်ပြောင်းလဲသွားကြတယ်....

06/04/2025

Seasons in the sun - Westlife
နေပူထဲက ရာသီများ - နောက်ဘဝ

ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်စဥ်အခါပေါ့...​ဗြဟ္မဒတ်မင်းကြီးဟာ အလွန်စိတ်ကောင်းရှိတဲ့ဘုရင်ကြီးဖြစ်တဲ့အတွက် သူ့...
06/04/2025

ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်စဥ်အခါပေါ့...

​ဗြဟ္မဒတ်မင်းကြီးဟာ အလွန်စိတ်ကောင်းရှိတဲ့ဘုရင်ကြီးဖြစ်တဲ့အတွက် သူ့တိုင်းသူပြည်သားတွေ ပျက်စီးရာပျက်စီးကြောင်းမဖြစ်အောင် ​ရှောင်ရှားရမယ့် မကောင်းမှုတွေကို လိုက်လံဆန်းစစ်ကြည့်သတဲ့...

အဲ့ဒါနဲ့ သူ့မူးမတ်တွေကို ဘာမလုပ်သင့်ဘူးလဲဆိုပီးမေးတာပေါ့... အချို့က အရက်မသောက်သင့်ဘူးဆိုပီးပြောတယ်... အချို့ကလည်း လောင်းကစားမလုပ်သင့်ဘူးဆိုပီးဖြေကြတယ်...

အဲ့လိုနဲ့ ဘုရင်ကြီးလည်း အရက်သမားတစ်ယောက်နဲ့ လောင်းကစားသမားတစ်ယောက်ကို ဆင့်ခေါ်စေဆိုပီး အမိန့်ပေးလိုက်တယ်... ဒီလိုနဲ့ အရက်သမားနဲ့ လောင်းကစားသမားလည်း ဘုရင်ကြီးနဲ့လာတွေ့တာပေါ့...

"မောင်မင်းတို့နှစ်ယောက်ကို ဒီနေ့ကစပီး ငါကိုယ်တော်မြတ်ပိုင်ဆိုင်တော်မူတဲ့ ရွှေတိုက်တော်ကို တစ်ဝက်ဆီခွဲပေးမယ်... မောင်မင်းတို့လုပ်ချင်တာ​​ လုပ်စေ" ဆိုပီးအမိန့်ပေးလိုက်တယ်....

အဲ့တော့ အရက်သမားကလည်း နေ့နေ့ညည အရက်သောက်တာပေါ့.... အကောင်းတကာ့အကောင်းဆုံးအရက်တွေကြီးပဲရှယ်ပလန်နဲ့ကစ်တာပေါ့... ခုနှစ်ရက်ကြာတော့ အဲ့အရက်သမားလည်း အသောက်လွန်ပီးရှောသွားတယ်...

မင်းကြီးလည်း အရက်သောက်တာမကောင်းဘူးဆိုပီး ကောက်ချက်ချလေတယ်... "ကဲ ဒီလိုဆိုလည်း လောင်းကစားသမားကိုဆင့်ခေါ်ချေ... အခြေအနေ မေးကြည့်တာပေါ့"

"ကဲလောင်းကစားသမား... မောင်မင်းဘော်ဒါ အရက်သမားကတော့ ခုနှစ်ရက်နဲ့ရှောသွားချေပီကွယ့်... မောင်မင်းကော အခြေအနေဘယ်လိုရှိလဲ ဖြေတော်မူစမ်း"

ထိုအခါလောင်းကစားသမားမှ

"မှန်လှပါဘုရား... ကျွန်တော်မျိုး ရွှေတိုက်တော်တစ်ဝက်နဲ့ လောင်းကစားလုပ်တာ သုံးရက်အတွင်း ကုန်တော်မူသွားပါတယ်ဘုရား"

ထိုအခါမင်းကြီးလည်း

"ဟေ... မောင်မင်းဘာကြောင့် ဒီကိစ္စကို အဲ့ကတည်းက မပြောတာလဲ"

"ထားရင်လည်းနေ သတ်ရင်လည်းသေရပါမယ်ဘုရား။ ကျွန်တော်မျိုး အရက်သမားဆီကနေ ရွှေတိုက်တော်တစ်ဝက်ကို ထပ်ချေးပီး ရှုံးသွားတဲ့တစ်ဝက်ကို အရင်းကျေပြီး အမြတ်ရအောင် ဆက်လိုက်ပါတယ် ဘုရား"

"အမယ် မောင်မင်းက လောင်းကစားသမား ပီသပေတယ်... ဒါနဲ့ နိုင်တော်မူရဲ့လားကွယ့်"

"အဲ့တစ်ဝက်လည်း ပြောင်သွားပါပြီ ဘုရား"

#သွင်ကြီးလိုက်ကြည့်သည်

#ရွှေတိုက်တော်

မင်းတုန်းမင်း vs မင်း 🫵
27/03/2025

မင်းတုန်းမင်း vs မင်း 🫵

ကြက်ဆူပင်နှင့် ယတြာ၁၉၇၈ ခုနှစ် စက်တင်ဘာလ ၇ ရက်​နေ့ ညနေခင်းချိန်...လန်ဒန်မြို့ ဝါတာလူးတံတား​ပေါ်ရှိ ဘတ်စ်ကားမှတ်တိုင်တွင်...
27/03/2025

ကြက်ဆူပင်နှင့် ယတြာ

၁၉၇၈ ခုနှစ် စက်တင်ဘာလ ၇ ရက်​နေ့ ညနေခင်းချိန်...

လန်ဒန်မြို့ ဝါတာလူးတံတား​ပေါ်ရှိ ဘတ်စ်ကားမှတ်တိုင်တွင် ဂျော်ဂျီမာကို (Georgi Markov) တစ်ယောက် ဘတ်စ်ကားစောင့်နေသည်။ ထိုအခိုက် ခြေထောက်၌ ပိုးကောင်ကိုက်သလိုမျိုး စူးကနဲ ဖြစ်သွား၍ ငုံ့ကြည့်လိုက်ရာ ထီးတစ်ချောင်းကိုတွေ့ရ​​လေသည်။ ထို့နောက် အမျိုးသားတစ်ယောက်မှ တောင်းပန်စကားပြော၍ ထိုထီးကို​ကောက်ယူကာ လူအုပ်ထဲ တိုးဝင်ပျောက်ကွယ်သွားသည်။ ထိုနေ့ညတွင်ပင် မာကို အပြင်းဖျား၍ ဆေးရုံတင်လိုက်ရသည်။ လေးရက်အကြာ စက်တင်ဘာ ၁၁ ရက်နေ့တွင် ဂျော်ဂျီမာကိုတစ်ယောက် ကွယ်လွန်လေသည်။ ဆေးစစ်ချက်အရ အဆိပ်မိ၍ လုပ်ကြံခံလိုက်ရခြင်းဖြစ်သည်။

ဂျော်ဂျီမာကိုသည် ဘူဂေးရီးယားလူမျိုး စာရေးဆရာတစ်ယောက်ဖြစ်၍ ၁၉၆၉ ခုနှစ်တွင် နိုင်ငံရေးခိုလှုံခွင့်ဖြင့် လန်ဒန်သို့ပြောင်းရွှေ့လာခဲ့သည်။ ထို့နောက် ဘီဘီစီ သတင်းဌာနတွင် အလုပ်လုပ်ခဲ့သည်။ ဘူဂေးရီးယားနိုင်ငံ၏ အာဏာရှင် တိုဒေါ့ရှီကော့ (Todor Zhivkov) နှင့် ကွန်မြူနစ်စနစ်ရဲ့ အကျင့်ပျက်ခြစားမှုတွေကို ကမ္ဘာသိအောင် ချပြပြောဆိုခဲ့ခြင်းအတွက် ဘူဂေးရီးယားလျှို့ဝှက်ရဲတပ်ဖွဲ့နှင့် ရုရှားထောက်လှမ်းရေး (KGB) တို့မှ မာကိုအား နှုတ်ပိတ်ခဲ့ခြင်းဖြစ်သည်။ လုပ်ကြံရာတွင် အသုံးပြုသွားသော လက်နက်မှာ ရိုင်စင်ထီး (Ricin Unbrella) ခေါ် ကြက်ဆူစေ့မှ ရရှိသည့် အဆိပ်ဖြင့် သုတ်လိမ်းထားသောထီးဖြစ်သည်။

ယင်းအဆိပ်သည် ကြက်ဆူစေ့မှထုတ်ယူနိုင်သော ရိုင်စင် သို့မဟုတ် ပရိုတိန်း တစ်မျိုးကို အသုံးပြုထားခြင်းဖြစ်သည်။ ၅ မီလီဂရမ် ပမာဏ လောက်ဖြင့် လူတစ်ယောက်ကိုသေစေနိုင်သည်။ ရိုးရိုးကြက်ဆူစေ့ ငါးစေ့လောက်ဝါးစားလျှင်ပင် ဘဝကူးသွားနိုင်လေသည်။ သွေးအဆိပ်တက်ခြင်းနဲ့ ကိုယ်တွင်းအင်္ဂါများပျက်ဆီးစေ၍ ယနေ့တိုင်ဖြေဆေးမရှိသော အဆိပ်တစ်မျိုးဖြစ်သည်။

အဲ့ဒါနဲ့ ယတြာနဲ့ဘာဆိုင်လည်းမေးစရာရှိပီ.... ဆိုင်တာမှ ​အကြီးကြီးကိုဆိုင်တာ...

၂၀၀၇ လောက်ကထင်တယ်။ မှတ်မှတ်ရရ အလယ်တန်းကျောင်း ၇ တန်းနှစ် တုန်းကပေါ့။ ဘာလို့အမှတ်ရလည်းဆိုတော့ အဲ့နှစ်က ကျောင်းအုပ်အသစ်ပြောင်းလာတာ.... သူပြောင်းလာပီးမကြာပါဘူး။ ကျောင်းရှေ့က ရေကန်ကြီးကို အမှိုက်တွေဖို့ပစ်လိုက်တာပဲ။

အဲ့ရေကန်ကလည်း တော်တော်သာယာတာ။ ထမင်းစားဆင်းချိန်ဆို အဲ့ရေကန်ဘေးသွား။ သူငယ်ချင်းတွေနဲ့ ကျောက်ခဲပစ်လိုက် လှေ လွှတ်လိုက်ဆော့နေကျ။ အဲ့ဒါကို ပလိန်းကြီး အမှိုက်တွေပုံပီး မြေဖို့ပစ်လိုက်တာ။ ဖို့ချင်လည်း မြေကြီးပဲဖို့တာမဟုတ်ဘူး။ အမှိုက်တွေပါရောပီးဖို့လိုက်တော့ အဲ့နားတဝိုက် ထမင်းစားဖို့နေနေသာသာ ထိုင်ဖို့ပါအဆင်မပြေတော့ဘူး။ ဒီကြားထဲ မိုးရွာလိုက်ရင် မြေကြီးတွေကျုံ့ဝင်ပီး အမှိုက်တွေကပြန်ပေါ်လာကော။ ကျောင်းကြီးကို အမှိုက်ပုံဖြစ်အောင်လုပ်သွားတဲ့ အဲ့ကျောင်းအုပ်ခုထိမမေ့ဘူး။ မြေဖို့ပီးကစားကွင်းဆောက်ဖို့လား။ မ​ဖြစ်နိုင်ပါဘူး။ စာသင်ခန်းများထပ်ချဲ့မလို့လား။ အဲ့ဒါလည်းမဟုတ်ဘူး။ ဘာလုပ်ဖို့လဲဆိုတော့ ကြက်ဆူပင်စိုက်ဖို့တဲ့....

အဲ့ကာလတုန်းက မြန်မာတစ်နိုင်ငံလုံး ရပ်ကွက်တိုင်း ကျောင်းတိုင်း ကြက်ဆူပင်စိုက်ရမယ်ဆိုပီး အထက်ကအမိန့်ချလိုက်တာထင်ပါတယ်။ အဲ့တုန်းက ရွှေဝါရောင်အရေးအခင်းတွေလည်းဖြစ်တော့ မြန်မာနိုင်ငံ စက်သုံးဆီပျက်တဲ့ကာလလို့ ပြောလို့ရတယ်။ စာဖတ်သူကြီးခေတ်ဆိုတော့ ရွှေဥာဏ်တော်စူးရောက်ပီး တစ်နိုင်ငံလုံး ဘိုင်အိုဒီဇယ်ကို ကြက်ဆူစေ့ကနေထုတ်ကြမယ်ဆိုပီး အပြိုင်အဆိုင်ကို စီမံကိန်းနဲ့စိုက်ကြတာ။ ဘယ်ရပ်ကွက်သွားသွား မြေကွက်အလွတ်တွေမှာ ကြက်ဆူပင်တွေကြီးပဲ... ကျောင်းတိုင်းကျောင်းတိုင်းလည်း ကြက်ဆူမှ ကြက်ဆူပဲ...

ကြားထဲက ငထွားခါးနာပဲ။ ကာယချိန်ဆို အဲ့အမှိုက်ပုံကြီးပေါ်သွားပီး လုပ်အားပေးရတာပေါ့။ မြေကြီးတွေကို မာသွားအောင် အပေါ်ကနေ တုံးနဲ့လိုက်ထုရတယ်။ လနဲ့ချီကြာတယ်။ နောက်ဆုံး အထိုင်ကျသွားပီဆိုမှ ကျောင်းသားတွေကို ကြက်ဆူစေ့တွေပေးပီး စိုက်ခိုင်းတာ​ဗျာ။ မြေကြီးနဲ့အမှိုက်နဲ့ရောနေတာဆိုတော့ ပျော့ပျော့လေးဖြစ်နေတဲ့ မြေကြီးပေါ် ဆော့တဲ့ကောင်ကဆော့။ ဖွန်ကြောင်တဲ့ကောင်ကကြောင်။ စိုက်ဖို့ပေးလိုက်တဲ့ အစေ့တွေကို ဝါးစားတဲ့အငတ်တွေလည်းရှိတယ်။ အဲ့ထဲ ကိုယ်တွေပါတာပေါ့။ ဆိမ့်ဆိမ့်လေးဆိုတော့ စားကောင်းတယ်​ဟ ဆိုပီးလိုက် အခြားကောင်တွေကိုပါလိုက်မြည်းခိုင်းတာပေါ့။ သူငယ်ချင်းတစ်ယောက်က သေတတ်တယ်ပြောလို့ ဆက်မစားဖြစ်ကြတော့တာ။ (အဲ့လိုပဲ ငတ်တာ။ တစ်ခါတုန်းကလည်း မလှော်ရသေးတဲ့ သီဟိုဠ်စေ့အစိမ်းကြီးကို ဒီတိုင်းကိုက်လိုက်တာ အစေးလောင်ပီး သုံးရက်လောက်ထမင်းမစားနိုင်ဖြစ်ဖူးတယ်)

ဒါနဲ့ အဲ့အမှိုက်ပုံကြက်ဆူခင်းကြီးအောင်မြင်လားဆိုတော့ ဘယ်လိုလုပ်အောင်မြင်မလဲ။ ပလတ်စတစ်တွေရောနေတဲ့ မြေကြီးထဲ စိုက်မှတော့ တစ်ပင်နှစ်ပင်လောက်ပဲ အပင်ရယ်လို့ ဖြစ်လာတာ။ တော်သေးတယ်... အဲ့အပင်တွေသာ ဖြစ်ထွန်းခဲ့မယ်ဆိုရင်တော့ သီးလာမယ့် အစေ့တွေကို ကျောင်းသားတွေလျှောက်စားမိပီး မာလကီးယားသွားနိုင်တယ်။ အမျှော်အမြင်ကြီးကြီးနဲ့ အထက်ကချမှတ်လိုက်တဲ့ ကြက်ဆူပင်စီမံချက်ကို အဖြစ်လုပ်ပြသွားတဲ့ ကျောင်းအုပ်ကြီးကို ခုမှ ကျေးဇူးတင်ရမလိုပဲ။ အဲ့လို လည်းမဟုတ်သေးဘူး....

ကြက်ဆူပင်တွေစိုက်ပီး ဘိုင်အိုဒီဇယ်တွေတကယ်ကောထုတ်နိုင်ခဲ့ရဲ့လားဆိုတာတော့ ကျွန်တော်လည်းမသိဘူး။ အဲ့ဒါနဲ့ လူကြီးတွေကိုမေးကြည့်တော့ပိုဆိုးသွားကော။ အဲ့ဒါ ယတြာချေတာတဲ့။ ကြက်ဆူ နဲ့ ကပ်ကင်းရိုက်တာတဲ့။ ဘယ်သူက ဘယ်သူ့ကိုရိုက်တာလဲမေးတော့ ဆက်မဖြေကြတော့ဘူး။

အဲ့တော့မှ ကပ်ကင်းရိုက်တယ်ဆိုတဲ့စကား စကြားဖူးတာ။ ကပ်ကင်းဆိုတာက နာမည်တွေကို ပြောင်းပြန်ဖြစ်နေတဲ့ နေ့နံတွေနဲ့ လုပ်ရတဲ့ ဗေဒင်ယတြာအစီအမံ တစ်မျိုးလို့ လွယ်လွယ်ခေါ်လို့ရတယ်။ ဥပမာ သင်္ဘောပင်ကို မီးသွေးပုံရင် သေတတ်တယ်ဆိုတာကြားဖူးကြမယ်ထင်ပါတယ်။ မကြားဖူးလည်းရှင်းပြမယ်။ သ=သောကြာနံ (သ၊ ဟ)၊ ဘ=ကြာသပတေးနံ (ပ၊ ဖ၊ ဗ၊ ဘ၊ မ)။ အဲ့တော့ သူနဲပြောင်းပြန်ဖြစ်တဲ့ မီးသွေး နဲ့ အပင်ခြေရင်းပုံလိုက်ရင် အဲ့ သင်္ဘောပင်သေတယ်ဆိုပီး ပြောကြတာ။ မကျေနပ်တဲ့သူတွေဘာတွေရှိရင်လည်း ထိုလူ့နာမည်နဲ့ ကပ်ကင်းဖြစ်တဲ့ အပင်ကို ပြောင်းပြန်စိုက်ရင်လည်း အဲ့လူကို ခိုက်တတ်တယ်လို့ ဗေဒင်ဆရာများ (B**M) က ပြောကြတာပဲ။

အဲ့ဒါဆိုရင် ကြက်ဆူပင်စိုက်ခိုင်းတဲ့ စာဖတ်သူကြီးက တစ်နိုင်ငံလုံးကို ဓာတ်ရိုက်ဓာတ်ဆင်လုပ်ပီး ကြက်ဆူနဲ့ နေ့နံပြောင်းပြန်ရှိတဲ့သူကို တန်ပြန်တာလား? တကယ်ကြီး ဘိုင်အိုဒီဇယ်ထုတ်ဖို့လား? ဒါမှမဟုတ် အဆိပ်ထုတ်မလို့လား? ဖုန်းနံပါတ်သိတဲ့သူများမေးပေးစမ်းပါ။

ကျောင်းအုပ်ကြီးကကော? ကြက်ဆူပင်ကို တမင် အမှိုက်ပုံထဲ ကပ်ကင်းရိုက်ပီးစိုက်တာလား? အထက်က ခိုင်းလို့ လုပ်တာလား? အဖြစ်လုပ်တာလား?

ဘာပဲဖြစ်ဖြစ်ပါ။ "အနှစ်မရှိတဲ့တော၊ ကြက်ဆူမင်းမူ" ဆိုတဲ့အတိုင်း အနှစ်မရှိတဲ့ ကျောင်း၊ အနှစ်မရှိတဲ့ ရပ်ကွက်၊ အနှစ်မရှိတဲ့ မြို့၊ အနှစ်မရှိတဲ့ နိုင်ငံ၊ ကြက်ဆူပင်တွေတကယ် မင်းမူခဲ့၊ မင်းမူနေဆဲပဲ။

#ကြက်ဆူ


#သွင်ကြီးလိုက်ကြည့်သည်

She can do it all day...
26/03/2025

She can do it all day...

မီးခွက်စောင့်အရက်ဆိုင်တစ်ခုထဲသို့ လူတစ်ယောက်စိတ်ပျက်လက်ပျက်ပုံစံနဲ့ ဝင်လာလေသည်...ထို့နောက်ဆိုင်ရှင်အနားသို့သွားကာ"ဆရာကြီ...
22/02/2025

မီးခွက်စောင့်

အရက်ဆိုင်တစ်ခုထဲသို့ လူတစ်ယောက်စိတ်ပျက်လက်ပျက်ပုံစံနဲ့ ဝင်လာလေသည်...

ထို့နောက်ဆိုင်ရှင်အနားသို့သွားကာ

"ဆရာကြီး... ကျွန်တော့်ကို ဒီည အရက်အလကားတိုက်ရင် လိုရာဆုတစ်ခုတောင်းလို့ရတဲ့ မီးခွက်စောင့်ဘီလူးရှိတဲ့နေရာပြောပြမယ်ဗျာ..."

ထိုအခါဆိုင်ရှင်မှ မယုံသည့်ပုံစံဖြင့်

"မင်းဟာက ဟုတ်လို့လားကွာ... "

"တကယ်ပြောတာပါဗျာ... မယုံရင် ဟိုးနားက အပင်ကြီးအောက်မှာ မီးခွက်တစ်ခုရှိတယ်... သုံးချက်လောက်ပွတ်လိုက်ရင် ဆုတောင်းပြည့်တဲ့ မီးခွက်စောင့်ဘီလူးပေါ်လာလိမ့်မယ်... သွားတောင်းကြည့်ပေါ့... "

"ဒါဆိုလည်းငါသွားတောင်းကြည့်မယ်... မဟုတ်လို့ကတော့ အရက်အလကားသောက်ရဖို့မစဥ်းစားနဲ့..."

ပြော​ပြောဆိိုဆို ဆိုင်ရှင်မှ ထိုလူညွှန်ပြသော သစ်ပင်ကြီးရှိရာသို့ ထွက်သွားလေသည်။

ငါးမိနစ်လောက်ကြာပီးနောက် ဆိုင်ပိုင်ရှင်အပြေးအလွှားပြန်ဝင်လာပီး ဆိုင်ရှေ့တံခါးကို အမြန်ပိတ်လေသည်။ ထို့နောက် အရက်အလကားတိုက်ခိုင်းသောလူဆီလို့သွား၍...

"မင်းပြောတဲ့မီးခွက်စောင့်က နားလေးနေလားမသိပါဘူးကွာ... ငါလည်း မယုံတာနဲ့ ဘတ်တစ်သိန်းလောက်ပဲပေးဆိုပီးတောင်းလိုက်တာ... အဲ့ဒါ ဘဲတွေအများကြီးပေါ်လာတာနဲ့ ထွက်ပြေးလာရတယ်ကွာ... လခွမ်းတဲ့မှပဲ....

ဒါနဲ့ မင်းကကော ဘာဆုတောင်းလာခဲ့တာလဲ..."

ထိုလူမှ ထီးတစ်ချောင်းကို ထုတ်ပြလေသည်။

"မင်းဟာကလည်း ပေါက်ပေါက်ရှာရှာကွာ... မီးခွက်စောင့်ဆီကနေ ထီးသွားတောင်းရလားဟ... ပီးတော့ မင်းထီးကလည်း ကိုးလို့ကန့်လန့်နဲ့ တစ်ပေတောင်ပြည့်ရဲ့လား"

ထိုလူမှ ရယ်ကျဲကျဲဖြင့်

"ကျုပ်က ဒီ ၈ လက်မလောက်ပဲရှိတဲ့ ထီးကို မီးခွက်စောင့်ဆီကတောင်းမလားဗျ... သူ့ဘာသူ နားကြားမှားတာ"

#မီးခွက်စောင့်

#သွင်ကြီးလိုက်ကြည့်သည်

Graphic အရမ်းကောင်းပီး Gameplay နဲ့ Story မကောင်းတဲ့ Game တစ်ခုရှိတယ်... အဲ့ဒါ Life ပဲ....
10/02/2025

Graphic အရမ်းကောင်းပီး Gameplay နဲ့ Story မကောင်းတဲ့ Game တစ်ခုရှိတယ်... အဲ့ဒါ Life ပဲ....

ที่อยู่

Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Eclectic Lookout by Thwin Gyiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Eclectic Lookout by Thwin Gyi:

แชร์

ประเภท