Cobra Moon ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Cobra Moon, ครีเอเตอร์วิดีโอการเล่นเกม, Bangkok.

16/08/2026

Dtacကဒ်တွေ
ဘေအရမ်းစားနေရင်
*137ကိုနှိပ်ပြီး
2 နှင့် 1ကိုနှိပ်ရင်ရပါပြီ❣️

ဒီနေ့ကျွန်ုပ် သေသွားပြီဆိုပါတော့ အရင်ဆုံးကျနော့်အလောင်းကို ရင်ခွဲရုံပို့မယ်၊ဗိုက်ထဲက အူတွေကလီစာ ဘာညာတွေကိုနှုတ်ပြီး ပြန်...
07/08/2026

ဒီနေ့
ကျွန်ုပ် သေသွားပြီဆိုပါတော့
အရင်ဆုံးကျနော့်အလောင်းကို ရင်ခွဲရုံပို့မယ်၊

ဗိုက်ထဲက အူတွေကလီစာ
ဘာညာတွေကို
နှုတ်ပြီး ပြန်ချုပ်ပစ်လိုက်မယ်။

အထားခံအောင်လို့ မြို့ပေါ်မှာလုပ်လေ့ရှိတာမျိုးပေါ့။

အဲ့သလိုမှမဟုတ်လည်း ကျနော့်အလောင်းကို
အထားခံအောင်ဆေးထိုးမယ်။

ကျနော့်အသားတွေက
သွေးဆုတ်ပြီး ဝါတာတာ
ဖြစ်နေမယ်၊

နမ်းကြည့်ရင်
ညှီစို့စို့အနံ့ထွက်နေမယ်။

အရိယာမဟုတ်တဲ့အတွက် အလောင်းကောင်က
တောင့်တင်းအေးစက်ဖို့များနေတယ်။

မိသားစုဝင်တွေက သိပ်မဖက်ချင်တော့ပါဘူး။

ကြည့်ပြီးတော့သာ ဝမ်းနည်းပူဆွေးနေကြလိမ့်မယ်။

ကျနော့်အလောင်းက လက်မနဲ့ခြေမတွေကို
ကြိုးချည်လိမ့်မယ်၊

ကျနော့်အိတ်ထဲဖြစ်ဖြစ်
ပါးစပ်ထဲဖြစ်ဖြစ် ကူးတို့ခကို ထည့်ပေးထားကြမယ်။

ကျနော့် အပေါ်မှာ ကျနော်ဝတ်ခဲ့တဲ့အဝတ်စားတွေ
လွှမ်းပေးထားကြမယ်။

ကျနော့်အလောင်းကို မီးရှို့ရင်ရှို့မယ်၊

မြေမြှုပ်ရင်မြှုပ်မယ်။

သေချာပေါက်တော့ ရွံစရာကြီးဖြစ်မလာခင်
ဖျက်စီးပစ်ဖို့မဖြစ်မနေလုပ်ကြရတော့မယ်။

အဲ့ဒီခန္ဓာကိုယ်ကြီးကောင်းစားရေးအတွက်
အတတ်ပညာတွေသင်ယူခဲ့တယ်၊

အဲ့ဒီခန္ဓာကိုယ်ကြီးသက်သက်သာသာနေရေး
အတွက်စီးပွားရေးတွေရှာခဲ့တယ်၊
လိမ်ညာပြီး
ပြောခဲ့တာတွေရှိမယ်။

နောက်ဆုံးအချိန်ကျ အဲ့ဒါတွေက ဘာမှ
အရေးမပါတော့ပါဘူး၊

ရွံစရာခန္ဓာကိုယ်ကြီးကို
ဘယ်လို ဖျက်စီးပစ်ရမလဲဆိုတာပဲအရေးပါလာမှာပါ။

ကျနော့်အင်္ကျီအဝတ်စားတွေကို ခွဲဝေယူကြမယ်၊

ကျနော်ပိုင်တဲ့အရာတွေကို ခွဲဝေယူကြမယ်။

တကယ်တမ်းတော့ ဘယ်ရုပ်ဝတ္ထုကိုမှ
ကျနော်မပိုင်ပါဘူး၊
ပိုင်တယ်လို့အမှတ်မှား
ခဲ့တာပါ။

မိသားစုတွေက ၃ရက်လောက်တော့ငိုကြမယ်၊

နောက်တော့ သတိရမိတဲ့အခါမှ ဝမ်းနည်းကြမယ်။

နောက်တော့ ပုံမှန်ပြန်ဖြစ်သွားကြမယ်။

ကျနော့်အလောင်းကို သင်္ချိုင်းမှာ ဖျက်စီးခဲ့ပြီးတော့

ကျနော့်ရဲ့ ဝိညာဉ်အကောင်ကို သစ်ခက်နဲ့
ခေါ်တာတွေဘာတွေလုပ်လိမ့်မယ်။

လူတစ်ယောက်က သေပြီးရင် ဝိညာဉ်ကောင်အဖြစ်
ကြားခံဘဝနဲ့ နေရမယ်လို့ထင်ကြတဲ့ သဿတဒိဋ္ဌိ
အစွဲနဲ့ လျှောက်လုပ်ကြမှာပါ။

ကျနော့်အဝတ်အစားကို ဖြန့်ခင်းထားပြီး
ကျနော့်အဝတ်စားဘေးမှာ ထမင်းနဲ့ရေကို
ချထားပေးမယ်၊
ပိုးကောင်တွေလည်း
ကျနေမယ် အဲ့ဒီအထဲကို။

ကျနော်က အဲ့ဒါတွေကို ဝိညာဉ်အကောင်အနေနဲ့
စားလိမ့်မယ်လို့ ယူဆကြတယ်။

ကျနော်က ၇ ရက်လောက် ဝိညာဉ်ကောင်အဖြစ်နဲ့ အိမ်မှာနေပြီးတော့ (၇)ရက်ပြည့်ရင်
အိမ်မှာမနေနိုင်တော့ဘူးလို့ ယုံနေကြလိမ့်မယ်။

တကယ်တမ်း ကျနော့်ရဲ့ လားရာဂတိနိမိတ်ကို
သေခါနီးမှာမြင်ပြီးတော့ ရုပ်နာမ်နှစ်ပါးပျက်ပြီး
စုတိစိတ်ကနေ တစ်ဖက်မှာတန်းပဋိသန္ဓေစိတ်
ဖြစ်မယ်ဆိုတာ သိချင်မှသိကြမှာပါ။

အဲ့ဒီတော့ ဓလေ့ထုံးစံအတိုင်း‌ လျှောက်လုပ်ကြမယ်။

ကျနော်ဟာ အပါယ်လေးဘုံရောက်ရင်ရောက်မယ်။
လူနတ် စသဖြင့် ပဋိသန္ဓေတည်ရင်တည်နေမယ်။

ကျနော်ဟာ သာဓုခေါ်နိုင်တဲ့ ပြိတ္တာဘုံသားဖြစ်
ရင်၊ သာဓုခေါ်နိုင်မယ်၊ မခေါ်နိုင်မယ့် ပြိတ္တာနဲ့
ငရဲတိရိစ္ဆာန် ဖြစ်ရင် သာဓုမခေါ်နိုင်ဘူး။

လူ/နတ် ဘဝတွေကို ရောက်ရှိရင်လည်း
သာဓုမခေါ်နိုင်ဘူး။

ဒါပေမယ့် ဝိညာဉ်ကောင်ဘဝနဲ့ သာဓုခေါ်မယ်လို့
ယူဆကြမယ်။

ဒါကို လူတွေက ဝိညာဉ်အကောင်ထွက်တယ်၊
ရုပ်တရားပျက်ပြီး နာမ်တရားဟာ ထာဝရရှိတယ်
ဆိုတဲ့အယူလွဲမျိုးဖြစ်နေကြပါတယ်။

ကျနော်သာဓုမခေါ်နိုင်တဲ့ဘဝကိုရောက်နေရင်
သာဓုခေါ်နိုင်တဲ့ ပြိတ္တာဘုံဘဝမှာရောက်နေကြတဲ့
သံသရာတလျှောက်ကဆွေမျိုးတွေကခေါ်ကြ
ပါလိမ့်မယ်၊

ကုသိုလ်ပြုအမျှတန်းဝေတာကတော့
အကျိုးယုတ်တဲ့ကိစ္စမဟုတ်ပါဘူး။

နောက်တော့ ကျနော်က ဘယ်ဘဝရောက်လို့
ရောက်နေမှန်းမသိ၊
ကျနော့်အသုံးဆောင်တွေကို
ခွဲဝေယူကြသူတွေက စိတ်ထဲမသိုးမသန့်ဖြစ်ကြမယ်။

ကျနော့်အခန်းလည်းဝင်အိပ်ရဲမှာမဟုတ်ကြဘူး။
တရေးနိုးရင်အိမ်သာလည်း
ရဲရဲသွားရဲကြမှာမဟုတ်ဘူး။

ကျနော်ဆုံးရှုံးသွားလို့ ဝမ်းနည်းတဲ့သူတွေက
ကျနော်ကခြောက်မယ်လို့တွေးပြီးကြောက်ကြမယ်။

ကျနော့်ကုတင်ဘာညာကို တရော်ကင်းပွန်းတွေ
ဘာတွေနဲ့လည်း ဆေးကြဦးမယ်။

အဲဒါတွေကိုဘယ်သူတွေကလုပ်မလဲဆိုတော့
ကျနော်တို့ချစ်လှပါပြီဟဲ့ဆိုတဲ့မိသားစု
ကျနော်တို့တွယ်တာမြတ်နိုးလှပါတယ်ဆိုတဲ့
မိသားစုကလုပ်မှာပါ။

လူတွေက ငါတို့လည်း ဒီလမ်းသွားရမှာပါလားလို့
တွေးမိတဲ့သူ တွေးမိမယ်၊ တွေးမိပြန်တော့လည်း
ငါတို့နဲ့ဝေးပါသေးတယ်ကွာလို့ ထင်မှတ်တာမျိုး
ဖြစ်နေမယ်။

အဲ့လိုနဲ့ သေလိုက်ကြတာ
ရေတွက်လို့ကိုမကုန်ဘူး။

သံသရာခရီးကို သွားကြဖို့အတွက်
မိမိရဲ့ကုသိုလ်နဲ့ အကုသိုလ်၊ မိမိအားထုတ်ထားတဲ့
ဘာဝနာ၊
မိမိစောင့်ထိန်းထားတဲ့ သီလ
အဲ့ဒါတွေကပဲ
ကမ္မပစ္စည်းအနေနဲ့ အကျိုးပြုမှာပါ၊

မအိပ်မနေကြိုးစားပြီးရထားတဲ့ဘွဲ့တွေလည်း
အလကားပါပဲ၊ သက်စွန့်စံဖျား ကြိုးစားပြီး
ရှာဖွေထားတဲ့စည်းစိမ်တွေလည်း အလကားပါပဲ။

ဒီလိုပြောလို့ လူဝတ်ကို စွန့်တော့လို့
ဆိုလိုနေတာတော့ မဟုတ်ပါဘူး။
အနှစ်နဲ့အကာကို ခွဲခြားပြထားတာပါ။
အနှစ်ကို အနှစ်မှန်းသိဖို့ အကာကို အကာမှန်း
သိဖို့ပေါ့ဗျာ။

နေ့စဉ် အနှစ်ရှိတာတွေ ဘယ်လောက်လုပ်မိလဲ
အကာတွေကို အနှစ်အထင်နဲ့ ဘယ်လောက်
လုပ်မိနေလဲ ဒါမျိုးတွက်ကြည့်ဖို့ပေါ့။

သားသမီး လင်သား မယားနဲ့ စည်းစိမ်ဥစ္စာကို
စွန့်ဖို့ပြောတာက လွှင့်ပစ်လိုက်ဖို့ပြောတာ
မဟုတ်ပါဘူး၊ အဲ့ဒီအပေါ်တွယ်တာနေတဲ့
တဏှာကို သတိလေးနဲ့ပယ်ဖို့ပြောတာပါ။
credit # #
crd-@ကြီးလေးကြီးဘိက္ခု

ဆရာတျောက်ရဲ့calendarပါအဲ့ဆရာကိုလည်းCrdပေးပါတယ်
06/08/2026

ဆရာတျောက်ရဲ့calendarပါ
အဲ့ဆရာကိုလည်းCrdပေးပါတယ်

28/07/2026

051
052
526
154
254
354

1ရက်နေ့အတွက်တင်ပေးလိုက်ပြီဗျို့
Like and shareလေးလုပ်ပေးသွားပါအုံး🥰🥰

28/07/2026
28/07/2026

ထိုင်းနိုင်ငံဆောက်လုပ်ရေးဖူးကစ်မှာ
လူခေါ်ပါတယ်
လာချင်သူများpage messengerကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ့

11/05/2026

Vanဘာလည်းဆိုတာသက်သေပြသွားပြီ🇲🇲🇲🇲

လက်ရှိ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်မှာ တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ နီပါးဗိုင်းရပ်စ် ဟာ အာရှတစ်လွှားကို ထိတ်လန့်တု...
29/01/2026

လက်ရှိ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်မှာ တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ နီပါးဗိုင်းရပ်စ် ဟာ အာရှတစ်လွှားကို ထိတ်လန့်တုန်လှုပ်စေရုံတင်မကဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကပါ ကပ်ရောဂါအသွင် ပြန့်ပွားနိုင်ခြေရှိတဲ့ ဦးစားပေးရောဂါ အဖြစ် သတ်မှတ်ထားရပါတယ် ဒီဗိုင်းရပ်စ်ဟာ ကုသဆေးနဲ့ ကာကွယ်ဆေး လုံးဝမရှိသေးတဲ့အပြင် ကူးစက်ခံရရင် လူ ၁၀၀ မှာ ၇၅ ယောက်အထိ သေဆုံးနိုင်တဲ့ အလွန်ကြောက်စရာကောင်းတဲ့ ရောဂါပိုးဖြစ်ပါတယ်

နီပါးဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာများ

နီပါးဗိုင်းရပ်စ်ရဲ့ အန္တရာယ်အရှိဆုံးအချက်ကတော့ ကူးစက်ခံရစမှာ သာမန်တုပ်ကွေးလိုလို ရောဂါလက္ခဏာတွေနဲ့ ရောထွေးနေတာပါပဲ ရောဂါပျိုးချိန်ဟာ ပုံမှန်အားဖြင့် ၄ ရက်ကနေ ၁၄ ရက်အတွင်း ကြာမြင့်တတ်ပေမဲ့ အချို့ဖြစ်ရပ်တွေမှာ ၄၅ ရက်အထိ ကြာမြင့်နိုင်ပါတယ်

၁။ အစောပိုင်း အဆင့်

အပြင်းအထန် ဖျားခြင်းနှင့် ခေါင်းကိုက်ခြင်း
ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနှင့် အလွန်အမင်း နွမ်းနယ်ခြင်း
အော့အန်ခြင်းနှင့် လည်ချောင်းနာခြင်း
ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်း

၂။ ပြင်းထန်သော အဆင့်

ရောဂါပိုးဟာ ဦးနှောက်ထဲကို ထိုးဖောက်ဝင်ရောက်သွားတဲ့အခါ အောက်ပါ ကြောက်မက်ဖွယ်လက္ခဏာတွေ ပြလာပါတယ်

စိတ်ရှုပ်ထွေးခြင်းနှင့် ဂယောင်ဂတမ်းဖြစ်ခြင်း
ခန္ဓာကိုယ် တုန်ရီခြင်းနှင့် တက်ခြင်း
ဦးနှောက်ရောင်ရမ်းခြင်းကြောင့် သတိမေ့မြောသွားခြင်း
အလွန်ပြင်းထန်ပါက ၂၄ နာရီမှ ၄၈ နာရီအတွင်း သတိလစ်မေ့မြောသွားပြီးနောက် အသက်ဆုံးရှုံးနိုင်ပါတယ်

ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ပုံ

နီပါးဗိုင်းရပ်စ်ဟာ တိရစ္ဆာန်မှ လူသို့ ကူးစက်တဲ့ ဗိုင်းရပ်စ် အမျိုးအစားဖြစ်ပါတယ်

လင်းနို့မှတစ်ဆင့် - သစ်သီးစားလင်းနို့တွေဟာ ဒီဗိုင်းရပ်စ်ရဲ့ ပင်မသိုလှောင်ရာ အရင်းအမြစ်ဖြစ်ပါတယ် လင်းနို့ကိုက်ထားတဲ့ သစ်သီးတွေ ဥပမာ - စောင်းလျားသီး၊ သရက်သီး၊ ထန်းရည် ကို လူတွေက စားမိရာကနေ ကူးစက်တာဖြစ်ပါတယ်

တိရစ္ဆာန်မှတစ်ဆင့် - ရောဂါပိုးရှိတဲ့ လင်းနို့ရဲ့ အညစ်အကြေး ဒါမှမဟုတ် တံတွေးနဲ့ ထိတွေ့ထားတဲ့ ဝက်၊ မြင်း၊ ဆိတ် စတဲ့ တိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ် ထိတွေ့မိရာကနေလည်း ကူးစက်နိုင်ပါတယ်

လူအချင်းချင်း - ကူးစက်ခံထားရသူရဲ့ တံတွေး၊ ဆီး၊ သွေး စတဲ့ ခန္ဓာကိုယ်ထွက်အရည်တွေကို တိုက်ရိုက်ထိတွေ့မိရင် ကူးစက်နိုင်ပါတယ် အထူးသဖြင့် လူနာကို ပြုစုရတဲ့ မိသားစုဝင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ကူးစက်မှု အများဆုံးဖြစ်ပါတယ်

နောက်ဆက်တွဲ ပြဿနာများ

နီပါးဗိုင်းရပ်စ်ဟာ သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ ရှိပါတယ် ဒါဟာ ကိုဗစ်-၁၉ ထက် အဆပေါင်းများစွာ ပိုမိုမြင့်မားတာဖြစ်ပါတယ် ရောဂါကနေ ပြန်လည်သက်သာလာသူတွေမှာတောင်မှ ရေရှည်နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်

ရောဂါကာကွယ်ရေး နည်းလမ်းများ

လက်ရှိအချိန်ထိ ထိရောက်တဲ့ ကုသဆေး မရှိသေးတာကြောင့် ကာကွယ်ရေးဟာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်

၁။ လင်းနို့ကိုက်ထားတဲ့ လက္ခဏာရှိတဲ့ သစ်သီးတွေကို လုံးဝမစားပါနဲ့

၂။ သစ်သီးတွေကို မစားခင်မှာ အခွံခွာတာ ဒါမှမဟုတ် သေချာစွာ ဆေးကြောတာမျိုး ပြုလုပ်ပါ

၃။ လင်းနို့တွေ နားတတ်တဲ့နေရာက ထွက်တဲ့ လတ်လတ်ဆတ်ဆတ် ထန်းရည်တွေကို သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ

၄။ ဖျားနာနေတဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့ခြင်းကို ရှောင်ပါ

၅။ လူနာကို ပြုစုရတဲ့အခါ Mask၊ လက်အိတ်နဲ့ အကာအကွယ်ပစ္စည်းတွေကို စနစ်တကျ ဝတ်ဆင်ပါ

၆။ လက်ကို ဆပ်ပြာနဲ့ မကြာခဏ စင်ကြယ်အောင် ဆေးကြောပါ

နီပါးဗိုင်းရပ်စ်ဟာ ၁၉၉၈ ခုနှစ်က မလေးရှားမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ ပြန်လည်တွေ့ရှိနေရတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေး အသိသတိ မြင့်မားစွာနဲ့ နေထိုင်ကြဖို့ လိုအပ်နေပါပြီ


#ကြိုတင်ကာကွယ်ကြဖို့တိုက်တွန်းပါတယ်
#ကပ်ဘေးကနေကင်းလွတ်ကြပါစေ

မင်းတို့ကရင်တွေစာမတက်ဘူးပြောလည်းနာအုံးမယ်အခုချိန်ထိ နားမလည်သေးဘူးကျွန်တော်ပြောပြမယ်ကျွန်တော်၀င်တော့မပြောချင်ဘူး။ ဒါမယ့်လ...
14/01/2026

မင်းတို့ကရင်တွေစာမတက်ဘူးပြောလည်းနာအုံးမယ်
အခုချိန်ထိ နားမလည်သေးဘူးကျွန်တော်ပြောပြမယ်

ကျွန်တော်၀င်တော့မပြောချင်ဘူး။ ဒါမယ့်လေ ကိုလိုနီခေတ် ကရင်-ဗမာ အထိကရိုဏ်းတုန်းက ဝါဒဖြန့်ခဲ့တဲ့စာသက်သက်ပါ။ ဦးအောင်ဆန်းလုပ်ကြံမခံ ရခင် ဖွဲ့စည်းပုံအခြေခံဉပဒေရေးဆွဲရေးကောင်စီကို ပေးပို့ခဲ့တဲ့ လမ်းညွှန်ချက်10ချက်ကို ပြန်ဖတ်ကြည့်သင့်တယ်။ ကျန်တာတွေတော့မပြောချင်ဘူး။ အဲ့တုန်းကရင်-ဗမာ လူမျိုးရေးပဋိပက္ခကြီးလွန်းလို့ စောဘဉီးကြီး တို့ မန်းဘခိုင်တို့ကိုယ်တိုင် ရွာတွေထိဆင်းပြီးဖြေရှင်းခဲ့ရတယ်တဲ့

10/01/2026

KIA ကရင်တပ်မတော်ကတော့
နိုင်ငံတစ်နိုင်ငံအဖြစ်တည်ထောင်လိုက်ပြီ
အလည်သွားဖို့ passportပဲ
ငါတို့ကလုပ်ရတော့မှာ😁😁

Myanmar

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Cobra Moonผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์