07/10/2026
အမေရိကန်စစ်တပ်၏ တပ်ကြပ်ဟောင်း Steven Arthur Younger (Michael Sheen) အမည်ရှိ အကြမ်းဖက်သမားတစ်ဦးသည် အမေရိကန်၏ မြို့ကြီးသုံးမြို့တွင် နျူကလီးယားဗုံးသုံးလုံး ထောင်ထားကြောင်းနှင့် ၎င်းတောင်းဆိုချက်များကို မလိုက်လောပါက ဗုံးများကို ဖောက်ခွဲမည်ဖြစ်ကြောင်း ဗီဒီယိုရိုက်ကူး၍ သတိပေးလာခဲ့သည်။စစ်တပ်နှင့် FBI က အချိန်တိုအတွင်း ၎င်းကို ဖမ်းဆီးရမိခဲ့သော်လည်း ဗုံးများ ထားရှိသည့်နေရာကို မည်သို့မျှ နှုတ်ဆက်၍ မရခဲ့ပေ။ ထို့ကြောင့် ဗုံးတည်နေရာကို ဖော်ထုတ်ရန်အတွက် အစိုးရသည် ပုန်းကွယ်နေသည့် ညှဉ်းပန်းနှိပ်စက်ရေးကျွမ်းကျင်သူ H (Samuel L. Jackson) ကို ငှားရမ်းခဲ့သည်။ H ၏ ရက်စက်လွန်းသော စစ်ဆေးနည်းများကို ကြည့်ပြီး FBI အေးဂျင့် Helen Brody (Carrie-Anne Moss) က လက်မခံနိုင်ဘဲ လူ့အခွင့်အရေးနှင့် ကျင့်ဝတ်ဆိုင်ရာ ပဋိပက္ခများ စတင်ဖြစ်ပွားလာပါတော့သည်။
🚨ကောမန့်မှာ ဇာတ်ကားလင့် ချပေးထားပါတယ်🚨