18/04/2026
အကုန်ငြိ သတင်းဌာနမှ လူမိုက်ခေါင်းဆောင် မောင်ကြောင်ချီးနဲ့ တွေ့ဆုံမေးမြန်းခန်းဖြစ်ပါတယ်။
အကုန်ငြိ - ကိုကြောင်ချီးအနေနဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်ခမျ၊ အဲတဆက်တည်းမှာပဲ ဦးဝင်းမြင့်ကလည်း ခံဝန်မှာလက်မှတ်မထိုးခဲ့ပါဘူးဆိုတဲ့ သတင်းတွေလည်း ကြားတယ်ခမျ၊ ကိုကြောင်ချီးအနေနဲ့ အဲ့သတင်းကို confirm လုပ်ပေးလို့ရမလားခမျ။
ကြောင်ချီး - အဲ အဲ့တာက ဒီလိုပါ။ ဟိုလေ ကျနော်က လူမိုက်ခေါင်းဆောင်ဆိုပေမယ့် လက်ရှိမှာ သူ့ရာထူးကို ယူထားလိုက်ပြီလေ။ အဲ့တော့ နိုင်ငံတကာဖိအားတွေလျော့အောင် ဆိုပြီး လွှတ်ပေးလိုက်တာပါ။ ဒါက ကျနော့်လိုရင်းပါ။ ကျနော့်အကျိုးအတွက် လွှတ်ပေးလိုက်တာပါ။ သူကလက်မှတ်မထိုးလည်း ကျနော့်အကျိုးအမြတ်အတွက် ကျနော် လွှတ်ကို လွှတ်ပေးရမှာဖြစ်လို့ “မထိုးလည်း ဒိုးကွာ” ဆိုပြီး လွှတ်ပေးလိုက်တာပါ။ ဘာပဲပြောပြော ကျနော် အကျိုးအမြတ်ရှိတယ်လေ။ လက်မှတ်တွေ ဘာတွေ သတင်းတွေက သိပ်တော့လည်း ကိစ္စမရှိပါဘူး။ လွှတ်ကို လွှတ်ရမှာ လိုရင်းလေ ဟဲ ဟဲ။
အကုန်ငြိ - ဒါဆို အဲလို ခံဝန်မထိုးတာကို FB တင်ရေးရင် ဦးဝင်းမြင့်ကို ပြန်ဖမ်းသွားမယ်ဆိုပြီး ဝိုင်းစိတ်ပူပြီး ဆဲဆိုနေကြသူတွေကရော ခင်မျ။
ကြောင်ချီး - သူတို့ကိုတော့ အပြစ်မပြောပါနဲ့။ ကျနော်က ကြောက်စိတ်ရိုက်ထည့်ပေးလိုက်လို့ ကြောက်တတ်သွားကြတာပါ။ ပြောမယ်ဆို ကျနော့်ကို မကြောက်တာဆိုလို့ NLD ခေါင်းဆောင်တွေပဲ ရှိကြတာလေ။
ခုလို ကြောက်နေကြသူ တမျိုးပြောရရင်
ကျွန်စော်နံနေကြသူတွေရှိနေလို့ ကျနော် အုပ်ချုပ်လို့ရနေတာ မဟုတ်လား။ သူတို့ကို အပြစ် မပြောကြပါနဲ့ဗျာ။