Kpop for Myanmar "KFM"

เส้นทาง เว็บไซต์ ติดต่อ ธุรกิจของเรา

Kpop for Myanmar "KFM" 𝗔𝗹𝗹 𝗖𝗲𝗹𝗲𝗯𝗿𝗶𝘁𝘆 𝗡𝗲𝘄𝘀 𝗶𝗻 𝗢𝗻𝗲 𝗣𝗹𝗮𝗰𝗲!
𝗞𝗙𝗠 – 𝗕𝗿𝗶𝗻𝗴𝗶𝗻𝗴 𝘁𝗵𝗲 𝗦𝘁𝗮𝗿𝘀 𝘁𝗼 𝗠𝘆𝗮𝗻𝗺𝗮𝗿
(920)

One stop service, everything about all Kpops for Kpop mania, is HERE!!! ****Kpop For Myanmar****.

ဘယ်နေ့က ဘာကြောင့် နောက်ဆုံး ပျော်ခဲ့ရတာလဲ? တွေးကြည့်ရင် လက်ချိုးရေလို့တောင် ရတဲ့အထိ ပျော်ရွှင်ရတဲ့နေ့ရက်တွေက ရှားပါးလာလိ...
26/09/2026

ဘယ်နေ့က ဘာကြောင့် နောက်ဆုံး ပျော်ခဲ့ရတာလဲ? တွေးကြည့်ရင် လက်ချိုးရေလို့တောင် ရတဲ့အထိ ပျော်ရွှင်ရတဲ့နေ့ရက်တွေက ရှားပါးလာလိုက်တာ 😅

ကိုရီးယားသမ္မတ Lee Jae Myung နဲ့ သမ္မတကတော်တို့ဟာ Mexico ကို တရားဝင်အလည်အပတ်ခရီးစဉ် ရောက်ရှိနေတုန်း Mexico မှာ ကျင်းပခဲ့...
26/09/2026

ကိုရီးယားသမ္မတ Lee Jae Myung နဲ့ သမ္မတကတော်တို့ဟာ Mexico ကို တရားဝင်အလည်အပတ်ခရီးစဉ် ရောက်ရှိနေတုန်း Mexico မှာ ကျင်းပခဲ့တဲ့ Stray Kids ရဲ့ "Straycity" Concert ကို သွားကြည့်ပြီး အားပေးခဲ့ပါတယ်။
ဒါဟာ Korea နဲ့ Mexico နှစ်နိုင်ငံကြား ချစ်ကြည်ရေးနဲ့ ယဉ်ကျေးမှု ဖလှယ်ရေးအတွက် အမှတ်သင်္ကေတတစ်ခုပါ။ သမ္မတ Lee Jae Myung က Stray Kids အဖွဲ့ဝင်တွေနဲ့ လူချင်းတွေ့ပြီး အားပေးခဲ့သလို JYP ပါပါးကိုလည်း ပွဲဖြစ်မြောက်အောင် ကူညီပေးခဲ့လို့ ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။
ဒါ့အပြင် K-pop ရဲ့ ကြီးမားတဲ့ စွမ်းအားနဲ့ ကမ္ဘာပေါ်မှာ ကိုရီးယားနိုင်ငံယဉ်ကျေးမှုရဲ့ လွှမ်းမိုးနိုင်စွမ်းကို ကိုယ်တိုင်ခံစားလိုက်ရကြောင်း သမ္မတက သူ၏ X အကောင့်မှာ ရေးသားခဲ့သေးတာပါ။
သမ္မတကတော် Kim Hea Kyung ကတော့ Stray Kids ထဲမှာ Felix ကို ဘစိတော်ထားပြီး အဖွဲ့ခေါင်းဆောင် Bang Chan ရဲ့ နာမည်ပြောင် "Bang-beoji" အကြောင်းကိုပါ သေချာသိနေတာက Stray Kids အဖွဲ့ရဲ့ နာမည်ကျော်ကြားမှုကို မြင်သာစေပါတယ်။
ပွဲအတူကြည့်ရင်း Stray Kids ရဲ့ Light Sticks လေးတွေနဲ့ ဝှေ့ယမ်းပြီး အားပေးခဲ့တာပါ။ မက္ကဆီကို သမ္မတ Claudia Sheinbaum ကလည်း Lee Jae Myung နဲ့ တွေ့ဆုံစဉ်မှာ Stray Kids ရဲ့ Concert အကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး ၂၀၂၇ မှာလည်း BTS ရဲ့ လာရောက်မှုကို မျှော်လင့်နေကြောင်းပြောကြားခဲ့ပါတယ်။
Kpop ရဲ့ လွှမ်းမိုးမှုကြီးက ဟာသမဟုတ်နေပါဘူးနော် 🔥❤️

i-dle's Yuqi နဲ့ ချစ်နေပြီဆိုပြီး သတင်းတွေနဲ့ အနာဂတ်မှာ ချစ်လာနိုင်ခြေကို Jackson က ထုံးစံအတိုင်း အပွင့်လင်းဆုံးဖြေခဲ့ပါ...
25/09/2026

i-dle's Yuqi နဲ့ ချစ်နေပြီဆိုပြီး သတင်းတွေနဲ့ အနာဂတ်မှာ ချစ်လာနိုင်ခြေကို Jackson က ထုံးစံအတိုင်း အပွင့်လင်းဆုံးဖြေခဲ့ပါတယ်။
Jackson နဲ့ Yuqi တို့ လျှို့ဝှက်တွဲနေကြတယ်.. နှစ်နဲ့ချီပြီးတောင် တွဲနေကြတာလို့ ရေးသားပြောဆိုနေကြတဲ့အပေါ် GOT7's Jackson က တိုက်ရိုက် ငြင်းဆိုခဲ့သလို သူ့ရဲ့ လက်ရှိ အချစ်ရေးအခြေအနေကိုပါ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာပါ။
Jackson က "သတင်းတွေဟာ မမှန်နေဘူးလေ။ ဒီလို ထင်ကြေးပေးပြီး လျှောက်ဖွနေကြတာကိုလည်း လူသိရှင်ကြား လိုက်ရှင်းနေဖို့ မလိုဘူးလို့ ထင်တယ်။ ခုချိန်ထိ ကျွန်တော်က လူပျိုလူလွတ်ပါပဲ။ အလုပ်ဖက်မှာပဲ အာရုံစိုက်ထားပါတယ်" လို့ ရှင်းပါတယ်။
သတင်းတွေ ထွက်နေချိန်မှာ Yuqi ဆီကို ဆက်သွယ်ဖြစ်ပေမဲ့ ဒီအချစ်ရေး သတင်းတွေအကြောင်းကိုတော့ မပြောဖြစ်ကြပါဘူးတဲ့။ "တစ်ချိန်ချိန်မှာ Yuqi ကို လိုက်ပိုးပန်းဖို့ရော ရှိလား" လို့ မေးတဲ့အခါ Jackson က ဗွင်းဗွင်းရှင်းရှင်းပဲ “ကျွန်‌တော်သာ သူ့ကို လိုက်ချင်ရင် ဟိုးအရင်ကတိုင် လိုက်ပြီး‌နေပြီ” ဆိုပြီး ဖြေချခဲ့တာပါ။
Jackson တို့ကတော့ မိန်းမယူမယ်.. ကလေးမွေးမယ်သာ ပြောနေတာပါ။ အချစ်ရေးသတင်းထွက်လာရင်လည်း ယတိပြတ်ကို ငြင်းတုန်းပါပဲ 🥹

ဂုံဂီအဖြစ် လူစသိလာပြီး လက်ရှိ ရှေ့နေပုံရိပ်နဲ့ ဟော့နေတဲ့ Lee Joo Ahn မှာ အသ၊ည်း ၃၀% ပဲရှိပါတော့တယ်။က၊င်ဆ၊ာရောဂါခံစားနေရတ...
24/09/2026

ဂုံဂီအဖြစ် လူစသိလာပြီး လက်ရှိ ရှေ့နေပုံရိပ်နဲ့ ဟော့နေတဲ့ Lee Joo Ahn မှာ အသ၊ည်း ၃၀% ပဲရှိပါတော့တယ်။
က၊င်ဆ၊ာရောဂါခံစားနေရတဲ့ မိခင်ဖြစ်သူကို ကယ်တင်ဖို့အတွက် သူရဲ့ အသ၊ည်း ၇၀ ရာခိုင်နှုန်းကို ပေးခဲ့ပြီး ‌အမေ့အသက်ကို ဆက်ပေးခဲ့တာပါ။
အင်တာဗျူးတစ်ခုမှာ Lee Joo Ahn က သူရဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်နဲ့ ပတ်သက်ပြီး ဖွင့်ဟပြောပြခဲ့ပါတယ်။
“ကျွန်တော်က တကယ်တော့ စစ်မှုထမ်းဖို့ မလိုဘဲ ကင်းလွတ်ခွင့်ရခဲ့တာပါ။ အသက် ၂၂ နှစ်တုန်းက မေမေ့ကို အသ၊ည်းလှူခဲ့ရလို့ စစ်မှုထမ်းဖို့ ကင်းလွတ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်”
“မေမေက အသ၊ည်းရောဂါကို အကြာကြီး ခံစားခဲ့ရတာပါ။ ဒါပေမဲ့ တစ်ရက်ကျတော့ အသ၊ည်းခြောက်ရောဂါကြောင့် သတိလစ်သွားပြီး ဆေးရုံကို အမြန်ပြေးသွားတော့မှ အရေးပေါ် အသ၊ည်းအစားထိုးမှရမယ်ဆိုတာ သိလိုက်ရတယ်။ ဒါနဲ့ပဲ ချက်ချင်း သဘောတူညီချက်ပေးပြီး ခွ၊ဲစိတ်မှု ခံယူခဲ့ပါတယ်” လို့ ဖွင့်ပြောခဲ့ပါတယ်။
အသ၊ည်းအစားထိုးဖို့အတွက် သူရဲ့ အသ၊ည်း ၇၀% အထိ ဖယ်ထုတ်ခဲ့ရတာပါ။ ကံကောင်းစွာနဲ့ပဲ ခွဲစိတ်မှုက အောင်မြင်ခဲ့ပြီး သူ့မေမေလည်း ရောဂါသက်သာ ပျောက်ကင်းသွားခဲ့ပါတယ်။
“မေမေက အရမ်း ဂုဏ်ယူနေတာပါ။ အခုဆိုရင် တခြားသူတွေကို ‘ကျွန်မသားက မင်းသားတစ်ယောက်လေ’ ဆိုပြီး လိုက်ကြွားနေပြီလေ” ဆိုပြီး သူ့ဘဝအကြောင်းဖွင့်ပြောခဲ့ပါတယ်။ မိဘအတွက် ပေးဆပ်ခဲ့သူမို့ ကြီးပွားဦးမှာ သေချာပါတယ်။

BTS နဲ့ ARMY တွေက လုပ်ရပ်တွေနဲ့ပဲ သက်သေပြတယ် 🔥“ARIRANG” World Tour နဲ့ တပွဲချင်းစီကို ဒိုင်ခံဖြိုပြီး $465.8 million တော...
24/09/2026

BTS နဲ့ ARMY တွေက လုပ်ရပ်တွေနဲ့ပဲ သက်သေပြတယ် 🔥
“ARIRANG” World Tour နဲ့ တပွဲချင်းစီကို ဒိုင်ခံဖြိုပြီး $465.8 million တောင် ရရှိထားလို့ ကမ္ဘာ့ဖျော်ဖြေပွဲဝင်ငွေ အမြင့်ဆုံးနေရာကို တရားဝင် သိမ်းပိုက်လိုက်ပါပြီ 💜
Show ပွဲပေါင်း ၃၈ ပွဲတည်းနဲ့တင် ဒီပမာဏရတာ ကြောက်ခမန်းလိလိပါပဲ။ BTS ရဲ့ ပွဲတွေကို လာကြည့်တဲ့ ပရိသတ်ပေါင်း ၂,၃၁၄,၁၄၀ တောင် ရှိခဲ့ပြီး ကမ္ဘာ့ဝင်ငွေအရဆုံး အနုပညာရှင်တွေထဲမှာ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။ သူတို့ရဲ့ $465.8 million ဆိုတဲ့ စာရင်းဟာ မနှစ်က ထိပ်တန်းအဆင့်ရှင် Beyonce ကို သန်း ၆၀ ကျော် အကွာနဲ့ ကျော်တက်ချခဲ့တာပါ။
ပိုပြီး မိုက်တာတစ်ခုက ဩဂုတ်လ ၁၂ ရက်နေ့အထိ ရထားတဲ့ အချက်အလက်ကိုပဲ ထည့်တွက်ထားသေးတာဖြစ်လို့ နောက်ပိုင်းလုပ်တဲ့ပွဲတွေကရတဲ့ ငွေတွေဟာ လက်ရှိစာရင်းပြထားတဲ့ သန်း ၅၀၀ နီးပါးထဲမှာ မပါသေးပါဘူးနော် 🔥
အားပေးကြမ်းတယ်ဆိုတာ ဒါမျိုး

"Son Ye Jin ကို ချစ်မိသွားတာကလွဲလို့ အပြစ်မလုပ်ထားပါဘူး" ဆိုပြီး Hyun Bin ကို Ji Chang Wook က စကားပါးခဲ့ပါတယ် 🤣The Scand...
23/09/2026

"Son Ye Jin ကို ချစ်မိသွားတာကလွဲလို့ အပြစ်မလုပ်ထားပါဘူး" ဆိုပြီး Hyun Bin ကို Ji Chang Wook က စကားပါးခဲ့ပါတယ် 🤣
The Scandal ထဲက တအားကို ပူတူတူဇာတ်ကွက်တွေအတွက် Son Ye Jin ရဲ့ ယောက်ျားဖြစ်သူ Hyun Bin ကို အားမနာဘူးလားဆိုပြီး မေးတဲ့အခါ Ji Chang Wook ကတော့ အေးဆေးပါပဲ။
"ကျွန်တော် Hyun Bin က ဘယ်လိုတွေတွေးပြီး တုန့်ပြန်မလဲဆိုတာကို ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ဖူးပါဘူး။ ကျွန်တော်က Son Ye Jin ဖြစ်တဲ့ Madam Jo ကို ချစ်မိသွားတဲ့ ပြစ်မှုလေးပဲ ရှိတာပါ။ ကျန်တာတော့ အကုန် အပြစ်ကင်းပါတယ်" ဆိုပြီး စကားပါးခဲ့ပါတယ်။
အပြင်က ယောက်ျားကြီးကိုတောင် မခန့်တဲ့ ယောက်ျားလေးပါပဲ 🤣 ပြောရဲဆိုရဲရပ်ကွက်က အိုပါးကြောင့်ပဲ အကုန်လုံးပွဲကျနေတာပါ။

“Love in Disguise ” ဇာတ်ကားရဲ့ Official Posters လေးတွေထွက်ရှိလာပါတယ်.. Oct 19ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်...
23/09/2026

“Love in Disguise ” ဇာတ်ကားရဲ့ Official Posters လေးတွေထွက်ရှိလာပါတယ်..
Oct 19ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်.
အိမ်းး ပုံလေးတွေတွေ့ရတာ မျက်စိပဒေသာကိုဖြစ်လိုက်တာနော်😍
ကြည့်ရတာ နေ့ဘက်မှာ မင်းသမီးက မင်းသားကိုစောင့်ရှောက်ပေးရတာဖြစ်ပီး ညဘက်မှာတော့ မင်းသားကမင်းသမီးကိုစောင့်ရှောက်ပေးတာဖြစ်မယ်နော်🌚

"EXO အတွက် တခြားနည်းလမ်းရှိခဲ့မလား?" "နောင်တရမိတဲ့အရာတွေရှိတယ်".. EXO အဖွဲ့ခေါင်းဆောင် Suho က SEVENTEEN အဖွဲ့ခေါင်းဆောင်...
22/09/2026

"EXO အတွက် တခြားနည်းလမ်းရှိခဲ့မလား?" "နောင်တရမိတဲ့အရာတွေရှိတယ်".. EXO အဖွဲ့ခေါင်းဆောင် Suho က SEVENTEEN အဖွဲ့ခေါင်းဆောင် S.Coups ရဲ့အပြောကိုကြားပြီး ပွင့်ထွက်လာခဲ့တဲ့ စကားသံပါ။
SEVENTEEN ဟာ ပွဲဦးထွက်ကတည်းက အဖွဲ့ဝင် ၁၃ ယောက်နဲ့ အခုချိန်ထိ မခွဲမခွာ အတူတကွလျှောက်လှမ်းနေတာကိုမြင်ပြီး သူ့ရဲ့ နောင်တကို ရင်ဖွင့်ခဲ့ပါတယ်။
၁၃ ယောက်ရှိတဲ့ SEVENTEEN အတွက် S.Coups ရဲ့ ဦးဆောင်ပုံကတော့ အခုလိုပါပဲ။ "ကျွန်တော်တို့ သင်တန်းသားဘဝတည်းက စည်းကမ်းတွေကို သေချာထုတ်ထားတယ်။ အဲဒီတည်းက အပြောင်းအလဲမရှိ ပုံစံမပျက်တထပ်တည်း ရှေ့ဆက်နေတုန်းပါပဲ။ အဖွဲ့ဝင်အရေအတွက်က အခုထိ မပြောင်းလဲသေးဘူး" လို့ ပြောခဲ့တဲ့အခါ Suho ရင်နာသွားတယ်ထင်ပါတယ်။
အဖွဲ့ဝင် ၁၂ ယောက်နဲ့ ပွဲဦးထွက်ပြီး အကြီးအကျယ်အောင်မြင်ခဲ့တဲ့ EXO.. EXO ရဲ့ မိခင်ကြီးလို့တင်စားရတဲ့ Suho က "ငါလည်း အဲလိုမျိုး စည်းကမ်းထုတ်ပြီး လုပ်ခဲ့သင့်တာ".. “တစ်ခါတလေ နောင်တရမိတဲ့အရာတွေ ရှိတယ်” လို့ ဝန်ခံခဲ့ပါတယ်။ တချို့အခြေအနေတွေမှာ သူလည်း S.Coups လိုမျိုး တခြားနည်းလမ်းတစ်ခုနဲ့ ကိုင်တွယ်ခဲ့သင့်လားဆိုပြီး ပြန်တွေးမိတတ်ကြောင်း ရင်ဖွင့်ခဲ့တာပါ။
EXO ဟာ ၂၀၁၂ ခုနှစ်မှာ အဖွဲ့ဝင် ၁၂ ယောက်နဲ့ ပွဲဦးထွက်ခဲ့ပြီး နောက်ပိုင်းမှာ Kris, Luhan နဲဲ့ Tao တို့ အဖွဲ့ကနေ ထွက်ခွာသွားခဲ့တဲ့အပြင် လက်ရှိမှာလည်း ကျန်အဖွဲ့ဝင်တွေတောင် အစုံအလင်အတူမရှိနိုင်တဲ့အခြေအနေဖြစ်နေခဲ့ပါတယ်။ ပရိသတ်တွေလိုပဲ Suho လည်း အတိတ်ကို အမြဲပြန်တွေးမိပုံပါပဲ။

Park Shin Hye တောင် ကလေး ၂ ယောက် မေမေဖြစ်သွားပြီ 🤱🏻❤️Park Shin Hye က September 22 ရက်နေ့မှာပဲ ကျန်းမာသန်စွမ်းတဲ့ သမီးမိန...
22/09/2026

Park Shin Hye တောင် ကလေး ၂ ယောက် မေမေဖြစ်သွားပြီ 🤱🏻❤️
Park Shin Hye က September 22 ရက်နေ့မှာပဲ ကျန်းမာသန်စွမ်းတဲ့ သမီးမိန်းကလေးကို မွေးဖွားခဲ့ပါပြီတဲ့.. အခုဆိုရင် သားတစ်ယောက် သမီးတစ်ယောက်နဲ့ ကလေးနှစ်ယောက်နဲ့ ပျော်နေရောပေါ့..
SALT Entertainment ကလည်း Park Shin Hye သမီးလေးမွေးဖွားခဲ့တဲ့ ဝမ်းသာစရာ သတင်းကောင်းကို အတည်ပြုပေးထားပါတယ်။ အခုချိန်မှာတော့ မေမေရော ကလေးရော ကျန်းမာရေးကောင်းမွန်နေပြီး မိသားစုရဲ့ ဂရုစိုက်ပြုစုမှုတွေနဲ့အတူ အနားယူကာ အားပြန်မွေးနေတယ်လို့ သိရပါတယ်။
ဒီကလေးလေးကတော့ Park Shin Hye နဲ့ သူမရဲ့အမျိုးသား Choi Tae Joon တို့ရဲ့ ဒုတိယမြောက် ရင်သွေးလေးပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ 2022 ခုနှစ် January လမှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပြီး အဲ့ဒီနှစ် May လမှာပဲ ပထမမြောက် သားဦးလေးကို ပိုင်ဆိုင်ခဲ့ကြတာပါ။ Park Shin Hye ရဲ့ ဒုတိယမြောက် ကိုယ်ဝန်ရနေပြီဖြစ်ကြောင်း အခုနှစ် April လမှာ ကြေညာပြီး ဆောင်းဦးရာသီမှာ မွေးဖွားမယ်လို့ အေဂျင်စီက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
မွေးဖွားပြီးလို့ ကျန်းမာရေးပြန်ကောင်းလာရင်တော့ Park Shin Hye က 2027 မှာ ပြသဖို့ လျာထားတဲ့ The Judge from Hell Season 2 နဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်စတင်သွားမယ်လို့လည်း အတည်ပြုထားပါတယ် ❤️

Oct 19ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသသွားမည့် “Love in Disguise”ဇာတ်လမ်းတွဲမှ မင်းသားချော Si Wan နဲ့ မင်းသမီးချော Seol In Ah...
21/09/2026

Oct 19ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသသွားမည့် “Love in Disguise”ဇာတ်လမ်းတွဲမှ မင်းသားချော Si Wan နဲ့ မင်းသမီးချော Seol In Ah ~
ဒီကားကို ဘယ်လိုခံစားပီးကြည့်ဖို့တွေးထားတုံး … မင်းသား မင်းသမီးဆိုပီး ခံစားကြည့်ရမှာလား BLအတွဲလေးလို့ ခံစားပီးကြည့်ရမလား လမ်းပျောက် 🌚

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Kpop for Myanmar "KFM" โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Kpop for Myanmar "KFM":

ทางลัด

แชร์