Idle think Fact of life

Idle think Fact of life ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Idle think Fact of life, Bangkok Yai.

25/06/2025

Cha Tu Chat market အကောင်လေးတွေချစ်တဲ့သူဆို သွားသင့်ပါတယ်✌️

ခင်ခင်ပျိုရေ စောင့်ခဲ့တယ်  တရားဟာ တရားအတိုင်းအမှားဟာ အမှားအတိုင်းခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။သမိုင်းဆိုတာ နှေးချင်နှေးပြ...
15/05/2025

ခင်ခင်ပျိုရေ စောင့်ခဲ့တယ်

တရားဟာ တရားအတိုင်း
အမှားဟာ အမှားအတိုင်း
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

သမိုင်းဆိုတာ နှေးချင်နှေးပြီး
မြန်ချင်လည်းမြန်တတ်တယ်။

မီးရထားဘူတာရုံမှာ ရထားစောင့်သလို
ငါစောင့်ခဲ့တယ်။
ပါလာမလား
မပါဘူးလား
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

ငါတို့နေနေသောနေ့ရက်များဟာ
အံ့ဩစရာ
အလိုမပြည့်ရင်းနဲ့
ထပ်၍ထပ်၍ အလိုရှိခဲ့ကြ
ဒါကြောင့် ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။

ငါတို့ ကစားခဲ့ကြ
ငါတို့ ကစားကြည့်ခဲ့ကြ
ပြီး ဘာတွေဖြစ်လာမလဲ။
အချစ်ဆိုတာမှာလည်း နစ်နာစရာရှိလာတယ်
ဘဝမှာ ဒဏ်ရာအနာတရ
အမာရွတ်တွေ ထပ်ထပ်တိုးလာတယ်။

တက်တူးထိုးဖို့ လိုအုံးမလား
ဒါကြောင့် ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။

ဘယ်လမ်းမှမရွေးဘဲ
ဒီလမ်းကိုပဲ ရွေးခဲ့တယ်။
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

လူတွေ အသက်ဝင်လာလို့
သွားကြ လာကြ
ကြံကြ ရှာကြ
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

ဒီလိုနဲ့
တနေ့ဟာ တနေ့ပြီးတနေ့
ငါတို့ဟာ တရွေ့ပြီးတရွေ့ရွေ့
ငါတို့ဟာ တငွေ့ငွေ့။

ငါတို့ဟာ
ဘယ်ရထားမှာ လွဲခဲ့လဲ
တခါလွဲရင်
နှစ်ပေါင်း ဘယ်လောက်ကြာတတ်လဲ
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

တရက်ကို
ငါဘာလို့မစောင့်နိုင်ရမှာလဲ
မီးလျှံလိုကြိုးတန်းမှာ
လိမ်ညှစ်ထားတဲ့အဝတ်လို
ပျောက်ဆုံးနေသောအရာလို
ငါစောင့်ခဲ့တယ်
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

ကိုယ်ကသာပြောစရာရှိပြီး
သူက ပြောစရာမရှိသော
ယတိပြတ်မှုကို
ငါချိန်းခဲ့ပါတယ်
ငါစောင့်ခဲ့ပါတယ်။

-အောင်ချိမ့်

ဘန်ကောက်မြို့တော်ဝန်က ဘန်ကောက်မှာရှိတဲ့ ပန်းခြံတွေကို ညပိုင်းအထိ ဖွင့်လှစ်ထားပေးဖို့နဲ့ ပန်းခြံတွေမှာ သောက်သုံးရေ ရရှိဖိ...
28/03/2025

ဘန်ကောက်မြို့တော်ဝန်က ဘန်ကောက်မှာရှိတဲ့ ပန်းခြံတွေကို ညပိုင်းအထိ ဖွင့်လှစ်ထားပေးဖို့နဲ့ ပန်းခြံတွေမှာ သောက်သုံးရေ ရရှိဖို့ ရေသယ်ကားတွေနဲ့ ရွေ့ပြောင်းနိုင်တဲ့ သန့်စင်ခန်းတွေလည်း စီစဉ်ထားပေးမယ်လို့ သိရပါတယ် ။

ဘန်ကောက်မြို့မှာ လက်တလော အခြေအနေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးဆိုးရွားရွားဖြစ်နေပြီး အိမ်ပြန်ရန် အခက်အခဲ ရှိသူတွေအတွက် အခုလို စီစဉ်ပေးထားတာ ဖြစ်ပါတယ် ။

Lumpini Park, Benchasiri Park, Benjakitti Park, and Chatuchak Park ပန်းခြံများမှာ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

Ref: Nationthailand

အပြောကောင်း အဟောကောင်းတဲ့ကောင်တွေထိပ်ဆုံးရောက်တာ ဘာဆန်းလဲ
14/10/2024

အပြောကောင်း အဟောကောင်းတဲ့ကောင်တွေ
ထိပ်ဆုံးရောက်တာ ဘာဆန်းလဲ

12/10/2024

#မောင်သုတ လားရှိုး

03/10/2024

ဗမာ့ဆိုက်ဘေးရီးယား

ဘယ်တုန်းကမှ
ကမ္ဘာဟာ ငါတို့ဘက်မှာမရှိခဲ့ဘူး
ကိုယ့်အလံကိုယ်လွှင့်
ကိုယ့်ရွက်ကိုယ်ဖွင့်
ဆန်တက်ခဲ့ရတာချည်းပဲ
စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ
ကမ္ဘာကိုဖျက်တယ်လို့
အဲဒီကဗျာငါဖတ်ဖူးတယ်
မင်းလောင်းလည်းမမျှော်နဲ့
ကယ်တင်ရှင်လည်းအားမကိုးနဲ့
သူ့ဘဝနဲ့သူ
ကိုယ့်ဘဝနဲ့ကိုယ်
ကျည်ဆန်မှာ
နေရပ်လိပ်စာမပါဘူး
ဓားဆိုတာ
မီးနဲ့ဆေးရတာ
တရားဆိုတာ
ကိုယ်တိုင်ကျင့်ရတာ
လေ့ကျင့်ခန်းမှန်မှန်လုပ်ခဲ့ရင်တော့
အမှားနည်းတာပေါ့
ဝမ်းနည်းစရာကောင်းတာက
ကမ္ဘာကြီးဟာ သူ့သမိုင်းကိုပြန်ပြောပြမယ့်
ကဗျာဆရာတစ်ယောက်ကို
ဆုံးရှုံးလိုက်ရတာပဲ
တစ်နေ့နေ့
လက်ဝဲသုန္ဓရလို
အလက်ဇန္ဒားလို
ဇန်နစ်ဇင်လို
ဒီကောင်ပြန်မလာဘူးလို့
ဘယ်သူပြောရဲသလဲ။

-ကြည်ဇော်အေး

မှန်နန်းရာဇဝင်သူ့ကိုယ်သူ မှန်ထဲ ကြည့်ပြီးလက်သီးဆုပ်ကို လေထဲမြှောက်အသံတိုးတိုးနဲ့ တို့အရေးလို့ အော်ကြည့်တယ်တော်လှန်ရေးသမာ...
29/09/2024

မှန်နန်းရာဇဝင်

သူ့ကိုယ်သူ မှန်ထဲ ကြည့်ပြီး

လက်သီးဆုပ်ကို လေထဲမြှောက်

အသံတိုးတိုးနဲ့ တို့အရေးလို့ အော်ကြည့်တယ်

တော်လှန်ရေးသမားလို သူ မျက်မှောင်ကြုတ်

မှန်ကို လက်သီးနဲ့ ထိုးခွဲမလို ရွယ်လိုက်တယ်

ပြီးတော့ မှန်ကို ထွီခနဲ တံတွေးနဲ့ထွေးခဲ့

#အောင်ခင်မြင့်
#မိုက်ခရိုဝေ့ဖ်

ဒီစစ်ပွဲပြီးရင် ကျောင်း…တက်…ချင်…တယ် ----------------------------------------------                         မင်းခိုက်စို...
22/09/2024

ဒီစစ်ပွဲပြီးရင် ကျောင်း…တက်…ချင်…တယ် ----------------------------------------------
မင်းခိုက်စိုးစန်
(၁)
သေမင်းဟာ
ရိုင်ဖယ်ကို ပုခုံးမှာချိတ်
စာသင်ခန်း တံခါးတွေကို ပိတ်လိုက်တယ်…။

(၂)
စာအံသံတွေပျောက်ဆုံး
ဗုံးဆံတွေ မိုးချုန်းသလို ရွာချ…၊
အမှန်တရားတောင်ကုန်းကို
လက်နက်ကြီးအင်အားသုံးပြီး
သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ်…။
မျက်ရည်နဲ့…
အလောင်းကောင်တွေပေါ်က “အမှန်တရား”
ဘယ်ပြည့်တန်ဆာကတောင်မှ
လေးစားမှာမဟုတ်ဘူး…။
စစ်ယူနီဖေါင်းရင်ဘတ်ပေါ်
ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
စစ်ဘေးဒဏ်ကြောင့် သေသွားတဲ့
ကလေးတွေရဲ့ အရေအတွက်နဲ့
ထပ်တူ အချိုးကျပါသလား…
စစ်နတ်ဘုရားရဲ့ သင်္ချာကို
ငါ လက်ချိုးရေတွက်နေတယ်…။

(၃)
စပါးပင်ပျိုးရမယ့် တောင်ယာမြေမှာ
ငါ့ အဖေရဲ့ ခန္ဓာကိုယ် အပိုင်းအစ
ဖြစ်သလို မြှုပ်ပစ်ခဲ့ရတယ်…။
အမြောက်ဆံပေါက်ကွဲတဲ့ နေရာက မြက်ပင်လို
မိသားစုဘဝတွေ ပြတ်ထွက်လွင့်စင်ကြ…
အမေရေ… ဒီတစ်သက်တော့
ထမင်းလက်ဆုံစားခွင့် မရှိတော့ဘူး…။
ဦးခေါင်းထက်မှာ ကျည်ဆံတွေက
နတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်း
မြေလွှာအောက်ကမိုင်းဗုံး
ဝုန်း ကနဲ ပေါက်ကွဲတယ်…။
ငါ့အနာဂတ်မျှော်လင့်ချက်ဟာ
ခြေထောက်တစ်ဖက်နဲ့အတူ
ပြုတ်ထွက်လွင့်စင်သွားပေါ့…။
“ငါ့အိမ် ငါ ပြန်လာတာလေ”
ဒါဟာ “အသွားမတော်တစ်လှမ်း” ဖြစ်ခဲ့ပါသလား
မျက်ရည်အဝဲသားနဲ့ မေးခွန်းထုတ်မိ
ငါ့ဘဝကတော့
ငါ့ဒူးဆစ်လို ငုံးတိတိ ဖြစ်လို့ နေလေရဲ့…။
ငြိမ်းချမ်းရေးမိုးခေါင်ရပ်ဝန်းဒေသမှာ
သားပျောက်တဲ့ အမေတွေနဲ့
အမေပျောက်တဲ့သားတွေ
အားလုံးဟာ လူအဖြစ်ကနေ လျှောကျ
တိရစ္ဆာန်တွေလို အမဲလိုက် ခံနေရတယ်…။
အမေအိုတို့ရဲ့ ငိုကြွေးသံ
မြစ်သောင်ယံမှာစီးဆင်း
ဧရာဝတီဟာ သွေးချင်းချင်းနီ…လို့။

(၄)
တိုင်ထက်မှာ
ချစ်ခြင်းမေတ္တာတရားကို သံမှိုနှက်
အာဏာပါးကွက်သားတို့က
ကွပ်မျက်ကြတာကို
“စစ်ပွဲ” လို့ခေါ်တယ်…။
စစ်ပွဲမှာ
ဘယ်သူနိုင်နိုင်… ဘယ်သူရံှုးရှုံး
နောက်ဆုံးမှာ
အမုန်းတရားကပဲ သိမ်းပိုက်…
မိဘမဲ့သွားတဲ့ ကလေးငယ်တွေကို
လောကထဲ မောင်းထုတ်လိုက်ကြတယ်…။
အို…သွေးဆာသူတို့
ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့…။
အပြစ်မဲ့ပြည်သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
သူသတ်ကုန်းမှာ ဆောက်တဲ့ နန်းတော်ဆီ
ငါတို့ ဘယ်တော့မှ လက်အုပ်မချီဘူး…။

(၅)
“ကျည်ဆံဖိုးတွေ ထပ်မဖြုန်းပါနဲ့
ပေါင်မုန့်တစ်လုံးလောက် ဝယ်ပေးပါ…”
“လက်ပစ်ဗုံးတွေပစ်မယ့်အစား
ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ…”
စစ်ပွဲတစ်ပွဲမှာ
ပထမဦးဆုံးပစ်တဲ့ ကျည်ဆံ…
ကိုယ်ချင်းစာတရားကိုမှန်တယ်။
ကိုယ်ချင်းစာတရား ကျဆုံးခြင်းဟာ
နိုင်ငံတော် ဈာပနပဲ…။
ကဲ…အလံတစ်ဝက် လွှင့်ထူကြ…
ကမ္ဘာမကြေသီချင်းကို ဆိုတဲ့အခါ
ငိုသံပါနေရတာလောက်
ဝမ်းနည်းစရာကောင်းတာမရှိဘူးလေ…။

(၆)
“မုန်းတီးစိတ်တွေ
နောက်မျိုးဆက်ကို အမွေမပေးစေရ..
အာမဘန္တေ…”။
ငြိမ်းချမ်းရေးသီလယူသံ
ကောင်းကင်ထက်မှာ ညံပါစေ။
ကလေးတွေရင်ထဲက တောင်းဆုနဲ့
ငါတို့အားလုံး ဝတ်ပြုကြရအောင်…။
“မေမေဝယ်ပေးတဲ့ ကျောက်သင်ပုန်းပေါ်မှာ
ဝလုံး ဝိုင်းဝိုင်းတွေ ခြစ်ဆွဲ

ဒီစစ်ပွဲပြီးရင်
ကျောင်း…တက်…ချင်…တယ်…”

#မင်းခိုက်စိုးစန်

ที่อยู่

Bangkok Yai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Idle think Fact of lifeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์