Kirat Literary And Cultural Society

Kirat Literary And Cultural Society ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Kirat Literary And Cultural Society, Bangkok.

2nd Kirat Cup ပွဲအား ၂၈.၈.၂၀၂၂နေ့တွင် အောင်မြင်စွာကျင်းပပြီးစီး ဒုတိယအကြိမ်မြောက် Kirat Cup ချစ်ကြည်ရေးဖလား ဘောလုံးပြိုင...
30/08/2022

2nd Kirat Cup ပွဲအား ၂၈.၈.၂၀၂၂နေ့တွင် အောင်မြင်စွာကျင်းပပြီးစီး

ဒုတိယအကြိမ်မြောက် Kirat Cup ချစ်ကြည်ရေးဖလား ဘောလုံးပြိုင်ပွဲအား ၂၈.၈.၂၀၂၂ နေ့တွင် Rama 3ရှိ TC Football Clubဘောလုံးကွင်းတွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

ယခုလို ပွဲဖြစ်မြောက်ရေးအတွက်အဘက်ဘက်ကပါဝင်ကူညီပေးခဲ့ကြသော တစ်ဦးတစ်ယောက်ချင်း ၊အသင်းအဖွဲ့ တစ်ဖွဲ့ ချင်းစီ တိုင်အား မိမိတို့ ကီရာသီ စာပေနှင့်ယဉ်ကျေးမှုအသင်းမှ အထူးလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပန်ကြားအပါသည်။

မိုဟန် လင်ဘူး(Mohan Limbu )
ဥက္ကဌ
ကီရာသီစာပေနှင့်ယဉ်ကျေးမှုအသင်း
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့။

2nd Kirat Football Cup Is Comming Soon ........
13/07/2022

2nd Kirat Football Cup Is Comming Soon ........

ခေါက်ဆာန်လမ်းမှာ ဘတ်တခုကောက်ရထားပါတယ်ပိုင်ရှင်အနေနဲ့လာယူမယ်ဆို အောက်ကနံဖုန်းပတ်ကိုဆက်သွယ်ပေးပါခင်ဗျားဆက်သွယ်ရန်/ 0840908...
20/04/2022

ခေါက်ဆာန်လမ်းမှာ ဘတ်တခုကောက်ရထားပါတယ်
ပိုင်ရှင်အနေနဲ့လာယူမယ်ဆို အောက်ကနံဖုန်းပတ်ကိုဆက်သွယ်ပေးပါခင်ဗျား
ဆက်သွယ်ရန်/ 0840908737/0660079558

၆-၃-၂၀၂၂ကီရာသီစာပေနှင့်ယဉ်ကျေးမှုအသင်းကြီး ရွေးကောက်ခံ တာဝန်ရှိသူများ
06/03/2022

၆-၃-၂၀၂၂ကီရာသီစာပေနှင့်ယဉ်ကျေးမှုအသင်းကြီး ရွေးကောက်ခံ တာဝန်ရှိသူများ

၂၁-၃-၂၀၂၁ ရက်နေ့တွင် မြန်မာပြည် နွေဦးတော်လှန်ရေး၌ ကျဆုံးခဲ့သော သူရဲကောင်းများအားရည်စူး၍ မြန်ပြည်သားကျွန်တော်တို့ ဂေါ်ရခါ...
21/03/2021

၂၁-၃-၂၀၂၁ ရက်နေ့တွင် မြန်မာပြည် နွေဦးတော်လှန်ရေး၌ ကျဆုံးခဲ့သော သူရဲကောင်းများအားရည်စူး၍ မြန်ပြည်သားကျွန်တော်တို့ ဂေါ်ရခါး ကီရာသီးမျိုးနွယ်မိသားစုများစုပေါင်း၍ ထိုင်းနိုင်ငံ wat Bowonဘုန်းတော်ကြီးကျောင်း၌ နေ့ဆွမ်းကပ်ပြီး ရေစက်ချအမျှပေးဝေခဲ့ပါသည်။ ကျဆုံးသူရဲကောင်းများအားလုံး ရောက်ရာအရပ်က သာဓုခေါ်နိုင်ကြပါစေ။ အမျှ အမျှ အမျှ 🙏🙏🙏

@တောင်းပန်ပါကြောင်း
အလုပ်မအားလပ်တဲ့အတွက် ဓါတ်ပုံမှတ်တမ်းများ အားလုံးကိုမယူနိုင်ခဲ့သည့်အတွက် ခွင့်လွတ်ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။🙏🙏🙏

ရွှေ့ပြောင်းလုပ်သားများအတွက် ယာယီကိုဗစ်ကုသရေးနေရာများ ပြီးစီးပြီ📣📣*********************စမွတ်ဆာခွန်ခရိုင်(မဟာချိုင်)က ပုစ...
26/12/2020

ရွှေ့ပြောင်းလုပ်သားများအတွက် ယာယီကိုဗစ်ကုသရေးနေရာများ ပြီးစီးပြီ📣📣
*********************
စမွတ်ဆာခွန်ခရိုင်(မဟာချိုင်)က ပုစွန်စျေး (တလာကွန့်)မှာ ယာယီကုသရေးနေရာတွေ ပြင်ဆင်ပြီးစီးနေပြီဖြစ်တာကြောင့် ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကုသပေးနိုင်ပြီဖြစ်ပါတယ်။ 😃😃💉💉💊💊🩺🩺

ပြည်သူ့ကျန်းမာရေးဝန်ကြီးက အလုပ်သမားတွေအနေနဲ့ တခြားဆေးရုံကြီးတွေလို ဆေးဝါးမစုံလင်မှာကို စိတ်ပူစရာမလိုဘဲ ယာယီကုသရေးအဆောင်တွေမှာပဲ ကုသလို့အဆင်ပြေကြောင်းနဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေအပြင် မြန်မာလူမျိုးစေတနာ့ဝန်ထမ်းတွေရှိတာကြောင့် ဘာသာစကားအခက်အခဲလည်း ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 👍👍

ကူးစက်ခံမြန်မာလုပ်သားများ အမြန်ဆုံးပြန်လည်ကျန်းမာလာဖို့ အစ်ဆာရာက ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ 🙏🙏🙏

crd: အစ်ဆာရာ

သတင်းစဉ်------------- ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းသည် စစ်သံမှူး၊ မြန်မာသံရုံး၊ အလုပ် သမားသံအရာ...
25/12/2020

သတင်းစဉ်
-------------
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းသည် စစ်သံမှူး၊ မြန်မာသံရုံး၊ အလုပ် သမားသံအရာရှိရုံးတို့မှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နေ့လယ်ပိုင်းတွင် စမုစခွန်ခရိုင် အုပ်ချုပ် ရေးမှူး Mr. Verasak Vichitsangsri အား သွားရောက်တွေ့ဆုံခဲ့ပါသည်။ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာန၊ ခရိုင်တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ စမုစခွန်ခရိုင်အတွင်း COVID-19 ရောဂါကူးစက် ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာကန့်သတ်ထားသောနေရာမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးမှုအခြေအနေ၊ နေထိုင်စားသောက်မှု အခြေအနေ တို့အား ဆွေးနွေးခဲ့ပါသည်။

ထို့နောက် တလာကုပုဇွန်စျေးအနီး အသွားအလာ ကန့်သတ်ထားသော နေရာရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မြန်မာသံအမတ်ကြီးနှင့်အတူ စမုစခွန်ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး၊ ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ခရိုင်အလုပ်အကိုင်ဌာနမှ ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူ များ လိုက်ပါလျက် သွားရောက်တွေ့ဆုံခဲ့ပါသည်။ သံအမတ်ကြီးမှ အလုပ်သမားများ၏ လိုအပ်ချက် များကို မေးမြန်းကာ အားပေးစကားပြောကြားခြင်း၊ လိုအပ်ချက်များကို ထိုင်းတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ အစားအစာထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ပါသည်။

အလုပ်သမားသံအရာရှိ ဦးသူရိန်လင်း၊ ဦးဝေမင်းအိမ်တို့သည် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီး၊ အလုပ် အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်တွေ့ဆုံခဲ့ပြီး ကိုဗစ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်လက်နေထိုင်လုပ်ကိုင်ခွင့်ရရှိစေရေး၊ စက်ရုံ၊ အလုပ်ရုံပိတ်သိမ်းမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရေး၊ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိုးရိမ်ကြောင့်ကြမှုမဖြစ်စေရေး ဆွေးနွေးခဲ့ပါသည်။

အလုပ်သမားသံအရာရှိရုံး
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။
၂၄-၁၂-၂၀၂၀ ရက်။ ကြာသပတေးနေ့။

Sewa🙏  Sewaro 🙏
22/11/2020

Sewa🙏 Sewaro 🙏

Sewa  🙏 Sewaro 🙏ပြင်ဦးလွင်မြို့ ရ.က.က (၂၁)၊ မိုးကြိုးတောင်ဂေါ်ရခါးစု၊ လက်ရှိ ဖာ့ခနုန် ပီရီဒီ  Soi- 2 တွင်နေထိုင်လျှက်ရှိ...
23/10/2020

Sewa 🙏 Sewaro 🙏

ပြင်ဦးလွင်မြို့ ရ.က.က (၂၁)၊ မိုးကြိုးတောင်ဂေါ်ရခါးစု၊ လက်ရှိ ဖာ့ခနုန် ပီရီဒီ Soi- 2 တွင်နေထိုင်လျှက်ရှိသော ဒေါ် ဆဘီသားလင်ဘူး Sabethar Limbuသည် မနေ့က ၂၂-၁၀-၂၀၂၀ရက်နေ့တွင် ပျောက်ဆုံးသွားပြီး ယခုအချိန်ထိ အဆက်သွယ်မရ အခန်းလည်းရောက်မလာသေးပါသဖြင့် မိသားစုမှစိုးရိမ်ပူပန်လျှက်ရှိနေပါသည်။ ထို့ကြောင့်သူမအား တွေ့ရှိသူများရှိခဲ့လျှင် အောက်ပါဖုန်းနံပတ်များသို့ အမြန်ဆုံးဆက်သွယ်ပေးကြပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။ အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါသည်။ 🙏🙏🙏

ဆက်သွယ်ရန်-
084-191-0732
099-356-2238

Sewa  Sewaro 🙏🙏🙏Mahachulalongkornrajavidyalaya University ( Ayutthaya ) မှကြီးမှူးကျင်းပသော ရိုးရာပွဲတော်သို့ဖိတ်ကြားခံ...
01/10/2020

Sewa Sewaro 🙏🙏🙏

Mahachulalongkornrajavidyalaya University
( Ayutthaya ) မှကြီးမှူးကျင်းပသော ရိုးရာပွဲတော်သို့ဖိတ်ကြားခံရခြင်းနှင့်ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရခြင်းအတွက် ကျွန်တော်တို့ကီရာသီးအသင်းမှ များစွာဂုဏ်ယူဝမ်းမြောက်ရပါကြောင်းနှင့် ပါဝင်ကူညီအားဖြည့်ပေးခဲ့ကြသော ကီရာသီးညီအစ်ကိုမောင်နှမများနှင့် အနုပညာကော်မတီကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း လေးစားစွာပန်ကြားအပ်ပါသည်ခင်ဗျား 🙏🙏🙏

Sewa Sewaro 🙏🙏🙏ဒီကနေ့ မြစ်ကြီးနားချာရတီပရဟိတအသင်းနှင့် ပါရမီ(ဂေါ်ရခါး)ပရဟိတအသင်းတို့ပူးပေါင်းပြီး အခက်ခဲဖြစ်လျှက်ရှိသော ...
17/05/2020

Sewa Sewaro 🙏🙏🙏
ဒီကနေ့ မြစ်ကြီးနားချာရတီပရဟိတအသင်းနှင့် ပါရမီ(ဂေါ်ရခါး)ပရဟိတအသင်းတို့ပူးပေါင်းပြီး အခက်ခဲဖြစ်လျှက်ရှိသော လူမျိုးများအားလုံးကို စားသောက်စရာများ ကူညီထောက်ပံ့ပေးခဲ့ရာ ကျွန်တော်တို့ကီရာသီးအသင်းမှလည်း ဆန်ကီလို(၁၀၀)ပါဝင်ကူညီထောက်ပ့ံပေးခဲ့ပါကြောင်းသတင်းကောင်းပါးရင်း ပရဟိတနှစ်သင်းလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာပန်ကြားအပ်ပါသည်ခင်ဗျား🙏🙏🙏

Sewa Sewaro 🙏🙏🙏
ဒီကနေ့ မြစ်ကြီးနားချာရတီပရဟိတအသင်းနှင့် ပါရမီ(ဂေါ်ရခါး)ပရဟိတအသင်းတို့ပူးပေါင်းပြီး အခက်ခဲဖြစ်လျှက်ရှိသော လူမျိုးများအားလုံးကို စားသောက်စရာများ ကူညီထောက်ပံ့ပေးခဲ့ရာ ကျွန်တော်တို့ကီရာသီးအသင်းမှလည်း ဆန်ကီလို(၁၀၀)ပါဝင်ကူညီထောက်ပံ့ပေးခဲ့ပါကြောင်းသတင်းကောင်းပါးရင်း ပရဟိတနှစ်သင်းလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာပန်ကြားအပ်ပါသည်ခင်ဗျား🙏🙏🙏

10/05/2020

ที่อยู่

Bangkok

เบอร์โทรศัพท์

+66626749901

เว็บไซต์

แจ้งเตือน


แชร์