AK MAN ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก AK MAN, Bangkok.

"စိတ်ငြိမ်းချမ်းချင်ရင် အများကြီးမတွေးနဲ့၊ အဝေးကြီးမကြည့်နဲ့၊ ဒီနေ့ပစ္စုပ္ပန်တည့်တည့်မှာ ပျော်ရွှင်အောင် ဘယ်လိုနေရမလဲဆို...
14/03/2026

"စိတ်ငြိမ်းချမ်းချင်ရင် အများကြီးမတွေးနဲ့၊ အဝေးကြီးမကြည့်နဲ့၊ ဒီနေ့ပစ္စုပ္ပန်တည့်တည့်မှာ ပျော်ရွှင်အောင် ဘယ်လိုနေရမလဲဆိုတာကိုပဲ ရွေးချယ်နိုင်အောင် ကြိုးစားရမယ်။ ကောင်းကောင်းဆိုး အရာရာဟာ ထာဝရဆိုတာ မရှိဘူး။ အရမ်းမတွယ်တာပါနဲ့၊ ပေါ့ပေါ့ပါးပါးအသက်ရှူပါ။" 🌸🍀

1️⃣ ဘဝမှာ စိတ်ငြိမ်းချမ်းချင်တယ်ဆိုရင် အရင်ဆုံး စိတ်ကို လျော့ချနိုင်အောင် ကြိုးစားနိုင်သူ ဖြစ်ရပါမယ်။ ပြီးရင် မဖြစ်လာသေးတဲ့ အနာဂတ်ကိုလည်း အများကြီး မတွေးမိဖို့ပါ။ အရာရာ ပြီးဆုံးသွားပြီဖြစ်တဲ့ အတိတ်ကိုလည်း ဖက်တွယ်မထားပါနဲ့။ အရေးကြီးဆုံးကတော့ ဒီနေ့ ပစ္စုပ္ပန်တည့်တည့်မှာ " ငါ ဘယ်လိုပျော်ရွှင်နိုင်မလဲ?" ဆိုတာကိုပဲ စဉ်းစားရမှာပါ။

◾ အမှန်တော့ စိတ်ငြိမ်းချမ်းမှုဆိုတာ အပြင်က လာပေးလို့ရတဲ့အရာမျိုးမှ မဟုတ်တာ။ ဒါက ကိုယ့်စိတ်ထဲက inner peace သာ ဖြစ်ပါတယ်။ တရားသဘောအရ ပြောရရင်တော့ အရာအားလုံးဟာ မတည်မြဲပါဘူး။ လောကသဘောအရလည်း အရာအားလုံးဟာ အမြဲမပြတ် ပြောင်းလဲနေတာပါ။ ဒါကို နားလည်လာတဲ့အခါ စိတ်က ပိုပေါ့ပါးလာပါလိမ့်မယ်။ အဲဒီအချိန်က စပြီးတော့ စိတ်က တဖြည်းဖြည်း အေးချမ်းလာပါလိမ့်မယ်။

2️⃣ လောကမှာလေ အများအားဖြင့် လူအများစုရဲ့ ပင်ပန်းမှုက အလုပ်ပင်ပန်းမှုကြောင့် မဟုတ်ပါဘူး။ ဘဝမှာ မလိုအပ်တဲ့ အတွေးတွေကြောင့် ဖြစ်ကြတာက ပိုများပါတယ်။ မဖြစ်သေးတဲ့အရာတွေကို စိတ်က ကြိုပြီးပင်ပန်းနေတတ်ကြတယ်။ ဒါက အတွေးများလွန်းလို့ ဖြစ်ကြတာပါ။ ဒါကို Psychology မှာတော့ overthinking လို့ခေါ်ပါတယ်။

◾ မဖြစ်သေးတဲ့ အရာတွေကို ကြိုပြီး စိုးရိမ်နေတဲ့စိတ်ပါ။ ဒါကြောင့် ကိုယ့်အတွေးကို နည်းနည်းစီလောက် တဖြည်းဖြည်းချင်း လျော့ချဖို့ လိုလိမ့်မယ်။ စိတ်ကို လွတ်လပ်စေတဲ့ အရာက အတွေးနည်းခြင်းပါ။ အတွေးလျော့လာတဲ့အခါ စိတ်က သူ့အလိုလို သက်သာလာမယ်။ ဒါကို လိုက်လုပ်ကြည့်ရပါမယ်။

3️⃣ တကယ်တော့ အဝေးကြီးကို အမြဲကြည့်နေတဲ့သူက အခြားသူတွေထက် ပိုပြီးစိတ်ပင်ပန်းကြရတာပါ။ ဘာဖြစ်လာမလဲဆိုတဲ့ စိုးရိမ်မှုတွေက တိုးပြီးရင်းတိုးလာနေမယ်။ တကယ်တော့ ဘဝက အသက်ရှင်သန်ရတဲ့ ဒီနေ့နဲ့ပဲ စတင်ကြရတာပါ။ ဘဝအမှန်ဆိုတာ မနေ့ကလည်း မဟုက်ဘူး၊ မနက်ဖြန်လည်း မဟုက်ပါဘူး။ ဒီနေ့ကို ပျော်ရွှင်အောင် နေနိုင်ရင်ကို ဒါက အတော်ကို လုံလောက်ပါပြီ။ တရားသဘောအရတော့ ဘဝဟာ မတည်မြဲပါဘူး။

◾ အရာအားလုံးဟာ impermanence ဆိုတဲ့ သူ့သဘောနဲ့သာ ရှိနေကြတာပါ။ လောကမှာလည်း ကောင်းတာတွေ ဆိုးတာတွေက အမြဲပြောင်းလဲနေမှုပါပဲ။ ဒါကြောင့်မို့ အရာအားလုံးကို ထာဝရလို မထင်လိုက်မိဖို့ပါပဲ။ ဒီလို နားလည်မှုကသာ စိတ်အေးချမ်းမှုကို ပေးနိုင်ပါတယ်။ တကယ်တော့ ပစ္စုပ္ပန်မှာ နေနိုင်တဲ့သူက အများထက် ပိုအေးချမ်းပါတယ်။

4️⃣ ဘဝဆိုတာကတော့ ကောင်းတာတွေ ရှိသလို ဆိုးတာတွေလည်း ရှိကြတာပါပဲ။ ဒါက လူတိုင်း ရှောင်လွှဲမရနိုင်တဲ့ အမှန်တရားပါ။ ကောင်းတာတွေကို အမြဲမပိုင်ဆိုင်နိုင်သလို၊ ဆိုးတာတွေကိုလည်း အမြဲမကြုံရနိုင်ပါဘူး။ လူတွေက ပျော်ရွှင်မှုကို အဝေးမှာ ရှာတတ်ကြတယ်။

◾ တကယ်တော့ happiness က ကိုယ့်အနီးမှာပဲ ရှိပါတယ်။ ဒီနေ့ ဘယ်လို နေထိုင်မလဲဆိုတာ အရေးကြီးတာပါ။ ဒါ့ကြောင့် Present moment ကို အာရုံစိုက်နိုင်ရင် လုံလောက်ပါပြီ။ အရာအားလုံးဟာ မမြဲခြင်းနဲ့သာ အဆုံးသတ်ကြမှာပါ။

5️⃣ မမြဲတဲ့ အရာကို အမြဲထာဝရလို့ ထင်မိလိုက်ရင် စိတ်ပင်ပန်းမယ်။ တကယ်အမှန်က အရာအားလုံးဟာ ပြောင်းလဲနေတာပါ။ လူတွေ၊ အချိန်တွေ၊ အခြေအနေတွေ အကုန်လုံး ပြောင်းလဲပါတယ်။ ဒါကို နားလည်လာတဲ့ အချိန်ကစပြီးတော့ စိတ်က ပိုပေါ့ပါးလာလိမ့်မယ်။ တကယ်တော့ တချို့ဒုက္ခတွေက ဘဝကို နားလည်စေဖို့ ဖြစ်လာတာပါ။

◾ တရားသဘောအရ ဒုက္ခဟာ အဖိုးတန် သင်ခန်းစာပါပဲ။ Psychology အရတော့ အဲဒါကို growth process လို့ ပြောကြတယ်။ ခက်ခဲမှုတွေက လူကို ပိုခိုင်မာစေပါတယ်။ ဒါကို နားလည်လာတဲ့အခါ ဒုက္ခက အနည်းငယ်တော့ ပေါ့သွားနိုင်တာပေါ့။ နားလည်လက်ခံမှုက စိတ်အေးချမ်းမှုကို ပေးတတ်တယ်မဟုက်လား။

6️⃣ ပြီးတော့ လူတစ်ယောက်ရဲ့ ဒုက္ခအများစုက တွယ်တာမှု Attachment ကြောင့်သာ ဖြစ်ကြတာပါ။ မပိုင်ဆိုင်နိုင်တဲ့ အရာကို လက်မလွှတ်နိုင်လို့ပဲ စိတ်ပင်ပန်းတာပါ။ မပိုင်ဆိုင်နိုင်တော့တဲ့ အရာကို ဖက်တွယ်နေမိရင် စိတ်က ပိုပြီး အလေးခံရမယ်။

◾ ဘဝမှာ တချို့အရာတွေ လက်လွှတ်ရတတ်ပါတယ်။ ဒါက ဆိုးတာမဟုတ်ပါဘူး၊ သဘာဝတရားလို့ လက်ခံနိုင်အောင်ကြိုးစားကြည့်ပါ။ လောကမှာ လက်လွှတ်ချနိုင်တဲ့သူကသာ လူအားလုံးထက် ပိုမိုပေါ့ပါးလိမ့်မယ်။

7️⃣ စိတ်ငြိမ်းချမ်းမှုဆိုတာ အပြင်ဘက်မှာ ရှာရတဲ့အရာမှ မဟုတ်တာ။ ဒါက ကိုယ့်စိတ်ထဲမှာပဲ တည်ရှိပါတယ်။ ကိုယ့်အတွေးတွေ နည်းလာတဲ့အခါ စိတ်က ပိုမိုအေးချမ်းလာမယ်။ ပြီးတော့ မလိုလားအပ်တဲ့ စိုးရိမ်မှုတွေလည်း လျော့သွားမယ်။ လောကမှာ အရာအားလုံးက ကိုယ့်စိတ်အတိုင်း မဖြစ်နိုင်ပါဘူး။ ဒါက ဘဝရဲ့ reality ပါ။

◾ တရားသဘောအရလည်း အရာအားလုံးက သူ့အလိုလိုပဲ ဖြစ်နေတာပါ။ ဒါကို လက်ခံတတ်လာတဲ့အခါ စိတ်က ပိုပြီး တည်ငြိမ်လာမယ်။ Acceptance က စိတ်အေးချမ်းမှုရဲ့ အစပါ။ အဲဒီအချိန်မှာပဲ စိတ်အေးချမ်းမှုကို ခံစားရပါတယ်။

8️⃣ အမှန်တော့ ဘဝမှာ အရာအားလုံးကို ထိန်းချုပ်လို့ မရပါဘူး။ အမှန်စင်စစ်က ကိုယ့်စိတ်ကိုပဲ ထိန်းချုပ်နိုင်အောင် ကြိုးစားကြရမှာပါ။ လောကအဖြစ်ပျက် အခြေအနေတွေကို မပြောင်းနိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်အမြင်ကိုတော့ ပြောင်းလဲလို့ရပါတယ် မဟုက်လား။ ပြီးတော့ စိတ်ကိုလည်း အနားပေးဖို့လည်း လိုပါတယ်။

◾ Psychology မှာတော့ အဲဒါကို mental balance လို့ခေါ်ပါတယ်။ အတွေးနည်းလာတဲ့အခါ စိတ်က ပိုလွတ်လပ်လာမယ်။ အဲဒီအချိန်မှာပဲ inner peace ကို ခံစားရပါတယ်။ အမြင်ပြောင်းလဲနိုင်ရင် စိတ်က ပိုလွတ်လပ်လာပါလိမ့်မယ်။

9️⃣ တခါတလေတော့ ဘဝကို ပေါ့ပေါ့ပါးပါးလေးပဲ မြင်တတ်ဖို့ လိုပါတယ်။ အရာအားလုံးကို အရမ်းအရေးကြီးလို ထင်နေရင် စိတ်ပင်ပန်းလိမ့်မယ်။ တချို့အရာတွေကိုတော့ ရယ်မောပြီး လွှတ်ပေးလိုက်ပါ။ တချို့အရာတွေကို မမြင်မကြားသလို နေလိုက်ပါ။ ဘဝကို အရမ်းကြီး မဖက်တွယ်ထားပါနဲ့။ အရာအားလုံးဟာ ယာယီပဲ တခဏတာ ဖြစ်ပါတယ်။

◾ တရားသဘောအရ ဒါဟာ မမြဲခြင်းပါပဲ။ Life reality အရလည်း အရာအားလုံး ပြောင်းလဲနေပါတယ်။ ဒါကို နားလည်တဲ့သူက ပိုပြီး ပေါ့ပါးပါတယ်။ အဲဒီအခါ စိတ်က ပိုသက်သာလာပါတယ်။

🔟 အမှန်တကယ်တော့ ပျော်ရွှင်မှုဆိုတာ ဟိုးအဝေးကြီးမှာ မရှိပါဘူး။ ကြီးမားတဲ့ အရာတွေထဲမှာလည်း မရှိပါဘူး။ ဒါက သေးငယ်တဲ့ အခိုက်အတန့်တွေထဲမှာပဲ ရှိပါတယ်။ ဒီနေ့ကို ကျေနပ်စွာ နေနိုင်ရင် လုံလောက်ပါပြီ။ Psychology မှာတော့ ဒီလိုစိတ်အခြေအနေကို gratitude လို့ခေါ်ပါတယ်။

◾ ရှိနေတဲ့အရာကို တန်ဖိုးထားနိုင်ရင် ဘဝက ပိုပြီး လှပလာပါတယ်။ ပျော်ရွှင်မှုစစ်စစ်က မရသေးတဲ့ မနက်ဖြန်က ပိုင်ဆိုင်ရမဲ့အရာလည်း မဟုက်သလို၊ မနေ့က ကြုံတွေ့ရတဲ့ အရာလည်းမဟုက်ပါဘူး။ အခု ပစ္စုပ္ပန် အချိန်ကသာ ဘဝအစစ်ပါ။

1️⃣1️⃣ ဘဝကို အရမ်းကြီး မဖက်တွယ်ထားပါနဲ့။ အရာအားလုံးဟာ ယာယီပါပဲ။ ပိုင်ဆိုင်တာတွေကလည်း တစ်နေ့ ပြောင်းလဲသွားမှာပါ။ ဒါကို နားလည်လာတဲ့အခါ စိတ်က ပိုပေါ့ပါးလာလိမ့်မယ်။ အနာဂတ်ကို အရမ်းကြီး စိုးရိမ်မနေပါနဲ့။

◾ မဖြစ်သေးတဲ့ အရာတွေကိုလည်း ကြိုတင်ပြီး ပင်ပန်းပါစေနဲ့။ Psychology မှာတော့ အဲဒါကို future anxiety လို့ခေါ်ပါတယ်။ ဒီနေ့ကို အေးအေးချမ်းချမ်း နေနိုင်ရင် လုံလောက်ပါတယ်။ Present ကို တန်ဖိုးထားပါ။ ပေါ့ပေါ့ပါးပါးနေနိုင်ခြင်းက စိတ်အေးချမ်းမှုပါ။

1️⃣2️⃣ အခုပစ္စပ္ပုန်မှာ အသက်ရှူနေသေးတာက ဘဝရဲ့ တန်ဖိုးအကြီးဆုံး လှပမှုကြီးပါ။ အခုရှင်သန်နေရတာထက် ပိုကောင်းမွန်တဲ့အရာဆိုတာ ဘဝမှာ မရှိပါဘူး။ ဒီနေ့ကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ရင် လုံလောက်ပါတယ်။ မဖြစ်သေးတဲ့အရာတွေကို မစိုးရိမ်ပါနဲ့။ ပြီးသွားတဲ့အရာတွေကိုလည်း မဖက်တွယ်ပါနဲ့။

◾ အသက်ရှူနေသေးတာက ဘဝရဲ့ အခွင့်အရေးပါ။ ဒီနေ့ကို အေးချမ်းစွာ ဖြတ်သန်းနိုင်ရင် ကောင်းပါတယ်။ တရားသဘောအရ ဘဝဟာ အခိုက်အတန့်ပါ။ ဒါကြောင့် ပေါ့ပေါ့ပါးပါး နေတတ်ဖို့ လိုပါတယ်။ Slow down… and breathe peacefully. သက်တောင့်သက်သာ ပေါ့ပေါ့ပါးပါး အသက်ရှူပြီး ရှေ့ခရီးကိုဆက်ပါ။ "အဝေးကြီးမကြည့်နဲ့၊ ပစ္စုပ္ပုန်မှာနေပါ။"

ချစ်ခြင်းများစွာဖြင့်။
Prof. Dr. Sai Naw Jar
"အဝေးကြီးမကြည့်နဲ့၊ ပစ္စုပ္ပုန်မှာနေပါ။"
8. March. 2026

Crd

အနိုင်ရတိုင်း အနိုင်မကျင့်နဲ့******************"လူ'' စာ မတတ်တာသုံးစားလို့ ရချင်ရလိမ့်မယ်။ "လူ'' ကိုယ်ချင်းစာတရား မဲ့ရင်တ...
14/03/2026

အနိုင်ရတိုင်း အနိုင်မကျင့်နဲ့
******************
"လူ'' စာ မတတ်တာ
သုံးစားလို့ ရချင်ရလိမ့်မယ်။

"လူ'' ကိုယ်ချင်းစာတရား မဲ့ရင်
တိရစ္ဆာန်ထက် ဆိုးတယ်။

သင် အနိုင်ရတိုင်း
သိပ်ပျော်မနေပါနဲ့။

သင် ရှုံးနိမ့်တဲ့အခါ
ငိုရလိမ့်မယ်။

သူတစ်ဖက်သား အပေါ်...
ကိုယ်ချင်းစာနာစိတ် မရှိလျှင်
သင့်အပေါ်
တန်ပြန်သက်ရောက်မှုက
သိပ်မကြာဘူးဆိုတာ မမေ့ပါနဲ့။

ဝဋ်ကြွေးဆိုတာ
ကိုယ်ကယူခဲ့လို့ ပေးဆပ်ရတာ။
ယူပြီးရင်တော့
ဆပ်ရဖို့ မမေ့ပါနဲ့။

သင်လုပ်ခဲ့သမျှ
သင်ပြုခဲ့သမျှ
သင့်ထံ ပြန်လာဦးမှာပါပဲ။

သင့်အရိပ်က
သင့်နောက်လိုက်နေမှာကို
မမေ့ပါနဲ့။

ကိုယ်တိုင်က မကောင်းတာကို
သူတစ်ပါးကောင်းဖို့ မမျှော်လင့်နဲ့။

သင်နဲ့ ထိုက်တန်သလောက်သာ
သင် ရပါလိမ့်မယ်။

အနိုင်ရတိုင်း
အနိုင်မယူချင်နဲ့။

သူ့ဝဋ်ကြွေးရှိသရွေ့တော့
သူပေးဆပ်ရလိမ့်မယ်။

သူ့ဝဋ်ကြွေးကုန်တဲ့နေ့ဟာ

သင့်ဝဋ်ကြွေး ပြန်စမယ်ဆိုတာ
မမေ့ပါနဲ့။

ဝဋ် ဆိုတာက
နောက်ဘဝ မကူးဘူး။

ဒီဘဝမှာတင်
ချက်ချင်း လည်တတ်ပါတယ်။

#မေတ္တာဖြင့် #စာပေ #ဗဟုသုတ #ဘဝစာပေ #စာပေချစ်သူ #စာပေကြိုက်သူများ #လေးစားစွာဖြင့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် Htun-စာပေ
Crd

▪️အကောင်းမြင်စိတ်ရှိသူနဲ့အကောင်းမြင်စိတ် မရှိသူဆိုတာ ပတ်ဝန်းကျင်ကိုပြောင်းလဲမြင်ရုံတင်မကဘူး မိမိကိုယ်တိုင်အပေါ်လည်း အမြင...
13/03/2026

▪️အကောင်းမြင်စိတ်ရှိသူနဲ့အကောင်းမြင်စိတ် မရှိသူဆိုတာ ပတ်ဝန်းကျင်ကိုပြောင်းလဲမြင်ရုံတင်မကဘူး မိမိကိုယ်တိုင်အပေါ်လည်း အမြင်မတူပဲ စိတ်ချမ်းသာခြင်းနဲ့ဝေးစေပါတယ်။

▪️ဒီလိုပါပဲ လောကမှာအကောင်းမြင်တဲ့သူတစ်ယောက်ဖြစ်ဖို့က အမြင်ကျဉ်းနေလို့မရဘူး ကိုယ့်အမြင်ကြောင့် ကိုယ်သွင်းတဲ့ဘောင်မှာ ကိုယ်တိုင်ပိတ်မိနေရတတ်တယ်။

▪️ဒါကြောင့် မိမိသောက်လိုက်တဲ့ ကော်ဖီက ငံတာလား မိမိခံတွင်းကိုက အရသာပျက်နေတာလား အရင်သိအောင်လုပ်ပါ။

▪️သူတစ်ပါးက ငံတယ်ဆို ငံလိုက်ပြီး
သူတစ်ပါးက ချိုတယ်ဆို လိုက်ချိုလိုက်မယ်ဆိုတဲ့ သူတစ်ပါးရဲ့စိတ်နဲ့အသက်ရှင်ရတဲ့ သူမျိုးအ‌ဖြစ်မခံပါနဲ့ မိမိကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိပါစေ။

လေးစားစွာဖြင့်
မေဆု(ရာမညမြေ)
31.12.2025

ဘယ်သူ့ကိုမှ အားကိုးတကြီးနဲ့ မျှော်လင့်မထားပါနဲ့ အတက်နိုင်ဆုံး ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကြိုးစားပါ။ဘာမှမသိရင် အောက်ကျ...
09/03/2026

ဘယ်သူ့ကိုမှ အားကိုးတကြီးနဲ့
မျှော်လင့်မထားပါနဲ့ အတက်နိုင်ဆုံး
ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကြိုးစားပါ။

ဘာမှမသိရင် အောက်ကျို့ရတယ်။
ဒါကြောင့် သိအောင် လေ့လာပါ။

ဘာမှမရှိရင် မျက်နှာငယ်ရတယ်။
ဒါကြောင့် ရှိအောင် ကြိုးစားပါ။

စာဖတ်ပါ။
အမှားနည်းပြီး အသိတရားကြွယ်ဖို့ အတွက်
လူတစ်ယောက်မှာ နေ့စဉ်
အချိန်ပေးပြီး စာဖတ်နေဖို့လိုအပ်တယ်။

ငွေရှာပါ။
ရှာပြီးမစုဆောင်းရင်လည်း
အိတ်ပေါက်နဲ့ ဖားကောက် ဆိုရိုးစကားလိုပဲ
သေအောင်ရှာ ချမ်းသာမှာ မဟုတ်တဲ့
အတွက်ကြောင့် ပိုက်ဆံစုပါ။

ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ
မကြည့်ဘဲ နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။

ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြနဲ့
မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်
မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူက
ပိုများပါလိုက်မယ်.....

တစ်ခါတလေမှာ
အေးအေးဆေးဆေးလေး အနားယူပြီး
တစ်ယောက်ထဲ နေတတ်အောင် နေကြည့်ပါ။

လွတ်လပ်ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့
တချို့အရာတွေက ကိုယ်ထင်ထားသလောက်
အရေးမကြီးမှန်း အရေးမပါမှန်းသိလာပါလိမ့်မယ်။

ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရှိပါဘူး
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ
ကိုယ်ကိုယ်တိုင် ရှာယူရတာပါ။

#မေတ္တာဖြင့် Htun-စာပေ
Crd

ရေစက်ကုန်သွားရင် ဆွဲထားလို့လည်း မရနိုင်ဘူး-------–-------------------အရာရာဟာ ရေစက်ပါလာ သလောက်ပဲ။ဆက်ဆံရေးတိုင်းက သူ့သက်တမ...
07/03/2026

ရေစက်ကုန်သွားရင်
ဆွဲထားလို့လည်း မရနိုင်ဘူး
-------–-------------------

အရာရာဟာ
ရေစက်ပါလာ သလောက်ပဲ။
ဆက်ဆံရေးတိုင်းက
သူ့သက်တမ်းနဲ့သူ ရှိပြီးသားပါ။
ရေစက်ကုန်ရင်တော့
သက်တမ်းလည်းကုန်တာပေါ့။

ဘယ်လောက်ပဲ
ပျော်ရွှင်စရာကောင်းတဲ့
ဆက်ဆံရေးဖြစ်နေပါစေ။
တကယ်တမ်း
ရေစက်ကုန်သွားတဲ့အခါ
မလွဲမသွေ နှုတ်ဆက် ခွဲခွာရပါတယ်။
နှုတ်မဆက်ပဲနဲ့လည်း ခွဲခွာရနိုင်ပါတယ်။
ဒါဟာ ပုံမှန်လည်ပတ်နေတဲ့
သဘာဝပဲဖြစ်တယ်။

တွေ့ဆုံမှုတိုင်းကို
နောင်တ ဖြစ်စေမယ့်အရာမျိုး
မလုပ်မိပါစေနဲ့။
တွေ့ဆုံမှုတိုင်းက အဓိပ္ပါယ်
ကိုယ်စီ ရှိကြပါတယ်။

ဘယ်သူတွေက
ဘယ်ချိန်ထိ ငါ့အနားမှာ
ရှိနေပေးမလဲလို့ တွေးမနေပါနဲ့။
အတွေးလွန်ပြီးတော့လည်း
စိတ်မပျော်ပဲ မနေလိုက်ပါနဲ့။
အတွေးလွန်တာဟာ
အချိန်ဖြုန်းခြင်းတစ်မျိုးပဲ။

သူတို့တွေဟာ
သင့်ဘဝထဲ အချိန်တစ်ခုထိ
အဖော်ပြုပေးခဲ့တယ်ဆိုတာနဲ့တင်
သင်ဟာ ကံကောင်းနေပါပြီ။

ဘဝခရီးအဆုံးထိ
အတူတူ မရှိနိုင်ကြပေမယ့်
( ရှိဖို့လည်း မလွယ်ပါဘူးလေ)
တချိန်တုန်းက
အမှတ်တရကောင်းတွေကို
ပြန်တွေးကြည့်ပြီး
ကျေနပ် နှစ်သိမ့်လိုက်ပါ။
ဘဝမှာ
ချစ်သူဖြစ်ဖြစ် မု.န်းသူပဲဖြစ်ဖြစ်
ရေစက်ပါသလောက်တော့
ဆုံတွေ့ခွင့် ရနေမှာပါ။

ရေစက်ကုန်သွားရင်တော့
သင် ဆွဲထားလို့လည်း
မရနိုင်တော့ပါဘူး။
ဒါကြောင့် ရေစက်မကုန်သေးချိန်မှာ
တန်ဖိုးထားသင့်တာကို
တန်ဖိုးထားဖို့ မမေ့ပါနဲ့........။

+++++++++++++++++++++++
#ပြန်လည်မျှဝေပေးခြင်းဖြစ်သည်။
Ven Kesara (ဘုန်းကေ)
#စာပေ #စာဖတ်ပါ








"အေးစက်သွားရင်တော့ နေနိုင်လိုက်တာလို့ ပြောကြတာပါ၊ နွေးထွေးပေးတုန်းကကော တန်ဖိုးထားခဲ့လို့လား"လူတွေက ခက်တယ်၊ ကိုယ်က အရာရာက...
03/03/2026

"အေးစက်သွားရင်တော့ နေနိုင်လိုက်တာလို့ ပြောကြတာပါ၊ နွေးထွေးပေးတုန်းကကော တန်ဖိုးထားခဲ့လို့လား"

လူတွေက ခက်တယ်၊ ကိုယ်က အရာရာကို သည်းခံပြီး အနားမှာ နွေးနွေးထွေးထွေး ရှိပေးနေတုန်းကတော့ ဘာမှမဟုတ်သလို အလေးမထားတတ်ကြဘူး။ ကိုယ့်ရဲ့ ဂရုစိုက်မှုတွေကို အထူးအဆန်းမဟုတ်သလို သဘောထားပြီး နေချင်သလို နေခဲ့ကြတာ။ ဒါပေမဲ့ ကိုယ်က နာကျင်မှုတွေ များလာလို့၊ စိတ်ကုန်သွားလို့ အေးစက်သွားတဲ့အခါကျမှ "မင်းက နေနိုင်လိုက်တာ" "မင်းက ရက်စက်လိုက်တာ" ဆိုပြီး အပြစ်တင်ဖို့ပဲ သိကြတယ်။

တကယ်တော့ ငါအေးစက်သွားတာက ငါ့အပြစ်မဟုတ်ဘူး။ မင်းကိုယ်တိုင်က ငါ့ရဲ့ နွေးထွေးမှုတွေကို တန်ဖိုးမထားဘဲ အကြိမ်ကြိမ် နင်းခြေခဲ့လို့ ငါ့နှလုံးသားက အလိုလို ခဲသွားခဲ့တာ။ ငါ့ဘက်က အစွမ်းကုန် ကြိုးစားပေးခဲ့တုန်းက မင်းက ဂရုမစိုက်ခဲ့ဘဲ အခုမှ လာပြီး အရင်လို မဟုတ်တော့ဘူးလို့ ပြောနေတာက တော်တော်လေး ရယ်စရာကောင်းပါတယ်။ နွေးထွေးပေးခဲ့တဲ့ အချိန်တွေကို မင်းဘာသာမင်း အဖတ်မလုပ်ခဲ့တာလေ။

ဘယ်သူမှတော့ အကြောင်းမဲ့ အေးစက်မသွားပါဘူး။ တစ်ဖက်လူရဲ့ လျစ်လျူရှုမှုတွေကပဲ ကိုယ့်ကို အေးစက်အောင် တွန်းပို့လိုက်တာ။ အခုချိန်မှာ ငါနေနိုင်သွားတာဟာ ငါရက်စက်လို့မဟုတ်ဘူး၊ ငါ့ရဲ့ စေတနာတွေ တန်ဖိုးမရှိတဲ့နေရာမှာ ဆက်ပြီး မရှိချင်တော့လို့ပဲ။ နွေးထွေးပေးတုန်းက တန်ဖိုးမထားခဲ့တဲ့သူအတွက် အေးစက်စက် နေပြလိုက်တာကပဲ အလိုက်ဖက်ဆုံး တုံ့ပြန်မှုပါပဲ။


Crd

ကိုယ့်ပိုက်ဆံကြ တန်ဖိုးရှိပြီးသူများပိုက်ဆံကြ တွင်းထဲကနှိုက်တယ်ထင်နေသူများသို့......"မင်းက အလုပ်နဲ့လေ..""ပိုက်ဆံတွေအများ...
02/03/2026

ကိုယ့်ပိုက်ဆံကြ တန်ဖိုးရှိပြီး
သူများပိုက်ဆံကြ တွင်းထဲကနှိုက်တယ်
ထင်နေသူများသို့......

"မင်းက အလုပ်နဲ့လေ.."

"ပိုက်ဆံတွေအများကြီးရနေတာဘဲ...
မင်းက ဘောစိ...။"

"မုန့်ဝယ်ကျွေး....တစ်သောင်း ၊နှစ်သောင်း၊လေး.. ငါး သောင်းလောက်ပဲ။"

"ဟုတ်ကဲ့.. တစ်ခုပြောချင်ပါတယ်...။"

"မှန်ပါတယ် တစ်သောင်း၊နှစ်သောင်းဆိုတာ အရမ်းမများတဲ့ ပမာဏ တစ်ခုပါ။"

"ဝယ်လည်းကျွေးပါတယ်..။
ခဏခဏဆိုတဲ့အခါ..။"

"ရှာတာတွေက တန်ဖိုးမရှိတော့သလိုဘဲ.။"

"ကြီးကျယ်ပြောတာမဟုတ်ပါဘူး..။"

"အဲ့လိုရဖို့..။
ခင်ဗျားတို့..လိုင်းလေးသုံး၊ဂိမ်းလေးဆော့ပြီး၊ကြူနေချိန်..။"

"ကျွန်တော်တို့ ခြေထောက်တွေကိုက်ခဲနာကျင်တဲ့ထိ အလုပ်လုပ်နေရတယ်..။"

"ခင်ဗျားတို့..အိမ်မှာ..အေးဆေးနှပ်နေချိန်၊
ကျွန်တော်တို့ နေပူမရှောင်မိုးရွာမရှောင် အလုပ်သွားလုပ်ရတယ်..။"

"ကိုယ်မှားမှား၊မှန်မှန် ဒေါသတွေထိန်းရတယ်၊ အရာရာကိုသည်းခံပြီး..နေရတယ်။"

"ခင်ဗျားတို့..
သီးချင်းလေးနားထောင်ရင်း၊စားချင်တာတွေစားနေချိန်..၊"

"ကျွန်တော်တို့
ဗိုက်ဆာနေလည်း နားချိန်ရောက်တဲ့ထိအစားမစားပဲ
အားတင်းပီးအလုပ်ဆက်လုပ်နေရတယ်။"

"ခင်များတို့.အေးဆေးလေးအိပ်နေချိန်..။
ကျွန်တော်တို့ မနက်ကနေ ညဘက်သူများတွေနားချိန်တောင် လုပ်နေရတဲ့အခိုက်အတန့်။"

"မိတ်ဆွေ..။
အလကားရသောအရာ..။
ဤကမ္ဘာတွင်မရှိ။
ကိုယ်ချင်းစာတတ်ပါစေ။"

#မေတ္တာဖြင့် Htun-စာပေ
Crd

ဘယ်သူ့ကိုမှ အားမကျသလို ဘယ်သူ့ကိုမှ အထင်မသေးဘူး လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပဲ။   #စာပေCrd
27/02/2026

ဘယ်သူ့ကိုမှ အားမကျသလို ဘယ်သူ့ကိုမှ အထင်မသေးဘူး လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပဲ။

#စာပေ
Crd

ရေစက်ကုန်သွားရင် ဆွဲထားလို့လည်း မရနိုင်ဘူး-------–-------------------အရာရာဟာ ရေစက်ပါလာ သလောက်ပဲ။ဆက်ဆံရေးတိုင်းက သူ့သက်တမ...
26/02/2026

ရေစက်ကုန်သွားရင်
ဆွဲထားလို့လည်း မရနိုင်ဘူး
-------–-------------------

အရာရာဟာ
ရေစက်ပါလာ သလောက်ပဲ။
ဆက်ဆံရေးတိုင်းက
သူ့သက်တမ်းနဲ့သူ ရှိပြီးသားပါ။
ရေစက်ကုန်ရင်တော့
သက်တမ်းလည်းကုန်တာပေါ့။

ဘယ်လောက်ပဲ
ပျော်ရွှင်စရာကောင်းတဲ့
ဆက်ဆံရေးဖြစ်နေပါစေ။
တကယ်တမ်း
ရေစက်ကုန်သွားတဲ့အခါ
မလွဲမသွေ နှုတ်ဆက် ခွဲခွာရပါတယ်။
နှုတ်မဆက်ပဲနဲ့လည်း ခွဲခွာရနိုင်ပါတယ်။
ဒါဟာ ပုံမှန်လည်ပတ်နေတဲ့
သဘာဝပဲဖြစ်တယ်။

တွေ့ဆုံမှုတိုင်းကို
နောင်တ ဖြစ်စေမယ့်အရာမျိုး
မလုပ်မိပါစေနဲ့။
တွေ့ဆုံမှုတိုင်းက အဓိပ္ပါယ်
ကိုယ်စီ ရှိကြပါတယ်။

ဘယ်သူတွေက
ဘယ်ချိန်ထိ ငါ့အနားမှာ
ရှိနေပေးမလဲလို့ တွေးမနေပါနဲ့။
အတွေးလွန်ပြီးတော့လည်း
စိတ်မပျော်ပဲ မနေလိုက်ပါနဲ့။
အတွေးလွန်တာဟာ
အချိန်ဖြုန်းခြင်းတစ်မျိုးပဲ။

သူတို့တွေဟာ
သင့်ဘဝထဲ အချိန်တစ်ခုထိ
အဖော်ပြုပေးခဲ့တယ်ဆိုတာနဲ့တင်
သင်ဟာ ကံကောင်းနေပါပြီ။

ဘဝခရီးအဆုံးထိ
အတူတူ မရှိနိုင်ကြပေမယ့်
( ရှိဖို့လည်း မလွယ်ပါဘူးလေ)
တချိန်တုန်းက
အမှတ်တရကောင်းတွေကို
ပြန်တွေးကြည့်ပြီး
ကျေနပ် နှစ်သိမ့်လိုက်ပါ။
ဘဝမှာ
ချစ်သူဖြစ်ဖြစ် မု.န်းသူပဲဖြစ်ဖြစ်
ရေစက်ပါသလောက်တော့
ဆုံတွေ့ခွင့် ရနေမှာပါ။

ရေစက်ကုန်သွားရင်တော့
သင် ဆွဲထားလို့လည်း
မရနိုင်တော့ပါဘူး။
ဒါကြောင့် ရေစက်မကုန်သေးချိန်မှာ
တန်ဖိုးထားသင့်တာကို
တန်ဖိုးထားဖို့ မမေ့ပါနဲ့........။

+++++++++++++++++++++++
#ပြန်လည်မျှဝေပေးခြင်းဖြစ်သည်။
Ven Kesara (ဘုန်းကေ)
#စာပေ #စာဖတ်ပါ










Crd

‎အကြောတင်းတဲ့‎မိန်းမတိုင်းမှာ‎ချစ်စရာကောင်းတဲ့‎အကျင့်တချို့ကိုတွေ့ရတယ်‎‎အဲ့ဒါကတော့‎"စိတ်ထားဖြူစင်ခြင်း"နဲ့‎"ဖြောင့်မတ်ခြ...
26/02/2026

‎အကြောတင်းတဲ့
‎မိန်းမတိုင်းမှာ
‎ချစ်စရာကောင်းတဲ့
‎အကျင့်တချို့ကိုတွေ့ရတယ်

‎အဲ့ဒါကတော့
‎"စိတ်ထားဖြူစင်ခြင်း"နဲ့
‎"ဖြောင့်မတ်ခြင်း"ပဲ

‎သူတို့က
‎"မဟုတ်ရင်မခံဘူး"‌ဆိုတဲ့
‎"လူမှန်"စိတ်ကလေးရှိကြတယ်

Crd

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ AK MANผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์