La Yeik Cho Fashion

La Yeik Cho Fashion Fashion & Entertainment

24/07/2025

Price 28000

Enjoy Today... Pay Tomorrow...
25/05/2025

Enjoy Today... Pay Tomorrow...

Difference between Accounting and Architecture... Is it true?
25/08/2024

Difference between Accounting and Architecture... Is it true?

ထူးဆန်းသောပိုးဟပ်........အထူးကုဆေးခန်းမှာစစ်ဆေးမှု့ခံယူပြီးနောက်ဓါတ်မှန်အဖြေကိုကြည့်ပြီးဆရာဝန်ကလူနာကိုပြောပါတယ် -       ...
24/10/2021

ထူးဆန်းသောပိုးဟပ်........

အထူးကုဆေးခန်းမှာစစ်ဆေးမှု့ခံယူပြီးနောက်ဓါတ်မှန်အဖြေကိုကြည့်ပြီးဆရာဝန်ကလူနာကိုပြောပါတယ် -

"ခင်ဗျားရင်ဘတ်ထဲမှာ ပိုးဟပ်အရှင်တစ်ကောင်ရှိနေတယ်-ဖြစ်နိုင်ရင်တော့ နိုင်ငံခြားကိုသွားပြီးခွဲစိတ်ကုသဖို့တော့လိုလိမ့်မယ်"

လူနာလည်း အရမ်းစိုးရိမ်ပြီးအချိန်တိုအတွင်းလိုအပ်တာတွေပြင်ဆင်လို့ ငွေကုန်ကြေးကျများစွာကုန်ကျခံကာ ဂျပန် နိုင်ငံက နံမည်ကြီး ဆေးရုံတစ်ခုကိုသွားရောက်ခွဲစိတ်ဖို့ထွက်သွားပါတယ်။

ဟိုရောက်တော့ ခွဲစိတ်မှု့မပြုခင် ဆေးစစ်မှု့တွေထပ်မံပြုလုပ်ရပါတယ်-အားလုံးစစ်ဆေးမှု့တွေပြုလုပ်ပြီးတဲ့နောက် စိုးရိမ်သောက ဖြစ်ရင်း စိတ်မောစွာစောင့်နေတဲ့ လူနာဆီကိုဆရာဝန်ကဓါတ်မှန်အဖြေ ကိုင်လာပြီး ခုလိုပြောလိုက်ပါတယ်။

"ခင်ဗျားရင်ဘတ်ထဲမှာ ပိုးဟပ်မရှိပါဘူး ,ဒါပေမဲ့ ခင်ဗျားတို့နိုင်ငံရဲ့ဆေးရုံက ဓါတ်မှန်ရိုက်တဲ့စက်ထဲမှာတော့ ပိုးဟပ်အရှင်တစ်ကောင်ရှိနေပါတယ်"

Crd: မူရင်း

Mask တပ်ထားရင် လူတိုင်းလှတယ်။ ဒါ့ကြောင့် မက်စ် တပ်ပါလို့ ပြောတာ..😂😂🤣🤣😂
23/10/2021

Mask တပ်ထားရင် လူတိုင်းလှတယ်။ ဒါ့ကြောင့် မက်စ် တပ်ပါလို့ ပြောတာ..😂😂🤣🤣😂

Oppa တွေကိုလုပ်ရက်လိုက်တာ 👀😂😂😂Photo: Crd
20/10/2021

Oppa တွေကိုလုပ်ရက်လိုက်တာ 👀😂😂😂
Photo: Crd

BlackPink အဖွဲ့ကို ပန်းချီဆရာက လက်စွမ်းပြလိုက်တယ်နော် 😂😂🤣🤣Photo: Credit
03/10/2021

BlackPink အဖွဲ့ကို ပန်းချီဆရာက လက်စွမ်းပြလိုက်တယ်နော် 😂😂🤣🤣

Photo: Credit

မိမိတင်လိုက်ရှဲလိုက်လုပ်နေသော ပိုစ့်များမှာ လိုင်ကီလေးတစ်ခုတောင်မရသောအခါ 😔😔Crd: KLAND
27/09/2021

မိမိတင်လိုက်ရှဲလိုက်လုပ်နေသော ပိုစ့်များမှာ လိုင်ကီလေးတစ်ခုတောင်မရသောအခါ 😔😔

Crd: KLAND

🍋🍋သံပုရာသီး အသုံး၀င်ပုံ (၁၀) ချက်🍋🍋🍋၁။🦷 ခံတွင်း ကျန်းမာရေး 🦷သံပုရာသီးဟာ သွားကို ဖြူစေ ပါတယ်။ သံပုရာသီး အခွံကိုဆား (တကော်...
24/09/2021

🍋🍋သံပုရာသီး အသုံး၀င်ပုံ (၁၀) ချက်🍋🍋🍋

၁။🦷 ခံတွင်း ကျန်းမာရေး 🦷

သံပုရာသီးဟာ သွားကို ဖြူစေ ပါတယ်။ သံပုရာသီး အခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေ ရုံတင် မကဘူး။ တောက်ပ စေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေ ပါတယ်။ သွားကိုက် နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်း ပေးပါ။

၂။ 👄နှုတ်ခမ်းကွဲခြင်း👄

မျက်နှာ လိမ်းခရင်မ် တစ်ဇွန်း (လက်ဖက်ရည် သောက်ဇွန်း)နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါ လိမ့်မယ်။

၃။ 👩‍🦱ဆံပင်ကျွတ်ခြင်း👩‍🦱

အုန်းရည် လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

၄။ 🧠ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်🧠

ကြက်ဥ အကာရည်နှင့် သံပရာရည် (သံပုရာသီး တစ်လုံးစာ) တို့ရောပြီး ဆံနွယ် အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီး ဆေးကြော ပေးပါ။ တစ်လလောက် လုပ်ပေး ရုံနဲ့တင် ဦးရေပြား သန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင် သွားပါ လိမ့်မယ်။

၅။ 🙌အသားအရေ ခြောက်သွေ့ခြင်းအတွက်🙌

ငှက်ပျောသီးမှည့် တစ်လုံးကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီး တို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။ နောက်တစ်နည်း ကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း)ကို ဟင်းသီး ဟင်းရွက် ဆီနဲ့ ရောပေးပါ။ ပြီးရင် သံပုရာရည် တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ် တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော် နေတဲ့ နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြား အလှအပ အတွက် အကောင်းဆုံး ပေးစွမ်း စေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဝက်ခြံနဲ့ ယားနာတွေကို ပျောက်ကင်း စေတဲ့ သတ္တိ ရှိပါတယ်။ မှဲ့ခြောက် တွေကိုလည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

၆။ 🌝အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်များအတွက်🌝

သံပုရာရည် နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကို ချေပြီး ပျော့ဖတ် သဖွယ် ရအောင် လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြော ပေးပါ။

၇။ 💪တံတောင်ဆစ် မည်းခြင်းအတွက်💪

သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ တွေဟာ မှောင်မှောင် မှိုင်းမှိုင်းနဲ့ ခြောက်ခြောက် သွေ့သွေ့ ဖြစ်နေ တတ်ပါတယ်။ အရောင်အဝါ လင်းလက် ချင်တယ် ဆိုရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင် ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်း ထန်းနဲ့ မအိပ်ချင်ဘူး ဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည် တစ်ခွက် တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့ စိမ်ချိုးပေးပါ။

၈။ 💅လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်💅

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကို စိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်း တွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ် ဆိုရင်လည်း ပိုပြီး တောက်ပြောင် လာပါ လိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရ်ှနဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက် ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြော ပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင် စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရ်ှနဲ့ တိုက်ပေးရင် ပိုကောင်း ပါတယ်။

၉။ 🦶ခြေထောက်🦶

သံပုရာရည် တစ်ခွက်စာ (ကော်ဖီခွက် တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင် ပါတယ်၊ အနည်း၊ အများ အရေး မကြီးပါ)တို့ ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူး ဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြု နိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ် ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။ တစ်ပတ်လောက် လုပ်ကြည့် လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာ ချောမွေ့ လာပါ လိမ့်မယ်။

၁၀။ 🏜️နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး🏜️

ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီလို ဥတုမျိုးမှာ ချွေးထွက် သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူ သက်သာအောင် လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည် တစ်ဇွန်းနဲ့ ရောပြီး သောက်ပေးပါ။ သွေးလေ လည်ပတ်မှုကို ကောင်းမွန် စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက်သာ စေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင် ပေးပါတယ်။
🙆‍♀️🙆‍♀️🙆‍♀️🙆‍♀️🙆‍♀️

ဆေးမေတ္တာ

လူတိုင်းမေတ္တာထားတတ်ကြပါစေ.....photo:Credit
21/09/2021

လူတိုင်းမေတ္တာထားတတ်ကြပါစေ.....
photo:Credit

ที่อยู่

Bangkok
10600

เบอร์โทรศัพท์

+959979482611

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ La Yeik Cho Fashionผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง La Yeik Cho Fashion:

แชร์