Tø Cøllêctiøns

Tø Cøllêctiøns no

ငါတို့တိုင်းပြည်မှာတော့ ကပ်သုံးပါးဟာ အနုလုံပဋိလုံ စုံသလောက်ဖြစ်သွားပြီ 😌နိဗ္ဗာန်တော့ မသိဘူး ငရဲဆိုတာကိုတော့ ငါတို့ အရှင်...
13/09/2024

ငါတို့တိုင်းပြည်မှာတော့ ကပ်သုံးပါးဟာ
အနုလုံပဋိလုံ စုံသလောက်ဖြစ်သွားပြီ 😌

နိဗ္ဗာန်တော့ မသိဘူး ငရဲဆိုတာကိုတော့
ငါတို့ အရှင်လတ်လတ် ဖြတ်သန်းဖူးခဲ့ပြီ 😇

ဘဝထဲမှာ ကိုယ့်အပေါ်ဖောက်ပြန်သွားတဲ့လူတွေနဲ့ လမ်းခွဲအပြီးသတ်မှာဒဏ်ရာအကြောင်းတွေးဖြစ်လို့ဝမ်းနည်းဖြစ်လိုက်တာပဲရှိပါတယ်ဆုံရ...
06/09/2024

ဘဝထဲမှာ ကိုယ့်အပေါ်ဖောက်ပြန်သွားတဲ့
လူတွေနဲ့ လမ်းခွဲအပြီးသတ်မှာ
ဒဏ်ရာအကြောင်းတွေးဖြစ်လို့
ဝမ်းနည်းဖြစ်လိုက်တာပဲရှိပါတယ်
ဆုံရှုံးလိုက်ရလို့ နောင်တ ရတာမျိုးမဟုတ်ပါဘူး။

အချိန်အကြာကြီး ချစ်ပေးခဲ့သမျှ
ကိုယ်ပြန်ရတာကစိတ်ပျက်စရာတွေဖြစ်နေခဲ့တာကို
ဝမ်းနည်းဖြစ်ရုံပါ ။

" ဘာလို့ကိုယ့်ကိုဒီလိုတွေလုပ်သွားတာလဲ"

"ကိုယ်အကြိမ်ကြိမ်ခွင့်လွှတ်ပေးထားတဲ့ကြားက
ကိုယ့်ခွင့်လွှတ်ခြင်းတွေကို ထပ်ခါထပ်ခါ
အလွဲသုံးစားလုပ် သွားရတာလဲ "

" ကိုယ်ချစ်ပေးခဲ့တာ လိုအပ်ချက်များရှိလို့လား"

ဆိုတဲ့ မေးခွန်းတွေ က ကိုယ့်ကိုယ်ပြန်ကျိုးကျေ
စေခဲ့တဲ့ အတွေးတွေနဲ့ ပြန်ပြန်မေးပြီး
စိတ်ဝမ်းနည်းရတာပါပဲ ။

အဲ့ဒီလို ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ပြီး
ကိုယ့်မှာ ပဲ ချို့ယွင်းချက်ဖြစ်စေသလား
ဆိုတဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး
စိတ်အားငယ်ဖြစ်ရတာပါ ။

ဖောက်ပြန်တဲ့သူတွေကမသိပေမယ့်
ချစ်ပေးရတဲ့သူက ဖောက်ပြန်ခံရတဲ့
စိတ်ဒဏ်ရာကို နှစ်တွေအတော်အကြာကြီးအထိ
ခံစားရတာပါပဲ ။

အဲ့ဒီခံစားချက်နဲ့ အရာရာကို သိမ်ငယ်ရတာပါပဲ
နောက်ထပ်ချစ်ရမယ့် ကိစ္စတွေကို
မစဥ်းစားရဲတော့တဲ့အထိပါပဲ ။

ဒါပေမယ့် ကောင်းတဲ့ဘက်ကပြန်ကြည့်ရင်တော့
ကိုယ့်ရဲ့ မေတ္တာတရားနဲ့ မထိုက်တန်တဲ့
လူတစ်ယောက်နဲ့ လွဲချော်သွားရတာက
ကိုယ့်အတွက် ကံကောင်းမှုတစ်ခုပေါ့။

ဘာပဲပြောပြော ဒါကို ဝဋ်​​ကြွေးတစ်ခုအဖြစ်
မှတ်ယူပြီး ဖြေသိမ့်စရာလေးတော့ရပါတယ် ။

" ပေးစရာရှိတာပေးခဲ့တာပဲ
ပြန်ရတာ ဒဏ်ရာတွေဆိုတော့လည်း
ဘယ်တတ်နိုင်မလဲပေါ့ "

#ကိုယ့်ရဲ့ #စကားလက်ဆောသ်

13/07/2024

ဆက်ငိုမို့ မျက်ရည်တွေ ချန်ထားပါအူးကွာ 🥹

မင်းကို မေးချင်နေမိတဲ့ မေးခွန်းတွေထဲက တစ်ခုပါ ...ကိုယ် ရှိနေရုံနဲ့ မလုံလောက်ဘူးလား ...နေရာတကာမှာ ကိုယ့်ကိုယ်ကိုယ် မေ့တဲ့...
01/06/2023

မင်းကို မေးချင်နေမိတဲ့
မေးခွန်းတွေထဲက တစ်ခုပါ ...

ကိုယ် ရှိနေရုံနဲ့
မလုံလောက်ဘူးလား ...

နေရာတကာမှာ
ကိုယ့်ကိုယ်ကိုယ် မေ့တဲ့အထိ
ဂရုစိုက်နေမိတဲ့ ကိုယ်က
ပိုများ ပိုနေတာလားလို့ ...

ဒါမှမဟုတ်
ကိုယ့်ချစ်ခြင်းတွေက
မင်းအတွက် မလောက်ငှရအောင်
ဘယ်နေရာမှာများ လိုအပ်ချက်ရှိနေလို့လဲလို့
အဖြေတွေ ရှာနေမိတယ် ...

တခြားတစ်ယောက် နဲ့
စကားတွေ ပြောနေရမှ
ပျော်တတ်တာလား ...

ပြီးတော့လေ ...

ကိုယ်ခဏလေး မျက်ကွယ်ရာရောက်ရင် ...
ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်က
အလိုလို မင်းအနား ရှိလာတာပါပဲ ...

ဒါက သဘာ၀ပဲလား
တစ်စုံတစ်ယောက်မရှိပဲ
ဘ၀ကို တည်တည်ငြိမ်ငြိမ်လေး
မဖြတ်သန်းနိုင်ဘူးလားဟင် ...

ကိုယ်တစ်ယောက်လုံး ရှိနေပြီလေ ...
မင်းကို အများကြီးလဲ ချစ်ပေးတယ်
တစ်ချိန်လုံးလဲ ဂရုစိုက်တယ် ...

ဒါပေမယ့်
ဘာလို့ ကိုယ်တစ်ယောက်တည်းနဲ့
မလုံလောက်ရတာလဲ ။

#ကျေးကို

ဖောက်ပြန်တဲ့ Private chat တွေကိုမြင်ရင် မဖတ်နိုင်ဘူး ။ကိုယ့်ရဲ့သက်ဆိုင်သူက ကိုယ်မဟုတ်တဲ့ တခြားမိန်းမတစ်ယောက်နဲ့ ကလူ၏ မြူ...
06/09/2022

ဖောက်ပြန်တဲ့ Private chat တွေကို
မြင်ရင် မဖတ်နိုင်ဘူး ။

ကိုယ့်ရဲ့သက်ဆိုင်သူက ကိုယ်မဟုတ်တဲ့
တခြားမိန်းမတစ်ယောက်နဲ့ ကလူ၏ မြူ၏
ပြောထားတာတွေကို စစမြင်ချင်း ဘယ်လို
ခံစားရတယ်ဆိုတာ ခံစားဖူးတဲ့ မိန်းမတွေ
ချင်းပဲသိတယ် ။

ခေါင်းထဲထိ တစ်ကိုယ်လုံး ပူတက်လာပြီး
မျက်လုံးတွေပြာ နားတွေအူလာ ချွေးစေးတွေ
ပျံပြီးတုန်လာတာ ပြီးရင်ဆက်မကြည့်နိုင် မခံ
စားနိုင်တော့လ်ို့ အားမရှိတော့သလို ခွေလဲသွား
တာပဲ ။

အဲ့ဒီ စိတ်မှာရသွားတဲ့ Trauma က ဘယ်လို
ကုကု မပျောက်ဘူး အခုအချိန်ထိလည်း ငါ့မှာ
ဘယ်သူ့ Messenger မှ ဝင် မကြည့်ရဲသလို
အလားတူ အဖြစ်ပျက်တွေကိုမြင်တိုင်းလည်း
အဲ့ဒါကြီးကိုပဲ ပြန်ပြန်မြင်ယောင်နေတာ ။

စိတ်ထိခိုက်မှုက အလျော်အစားပေးလို့
တောင်းပန်လို့မရဘူးဆိုတာ အဲ့ဒါပဲ ။ ။

29/11/2021

မငယ်တော့တဲ့အခါ

ဒဏ်ရာဒဏ်ချက်ကိုသိတယ်။ ဒါပေမဲ့
အရင်လိုဘေးမှာနေဖို့ ခခယယနဲ့ အတင်းမဆွဲထားတတ် တော့ဘူး။ထွက်သွားချင်သူတွေအတွက်ဆို တစ်ချို့သော သံယောဇဉ်တွေကိုလွယ်လွယ်နဲ့ ဖြတ်တောက်လာနိုင်တယ်။

နာကျင်တာကို သိတယ်။ ဒါပေမဲ့ အရင်လို ဝမ်းနည်းပက်လက်မဖြစ်တော့ဘူး။စိတ်ညစ်စိတ်ဒုက္ခမခံတော့ဘူး။ ရင်ထဲတစ်နေရာက နာကျင်နေတဲ့ စိတ်ခံစားချက်ကို ဦးနှောက်ကသိတဲ့ အသိတရားနဲ့ ထိန်းချုပ်လာနိုင်တယ်။

ဒေါသထွက်တာကိုသိတယ်။ ဒါပေမဲ့ အရင်လို ခံစားချက်နောက်လိုက်ပြီး မရူးသွပ်တော့ဘူး။သူတစ်ပါးကပေးတဲ့ အမှားတွေ သောကတွေယူပြီး မိမိကိုယ်ကိုယ် အပြစ်တင်ဒေါသထွက်
စေဖို့ နည်းလားစေတယ်။

ဟန်ဆောင်ကောင်းရမှာကိုသိတယ်။ ဒါပေမဲ့အရင်လို မိတ်ဆွေတုတွေများဖို့ ပင်ကိုယ်စရိုက်ကို အရောင်မခြယ်တတ်တော့ဘူးကိုယ့်ကိုယ်တစ်ကယ် ချစ်ခင်နှစ်သက်သူတွေကြားမှာပဲ ဟန်ဆောင်မှုနည်းစွာ နေလာနိုင်တယ်။

လိုချင်တာကိုသိတယ်။ ဒါပေမဲ့ အရင်လို လိုတာမရတာတွေရှိသော်လည်း မိမိဘဝကို အပြစ်မဆိုတတ်တော့ဘူး။လက်ရှိအနေထားအောက်မှာ ဘဝကိုညည်းတွားစိတ်ပျက်ခြင်းမရှိပဲ လက်ရှိရှိတာနဲ့ပဲ ပျော်တတ် လာတယ်။

တစ်ကယ်တော့ မငယ်တော့ဘူးဆိုတာ

မည်သည့်အရာ မည်သူတွေနဲ့မှ
မိမိဘဝကို မပူလောင်စေချင်တော့ပဲ ပို၍ပျော်ရွှင်စေချင်တဲ့သဘောပါ။

ဦးချေ(23.11.21)

29/11/2021

တစ်ချိန်က ကောင်မလေးတစ်ယောက်နဲ့ Date ခဲ့ဖူးတယ်။
အပြင်မှာတော့ တစ်ခါမှမတွေ့ဖူးပါဘူး။
ကြည့်ရတာ သူမလဲ အဲ့နေ့လုပ်စရာမရှိလို့နဲ့တူပါရဲ့။
ဒီနေ့တွေ့မယ်လေ ဘာညာပေါ့။

Coffee ဆိုင်ရောက်တော့ , စကားပြောတာ
ကိုယ်ပဲပြောနေရတယ်။
သူ့ဖက်က နားထောင်ချင်သလိုလို , နားမထောင်ချင်သလိုလိုနဲ့ , ဖုန်းကိုပဲခဏခဏကြည့်ကြည့်နေတယ်။
Loosing Interest ပေါ့။

ဒါနဲ့ချက်ချင်းပဲထပြီး Counter မှာ ပိုက်ဆံသွားရှင်းလိုက်တယ်။
ဘယ်လောက်ကျလဲမသိဘူး။
၁၀,၀၀၀ တန်ပြစ်ပေးလိုက်တယ်။

ဒီတော့ , သူက "ဘယ်သွားမလို့လဲ" တဲ့ ?

ငါ့ဘဝကို ငါဆက်သွားမလို့လို့ဖြေခဲ့တယ်။

သူကြောင်သွားတယ်။
( အေးလေ ဖြေတာကလဲကြောင်တောင်တောင်နဲ့ကို )

"သွားတော့မယ်..သွားစရာရှိလို့"

"နေပါဦး သူငယ်ချင်းလာတော့မှာ စကားပြောပါဦးတဲ့။"

အော် ကိုယ်ကတော့သူနဲ့ Connection တစ်ခုရအောင်ကြိုးစားနေတာ။
သူကတော့ သူ့ရဲ့သူငယ်ချင်းနဲ့တွေ့ဖို့ စောင့်နေတာကိုး။

"ကျေးဇူးပါ" လို့ပြောလိုက်မိပြီး ချက်ချင်းထွက်လာခဲ့တယ်။

Taxi စီးတာ 3000 , အိမ်က ၁၀နာရီထွက်လာခဲ့တယ်။
အိမ်ပြန်ရောက်တော့ 12:15 လောက် :

Taxi အသွားအပြန် 6000 + လှူခဲ့တဲ့ Coffee ဖိုး 10000 , အချိန် 2 နာရီကုန်သွားတယ်။

ငွေ 16000 :
ဘာမှမဟုတ်ဘူး ပြန်ရှာလို့ရတယ်။
အချိန် 2 နာရီ , ရုပ်ရှင်တစ်ကားအချိန်ပဲရှိတယ်။
ပေါပါတယ်။

ဒါပေမဲ့ , ကျေးဇူးပါ။
ဒီလောက် အချိန်အတွင်းမှာ သူဘယ်လိုလူလဲ ? သူကိုယ့်အပေါ်ဘယ်လိုမြင်လဲ ?
သူကိုယ့်ကိုလေးစားလား ? သူနဲ့ကိုယ်နဲ့ဖြစ်နိုင်ချေရှိမရှိ အကုန်လုံးကို ချပြပေးလိုက်တယ်။

လူတွေဟာလေ သူတို့ရဲ့စိတ်ရင်းနဲ့ စိတ်ထားကို
ပါးစပ်ကနေ ဘယ်လောက်ပဲလှအောင်ပြောနေပါစေ , နောက်ဆုံးတော့ သူတို့လုပ်ရပ်တွေကပဲ သက်သေပြသွားတာပါပဲ။

ဒီအချိန်အတိုင်းအတာအတွင်းမှာ ကိုယ့်ကိုပျော်ရွှင်စေတဲ့လုပ်ရပ်တွေများလား?
ဝမ်းနည်းစေတဲ့လုပ်ရပ်တွေများလား?
ဒါပဲထိုင်ကြည့်နေရုံပဲ။

ကိုယ်ကကြည့်တတ်ဖို့ , မှတ်တတ်ဖို့ပဲလိုတာ။
Sign တွေကိုစောင့်ကြည့်ပြီး Pattern တွေကိုဖတ်တတ်ဖို့ပဲလိုတာပါ။

တချို့ 1 နှစ်ပေးတယ်။
2 နှစ်ပေးတယ်။
အရမ်းချစ်လို့ 3 နှစ်ထိပေးရင်ပေးမှာပဲ။
4 နှစ် , 5နှစ်ထိ ပေးမိခဲ့ရင်လဲပေးမိမှာပဲ။

အဓိကအချိန် ဘယ်လောက်ပေးခဲ့တာလဲ အရေးမကြီးဘူး။
ဒီပေးခဲ့တဲ့ အချိန်တွေနဲ့ တန်လားမတန်လားဆိုတာပါပဲ။

တချို့ကတန်လွန်းလို့ တစ်ဘဝနဲ့တောင်မလောက်ကြဘူး။
တချို့ကမတန်လွန်းလို့ 2 နာရီထက်တောင်ပိုမပေးသင့်ဘူး။

ဒီတော့ , တစ်ချိန်ချိန်မှာတော့
သူ့ရဲ့တန်ဖိုးနဲ့ ကိုယ့်ရဲ့ပေးဆပ်ခဲ့ရတဲ့အချိန်တွေနဲ့ နောင်ကိုယ်ဆက်ကုန်မယ့်အချိန်တွေ တွက်ကြည့်သင့်တယ်။

တွက်ကြည့်လို့ အဆင်မပြေတော့ဘူးဆိုရင်
ချက်ချင်းထခဲ့ပြီး Counter ပေါ်မှာ အမှတ်တရတွေ ပြစ်တင်လိုက်ပါ။
ပီးရင်အဲ့မှာပဲ တန်ရာတန်ကြေးတခါထဲရှင်းခဲ့။

"ဘယ်သွားမလဲ" လို့မေးရင်
"ငါ့ဘဝကို ငါဆက်သွားတော့မယ်လို့"
ကြောင်ကြည့်နေရင် ,
"သွားတော့မယ်.. သွားစရာရှိလို့" လို့ဖြေခဲ့ပါ။

နောက်ပြီး ,
"ကျေးဇူးပါ" လို့ပြောခဲ့ဖို့လဲ မမေ့ပါနဲ့လို့။ 🤍

( Crd )
#Ⓔⓓⓦⓐⓡⓓ 🐰

28/11/2021

" ထွက် သွား ခွင့် ပြု လိုက် ပါ " 😓

တစ်နေ့မှာလူတစ်ယောက်
မင်းဘဝ ထဲကို ဝင်လာ လိမ့်မယ်....

အဲ့ဒီနောက် သူပဲ မင်းဘဝထဲက
ပြန်ထွက်သွားလိမ့်မယ်...

ဒီဖြစ်စဉ်ကို မင်း တားဆီးလို့မရဘူး။

မင်းထိန်းချုပ်လို့ မရဘူး။

အဲ့ဒီတော့
အဲ့ဒီလို အဖြစ်မျိုး မင်းကြုံတွေ့လာရတဲ့အခါ...

ဝမ်းနည်းနေလို့မရဘူး။

ပူဆွေးနေလို့မရဘူး။

တမ်းတ နေလို့ မရဘူး။

ဒါပေမဲ့ ..

မင်းလုပ်လို့ ရတာ တစ်ခုတော့ ရှိတယ်။
အဲ့ဒါက ဘာလဲ ဆိုတော့..

"ထွက်သွားခွင့်ပြုလိုက်ဖို့ပါ.."

မင်းအတွက် အဆင်မပြေဘူး ဆိုရင်တောင်မှ
သူ့အတွက် မင်းဆီက ထွက်သွားတဲ့အတွက်
လွတ်လပ်ခြင်း ဆိုတဲ့ အရသာတော့ သူသိသွားမယ်မလား.🍂

ဆုပ်ကိုင်ထားတာ ကြာလာလို့ မင်းလက်တွေ ညောင်းပြီး ကိုက်လာပြီ ဆိုရင် . . .

' လွှတ် သာ ပေး လိုက် ပါ '

သူလည်း လွတ်လပ်သွားသလို
မင်းလည်း မပင်ပန်းရတော့ဘူးပေါ့.💟



U Myo Nyunt Naing
(Motivational Speaker & Business Consultant)

27/11/2021

ကိုယ်ချင်းစာတတ်ကြပါစေ

" ပထမ"လူကို မင်းက အရမ်းချစ်တယ်

သူက မင်းကိုထားသွားတဲ့ အခါ
မင်း အရမ်းနာကျင်ရတယ်
အဲ့နာကျင်မူ့ကို ကုစားနိုင်ဖို့

မင်း အတွတ်
" ဒုတိယလူကို "
အစားထိုးလိုက်တယ်

မင်းဘက်ကပေးတဲ့
ချစ်ခြင်းမေတ္တာတွေက အတုအယောင်
ဖြစ်နေပါစေ သူ မင်းကို ပြန်ချစ်တဲ့
အချစ်တွေက အစစ်အမှန်ဖြစ်နေခဲ့တယ်

မင်းက တစ်ယောက်တည်းနေရမှာ
အထီးကျန်နေရမှာကြောက်တယ်
အဲ့အတွတ် နေရာလွတ်ကိုအစားထိုးလိုက်တယ်
မင်း ဒဏ်ရာကို ကုစားဖို့ သပ်သပ်နဲ့
လူတစ်ယောက်ကို အသုံးချ ပစ်လိုက်တယ်

မင်းအနားမှာရှိနေတဲ့ လူက မင်းနဲ့
အတူတူ အနာဂတ်အထိတွေးထားခဲ့တယ်

တစ်ဘဝလုံး မင်းလက်ကိုပဲ တွဲမယ်လို့
ဆုံးဖြတ်ချက်တွေ ချ ထားခဲ့တယ်

မင်းကတကယ်မချစ်ဘူးလေ
သူ့ကိုအနားမှာခေါ်ထားလဲ
သူနဲ့စကားတွေပြောနေလဲ
မင်းစိတ်တွေက ပထမလူဆီမှာပဲရောက်နေ
သူ ပြန်လာ အခေါ်ကို မင်းစောင့်နေခဲ့တယ်

မင်းက ကံကောင်းတယ်
ပထမ လူက မင်းကို ပြန်လာခေါ်တယ်
မင်း အရမ်းတွေပျော်နေတယ် သူ
ပြန်လာခေါ်တာကို စောင့်နေခဲ့တာကို
မင်းလောက်ပျော်တဲ့သူရှိမှာမဟုတ်တော့ဘူး

အဲ့အချိန်မှာ မင်းဒဏ်ရာတွေလည်း
ပျောက်သွားပြီ နာကျင်စရာလည်းမရှိတော့ဘူး
အစားထိုးစရာလည်းမလိုတော့ဘူးလေ
လွယ်ပါတယ် ဒုတိယလူကို
မင်း ပစ်ချ ခဲ့လိုက်တော့တာပဲ ...

မင်း အစားထိုးခဲ့တဲ့သူက
အဲ့ချိန်ကစပြီး ကံတွေဆိုးတော့တာပဲ
သူ့ အိပ်မက်တွေ သူ့ အနာဂတ်တွေ
မင်း အပေါ် ချစ်ပေးခဲ့တဲ့ သူ့
အချစ်တွေ ဂရုစိုက် ပေးခဲ့တာတွေ
အတွတ် သူ့ကိုယ်သူ ဖြေဆယ်မနိုင်အောင်
ရူးနေအောင် နာကျင်နေရပြီ ... ... ...

လမ်းခွဲခြင်းတွေမသေချာရင်
ကိုယ့်စိတ်ကိုယ်မပြက်သားနိုင်ရင်
နောက် လူကိုဘဝထဲထိ
ဆွဲခေါ်ပြီး ဒဏ်ရာတွေမပေးပါနဲ့

ဓားနဲ့ထိုးမသတ်လည်း
စိတ်ကိုသတ်နိုင်ရင် အဲ့လူသေပါတယ်

ဒဏ်ရာကို ဒဏ်ရာပေးတဲ့သူနဲ့ပဲ
ကုစားတတ်ပါစေ

မင်းရဲ့နာကျင်မူ့ တွေအတွတ်
မင်းရဲ့ မပျော်ရွှင်မူ့တွေ အတွတ်

တခြား လူတစ်ယောက်ကို
တကူးတက ဖိတ်ခေါ်ပြီးမှ
အသုံးမချ ပါနဲ့ ...
ကိုယ်ချင်းစာတတ်ပါစေ ... ... ...

26/11/2021

ငါတို့ တကယ်ဝေးသွားတာလား

ကိုယ်လဲ ပြန်သွားလို့ မရတော့ဘူး
သူလဲ ပြန်လာမှာ မဟုတ်တော့ဘူး

သြော် ငါတို့ရင်းနှီးထားတဲ့ ပတ်သတ်မှုအကြာကြီးက
ပြတ်တောက်ချင်တော့လဲ တိကနဲပါလား

အတူရှိခဲ့တဲ့ ပျော်ရွှင်မှုကို ပြန်တွေးလိုက်ရင်
ဘယ်တော့မှ မပြတ်နိုင်တော့သလိုပဲနော်

သူက ကိုယ့်နေရာမှာ အခြားသူနဲ့ ဖြေလို့ရချင်ရမယ်
ကိုယ့်မှာတော့ သူ့နေရာမှာ သူ့အငွေ့သက်တွေနဲ့

အကြောင်းတခုကြောင့် ဝေးသွားတာကို လက်ခံနိုင်ပေမဲ့
မချစ်တော့လို့ဆိုတာတော့ အခုထိ မယုံနိုင်သေးဘူး။

ကိုယ်တို့ နောက်ကို အမြဲလိုက်နေတဲ့ အမှတ်တရတွေက
ကိုယ်တို့ သံယောဇဉ်မပြတ်တာကို သက်သေပြနေပါလိမ့်မယ်။

ငါတို့ တကယ်ဝေးသွားတာလား …?

#သက်ထက်တန်

24/11/2021

Right Person ဘာညာတွေထက်
Supportive Person ကို ပိုပြီးလိုအပ်တယ်။

ချစ်သူရည်းစားရယ်မှ မဟုတ်ဘူး
သူငယ်ချင်းတစ်ယောက်လို၊ မိတ်ဆွေတစ်ယောက်လိုမျိုး ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကို မှန်သည် မှားသည်ထောက်ပြပေးမယ့်သူမျိုးဆိုရင် အကောင်းဆုံးပေါ့။

အမှားတွေကိုပဲမြင်ပြီး ဝေဖန်နေတဲ့သူမျိုးကို Supportive Person လို့မသတ်မှတ်နိုင်ဘူးရယ်။ ကိုယ်မှားနေရင်တောင် အကျိုးသင့်အကြောင်းသင့်ထောက်ပြ ပြောပြပြီး ကိုယ့်ရဲ့ကာင်းကွက်တွေကို ချီးကျူးလက်ခံပေးတဲ့သူမျိုးကသာ Supportive Person အစစ်အမှန်ပဲ။

အချိန်တန်ရင် ထွက်သွားမယ့်သူမျိုးတွေတော့ ထပ်မဆုံချင်တော့ဘူး
အချိန်လွန်နေရင်တောင် ကိုယ့်နဲ့အတူ ကောင်းတူဆိုးဖက်ပုခုံးဖက်ပေါင်းသွားလို့ရမယ့်သူမျိုးဆိုရင် ယောကျာ်းဖြစ်ဖြစ်၊မိန်းမဖြစ်ဖြစ် တကယ့်ကိုတန်ဖိုးရှိလွန်းတဲ့ လူသားတစ်ယောက်ပဲ။

ကိုယ့်အတွက် Supportive Person တစ်ယောက်ရှိလာခဲ့ရင်
ကိုယ်ကလည်း သူ့အတွက် Supportive Person တစ်ယောက်အဖြစ်အမြဲရှိနေပေးမယ်ဆိုတာ သေချာပါတယ် ❤

ที่อยู่

Bangkok
135987

เบอร์โทรศัพท์

+959691874691

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tø Cøllêctiønsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์