The Buddha Library

The Buddha Library The Buddha Library
https://www.youtube.com/

18/06/2026

အတွေးမှန်ရင် စိတ်ဖြူစင်တယ် #ပါချုပ်ဆရာတော် #တရားတော်

12/06/2026

လူဆိုတာအဖတ်မလုပ်ခံရတဲ့အချိန်လဲရှိတယ် #ပါချုပ်ဆရာတော်ကြီး #တရားတော်

လူတစ်ယောက်ဟာ ကံဇာတာ တက်ခါနီးကောင်းမွန်တဲ့ ဘဝတစ်ဆစ်ချိုးပြောင်းခါနီးလာပြီဆိုရင်.....အလိုလို နေရင်း ဘုရားတရားတွေ လုပ်ချင်လ...
08/06/2026

လူတစ်ယောက်ဟာ ကံဇာတာ တက်ခါနီး
ကောင်းမွန်တဲ့ ဘဝတစ်ဆစ်ချိုး
ပြောင်းခါနီးလာပြီဆိုရင်.....
အလိုလို နေရင်း ဘုရားတရားတွေ လုပ်ချင်လာတယ်။
မရှိသည် ဖြစ်စေ ရှိသည် ဖြစ်စေ
လှူချင် တန်းချင်စိတ် အရမ်းဖြစ်လာတယ်။
မပြည့်စုံသော်လဲ စိတ်ကပြည့်စုံနေသလို
ကြည်နူးနေတယ်။
လူတွေကို အကောင်းမြင်လာတယ်
ပုံမှန်ထက်ကို ဒေါသဖြစ်တာ နည်းလာတယ်။
မကောင်းမှု့ လုပ်ရမှာကြောက်လာကာ
ကံငါးပါး လုံလာတယ်။
ဒီလိုတွေ ဖြစ်လာပြီဆိုရင်
စိတ်ကို မကောင်းမှုဘက် ပြန် မရောက်အောင်
ဆက်လက်ထိန်းသိမ်း နေထိုင်သင့်ပါတယ်။
ကောင်းသောအထုံ ပါအောင်နေပါက
မကြာဘူး သင်ဟာ ကံကောင်းပြီဟုသာ
မှတ်ယူပါလော့။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

" ဥပုသ်စောင့်ရင် ညစာကို ဘာကြောင့် ရှောင်ရသလဲ "ဘာဖြစ်လို့ ညစာကို ရှောင်သလဲဆိုလို့ရှိရင် အဓိပ္ပါယ်က ညစာ စားခြင်းအားဖြင့် လ...
06/06/2026

" ဥပုသ်စောင့်ရင် ညစာကို ဘာကြောင့် ရှောင်ရသလဲ "

ဘာဖြစ်လို့ ညစာကို ရှောင်သလဲဆိုလို့ရှိရင် အဓိပ္ပါယ်က ညစာ စားခြင်းအားဖြင့် လူတွေမှာ အစာဝလာတဲ့အခါ အိပ်ချင်ထိုင်းမှိုင်းမှုတွေ ပိုပြီးတော့ မများဘူးလား ၊ များတယ် ၊ တန်ဖိုးရှိတဲ့ ညအခါမှာ ဗိုက်လေးလေးနဲ့ အိပ်ဖို့ပဲ ကြိုးစားတော့မှာပေါ့ ၊ သူတော်စင် သူတော်မြတ်များဟာ ညအခါဟာ သိပ်တန်ဖိုးရှိတယ်လို့ ယူဆကြတယ် ၊ ဒါကြောင့်မို့လို့ အအိပ်အနေ နည်းအောင်လည်း ညစာကို မစားဘဲနဲ့ နံနက်စာပဲ စားတယ် ။
နောက်တစ်ခုက ညစာစားမယ်ဆိုရင် ဝေယျာဝစ္စတွေရော မလုပ်ရဘူးလား ၊ ချက်ပြုတ်ရမယ် ၊ ထမင်းပွဲပြင်ရမယ်ဆိုတဲ့ ဝေယျာဝစ္စတွေ ၊ "မချက်ပါဘူး ဆိုင်သွားမယ်" ဆိုလည်း သွားရသေးတာပဲ ၊ ဟုတ်ကဲ့လား ၊ စားပြီးပြီဆိုတာနဲ့ ဗိုက်လေးသွားပြီလေ ၊ ဗိုက်လေးသွားရင် အိပ်ဖို့ပဲ စဉ်းစားတော့မှာပဲ ၊ တန်ဖိုးရှိပြီးတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ ညချမ်းလေးကို အချိန်ဖြုန်းပစ်ဖို့ပဲ ရှိတယ်တဲ့ ၊ ကာမဂုဏ်အာရုံ စိတ်တွေ လောဘစိတ်တွေနဲ့ အိပ်လိုက်ကြပြီ ။
သူတော်စင် သူတော်မြတ်တွေကတော့ အဲဒီလို မဟုတ်ဘူး ၊ သူတို့ပြောတာ "န တာဝ သုပိတုံ ဟောတိ ၊ ရတ္တိ နက္ခတ္တမာလိနီ" ၊ ညအခါမှာ ကောင်းကင်ကို မော့ကြည့်လိုက်လို့ရှိရင် အင်မတန်မှ ကြည်နူးစရာ ကောင်းတယ် ၊ ကောင်းကင်မှာ လနဲ့ နက္ခတ် ကြယ်တာရာတွေ ရှိမနေဘူးလား ၊ နေ့အခါမှာ ကြည့်မယ်ဆိုလို့ရှိရင် နေကြီးမှလွဲလို့ အခြားမမြင်ရဘူး ၊ ညမှာကျတော့ အလွန်လှတဲ့ နက္ခတ်တွေ ဟိုနားက ဝင်းဝင်းလက်လက် ၊ ဒီနားက ဝင်းဝင်းလက်လက်နဲ့ အလွန်လှတဲ့ညအခါကို လူတွေက အိပ်ပြီးတော့ ဖြတ်ကျော်ပစ်လိုက်ကြတယ် ၊ မေ့ထားလိုက်ကြတယ် ၊ ညရဲ့အလှကို လူတွေ မသိကြဘူးတဲ့နော် ။
ဒါကြောင့်မို့လို့ သူတော်စင် သူတော်မြတ်တွေက "န တာဝ သုပိတုံ ဟောတိ ၊ ရတ္တိ နက္ခတ္တ မာလိနီ" - "ညဆိုတာ" တဲ့ ၊ "နက္ခတ်ပန်းတွေနဲ့ အဆန်းတကြယ် အလွန်လှတဲ့ ညအခါဆိုတာ အိပ်ဖို့ မဟုတ်ဘူး" တဲ့ ၊ "ပဋိဇဂ္ဂိတု မေဝေသာ" - "ညဆိုတာက ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ အကုသိုလ်တရားတွေ ကင်းအောင် ၊ ကိလေသာတရားတွေက လွတ်မြောက်အောင် ကြိုးစားဖို့ ကောင်းတဲ့အချိန် ဖြစ်ပါတယ်" တဲ့ ။
ဘာဖြစ်လို့တုန်းဆိုတော့ ညအခါဆိုတာ ရာသီဥတုကလည်း အေးချမ်းတယ် ၊ နေ့လို မပူဘူး ၊ နေ့အခါမှာလို လူသံတွေ ငှက်သံတွေ ဆူညံနေတာ မရှိဘူး ၊ ညအခါ တိတ်ဆိတ်တယ် ၊ တိတ်ဆိတ်ငြိမ်သက် အေးချမ်းပြီးတော့ တန်ဖိုးရှိတဲ့ အချိန်ကြီးတစ်ခုကို အိပ်ပြီးတော့ ဖြတ်ကျော်ပစ်လိုက်တာတဲ့ ၊ ဒါကြောင့်မို့ "ဝိကာလဘောဇနာ" ဆိုတာ တန်ဖိုးရှိတဲ့ညကို တန်ဖိုးရှိအောင် နေနိုင်အောင်လို့ ရည်ရွယ်တဲ့ ကိစ္စတစ်ခုပဲနော် ၊ ဒါကြောင့်မို့လို့ ရဟန္တာပုဂ္ဂိုလ်တွေဟာ ညအခါမှာ သုံးဆောင်ခြင်း မရှိကြဘူး ၊ မွန်းလွဲတဲ့အချိန်မှာ သုံးဆောင်ခြင်း မရှိကြဘူး ၊ ငါလည်းပဲ ဒီကနေ့ ရဟန္တာပုဂ္ဂိုလ်တွေရဲ့ အကျင့်အတိုင်း လိုက်နာကျင့်သုံးရပေပြီလို့ စိတ်ထဲမှာ ဝမ်းသာကြည်နူးပြီး စောင့်တယ် ။

ကျေးဇူးတော်ရှင်

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ
ဟောကြားတော်မူသော
"ဥပုသ်စောင့်ခြင်း အဓိပ္ပါယ်"
အကြောင်းတရားဒေသနာတော်မှ..

ဒေါသထွက်စရာ ကြုံ လာလို့ရှိရင် ကိုယ့်ဒေါသကို ပြန်ပြီးတော့"ဟာ ဒေါသထွက်တာ မကောင်းဘူး အလကားပဲ။စိတ်ဆိုးနေတာ အပိုပဲ ဆိုပြီးတော...
04/06/2026

ဒေါသထွက်စရာ ကြုံ လာလို့ရှိရင် ကိုယ့်ဒေါသကို ပြန်ပြီးတော့"ဟာ ဒေါသထွက်တာ မကောင်းဘူး အလကားပဲ။
စိတ်ဆိုးနေတာ အပိုပဲ ဆိုပြီးတော့ သူ့ကိုပြန်ပြီးတော့မကောင်းဘူး"လို့ စဉ်းစားလိုက်တာနဲ့ သူဟာ လျှော့ကျ သွားတယ်။
လျှော့ကျ သွားပြီးနောက်ဆုံးမှာ သည်းခံနိုင်အောင် ကြိုးစားတယ်။ခွင့်လွတ်နိုင်အောင် ကြိုးစားတယ်။
လူတွေရဲ့ အပြုအမူဟာ"ဒါ သူသဘောကျလို့ သူလုပ်တာပဲ၊ငါ ဒေါသထွက်နေတာလည်း ငါ့ဘာသာငါ ဘာမှအကျိုးရှိမှာ မဟုတ်ဘူး။ဒေါသထွက်ရင် ကိုယ်ပဲ ဒုက္ခရောက်မှာပဲ"ဆိုတဲ့အတွေးတွေနဲ့ လူတစ်ယောက်အပေါ်မှာ ဒေါသထွက်တာကို အဲဒီနည်းနဲ့ ဖြေရှင်းတယ်။
နောက် စိတ်ဓာတ်ကျ စရာတွေ ဖြစ်ပေါ်လာမယ်ဆိုလို့ ရှိရင်လည်း"ဘဝဆိုတာ တစ်ခဏလေးပဲနော်,
အားလုံးဟာ ဘာမှ မက်မောစရာလည်း မရှိဘူး၊ တွယ်တာစရာလည်း မရှိဘူး၊မုန်းစရာလည်း မရှိဘူး၊
အားလုံးဟာ တစ်ခဏ အချိန်လေးပါပဲ"။
"တစ်နေ့ကျတော့ အားလုံးဟာ သေဆုံးသွားကြမှာပဲ"ဆိုတဲ့ ဒီအတွေးလေးကတော့ ဝမ်းနည်းစရာတို့
ဒေါသထွက်စရာတို့ စိတ်ဓာတ်ကျ စရာတွေ
ဒါတွေအတွက် ဒီအတွေးလေးဟာ အကာအကွယ် ဖြစ်ပါတယ်။
အဲ့ဒီလိုလေးပဲ နှလုံးသွင်းလိုက်ပါ။
ကျေးဇူးတော်ရှင် #ပါမောက္ခချုပ်ဆရာတော်

သဒ္ဓါ စိတ်ပြည့်လာပြီဆို ကောင်းတဲ့အလုပ်တွေ လုပ်လာတယ်။ ဘုရားပန်းလှူချင်တယ်။ တရားနာချင်တယ်။ဘာလှူ ရမလဲဆိုတာ ကိုယ့်ပစ္စည်းတွေ...
03/06/2026

သဒ္ဓါ စိတ်ပြည့်လာပြီဆို ကောင်းတဲ့အလုပ်တွေ လုပ်လာတယ်။ ဘုရားပန်းလှူချင်တယ်။ တရားနာချင်တယ်။
ဘာလှူ ရမလဲဆိုတာ ကိုယ့်ပစ္စည်းတွေ စွန့်လွှတ်ပြီး
လှူ ချင်လာတယ်။
သဒ္ဓါဆိုတာ လက်နဲ့တူတယ် ရတနာကိုတွေ့နေသော်လည်း လက်နဲ့ကောက်ယူမှ ကိုယ့်ဆီပါလာမှာဖြစ်တယ်။
အလှူ လုပ်ချင်တဲ့ သဒ္ဓါရှိလာမှသာ ပေးလှူ ဖြစ်မှာဖြစ်တယ်။သဒ္ဓါက မျိုးစေ့နဲ့တူတယ်။
လောကမှာ အမြတ်ဆုံးဥစ္စာဟာ ဘာလဲဆိုရင် သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်မှာ ရှိတဲ့ပစ္စည်းတွေဟာ
အမြတ်ဆုံးရတနာတွေ ဖြစ်တယ် ။
သဒ္ဓါရှိရင် ကိုယ်ကျင့်သီလတွေ မြဲလာတယ်။
ဘုရားတရားတော်တွေ ကို နာကြားပြီး သုတပါရှိလာတယ်။
စွန့်လွှတ်ဝန်တိုစိတ်ကင်းတဲ့ စာဂပါရှိလာမယ် ။
တရားတော်တွေ နာယူရင်း သောကလျော့ချဖို့ရာ တွယ်တာမှု လျော့ချ မှသာ ရမယ်ဆိုတာ သိလာတဲ့
ပညာ ဆိုတာရလာတယ် ။
သဘာဝတရားတွေ ဖြစ်ပျက်မမြဲ တဲ့ အကြောင်းတွေ ကိုယ်လိုတာမရ တာ ဘာ့အတွက်လဲ ဆိုတာတွေ မြင်လာတဲ့ ပညာရရှိလာမယ် ဆင်ခြင်သုံးသပ်လာနိုင်မယ်
မြင်စရာ အာရုံက နာမ်တရား မျက်စိနဲ့အဆင်းအာရုံက ရုပ်တရား ဆိုတဲ့ ရုပ်နာမ်နှစ်မျိုးသာရှိတယ်ဆိုတာသိလာတဲ့ နာမရူက ပရိစ္တေဒ ဥာဏ်ဆိုတဲ့ ပညာရလာမယ်။
မြတ်စွာဘုရားဟောကြားသောတရားများကို နာယူမှတ်သားရင်း အမြင့်ဆုံးပညာဖြစ်တဲ့ မဂ်ပညာ ဖိုလ်ပညာ ရပြီးနောက်ဆုံးနိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်ကြပါစေ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
#ပါချုပ်ဆရာတော် #တရားမှတ်စု

“လှူပါ”လို့ ပြောလိုက်တာနဲ့ ဘုန်းကြီးကျောင်းပဲ ပြေးမမြင် နဲ့မင်္ဂလသုတ်မှာ လာတာက ”သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်း ဝေမျ...
01/06/2026

“လှူပါ”လို့ ပြောလိုက်တာနဲ့
ဘုန်းကြီးကျောင်းပဲ ပြေးမမြင် နဲ့
မင်္ဂလသုတ်မှာ လာတာက ”သုံးတန်စေတနာ
ဖြူစင်လန်းလို့ ပေးကမ်း ဝေမျှ လှူနိုင်စေ”တဲ့
ကိုယ့်အောက် နိမ့်ကျတဲ့သူတွေကို ပေးကမ်းရမယ်၊
ကိုယ့်နဲ့တန်းတူ သူငယ်ချင်း
မိတ်ဆွေ အပေါင်းအသင်းတွေကို ဝေမျှရမယ်၊
ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာ
သာလွန်တဲ့ ရတနာသုံးပါး၊
ကျေးဇူးကြီးမားတဲ့ မိဘ ဆရာသမား
ကျေးဇူးရှိသူတွေကို လှူဒါန်းရပါမယ်။
လူတော်တော်များများက
ဘုန်းကြီးကိုလှူမှ အလှူထင်ကြတယ်။
ဘုရားတည်၊ ကျောင်းဆောက်တာကိုပဲ
အလှူ ထင်ကြတယ်။
ဘုရားတည်၊ ကျောင်းဆောက်တာကို
လှူတာလည်း ဒါနဖြစ်သလို
စာသင်ကျောင်းကို လှူရင်လည်း ဒါန ဖြစ်ပါတယ်။
နယ်ဘက် ရွာဘက်တွေ ကြည့်လိုက်ရင် ဘုန်းကြီးကျောင်းတွေက
နတ်ဘုံ နတ်နန်းတမျှ ကြီးမားပြီး သံဃာက မရှိဘူး။
နယ်ဘက် ရွာဘက်တွေက
စာသင်ကျောင်းတွေ ကြည့်လိုက်ရင်
အမိုးမလုံ၊ မျက်နှာကျက်မရှိ၊ ပန်ကာမရှိ၊
လျှပ်စစ်မီးမရှိ၊ ရေမရှိနဲ့ အနာဂတ်ရဲ့
ကလေးငယ် ကျောင်းသူ ကျောင်းသားတွေ
ဒုက္ခရောက်ကြပါတယ်။
ရွှေကျောင်း ပြောင်ပြောင် ဝမ်းခေါင်ခေါင်
ဖြစ်နေကြတယ်။
ဒါကြောင့် လှူချင်သပဆို
ဘုရားကျောင်းကန်တွေလည်း လှူပါ။
လူငယ်တွေအတွက် တိုင်းပြည် အနာဂတ်အတွက်
အရေးကြီးတဲ့ စာသင်ကျောင်းတွေ
ကောင်းအောင်လည်း လှူပေးပါ။
ကိုယ့်ရပ်ရွာ ဖွံ့ဖြိုးတိုးတက်အောင်လည်း
စောင့်ရှောက် လှူဒါန်းပါ။
စားနိုင် သောက်နိုင်တဲ့သူတွေကိုလည်း လှူသလို
မစားနိုင် မသောက်နိုင်တဲ့သူတွေကိုလည်း လှူပေးပါ။
နောက်တစ်ခု ရှိတာက
လုပ်ငန်းရှင်တွေ တော်တော်များများက
ဘုရားဒကာ၊ ကျောင်းဒကာခံယူချင်တော့
ဘုရားတွေ ကျောင်းတွေမှာ ပုံအောပြီးလှူကြတယ်။
ကိုယ့် အလုပ်သမားတွေကျတော့
လုပ်ခလစာ တန်အောင် မပေး
မတရား စေခိုင်းကြတယ်။
ဒါမျိုးတွေ မဖြစ်ပါစေနဲ့ ။
လှူသင့်လှူထိုက်တာလည်း လှူပါ၊
အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ လုပ်အားခနဲ့
အခွင့်အရေးလည်း မျှတအောင် ပေးကမ်းပါ။
ကိုယ့်အောက်နိမ့်ကျတဲ့သူတွေကို ပေးကမ်းချီးမြှင့်ပါ။
ဒါဟာ စာဂဖြစ်သလို မေတ္တာ၊ ကရုဏာတရားကို လက်တွေ့ကျင့်သုံးခြင်းဖြစ်လို့
တရားအားထုတ်ခြင်းလည်း ဖြစ်ပါတယ်။
အဆင်ပြေရင် ပြေသလို
ကိုယ့်သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း၊
ဆွေမျိုးတွေကိုလည်း ဝေမျှပေးပါ။
ဆွေမျိုးတွေကို ချီးမြှောက်စောင့်ရှောက်
ထောက်ပံ့တာကလည်း မင်္ဂလာတရားတော်နဲ့အညီ
တရားအားထုတ်နေတယ်လို့ မှတ်ပါ။
သက်ရှိဘုရား မိဘ နှစ်ပါးကိုလည်း
စောင့်ရှောက်လှူဒါန်းရမှာ ဖြစ်ပါတယ်။
မိဘနှစ်ပါးကို လှူဒါန်းတာဟာ
သက်ရှိဘုရားကို လှူဒါန်းတာနဲ့ တူပါတယ်။
မိဘနှစ်ပါးကို လိုအပ်တာတွေကို
စောင့်ရှောက်လှူဒါန်းနေတာကလည်း
မင်္ဂလသုတ္တန်နည်းအရ တရားအားထုတ်နေတာပါပဲ။
တစ်ဖက်မှာတော့ ဘုရားဒကာ၊ ကျောင်းဒကာ
အမည်ခံ သူဌေးကြီးလုပ်ပြီး မိဘနှစ်ပါးကို
ပစ်ထားမယ်ဆိုရင် သဘာဝ မကျပါဘူး။
ဘုရားကျောင်းကန်တွေမှာ လှူသင့်တာလည်း လှူပါ။
လူ့ကျင့်ဝတ်တွေကိုလည်း တတ်နိုင်သမျှ
ကျေပွန်အောင် ကြိုးစားပါ။
ဒါကြောင့် ကိုယ့်အောက်နိမ့်ကျ ကိုယ့်လောက်မှ
မချမ်းသာတဲ့သူတွေကို ပေးကမ်းပါ။
ကိုယ့်မိတ်ဆွေ သူငယ်ချင်း
အပေါင်းအသင်း ဆွေမျိုးတွေကို ဝေမျှပါ။
ကိုယ့်ထက် မြင့်မြတ်တဲ့ ရတနာသုံးပါး၊ မိဘ၊
ဆရာသမား၊ ကျေးဇူးရှင်တွေကိုလည်း လှူဒါန်းပါ။
ဒါတွေအားလုံးဟာ ဒါနတွေချည်းပါပဲ။
လှူတဲ့နေရာမှာလည်း
(၁) ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည်စွာ လှူပါ။
(၂) အယုတ် အလတ် အမြတ်မရွေး ရိုရိုသေသေ
လေးလေးစားစားနဲ့ လှူပါ။
(၃) အချိန်ကာလအလိုက် လိုအပ်တာကို လှူပေးပါ။
(၄) အစစအရာရာအဆင်ပြေပါစေဆိုတဲ့
စိတ်လေးထားပြီး ချီးမြှောက်လိုစိတ်နဲ့ လှူပါ။
(၅) သန့်ရှင်းစင်ကြယ်တဲ့ လှူဖွယ်ပစ္စည်းနဲ့
မိမိ သူတစ်ပါး ပတ်ဝန်းကျင်ကိုပါ
မထိခိုက်ရအောင် ငါးပါးသီလလုံစွာလှူပါ။
လှူတဲ့အခါမှာလည်း
မလှူခင် လှူဆဲ နဲ့ လှူပြီးတဲ့အခါမှာပါ
စေတနာ မပျက်စေရဘဲ စေတနာ သုံးတန်
ပြည့်ဝစွာ လှူဒါန်းရပါမယ်။
ကိုယ်ရလာတဲ့ အကျိုး အမြတ်တွေထဲက
အယုတ် အလတ် အမြတ် မရွေး တတ်နိုင်သမျှ
ပေးကမ်း၊ ဝေမျှ၊ လှူဒါန်းရပါမယ်။
ဘာပဲ လုပ်လုပ် နေ့စဉ် ၅ ပါးသီလကို
လုံအောင် ထိန်းနိုင်ရပါမယ်။
စွမ်းနိုင်ရင် စွမ်းနိုင်သလို အခါကြီး ရက်ကြီးတွေမှာ၊ ဝါတွင်းကာလတွေမှာ ဥပုသ်လီလတွေကို
စောင့်ထိန်းရပါမယ်။
အလုပ်လုပ်တဲ့အချိန်မှာလည်း အချင်းချင်း
မထိခိုက်စေရဘဲ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာတွေ ထားလို့၊ အားရင် အားသလို
ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းတွေ စီးဖြန်းလို့၊
အချိန်ရရင် ရသလို ဝိပဿနာဘာဝနာတွေ
ပွါးများလို့ နေထိုင် လုပ်ကိုင်ကြရင်
အခုဘဝလည်း ချမ်းသာ၊
နောင်ဘဝလည်း ချမ်းသာလို့
သံသရာမှာလည်း ချမ်းသာပါလိမ့်မယ်။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
(ပါမောက္ခချုပ်ဆရာတော်ကြီး)

https://youtu.be/l9viQXaEfvk?si=WT96WSwP3VZ0JgGX
27/05/2026

https://youtu.be/l9viQXaEfvk?si=WT96WSwP3VZ0JgGX

🙏 တရားတော်ကို ကြားနာ၍ ကုသိုလ်ရယူပါ။🔔 Subscribe လုပ်ပြီး Bell ကို ဖွင့်ထားပါ — တရားတော်အသစ်များ အမြဲသိနိုင်ရန်👍 Like နှင...

လူတူတူချင်း ဖြစ်ပါလျှက်သားနဲ့ဘာဖြစ်လို့ ချမ်းသာတဲ့လူက ချမ်းသာဆင်းရဲတဲ့လူက ဆင်းရဲနေရတာလဲဆိုတော့အဓိက ကံတရားပဲ။တစ်ချို့က တွ...
27/05/2026

လူတူတူချင်း ဖြစ်ပါလျှက်သားနဲ့
ဘာဖြစ်လို့ ချမ်းသာတဲ့လူက ချမ်းသာ
ဆင်းရဲတဲ့လူက ဆင်းရဲနေရတာလဲဆိုတော့
အဓိက ကံတရားပဲ။
တစ်ချို့က တွက်ကောင်းတွက်လိမ့်မယ်
ဆင်းရဲတဲ့လူတွေက ပျင်းလို့ လုပ်ကိုင်မစားလို့
ဆင်းရဲတယ်လို့ထင်တာ မဟုတ်ဘူးနော်
အဲဒါ အကြောင်းတစ်ခုထဲပင် မဟုတ်ဘူး။
မွေးကထဲက စားစရာသောက်စရာမရှိတဲ့
အိမ်ကိုသွားမွေးတဲ့လူ မရှိဘူးလား
(ရှိပါတယ်ဘုရား )
ရှိလိ့ု အနီးတာင် မရှိဘူးလို့ကြားဖူးတယ်နော်
တစ်ချို့ကျတော့ ဘာမှတောင် မလုပ်ရပဲနဲ့
ချမ်းသာတဲ့အိမ် တိုက်နဲ့ ကားနဲ့ ငွေကြေးဓန
ကြွယ်ဝချမ်းသာတဲ့အိမ် မွေးတဲ့လူကော မရှိဘူးလား
( ရှိပါတယ်ဘုရား )
အဲ့ဒီလူတွေကျတော့
ဘာမှမလုပ်ရသေးပဲနဲ့ ချမ်းသာနေတာပဲလေ
ဘာမှမလုပ်ရသေးပဲနဲ့လည်း ဆင်းရဲတာပဲ
ဘာမှမလုပ်ရပဲနဲ့လည်း ချမ်းသာတာပဲ
အဲဒါ နောက်ကွယ်က တစ်ခုခုရှိနေတယ်ဆိုတာ
သေချာတယ်။
ဗုဒ္ဓတရားတော်အရ ပြောရမယ်ဆိုလို့ရှိရင်
ဖန်ဆင်းသူဆိုတာ မရှိဘူး
ကိုယ်လုပ်ခဲ့တဲ့ ကံတရားအတိုင်း ဖြစ်ကြတယ်ဆို
ဘယ်သူ့ကို ဆဲဦးမတုန်း
မွဲတဲ့လူက ဘယ်သူ့ကိုဆဲမလဲ
ကိုယ့်ကိုပြန်ဆဲဖို့ပဲရှိတယ်နော် ကိုယ်လုပ်ခဲ့လို့
မွဲတာလေ
ချမ်းသာတဲ့လူက ဘယ်သူ့ကို ကျေးဇူးတင်မတုန်း
ကိုယ့်ကိုပဲ ကျေးဇူးတင်ရတော့မှာပဲ
ဘာဖြစ်လို့တုန်း ကိုယ်လုပ်ခဲ့တာ
အားလုံးဟာ " ဘယ်သူမပြု မိမိမှု " ပဲ
ကိုယ်လုပ်ခဲ့ကြတာ။
အဲဒါကြောင့်မို့လို့
ကျေးဇူးတင်စရာလည်း ရှာတွေ့မှာ မဟုတ်ဘူး
အပြစ်ပြောစရာလည်း ရှာတွေ့မှာ မဟုတ်ဘူးလို့
ဒီလိုဆိုရမှာပဲ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

23/05/2026

လူ့ဘဝဟာ ကုသိုလ်ရဖို့ အခွင့်ကောင်း #ပါချုပ်ဆရာတော် #ပါချုပ်ဆရာတော်ကြီး #ပါချုပ်ဆရာတော်တရားတော် #တရားတော် #တရားတော်များ #မြန်မာတရား #ဗုဒ္ဓတရား #တရားနာယူရန် #စိတ်ငြိမ်းချမ်းရေး #ဘဝပြောင်းလဲစေသောတရား #ကံကောင်းခြင်း #မေတ္တာတရား #တရားအသစ်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Buddha Libraryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์