Gaming By UTHO မင်္ဂလာပါ Gaming By Oo page မှ နွေးထွေးစွာက?

Seal Of Anvil Crawlers Epic Recall  ♥♥♥
29/04/2022

Seal Of Anvil Crawlers Epic Recall

♥♥♥

သင်္ကြန် မရှိဘူး အအေးတွေပဲရှိတယ် သောက်ရအောင် လာခဲ့ပါ 😁😘😋
14/04/2022

သင်္ကြန် မရှိဘူး အအေးတွေပဲရှိတယ် သောက်ရအောင် လာခဲ့ပါ 😁😘😋

10/04/2022

ဘာပဲရရ
time limited skin ဆိုရင်ပြီးရော


21/11/2019

"သူမချစ်နိုင်မှန်း သိတဲ့အခါ
အသည်းတစ်ခြမ်းကွဲတယ် . . .
ကိုယ်က မစွန့်လွှတ်နိုင်မှန်း သိတဲ့အခါ
နောက်တစ်ခြမ်းပါ ထပ်ကွဲရတယ်

#တက္ကသိုလ်ဘုန်းနိုင်

"တန်ဖိုးရှိသောစကားများ"🌹🌹🌹🌹🌹🌹🌹ဦးစားပေးခံချင်တဲ့ စိတ်၊ အလေးပေးခံချင်တဲ့ စိတ်အသိအမှတ်ပြု ခံချင်တဲ့စိတ် စတာတွေဟာလည်းဆင်းရဲတ...
16/06/2019

"တန်ဖိုးရှိသောစကားများ"
🌹🌹🌹🌹🌹🌹🌹
ဦးစားပေးခံချင်တဲ့ စိတ်၊ အလေးပေးခံချင်တဲ့ စိတ်
အသိအမှတ်ပြု ခံချင်တဲ့စိတ် စတာတွေဟာလည်း
ဆင်းရဲတစ်မျိုးပါပဲ။ သတ္တဝါတွေရဲ့  စိတ်အစဉ်ဆိုတာ
ကိုယ့်ကို တစ်ယောက်ယောက်က
အလေးထားတာ၊ ချီးမွန်းတာ၊ ဦးစားပေးတာ
အသိအမှတ်ပြုတာကို လိုချင်ကြ၊ သာယာကြ၊
တောင့်တကြတာ သဘာဝပါပဲ။

ဒါပေမယ့် တစ်ခါတရံ အဲဒီစိတ်ကြောင့်ပဲ
ပင်ပန်းတာတွေ၊ စိတ်ဖိစီးတာတွေ
အလိုမကျတာတွေ၊ ခံစားရတာတွေ
ရှိနေပြန်တတ်ပါတယ်။ ဦးစားပေးတာ မခံရလို့၊
အသိအမှတ်ပြု မခံရလို့၊ အလေးပေးမခံရလို့
စသဖြင့် ဖြစ်ပေါ်လေ့ရှိတဲ့ ပင်ပန်းမှုခံစားချက်ဟာ
လူအတော်များများရဲ့  ဝန်းကျင်အသီးသီးမှာ
ဖြစ်နေတတ်တဲ့ သဘောရှိပါတယ်။

ပိုဆိုးတာက ကိုယ့်ကို ဦးစားမပေးဘဲ
တခြားသူကို ဦးစားပေးတဲ့အခါ
ကိုယ့်ကို အသိအမှတ်မပြုဘဲ
တခြားသူကို အသိအမှတ်ပြု သွားတဲ့အခါ
ကိုယ့်ကို အလေးမပေးဘဲ တခြားသူကို
အလေးပေးသွားတဲ့ အခါမျိုးမှာ အတူနေကြတဲ့
သူအချင်းချင်းတောင်မှ မကျေမနပ်
ခံစားချက်တွေ ဖြစ်နေကြတဲ့ သဘောရှိပါတယ်။

သေချာတွေးကြည့်လိုက်တော့
ဒီလို ခံစားရတာတွေဟာ ကိုယ့်ဘက်က
သိစိတ်ကရော၊ မသိစိတ်ကပါ လိုလားနေတဲ့
မျှော်လင့်ချက်ကြောင့်ပဲဖြစ်ပါတယ်။
မျှော်လင့်တာတွေ ရှိနေတော့ မျှော်ရင်းမျှော်ရင်းနဲ့
မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါမှာ
စိတ်အစဉ် ခံစားချက် ဝေဒနာတွေ
တိုးလာကြတော့တာပဲ။

မျှော်တာတွေက ချော်သွားတဲ့အခါ
မတော်တာတွေတွေးပြီး မလျော်တာတွေပါ
လိုက်ခံစားမိတော့ ဝေဒနာတွေက
တက်လာကြတော့တာပဲပေါ့။
ဒီတော့ကား တစ်ယောက်ယောက်နဲ့
ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊
တစ်ခုခုနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်
ဆက်ဆံပေါင်းသင်း လုပ်ကိုင်ပေးရတဲ့အခါ
ဦးစားပေးခံချင်၊ အသိအမှတ်ပြု ခံချင်
အလေးပေးခံချင်တဲ့ မျှော်လင့်ချက်အတွေးကို
ဘေးဖယ်ပြီး ဘယ်သူအသိအမှတ်ပြုပြု မပြုပြု
ဘယ်သူဦးစားပေးပေး မပေးပေး၊
ဘယ်သူ အလေးပေးပေး မပေးပေး
ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပြီး
ကိုယ်လုပ်ရပ်ကိုယ် ကျေနပ်နေ
အပြစ်ကင်းနေအောင် ကြိုးစားကြဖို့ပဲ။

စစ်မှန်တဲ့ အတွေး၊ စစ်မှန်တဲ့ လုပ်ဆောင်ချက်နဲ့
လုပ်တဲ့ အပြစ်ကင်းတဲ့ အလုပ်တွေဟာ
သူများ အသိအမှတ်ပြုဖို့၊ သူများအလေးပေးဖို့
မလိုပါဘူး။ ကိုယ့်ကိုကိုယ် အသိအမှတ်ပြု
ကိုယ့်ကိုကိုယ် အလေးဂရုပြုဖို့က
အရေးအကြီးဆုံးပဲ။

ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ
___♥___
credit -original writer
credit - All uploaders
❣❣❣
ခင်မင်မှုများစွာဖြင့်ပေးတဲ့လက်ဆောင် 🎁
https://www.facebook.com/ByOo.tho/
#စိတ်ခွန်အားဖြည့်_ရသစာပေများ page မှပြန်လည်မျှဝေပါသည်။
___♥___

02/06/2019

တချို့တချို့သောလူတွေဟာ ကိုယ်ကိုတိုင်လဲ မလုပ်နိုင်ပဲ အခြားတစ်ဦးတယောက်က လုပ်နိုင်မှာလဲ စိုးရိမ်တတ်တဲ့လူမျိုးတွေပါ၊၊ ကိုယ့်ရဲ့ လုပ်ငန်းခွင်တစ်ခုခု၊ကိုယ်ကျင်လည်နေရတဲ့ နယ်ပယ်အသီးသီးမှာလဲ ဒီလို လူမျိုးတွေလဲ ရှိနေမြဲပါပဲ၊ကိုယ့်ရဲ့ အောင်မြင်မှုကို မနာလိုသူတွေ
ဟာကိုယ့်လုပ်ငန်းခွင်မှာရှိတဲ့ အတွက်ကြောင့် ကိုယ့်အောင်မြင်မှုကို ထိခိုက်လာနိုင်ပါတယ်၊အဲ့လို အသိဉာဏ်နှိမ့်ပါးသူတွေဟာ ဒီလုပ်ငန်းခွင်မှာ ကိုယ့် ထက်အရင်ဦးရောက်နေတတ်ကြပြီး ကိုယ်ကနောက်မှ ရောက်သူဖြစ်တာကြောင့် သူတို့ထက် ရာထူး မြင့်မားသွားမှာ၊သာသွားမှာ၊အောင်မြင်မှု ရသွားမှာကို မလိုလားကြသူတွေပါ၊ တစ်နည်းနည်းနဲ့ကိုယ့်ကို ချောက်တွန်း၊ အပုတ်ချ၊ စိတ်ဓာတ်ကျသွားအောင် လုပ်ဖို့ ဝန်မလေးကျသူတွေပါ၊ဒီလို အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရင် သူက ငါ့ထက် ငွေအင်အားသာတယ်၊ အသက်အရွယ် ရင့်ကျက်တယ်ဆို ပြီး သူနဲ့ရင်ဆိုင်ရမှာ ကြောက်ရွံ့စိုးရိမ်နေရမှာမဟုတ်ပါဘူး၊ သူဟာကိုယ့်ထက် အရည်အချင်းအားဖြင့် နှိမ့်ပါးတာကြောင့် ဒီလိုလုပ်တာဆိုပြီးသိရမှာဖြစ်ပါတယ်၊ ဒါကြောင့် ကိုယ့်ရဲ့အောင်မြင်မှုကို လာနှောက်ယှက်သူကို ရဲရဲ ကြီးရင်ဆိုင်ပါ၊ယှဉ်ပြိုင်ပါ၊ မကြောက်ပါနဲ့၊၊

Confident(myanmar sub HD)
Demi Lovato

CRDာသာပြန်
___♥___
credit -original writer
credit - All uploaders
❣❣❣
ခင်မင်မှုများစွာဖြင့်ပေးတဲ့လက်ဆောင် 🎁
https://www.facebook.com/ByOo.tho/
#စိတ်ခွန်အားဖြည့်_ရသစာပေများ page မှပြန်လည်မျှဝေပါသည်။
___♥___

📚မေ့ကို အိပ်မက် မမက်ဘူးလား #မင်းလူ“သမီးရည်းစားဘဝမှာ ကိုယ့်ရည်းစားကလွဲရင် ကျန်တဲ့ ကောင်မလေးတွေဟာ သရဲမလေးတွေပဲလို့ထင်တယ်၊ ...
29/05/2019

📚

မေ့ကို အိပ်မက် မမက်ဘူးလား

#မင်းလူ

“သမီးရည်းစားဘဝမှာ ကိုယ့်ရည်းစားကလွဲရင် ကျန်တဲ့ ကောင်မလေးတွေဟာ သရဲမလေးတွေပဲလို့
ထင်တယ်၊ လင်မယားဘဝကျတော့ ကိုယ့်မိန်းမကလွဲရင် ကျန်တဲ့ မိန်းကလေးတွေဟာ နတ်မိမယ်တွေ
ဖြစ်ကုန်ကြတာပဲကွ”

အစ်ကိုကဲ့သို့ ခင်မင်နေသော ဒါရိုက်တာလူထွက် ဘာသာပြန်စာရေးဆရာ တစ်ယောက်က ပြောဖူးပါသည်။

“ဒါဆို အစ်ကိုရာ၊ သူတို့ကလည်း ကျွန်တော်တို့ ယောက်ျားတွေအပေါ်မှာ ဒီလိုပဲ ပြန်မြင်မှာပေါ့ဗျ”
ဟု ကျွန်တော်က ပြန်ပြောရာ....

“အေး.. ဒါလည်း ဟုတ်တယ်ကွ၊ သမီးရည်းစားဘဝမှာသာ သူတို့က ငါတို့ကို သိပ်အထင်ကြီးတတ်တာ၊
ငါတို့ ကြိုက်ကာစတုန်းက ကဗျာတစ်ပုဒ် ရေးဖူးတယ်ကွ၊ အလွမ်းအဆွေး မှောင်ရိပ်မှာ.. ပန်းပေးကာ
မောင်အိပ်တော့.. မန္တလေးတောင်ထိပ်က စောင့်နေမယ်ဆိုတာ သူက သိပ်သဘောကျတယ်၊
ဒီလောက်ကောင်းတဲ့ ကဗျာမျိုး တစ်ခါမှ မဖတ်ဖူးဘူးတဲ့၊ ဟား ဟား၊ အိမ်ထောင်သက် ဆယ့်ငါးနှစ်၊
အနှစ်နှစ်ဆယ်လောက်လည်း ရောက်လာရော ငါ့မှာ စာမျက်နှာ တစ်ထောင်လောက်ရှိတဲ့ စာအုပ်ကြီးကို
ကြိုးစားပမ်းစား ဘာသာပြန်ပြီးတော့ ဘယ်လိုနေသလဲ.. ဖတ်ကြည့်စမ်းပါကွာလို့ ပြောတာကို

ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်လို့ မအားရတဲ့ကြားထဲမှာ အရည်မရ အဖတ်မရ အလုပ်တွေ မလုပ်နိုင်ဘူးတဲ့ကွ”

ထို့အပြင် အမည်မမှတ်မိတော့သော ပညာရှိကြီးတစ်ဦး၏ အဆိုအမိန့်ကိုလည်း ဖတ်ခဲ့ဖူးပါသည်။
သမီးရည်းစားဘဝတွင် ယောက်ျားများက သဝန်တိုတတ်ပြီး လင်မယားဘဝတွင် မိန်းမများက
သဝန်တိုတတ်ကြလေသည်။
ကျွန်တော်သည် အကြောင်းအချက် တစ်စုံတစ်ခုကို တွေးမိသည့်အခါ ချစ်ဇနီး လေးမေနှင့်
နှိုင်းယှဉ်ထိုးကြည့်တတ်ပါသည်။
လေးမေနှင့်ကျွန်တော် စတင် ချစ်ကြိုက်ကာစတုန်းက သူသည် တော်တော်လှသည်ဟု ကျွန်တော်
ထင်ပါ၏။

သူ့မျက်နှာလှပုံမှာ ပင်ကိုယ်အလှ ဖြစ်သည်။ မွမ်းမံခြယ်သပြီးမှ လှတာမျိုး မဟုတ်။ အင်္ဂဝိဇ္ဇာ
ကျမ်းဆရာများ၏ အလိုအရ ကျက်သရေရှိပြီး မင်းကတော်ဖြစ်မည့် ရုပ်လက္ခဏာမျိုးဟု ဆိုပါသည်။
(ကျွန်တော်သည် မင်းစိုးရာဇာ မဟုတ်သည့်တိုင် ကလောင်နာမည်တွင် “မင်း” ပါသည်ကို သတိပြုလေ)
သူ့ကိုယ်ခန္ဓာ အချိုးအဆက်သည် အလွန်ပြေပြစ်လေသည်။ ဆရာကြီးရွှေဥဒေါင်းက သူ၏ဇာတ်ကောင်
ဇော်ဟိတ်ကို မွှမ်းသလို အသားပို တစ်ကျပ်သားမျှ မရှိအောင် လေ့ကျင့်ထားသောကြောင့် ကျွန်ုပ်၏
စိတ်တိုင်းကျ ရှိနေပေတော့သည်ဟု ကျွန်တော်ဆိုခဲ့ဖူးသည်။
ကျွန်တော်နှင့် အိမ်ထောင်ကျပြီး နောက်ပိုင်းတွင် သူ့ကိုယ်အလေးချိန်သည် တဖြည်းဖြည်း
တိုးလာခဲ့ပါသည်။ မက်စီမံ သာမိုမီတာကဲ့သို့လည်းကောင်း၊ ကုန်ဈေးနှုန်းကဲ့သို့လည်းကောင်း
ကျရိပ်မရှိသော တိုးခြင်းမျိုးဖြစ်ပေသည်။
ကလေးတစ်ယောက် ရရှိပြီးသော အခါတွင်ကား ကျွန်တော်နှစ်သက်သော ကဗျာတစ်ပုဒ်ကို သူနှင့်
လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ဖျက်ဆီးလိုက်ရပါတော့သည်။
“အဘယ်မိန်းမ၊ ဝသောရုပ်နှင့်၊ ကျွန်ုပ်လိုလူ၊ မငြူစူနှင့်၊ ပိန်သူကိုကား၊ သင်ဖိထား၍၊
ပြားပြားဝပ်နေပါပြီတည်း”
သမီးလိုချင် အမေကြည့်ဆိုသော စကားအတိုင်း ကြည့်ခဲ့ပါသည်။ သူ့အမေက ပိန်ပိန်သွယ်သွယ်ကလေး။
တစ်ကွက်မှားသွားသည်က သူသည် အမေဘက် မလိုက်ဘဲ အဖေဘက် လိုက်သွားခြင်းပင်ဖြစ်သည်။
သူ့အဖေက ခပ်ဝဝ။ ထို့ကြောင့် အဖေကိုလည်းကြည့်ဟု ဖြည့်စွက်သင့်ပေသည်။
သူက ကျွန်တော့်ကို အထင်ကြီးမှု ရှိမရှိဆိုသော ကိစ္စ။ ကျွန်တော့်အမြင်ကတော့ အထင်လည်းမကြီး၊
အထင်လည်းမသေးဟု ထင်သည်။
ကျွန်တော်တို့နှစ်ယောက်သည် သူငယ်ချင်းအဖြစ်မှ တက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။ သူနှင့်ကျွန်တော်
ချစ်ကြိုက်ကြစဉ်တုန်းက ကျွန်တော်သည် ဘာကောင်မျှမဟုတ်။ ထို့ကြောင့် အထင်ကြီးစရာ အကြောင်းမရှိ။
ထို့အတူ ဘာကောင်မျှမဟုတ်သော ကျွန်တော့်ကို ချစ်ခဲ့ခြင်း၊ ကျွန်တော် ကဗျာရူး၊ စာရူး လုပ်နေသည်ကို
မကန့်ကွက် မငြူစူခဲ့ခြင်းကို ကြည့်၍ ကျွန်တော့်ကို အထင်လည်း မသေးခဲ့ကြောင်း သိသာသည်။
ကျွန်တော် စာရေးဆရာ ဖြစ်လာသောအခါ ကျွန်တော့်ဝတ္ထုတွေ၊ ကဗျာတွေကို ဖတ်ပြီးသည့်အခါတိုင်း
ကောင်းပါတယ်ဟူ၍သာ သူပြောခဲ့သည်။ ယင်းအတွက် သူ ကျွန်တော့်ကို အထင်ကြီးလာပြီဟု ဆိုလို့မရပါ။
သူသည် ကျွန်တော့်မိန်းမသာ ဖြစ်သည်။ စာပေဝေဖန်ရေးဆရာမ မဟုတ်ချေ။
သမီးရည်းစားဘဝတွင် ယောက်ျားတွေက သဝန်တိုတတ်သည် ဆိုသည်မှာ မှန်ပါသည်။ ကျွန်တော်လည်း
ဖြစ်ခဲ့ဖူးသည်။ ဥပမာတစ်ခုလောက် ပြရလျှင် လုံလောက်ပါ၏။

တစ်ခါက သူတို့အိမ်သို့ ကျွန်တော်သွားလည်သည်။ ထိုစဉ်က သူဝတ်ထားသော အင်္ကျီသည်
သူနှင့်ချောင်နေသည်။ ထို့ကြောင့် လည်ပင်းက နည်းနည်းဟိုက်နေ၏။
“အင်္ကျီက ဘယ်လိုဖြစ်တာလဲ”
သူက ရယ်၍....
“အစ်မကြီးရဲ့ အင်္ကျီလေ၊ သူနဲ့ မတော်တော့လို့ တို့ယူဝတ်တာ”
“လေးမေနဲ့ကျတော့ ကြီးနေတယ်”
“ဟုတ်တယ်၊ ပြန်တောင် သီရဦးမယ်”
“လည်ပင်းပေါက်ကလည်း အကျယ်ကြီး”
“အိမ်နေရင်းပဲဟာ.. ဘာဖြစ်လဲ”
“လူမြင်လို့ ဘယ်ကောင်းမလဲ”
“သြော်.. အိမ်မှာ ဘယ်သူတွေရှိတာမှတ်လို့၊ ကိုယ့်မောင်နှမတွေချည်းပဲဟာ၊ အဲ.. သူစိမ်းဆိုလို့
သူတစ်ယောက်ပဲ ရှိတယ်”
သူက ရယ်သည်။ ကျွန်တော်က မရယ်။
“ဟုတ်တာပေါ့၊ ခုချိန်မှာ ကိုယ်နဲ့လေးမေဟာ သမီးရည်းစားပဲ ရှိသေးတယ်၊ လင်မယား မဟုတ်သေးဘူး၊
ဒီတော့.. ကိုယ့်ကိုလည်း သူစိမ်းလိုပဲ သဘောထားသင့်တယ်”
ကျွန်တော်သည် လေးမေနှင့် ပတ်သက်လျှင် ကိုယ့်ကိုယ်ကိုပင် သဝန်တိုခဲ့မိလေသည်။
လင်မယားဖြစ်လာသောအခါ လေးမေက ကျွန်တော့်အပေါ် သဝန်တိုတတ်ပါသလားဟု
ဆန်းစစ်ကြည့်ကြပါစို့။
မိန်းမတော်တော်များများသည် ကိုယ့်ယောက်ျားအပေါ် မယုံသင်္ကာ ဖြစ်တတ်ကြသည်။
တခြားမိန်းကလေးတွေနှင့် စကားပြောတာတို့၊ ရင်းရင်းနှီးနှီး နေတာတို့ကို မကြိုက်ကြ။ လေးမေကတော့
ဒီလိုမဟုတ်။
ကျွန်တော် သူ့စိတ်ကို စမ်းဖူးသည်။ သူနှင့်အတူတူ သွားလာနေရင်း တခြားမိန်းကလေးများကို တမင်တကာ
ပြူးပြဲကြည့်ပြသည်။ သူက လုံးဝဂရုမစိုက်။
မိန်းကလေးအချို့ထံမှ ကျွန်တော့်ဆီရေးသော မိတ်ဆက်စာများကို သူ့ကို ပေးဖတ်သည်။ သူက
ဖတ်ကြည့်ပြီး ဘယ်လို စာပြန်ရေးရင်ကောင်းမယ်ဟုပင် အကြံတွေ ပေးလိုက်သေးသည်။
တကယ်တော့ ကျွန်တော်တို့လိုကောင်မျိုးဆီ ရေးသော မိန်းကလေးများ၏ မိတ်ဆက်စာ ဆိုသည်ကလည်း
ဟိုလိုလို ဒီလိုလိုတွေမဟုတ်။ ဘယ်ဝတ္ထုကို သဘောကျကြောင်း၊ ဘယ်ဝတ္ထုကို သိပ်ဘဝင်မကျကြောင်း၊
ဘယ်ဝတ္ထုက အကြောင်းအရာပေါ့သည် ထင်ကြောင်း၊ ဘယ်ကဗျာကို ကောင်းကောင်းနားမလည်ကြောင်း
စသည့် စာအကြောင်းပေအကြောင်းတို့သာ။

“ဒီနေ့ကွာ.. ငါ မြို့ထဲကအပြန် ဘတ်စ်ကားစီးလာတော့ ဘေးမှာ ကောင်မလေးတစ်ယောက်
လာထိုင်တယ်၊ နေရာတွေ အကျယ်ကြီး ရှိရဲ့သားနဲ့ ငါ့ဘက်ကို အတင်းတိုးတာပဲ”
ဟု ကျွန်တော်က ပြောသောအခါ သူက မနာလို မဖြစ်သည့်အပြင်..
“ဣနြေ္ဒရှိတဲ့ မိန်းမကောင်းလေးတွေဆို ဒါမျိုး ဘယ်လုပ်မလဲ”
ဟု ခပ်အေးအေး ပြန်ပြော၏။
မတတ်သာသဖြင့် ခပ်ပြောင်ပြောင်ပင် ပြောကြည့်ပြန်သည်။
“နင်နဲ့ငါဟာ နောက်ထပ် နှစ်သုံးလေးဆယ်လောက်ကြာအောင် ပေါင်းသင်းသွားရမှာဆိုတော့ တော်တော်
ပျင်းစရာကောင်းမှာပဲနော်”
“ဒီတော့ နောက်မိန်းမတစ်ယောက် ထပ်ယူလိုက်ရင် စိတ်အပြောင်းအလဲလေး ဖြစ်သွားမှာပဲ” ဟု
ထပ်မပြောဖြစ်လိုက်။ သူက..
“ပျင်းရင် ကွာလိုက်ပေါ့”
ဟု ဖြတ်ပြောလိုက်သောကြောင့် ဖြစ်သည်။
ကျွန်တော်သည် သူတစ်ယောက်ကိုပင် မနည်းကုတ်ကပ်ပြီး ရအောင်ယူထားရကြောင်း သူသိနေသည်။
ယင်းပျော့ကွက်ကို အပိုင်ကိုင်ထားနိုင်သဖြင့် ကျွန်တော့်အပေါ် စိတ်ချလက်ချရှိနေခြင်း ဖြစ်နီုင်၏။
ဘာပဲဖြစ်ဖြစ် သူသည် မိန်းမပီပီ သဝန်တိုသင့်ပါသည်။ ကျွန်တော်ကလည်း ယောက်ျားပီပီ ကိုယ့်မိန်းမ
သဝန်တိုခြင်းကို ဂုဏ်ယူစွာ ခံချင်ပါသည်။
“ငါ မနေ့ညက အိပ်မက်မက်တယ်”
ဟု ကျွန်တော်က ပြောသည်။
“ဘာလဲ.. ဝတ္ထုစာအုပ်အတွက် စာမူခ တစ်သိန်းရတယ်လို့ မက်ပြန်ပြီလား”
သူက ပြန်မေးသည်။
တစ်ခါတုန်းက ဝတ္ထုတိုတစ်ပုဒ်အတွက် မဂ္ဂဇင်းက စာမူခ ငါးရာပေးသည်ဟု အိပ်မက်မက်ကြောင်း
သူ့ကိုပြောပြရာ သူက ဟားဖူးသည်။
“ဒီတစ်ခါ မက်တာက တကယ်ဆန်းတာကွ”
“ပြောစမ်းပါဦး“
“အိပ်မက်ထဲမှာ ငါက နောက်မိန်းမတစ်ယောက် ထပ်ရတယ်”
သူက ပြုံး၍....
“တယ်ဟုတ်ပါလား၊ ဘယ်သူနဲ့လဲ”
“တခြားလူ မဟုတ်ပါဘူး၊ နင်နဲ့ပဲ”
“ဘယ်လို.... ဘယ်လို”

“ဒီလိုလေ.. အိပ်မက်ထဲမှာ နင်က နှစ်ကိုယ်ခွဲ၊ မယားကြီး နေရာမှာရော၊ မယားငယ် နေရာမှာပါ
နင်ချည်းပဲ၊ ဒါပေမယ့် တစ်ခုတော့ကွာတယ်၊ မယားကြီးနေရာက နင်အခုဖြစ်နေတဲ့ ပုံစံမျိုး၊
မယားငယ်နေရာကျတော့ ငါနဲ့ စကြိုက်ကာစက ပုံစံမျိုး”
သူ မျက်နှာတည်သွား၏။
“ဘာလဲ.. သူက ဖောက်ပြန်ချင်နေပြီပေါ့”
ဟု ခပ်ဆတ်ဆတ်မေးသည်။
“ဟာ.. မဟုတ်ပါဘူး၊ နင် စဉ်းစားကြည့်လေ၊ အိပ်မက်ထဲမှာ နောက်ယူတဲ့ မိန်းမကလည်း နင်ပဲ
မဟုတ်လား၊ ဘာထူးလို့လဲ၊ တူတူပဲဟာ”
“မတူဘူး၊ မတူဘူး၊ နောက်ကို အဲဒီလို အိပ်မက်မျိုး ဘယ်တော့မှ မမက်နဲ့.... ဒါပဲ”
ဟု တစ်ချက်လွှတ်အမိန့် ချမှတ်လိုက်သည်။
ကျွန်တော်သည် နောက်မိန်းမယူချင်စိတ် မဖြစ်ပေါ်လာသေးပါ။ ယူလည်း မယူရဲပါ။ ထို့ပြင်
ကိုယ့်မိန်းမကလွဲရင် တခြားမိန်းကလေးတွေအားလုံး နတ်မိမယ်ကလေးနှင့် တူသည်ဟုလည်း
မယူဆသေးပါ။ အကြောင်းမှာ.... ....
လေးမေသည် လည်ပင်းအထိ စောင်ခြုံအိပ်နေသည့် အခါများတွင် ကြည့်လို့ လှနေသောကြောင့်ပင်
ဖြစ်ပါသည်။

(ရုပ်ရှင်အောင်လံ၊ မတ်၊ ၁၉၈၅)
___♥___
credit -original writer
credit - All uploaders
❣❣❣
ခင်မင်မှုများစွာဖြင့်ပေးတဲ့လက်ဆောင် 🎁
https://www.facebook.com/ByOo.tho/
#စိတ်ခွန်အားဖြည့်_ရသစာပေများ page မှပြန်လည်မျှဝေပါသည်။
___♥___

📚ဟယ်လင်ကဲလား ဆိုတာ…Helen Keller ဟာ အလင်းမမြင် အသံမကြားတဲ့ အမှောင်လောကမှာသာ စမ်းတဝါးဝါးရှင်သန်ခဲ့ရသူဖြစ်တယ်။ ဒါပေမယ့် သူ့...
29/05/2019

📚

ဟယ်လင်ကဲလား ဆိုတာ…

Helen Keller ဟာ အလင်းမမြင် အသံမကြားတဲ့ အမှောင်လောကမှာသာ စမ်းတဝါးဝါးရှင်သန်ခဲ့ရသူဖြစ်တယ်။

ဒါပေမယ့် သူ့ရဲ့မဆုတ်မနစ် ဇွဲလုံ့လနဲ့ အရှုံးမပေးတဲ့စိတ်ဓာတ်က ထူးဆန်းအံ့သြမှု တွေကို ဖန်ဆင်းပေးခဲ့ပါတယ်။

၁၉၆၈ခုနှစ် ဇွန်လ၁ရက်နေ့ညနေမှာ
Helen Kellerဟာ အိပ်စက်ရင်းနဲ့ ကွယ်လွန်သွားခဲ့တယ်။

သူကွယ်လွန်ချိန် အသက်၈၇နှစ်ဖြစ်ပါတယ်။ Kellerဟာ မွေးဖွားပြီး ၁၉လသားအရွယ်တည်း က မျက်မမြင်ဆွံ့အနားမကြားသူ ဖြစ်ခဲ့တယ်။

ဒါတောင် သူတစ်သက်ကို ထူးခြား
ဆန်းကြယ်မှုအပြည့်နဲ့ ဖြတ်သန်းခဲ့ပါတယ်။

Helen Kellerကို ၁၈၈ဝခုနှစ်
အမေရိကန်နိုင်ငံ Alabama ပြည်နယ် မြောက်ပိုင်းက Tuscumbiaဆိုတဲ့မြို့မှာ မွေးဖွားခဲ့တယ်။

သူတစ်နှစ်ခွဲသားအရွယ်မှာ အပြင်းဖျားနာခဲ့လို့ မျက်မမြင်၊ နားမကြားသူဖြစ်ခဲ့ရတယ်။

တစ်ဆက်တည်းမှာပဲ စကားပြောနိုင်တဲ့
စွမ်းရည်လည်း ဆုံးရှုံးခဲ့တယ်။

အဲဒီလို အမှောင်ဘဝ အထီးကျန်ကမ္ဘာထဲမှာ ဖြတ်သန်းရင်း စာဖတ်၊ စကားပြောတဲ့အလုပ်ကို သူသင်ယူတတ်မြောက်ခဲ့တယ်။

အဲဒီနောက် ထူးကဲတဲ့အဆင့်နဲ့ Radcliffe Collegeကနေ ဘွဲ့ရခဲ့တယ်။

သူဟာ စာပေကျမ်းဂန်နှံ့စပ်သူ ဖြစ်တဲ့အပြင် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမဏီ၊ လက်တင်၊ ဂရိစတဲ့ ဘာသာစကား၅မျိုးတတ်တဲ့ နာမည်ကြီး စာရေးဆရာ ပညာရေး ပညာရှင်ဖြစ်ခဲ့တယ်။

အမေရိကန်နိုင်ငံနဲ့ ကမ္ဘာ့အရပ်ရပ်ကို သူလှည့် လည်ပြီး မျက်မမြင်ကျောင်းတွေအတွက် ရန်ပုံငွေ ရှာခဲ့တယ်။

သူ့တစ်ဘဝလုံးကိုလည်း မျက်မမြင်သူတွေ အတွက် လူမှုဖူလုံရေးအထောက်အပံ့နဲ့ ပညာရေးမှာ ပေးဆပ်ခဲ့တယ်။

နိုင်ငံတကာက ပြည်သူလူထုရဲ့ အားပေး ထောက်ခံမှုကို သူရခဲ့သလို နိုင်ငံတော်တော် များများက ဆုပေးချီးမြှင့်ခြင်းကိုလည်းခံခဲ့ရတယ်။

ဆွံ့အနားမကြားသူတစ်ယောက်အတွက် အမှောင်လောကကိုဖယ်ရှားပြီး အလင်းဆီ ရောက်နိုင်ဖို့ အရေးကြီးဆုံးအချက်က စာတတ် ဖို့ပဲဖြစ်တယ်။

စာတတ်ရာကနေ စာဖတ်တတ်ဖို့အထိ
သာမန်လူထက် အင်အားပိုစိုက်ထုတ်ရမယ်
ဆိုတာကို Kellerသိခဲ့တယ်။

သူဟာ လက်ညိုးကိုအသုံးပြုပြီး ဆရာမAnne Sullivanရဲ့နှုတ်ခမ်းကိုထိပြီး လည်ချောင်းရဲ့
တုန်ခါမှု နှုတ်ခမ်းရဲ့လှုပ်ရှားမှုနဲ့ မျက်နှာအမူအရာ ကို သင်ယူခဲ့တယ်။

ဒါပေမယ့် ဒါတွေဟာ အတိအကျမဖြစ်ခဲ့ပါဘူး။ စကားလုံးတစ်ခု ဒါမှမဟုတ် စကားတစ်ခွန်းကို ကောင်းစွာအသံထွက်နိုင်ဖို့ Keller အကြိမ်ကြိမ် လေ့ကျင့်ခဲ့တယ်။

အရှုံးရှေ့မှာ သူဒူးမထောက်ခဲ့ပါဘူး။

၇နှစ် ကျောင်းစနေတဲ့အရွယ်ကနေ Radcliffe Collegeမှာ ကျောင်းပြီးတဲ့အထိ ၁၄နှစ်အတွင်း Kellerဟာ ဆွေမျိုးသားချင်း မိတ်ဆွေ အပေါင်း အသင်းနဲ့ ကျောင်းနေဖက်သူတွေဆီ စာတွေ အမြဲရေးပို့ခဲ့တယ်။

ရေးတဲ့စာတွေထဲမှာ သူကြားရတဲ့အရာတွေ ဒါမှမဟုတ် သူ့ခံစားချက်တွေ ဒါမှမဟုတ် သူနားထောင်ရတဲ့ပုံပြင်တွေကို စိတ်ဝင်တစားရေးသားထားပါတယ်။

သူကောလိပ်တက်စက ပြဌာန်းစာအုပ် တော်တော်များများမှာ မျက်မမြင်စာအုပ် မရှိခဲ့ပါဘူး။

တစ်ယောက်ယောက်က စာအုပ်ပါအကြောင်း အရာကို သူ့လက်ပေါ် ချရေးပေးခဲ့ရပါတယ်။

ဒါကြောင့် ပညာသင်ယူဖို့ တခြားကျောင်းသား တွေထက် သူအချိန်တွေပိုပေးခဲ့ရတယ်။

တခြားကျောင်းသားတွေ ကျောင်းဝင်းပြင်ပမှာ ကစားပျော်ပါးနေချိန် သူက စာသင်ခန်းထဲမှာပဲ စာတွေကိုကြိုးစားသင်ယူနေခဲ့ရပါတယ်။

အမှောင်ထဲကနေ Kellerလျှောက်လှမ်းထွက်ပြီး ပညာရေးမှာ ထူးချွန်ထက်မြက်သူဖြစ်ခဲ့တာက သူကိုယ်တိုင်ကြိုးစားမှုအပြင် ဆရာမ Sullivan ရဲ့သင်ပြမှုကြောင့်လည်း ပါပါတယ်။

Keller က “ကျွန်မတို့အိမ်ကို ဆရာမ Sullivan ရောက်လာတဲ့နေ့ဟာ ကျွန်မ တစ်သက်တာရဲ့ အရေးပါဆုံးနေ့တစ်နေ့ပါပဲ။

သူ့ကြောင့် ကျွန်မရဲ့စိတ်ဓာတ်ခွန်အားတွေ တိုးမြင့်ခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။

ဆရာမ Sullivanက Kellerကို စာတတ် အောင်သင်ပေးခဲ့တယ်။ အရာဝတ္ထုတိုင်းရဲ့
အမည်ကို သိစေခဲ့တယ်။

ပြီးတော့ “မေတ္တာတရား”ဆိုတဲ့ စကားလုံးရဲ့
အဓိပ္ပာယ်ကိုလည်းသိအောင် သင်ပေးခဲ့ပါတယ်။

Kellerဟာ ငယ်ငယ်က အပြင်းအထန်ဖျားနာ ပြီးနောက် မှုန်တေတေ ရိုင်းစိုင်းစိုင်းစိုင်း နေတတ် သူဖြစ်တယ်။

ဒါပေမယ့် နောက်ပိုင်းမှာ
ပညာတတ်ယဉ်ကျေးသူ တစ်ဦးဖြစ်ခဲ့တယ်။

ဒီလိုထူးခြားဆန်းကြယ်မှုထဲမှာ သူ့ကိုသင်ပြတဲ့ ဆရာမရဲ့အားထုတ်မှု၊ ပေးဆပ်မှုတွေလည်း ပါပါတယ်။

ဆရာမSullivanဟာ Kellerကို ဘာပဲ သင်ပေးသင်ပေး ကောင်းတဲ့ပုံပြင်နဲ့ ဥပမာပေး သင်ကြားသလို ကဗျာတစ်ပုဒ်နဲ့လည်း ရှင်းပြ တတ်တယ်။

သူဟာ အတွေ့အကြုံပြည့်ဝတဲ့ ဆရာမတစ်ဦး ဖြစ်တာကြောင့် Kellerကို အခန်းထဲပိတ်လှောင် ထားတာမျိုး ကြက်တူရွေးနှုတ်တိုက်ရွတ်သလိုမျိုး သင်မပေးခဲ့ပါဘူး။

Kellerဟာ ခိုင်မြဲတဲ့ဇွဲနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ် ချွတ်ယွင်းမှု စိတ်ဓာတ်ချွတ်ယွင်းမှုကို အံတုခဲ့တယ်။

မြင်းစီး နှင်းလွှာလျောစီး စစ်တုရင်ထိုးတာတွေ သင်ယူပြီး ဘဝကိုကျေကျေနပ်နပ် ဖြတ်သန်း ခဲ့တယ်။

ပြဇာတ်တွေကို သူခုံမင်ခဲ့တယ်။ ရှေးဟောင်း ပြတိုက်တွေ လှည့်လည်ကြည့်ရှုရတာကို သူနှစ်သက်ခဲ့တယ်။

အဲဒီထဲကနေ သင်ယူနိုင်တာတွေကို သူသင်ယူ ခဲ့တယ်။ Kellerဟာ အသက် ၂၁နှစ်အရွယ်မှာ ဆရာမနဲ့ပူးပေါင်းပြီး သူ့ရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့ “The Story of My Life” စာအုပ်ကို ထုတ်ဝေခဲ့တယ်။

နှစ်ပေါင်း၆ဝကျော်အတွင်းမှာ စာအုပ်ပေါင်း ၁၄အုပ်ကို သူရေးသားထုတ်ဝေနိုင်ခဲ့တယ်။

Kellerဟာ ဘဝရဲ့စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ ရတယ်။ ချစ်ခြင်းမေတ္တာနဲ့ လောကကြီးကို သူပွေ့ဖက်ခဲ့တယ်။

လူတကာအံ့သြရလောက်တဲ့ စိတ်ဓာတ်ခွန်အားနဲ့ အခက်အခဲတွေကို သူတွန်းလှန်နိုင်ခဲ့တယ်။ အမှောင်ထဲကနေ လူ့ဘဝရဲ့အလင်းကို သူရှာဖွေ တွေ့ရှိခဲ့တယ်။

အဲဒီနောက် ကြင်နာတဲ့လက်အစုံကို ကမ္ဘာတစ်ခွင်ဆီ သူဆန့်ထုတ်ခဲ့ပါတယ်။

စိတ်ကူးအိပ်မက်မရှိသူက ဘဝဟာ ဆင်းရဲ ပင်ပန်းလွန်းတယ်။ လျှောက်လှမ်းစရာ
လမ်းမရှိဘူးလို့ ထင်တတ်ကြတယ်။

စိတ်ကူးအိပ်မက်ရှိသူက ကမ္ဘာကုန်ကျယ်သရွေ့ စိတ်ကူးအိပ်မက်ကို ဖြန့်ကျက်တယ်။

နည်းလမ်းတချို့ လမ်းကြောင်းတချို့နဲ့ ကိုယ့်ကြိုးစားအားထုတ်မှုကို အရင်းစိုက်ပြီး အကောင်အထည်ဖော်တယ်။

စိတ်ကူးအိပ်မက်ရဲ့ အလေးနက်ဆုံးအဓိပ္ပာယ်က လူတွေကို ဦးတည်ရာတစ်ခုရှိစေတယ်၊ ပစ်မှတ်တစ်ခုရှိစေတယ်။

ဘဝလမ်းကြောင်းပေါ်မှာ လူတွေကို မရေမရာ ဝေဝေဝါးဝါးမဖြစ်စေဘူး။ စိတ်ကူးအိပ်မက်က လူကိုကြီးကျယ်မြင့်မြတ်စေတယ်။

လူတွေ ကြီးကျယ်မြင့်မြတ်ရခြင်းကလည်း စိတ်ကူးအိပ်မက်ကို လက်တွေ့ကျကျ မဖြစ်မနေ အကောင်အထည်ဖော်လို့ပဲဖြစ်တယ်။

နိုင်းနိုင်းစနေ
ထင်ရှားသူတို့၏ ဘဝပုံပြင်စာအုပ်မှ
___♥___
credit -original writer
ခင်မင်မှုများစွာဖြင့်ပေးတဲ့လက်ဆောင် 🎁
https://www.facebook.com/ByOo.tho/
#စိတ်ခွန်အားဖြည့်_ရသစာပေများ page မှပြန်လည်မျှဝေပါသည်။

ဝေးခဲ့တာကောင်းပါတယ်***********************အသက် ၁၆ နှစ်မှာ တွဲခဲ့တဲ့ ရည်းစားက အကြောင်းပြချက်မရှိ လမ်းခွဲခဲ့တယ်အသက် ၂၁ နှစ...
28/05/2019

ဝေးခဲ့တာကောင်းပါတယ်
***********************
အသက် ၁၆ နှစ်မှာ တွဲခဲ့တဲ့ ရည်းစားက အကြောင်းပြချက်မရှိ လမ်းခွဲခဲ့တယ်

အသက် ၂၁ နှစ်မှာ တွဲခဲ့တဲ့ရည်းစားက
အိမ်ကသဘောတူတဲ့သူနဲ့ ယူရမယ်
ဆိုပြီး လမ်းခွဲခဲ့တယ်

အသက် ၂၂ မှာ တွဲခဲ့တဲ့ရည်းစားက
ဖုန်းတစ်ည မဆက်မိတာလေးကို
စိတ်ကောက်ပြီး လမ်းခွဲခဲ့တယ်

တွဲခဲ့သမျှ ရည်းစားတွေ
တစ်ယောက်ပြီးတစ်ယောက်
လမ်းခွဲသွားကြတော့
ကျွန်တော့်ကိုယ်ကျွန်တော်
စိတ်ပျက်လာတယ်
အချစ်ဆိုတာကို မယုံကြည်တော့ဘူး
မိန်းကလေးတွေနဲ့ စကားပြောရမှာ
ကြောက်လာတယ်

အသက် ၂၅ ကျော်လာတဲ့အခါမှာ
ချစ်သူတစ်ယောက်ရခဲ့တယ်
ချစ်သူသက်တမ်း ၂ နှစ်ကျော်လာတဲ့
အခါ ကျွန်တော်တို့ လက်ထပ်ခဲ့ကြတယ်

သူ ဟာ ဘာသာရေးကိုင်းရှိုင်းတယ်
မနက် ည ပရိတ်ပဋ္ဌာန်းရွတ်တယ်
အိမ်မှုကိစ္စနိုင်နင်းတယ်
ကျွန်တော်စားချင်တာကိုအလိုက်တသိ
ချက်ကျွေးတယ်
ကျွန်တော့်ကိုအလိုလိုက်တယ်

ကျွန်တော် အဲဒီအခါမှသိတော့တယ်

ရှေ့က တွဲခဲ့တဲ့ ရည်းစားတွေနဲ့
တစ်ယောက်ပြီးတစ်ယောက်ဝေးခဲ့တာ
လမ်းခွဲ ခဲ့ရတာဟာ

အခုလို
ကျွန်တော့်အပေါ်ကို အနစ်နာခံပြီး
ပေးဆပ်မဲ့မိန်းကလေးတစ်ယောက်
ရှိလာမှာဖြစ်လို့
ကံတရားက ရှေ့ကလူတွေနဲ့
ဝေး ကွာခဲ့စေတာကိုး

ဝေးခဲ့တာကောင်းပါတယ်...

ဒီစာဖတ်နေသူ သင်ရော
လမ်းခွဲ ခံရပြီးပြီလား

သင့်ကိုထားခဲ့တဲ့တစ်ယောက်ထက်
သင့်ကိုအဆပေါင်းများစွာပိုချစ်နိုင်တဲ့
တစ်ယောက်ရှိလာမှာဖြစ်လို့
ကံတရားက သင့်ကို လမ်းခွဲစေခဲ့တာပါ

ဝေးခဲ့တာကောင်းပါတယ်
___♥___
credit -original writer
ခင်မင်မှုများစွာဖြင့်ပေးတဲ့လက်ဆောင် 🎁
https://www.facebook.com/ByOo.tho/
#စိတ်ခွန်အားဖြည့်_ရသစာပေများ page မှပြန်လည်မျှဝေပါသည်။

ရှက်ဖို့ကောင်းပါသည်🗣🗣🗣🗣🗣🗣🗣🗣🗣🗣🗣🗣တခါက ဓါးမကူး ဆရာတော်ဘုရားကြီးသည် ကျောင်းပေါ်၌ ဘုရားဝတ်တက်နေသည်။ ဘုရားဝတ်တက်လို့ ခဏအကြာ ကျေ...
26/05/2019

ရှက်ဖို့ကောင်းပါသည်
🗣🗣🗣🗣🗣🗣🗣🗣🗣🗣🗣🗣

တခါက ဓါးမကူး ဆရာတော်ဘုရားကြီးသည် ကျောင်းပေါ်၌ ဘုရားဝတ်တက်နေသည်။ ဘုရားဝတ်တက်လို့ ခဏအကြာ
ကျောင်းအောက်မှ ခွေးနှစ်ကောင်က ဆူညံ့စွာ တကောင်နှင့်တကောင် ကိုက်ကြသည်။ အစာ လုကြသည်။

ဘုရားအာရုံပြုသည်။ မရ။
ကြိုးစား အာရုံပြုသည်။ မရ။

ခွေးနှစ်ကောင် ကိုက်ဖြတ်အော်ဟစ်သံများဆီသို့သာ စိတ်က ရောက်ရောက်သွားသည်။ မနေနိုင်သည့်အဆုံး တောင်ဝှေးကိုင်ကာ ကျောင်းအောက်သို့ ဆင်း၍
ခွေးများကို မောင်းသည်။
ခွေးများက မောင်း၍မရ။
ကိုက်မြဲကိုက်သည်။
ဒါနဲ့ဒေါသထွက်ကာ
တောင်ဝှေးနှင့် ခွေးများသို့
ရိုက်မယ်ပြင်ပြီးမှ သတိဝင်လာကာ
နုတ်မှ စကားဆိုသည်။

!!ငါနှယ်''
တောင်ဝှေးနှင့် ဝင်ရိုက်လိုက်လို့
ငါနဲ့ဆို သုံးကောင်ဖြစ်တော့မယ်တဲ့!!
ဆရာတော်ကြီး တွေးပုံလေးကို ကြိုက်သည်။ ငယ်ငယ်ထဲက အသည်းစွဲနေမိသည်။

ဟုတ်ပါသည်။
အသိဥာဏ်မ မရှိ၍ ကိုက်သောခွေးများကို
မိမိက အသိဥာဏ်မဲ့စွာ
ဒေါသနှင့် ဝင်ရိုက်လိုက်လျှင်
မိမိလည်း ခွေးနှင့် ဘာထူးတော့မည်လဲ။

သူတို့ အသိဥာဏ်မရှိလို့ ကိုက်တာကို
မိမိက အသိဥာဏ်မဲ့စွာ မပြုမှုသင့်။
ဆရာတော်ကြီးက ပညာဥာဏ်ကြီးကြီးနှင့်
ရေနဲ့ ပက်လိုက်ရာ ခွေးများထွက်ပြေးသွားသည်။

ယခုလည်း facebook မှာ ဆဲခြင်း
''အလင်္ကာတန်ဆာဆင်ထားသော
video များကို တွေ့တွေ့နေရသည်။
သူဟာသူ ကျောင်းအောက်က
ခွေးနှစ်ကောင်ကိုက်သလို ဆဲနေတာကို
မိမိက ဝင်ဆဲလျှင် မိမိလည်း
ခွေးဖြစ်ပေလိမ့်မယ်။
မဆဲပါနဲ့ ခွေးကိုက်ရင် ခွေးကိုနိုင်တဲ့
ရေနဲ့ပက်ရသလို သူတို့ဆဲရေးခြင်းကို
မိမိတို့က ပညာဥာဏ်ရှိရှိ တုန့်ပြန်လိုက်ပါ။
ဗုဒ္ဓဘာသာတွေမှာ ဒါမျိုးမရှိဘူးဆိုတာ သက်သေပြလိုက်ပါ။

ဆရာကြီးဦးအောင်သင်း
စကားလေး သတိရမိသည်။
ပညာတတ်ရင် ဆဲစရာမလိုဘူး စကားလုံးနဲ့သေအောင်သတ်လို့ ရတယ်တဲ့။

ဆဲနေမဲ့အစား တိတိကျကျ
ခိုင်ခိုင်မာမာနဲ့ သမိုင်းအထောက်အထား
မှန်စွာ ပညာရှိရှိတုန့်ပြန်သင့်သည်။

တဆက်ထဲ ဘုရားရှင်ရဲ့ ဆဲလာသူကို
တုန့်ပြန်နည်းလေး သတိရမိပြန်သည်။

တခါက ပုဏ္ဏားတစ်ယောက်ဟာ
ဘုရားရှင်ကို အမျိုးမျိုးဆဲရေးတိုင်းထွာပါသည်။ ဘုရားရှင်ကတော့ ဆိတ်ဆိတ် ငြိမ်သက်နေပါသည်။ ပုဏ္ဏားလည်း ဆဲတာ
အချိန်ကြာလာတော့
မောလာ၍ ဘုရားရှင်ကလည်း
သူဆဲသည်ကို မခံမရပ်နိုင်ဖြစ်တာ
မတွေ့ရတော့ ဆဲရတာ
ဖီးလ်မလာဘူးထင်ပါရဲ့။
အဆဲရပ်ပြီး ဘုရားရှင်ကို မေးပါတယ်။

!!ရဟန်းဂေါတမ သင့်ကို ငါဆဲနေပါလျက် ဘာလို့ ငြိမ်နေတာလဲတဲ့!!

ဘုရားရှင်က ထိုအခါမှ!!

ပုဏ္ဏား ငါမေးပါရစေဦး။
သင်ဟာ သင့်မိတ်ဆွေတွေအတွက်
လက်ဆောင်မုန့်တွေ ပြုလုပ်ပေးပို့တဲ့အခါ သင့်မိတ်ဆွေတွေက
အဲဒီလက်ဆောင်ကို မယူရင်
ဘယ်သူရမလဲလို့ မေးလိုက်ပါတယ်။!!

ပုဏ္ဏားကလည်း သူတို့မယူမှတော့
ငါ​ပေးတာ ငါပြန်ယူလာရတာပေါ့လို့ ဖြေပါတယ်။

ထိုအခါ ဘုရားရှင်က အေး အဲဒီအတိုင်းပဲ သင်ပုဏ္ဏားရဲ့ဆဲရေးခြင်းတွေကို ငါမယူဘူး။ သင့်ရဲ့ဆဲရေးခြင်းတွေဟာ သင့်ထံသို့ အကုသိုလ်အဖြစ်နဲ့သာ ပြန်သွားလိမ့်မယ်တဲ့!!

စဉ်းစားကြည့်ပါ။
ဘုရားရှင်ရဲ့တပည့်သားမြေးတွေဖြစ်ပြီး ဘုရားရှင်ရဲ့နည်းကို ဘာလို့
မကျင့်သုံးကြတာလဲ။
သည်းခံလိုက်ပါ။
ဆဲတာဟာ အသားပဲ့မပါသွားပါဘူး။
ဗုဒ္ဓဘာသာတွေက
သူ့ဆဲရေးခြင်းကို မယူတဲ့အခါ
သူ့ဟာသူ သူဆဲရေးခြင်းတွေကို
ပြန်ယူ သွားပါလိမ့်မယ်။

ခုတော့ ဘုရှားရှင်ရဲ့ အဆဲတုန့်ပြန်နည်းကို
မကျင့်သုံးပဲ video တင်ကာ
ဆဲရေးနေတာတွေကြည့်၍
ဗုဒ္ဓဘာသာတွေ ကောင်းတော့ ကောင်းပါသည်။
ဘာကောင်းသလဲဆိုလျှင်
ရှက်ဖို့ကောင်းပါသည် ဟူ၍ သာ - - - ။

ဇိနပုတ္တ(ဂန္ထဝင်)

မှကူးယူဖော်ပြသည်။
. 26-5-2019
ဆဲရေးတိုင်းထွာခြင်းကင်းဝေး၍
လူယဉ်ကျေးများ ဖြစ်ထွန်းနိုင်ကြပါစေ။
___♥___
credit -original writer
#စိတ်ခွန်အားဖြည့်_ရသစာပေများ page မှပြန်လည်မျှဝေပါသည်။

ကျွန်တော် အရမ်း ကြိုက် တဲ့ ကဗျာ  လေး      နံမည် က "" မာန် "" တဲ့ ------------------------      " PRIDE "      ********* ...
25/05/2019

ကျွန်တော် အရမ်း ကြိုက် တဲ့
ကဗျာ လေး
နံမည် က "" မာန် "" တဲ့
------------------------

" PRIDE "
*********

Pluck my bloom ,
A bud still remains for me.

Pull my bud down,
An offshoot still remains for me.

Break my offshoot
A stalk still remains for me .

Pull my stalk up
A stump still remains for me.

Remove my stump
A seed still remains for me .

When,tomorrow comes
I, a seedling,will grow
Greenish,lush with fruits,
Blooms,leaves and branches ,
On this earth,
Gratified and invigorated
Sprinkling loving kindness,
I will be walking my path.

credit -original writer
By Oo-THO

" မာန် "

အပွင့် ကို ခူး
အဖူး ငါ့ မှာ ကျန် သေးတယ် •••

အဖူး ကို ဖျက်
အခက် ငါ့ မှာ ကျန်သေးတယ်••

အခက် ကို ချိုး
အရိုး ငါ့ မှာ ကျန်သေးတယ် •••

အရိုး ကို နုတ်
အငုတ် ငါ့ မှာ ကျန်သေးတယ်••

အငုတ် ကို ပယ် ရွေ့
မျိုး စေ့ ငါ့ မှာ ကျန်သေးတယ်••

မနက်ဖန် ဆို ငါ့ ပင် ပျို သည်
ဝေစည်စိမ်းလျက် သီးပွင့် ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ္ဘာ မှာ
သာယာပွင့်လန်း မေတ္တာ ဖျန်းပြီး
ငါ့ လမ်း ငါ လျှောက်နေဦးမယ် !!

credit -original writer
By Oo-THO

__♥__♥__♥__

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Gaming By UTHOผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์