ဘာလာလာ

ဘာလာလာ ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ဘာလာလာ, ศิลปะและบันเทิง, Bangkok.

"ပေါ်တူဂီအသင်းအတွက် ၆ နဲ့ဆုံးတဲ့နှစ်တွေက ကောင်းတဲ့အရာတွေဖြစ်စေတယ်လို့ ကျွန်တော် ယုံကြည်နေတယ်ဗျ"Roberto Martinez ( ပေါ်တူ...
05/06/2026

"ပေါ်တူဂီအသင်းအတွက် ၆ နဲ့ဆုံးတဲ့နှစ်တွေက ကောင်းတဲ့အရာတွေဖြစ်စေတယ်လို့ ကျွန်တော် ယုံကြည်နေတယ်ဗျ"
Roberto Martinez ( ပေါ်တူဂီအသင်းနည်းပြ )

၁၉၆၆ ကမ္ဘာ့ဖလား - တတိယ
၂၀၀၆ ကမ္ဘာ့ဖလား - စတုတ္ထ
ယူရို ၂၀၁၆ - ချန်ပီယံ
၂၀၂၆ ကမ္ဘာ့ဖလား - ?

ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းတလျောက် အမြင့်ဆုံးအဆင့်က ဆီမီးဖိုင်နယ်ပါ ၊ ဒါကို ဒီနှစ်ပြိုင်ပွဲမှာ ပြန်ရအောင် စွမ်းဆောင်ပေးသွားနိုင်မလား . . .

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာဟာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းဖန်တွေကို ကွင်းအတွင် ရေဘူးတွေယူဆောင်လာဖို့ ခွင့်မပြုတော့...
05/06/2026

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာဟာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းဖန်တွေကို ကွင်းအတွင် ရေဘူးတွေယူဆောင်လာဖို့ ခွင့်မပြုတော့ဘူးလို့ သိရပါတယ် ။ ယခင်က တလီတာထက်မပိုတဲ့ ပမာဏကို ယူဆောင်ခွင့်ပြုပေမယ့် အခုလာမယ့်ပြိုင်ပွဲမှာတော့ ဘေးကင်းစေဖို့ရည်ရွယ်ပြီး ရေဘူးတွေယူဆောင်ဖို့ ခွင့်မပြုတော့တာလို့ သိရပါတယ် ။ ဒါပေမယ့် ကွင်းအတွင်းမှာတော့ ရေဘူးတွေရောင်းချပေးသွားမှာပါ ။

သင်သိပါသလား . . .၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြီးခဲ့တဲ့ ၂၀၂၂ ပြိုင်ပွဲအထိ ဗိုလ်လုပွဲတက်ရောက်တဲ့အသင်းတိုင်းမှာ ဘိုင်ယန်မြ...
05/06/2026

သင်သိပါသလား . . .

၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြီးခဲ့တဲ့ ၂၀၂၂ ပြိုင်ပွဲအထိ ဗိုလ်လုပွဲတက်ရောက်တဲ့အသင်းတိုင်းမှာ ဘိုင်ယန်မြူးနစ်ကစားသမားတစ်ယောက် အနည်းဆုံးပါဝင်ခဲ့ပါတယ် ။ ဒီအစဉ်အလာဖြစ်တည်လာခဲ့တာ ကမ္ဘာ့ဖလား ၁၁ ကြိမ်တိုင်ခဲ့ပါပြီ ။ ဘိုင်ယန်ဟာ ဒီနှစ်ပြိုင်ပွဲကို ကစားသမား ၁၈ ယောက် ပါဝင်ကစားနေပါတယ် ။ ဒီနှစ်မှာရော ဘယ်ဘိုင်ယန်မြူးနစ်ကစားသမားပါတဲ့အသင်းက ကမ္ဘာ့ဖလားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မလဲ . . .

နော်ယာ ၊ ကင်မစ်ချ် ၊ လန်းနက်ကားလ် ၊ ဂျော်နသန်တက် ၊ ပဗ်လိုဗစ် ၊ ဂေါ်ရက်ဇ်ကာ ၊ မူစီယာလာ ( ဂျာမနီအသင်း )

ဟယ်ရီကိန်း ( အင်္ဂလန် )
အပ်ပါမီကာနို ၊ မစ်ချယ် အိုလီဆေး ( ပြင်သစ် )
လူးဝစ် ဒီယာ့ဇ် ( ကိုလံဘီယာ )

စတန်နီဆစ် ( ခရိုအေးရှား )
ကိုနက်လီမာ ( သြစတြီးယား )
ကင်မင်ဂျေး ( တောင်ကိုရီးယား )

ဟီရိုကီ အီတို ( ဂျပန် )
အန်ဒီယေး ၊ ဂျက်ဆင် ( ဆီနီဂေါ )
အယ်လ်ဖွန်ဆို ဒါးဗိစ် ( ကနေဒါ )

ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပေါ်တူဂီအသင်းအနေနဲ့ ရွှေဖလားကြီးကို အရယူသွားနိုင်မယ့် အခွင့်အရေး အပြည့်အဝ ရှိနေပါတယ်။ ...
05/06/2026

ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပေါ်တူဂီအသင်းအနေနဲ့ ရွှေဖလားကြီးကို အရယူသွားနိုင်မယ့် အခွင့်အရေး အပြည့်အဝ ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေါ်တူဂီအသင်းရဲ့ ကွင်းလယ်ကစားကွက် တည်ဆောက်ပုံ အခင်းအကျင်းက တကယ့်ကို တောင့်တင်းလွန်းတာကြောင့် ဖြစ်ပါတယ်။

အမှန်အတိုင်း ပြောရရင် အသင်းရဲ့ နောက်တန်းခံစစ်ပိုင်းကလည်း ထင်သလောက်ကြီး စိတ်ချရပြီး အားရစရာ မကောင်းလှသလို၊ ရှေ့တန်းတိုက်စစ်ပိုင်းကလည်း အားလုံး မျှော်လင့်ထားသလောက်ကြီး မဟုတ်ဘဲ အနည်းငယ် ရုန်းကန်နေရတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီရဲ့ ကွင်းလယ်ပိုင်း စုဖွဲ့မှုကတော့ တကယ့်ကို ကြောက်စရာကောင်းလောက်အောင် ကြမ်းတမ်းလွန်းလှတာပါ

ဗီတင်ညာနဲ့ ရူဘင်နီဗက်စ် ဆိုတဲ့ PSG ကွင်းလယ်အတွဲအဖက် နှစ်ယောက်တည်းနဲ့တင်... တခြားပြိုင်ဘက်အသင်းတွေရဲ့ ကွင်းလယ်တစ်ခုလုံးကို ကောင်းကောင်းကြီး ထိန်းချုပ်ပြီး လက်မြှောက်အရှုံးပေးရအောင်အထိ ဖိအားပေး စွမ်းဆောင်နိုင်ပါတယ်။ ဒါ့အပြင် အစွန်ခံစစ် နေရာက ခြေတက်နေတဲ့ မန်ဒက်စ်တစ်ယောက်ကလည်း... ဘေးတိုက်စစ်ရော ခံစစ်ပိုင်းမှာပါ တကယ့်ကို အားကိုးရလောက်အောင် ကောင်းမွန်လွန်းနေတာပါ

တစ်ဖက်မှာလည်း ရှေ့တန်းတိုက်စစ်ပိုင်းမှာ ဂျာအိုဖီးလစ် ရှိနေပါသေးတယ်။ အသက်အရွယ်အရ ငယ်ရွယ်ဖျတ်လတ်ပြီး အရည်အသွေးရှိနေသေးတဲ့ ဂျာအိုဖီးလစ်ဟာ... ပြိုင်ဘက်အသင်းတွေရဲ့ ခံစစ်ကစားကွက်ကို ကောင်းကောင်းကြီး မွှေနှောက်ဖျက်ဆီးပစ်နိုင်စွမ်း အပြည့်ရှိနေဆဲ ဖြစ်ပါတယ်

ဒါကြောင့်မို့လို့ ဂန္ထဝင်ကစားသမားကြီး စီရော်နယ်ဒိုရဲ့ ကွင်းတွင်းဦးဆောင်ညွှန်ကြားမှုတွေ၊ သူ့ရဲ့ အရှိန်အဝါကြီးမားမှုတွေအောက်မှာ... အခုပြောခဲ့တဲ့ အရည်အသွေးမြင့် ကစားသမားတွေအားလုံးဟာ သူုတို့ရဲ့ စွမ်းဆောင်ရည်တွေကို အသားကုန် ထုတ်သုံးပြီး ပိုမိုတောက်ပြောင်လာနိုင်တာမို့ ပေါ်တူဂီတို့ ကမ္ဘာ့ဖလားအထိ မျှော်လင့်နိုင်တာ ဖြစ်ပါတယ်

ဖီအိုရင်တီးနား မှာ ရှိစဥ်က အသင်းကြီးအများစု (ပရီးမီးယားလိဂ်) ရဲ့ မျက်စိကျခြင်းကို ခံခဲ့ရဖူးတဲ့ ဆားဗီးယား တိုစစ်မှူး ဒူဆန...
05/06/2026

ဖီအိုရင်တီးနား မှာ ရှိစဥ်က အသင်းကြီးအများစု (ပရီးမီးယားလိဂ်) ရဲ့ မျက်စိကျခြင်းကို ခံခဲ့ရဖူးတဲ့ ဆားဗီးယား တိုစစ်မှူး ဒူဆန်ဗလာဟိုဗစ်ဟာ ခုတော့ ဂျူဗီကနေ အလွတ်ကြေးနဲ့ ထွက်ခွာလာခဲ့ရပြီ ဖြစ်ပါတယ် ။

ဖီအိုရဲ့ နောက်ဆုံး ရာသီမှာ ၂၄ ပွဲ ကစားပြီး ၂၁ ဂိုး ရခဲ့တဲ့ သူ့ကို အသင်းကြီးတွေ အပြိုင်လိုက်နေတဲ့ ကြားကနေပဲ ကစားသမားဟာ စီးရီအေမြေကို မစွန့်ခွာဘဲ ဂျူဗီကို ရွေးချယ်ခဲ့ပါတယ် ။ ဂျူဗီမှာ ၅ ရာသီကြာ ရှိခဲ့ပြီး ၂၀၂၃/၂၄ ရာသီက သူ့အတွက် အကောင်းဆုံး ရာသီ ဖြစ်ခဲ့ပါတယ် ။ (၃၈ ပွဲကစား ၁၈ ဂိုးသွင်း ၊ ၄ ကြိမ် ဂိုးဖန်တီး)

ဒီရာသီမှာတော့ ဗလာဟိုဗစ် ဟာ ဒဏ်ရာပြဿနာ တွေနဲ့ ရုန်းကန်ခဲ့ရပြီးနောက် ၂၆ ပွဲသာ ကစားခဲရခြင်းနဲ့အတူ သွင်းဂိုး ၁၂ ဂိုးသာ ရခဲ့ပါတယ် ။ ဂျူဗီကလည်း ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော်ခဲ့တာကြောင့် ဗလာဟိုဗစ် လို လုပ်ခငွေ များလွန်းတဲ့ ကစားသမားကို စာချုပ်သစ် ထပ်မတိုးခဲ့ဟန်တူပါတယ် ။

ဒါကြောင့် စာချုပ်ကုန်သွားတဲ့ ဗလာဟိုဗစ် ဟာ Free Transfer နဲ့အတူ ကြိုက်ရာအသင်းနဲ့ ဆွေးနွေးနိုင်ပါတယ် ။ ဒါပေမယ့်လည်း အသက် ၂၆ နှစ်အရွယ် ( ဘောလုံးသမားတစ်ဦး အတွက် အကောင်းဆုံး အရွယ် အပိုင်းအခြား) ဆိုပေမယ့် ဘယ်ဥရောပ အသင်းကြီးမှ စိတ်ဝင်စားပုံ ပြမနေတာကတော့ ထူးဆန်းနေပါတယ် ။ အဓိက က သူ့ရဲ့ မြင့်မားတဲ့ လုပ်ခ နဲ့ ကြံ့ခိုင်မှု အခြေအနေကြောင့်လိုပဲ ထင်မိပါတယ် ။ လက်ရှိ ပရီးမီးယားလိဂ် မှာဆိုလည်း No.9 စစ်စစ် လိုအပ်နေတဲ့ အသင်းတွေ ရှိနေပြီး ချိတ်ဆက်သတင်းတွေတော့ မရှိသေးပါဘူး ။ ဒါကြောင့် ဗလာဟိုဗစ် အနေနဲ့ ပြည်ပထွက်ရဖို့ထက် စီးရီးအေ အသင်းတစ်သင်း မှာ ပဲ ကစားသမားဘဝကို ရှေ့ဆက်ရဖို့ ရှိနေပါတယ်

လာမယ့်နွေရာသီ ကမ္ဘာ့ဖလားမှာ ပါဝင်ဆင်နွှဲမယ့် ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ကွင်းလယ်လူစာရင်းကတော့ တကယ့်ကို အင်အားတောင့်တင်းလ...
05/06/2026

လာမယ့်နွေရာသီ ကမ္ဘာ့ဖလားမှာ ပါဝင်ဆင်နွှဲမယ့် ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ကွင်းလယ်လူစာရင်းကတော့ တကယ့်ကို အင်အားတောင့်တင်းလို့နေပါတယ် ပီအက်စ်ဂျီရဲ့ အဓိကတွဲဖက်တွေဖြစ်ကြတဲ့ ဂျာအိုနာဗက်စ်နဲ့ ဗီတင်ညာတို့နှစ်ဦးအပြင် ဘရူနိုတို့လိုမျိုး ကြယ်ပွင့်တွေ စုစည်းပူးပေါင်းလာတာ ဖြစ်ပါတယ်

အခုလိုမျိုး နည်းစနစ်ပိုင်း ထက်မြက်ပြီး ကစားကွက်ထိန်းချုပ်မှု အားကောင်းလှတဲ့ ကစားသမားတွေနဲ့ ပုံဖော်ထားတဲ့ ပေါ်တူဂီအသင်းရဲ့ ကွင်းလယ်ပိုင်းဟာ လက်ရှိနိုင်ငံတကာ ဘောလုံးလောကမှာ အကောင်းဆုံးနဲ့ အတောင့်တင်းဆုံး ကွင်းလယ်အစုအဖွဲ့ ဖြစ်လာမလားဆိုတာ အတော်လေးကို စိတ်ဝင်စားစရာ မေးခွန်းတစ်ခု ဖြစ်လာခဲ့ရပါတယ်

ဒါကြောင့်မို့လို့ လာမယ့်ကမ္ဘာ့ဖလား စင်မြင့်ထက်ဆီ ရောက်ရှိတဲ့အခါမှာ အဲဒီ့ ကွင်းလယ်အင်အားစုကြီးကတစ်ဆင့် ပေါ်တူဂီကို ဆုဖလားကြီးဆီ အရောက်လှမ်းနိုင်အောင် ဘယ်လိုမျိုး အစွမ်းပြ ဦးဆောင်မောင်းနှင်သွားမလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာကတော့ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထည့်သွင်းမယ့် အရင်ကနဲ့မတူတဲ့ Pre-match ceremony ကို ထုတ်ဖော်ပ...
05/06/2026

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာကတော့ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထည့်သွင်းမယ့် အရင်ကနဲ့မတူတဲ့ Pre-match ceremony ကို ထုတ်ဖော်ပြသခဲ့ပါပြီ ။ ဖီဖာရဲ့အစီအစဉ်အရ အရင်လို ပွဲထွက်ကစားသမားတွေသာ ကွင်းထဲဝင်လာရတော့မှာမဟုတ်ဘဲ အသင်းမှာရှိတဲ့ ကစားသမား ၂၆ ယောက်စလုံးကို ပွဲကြိုအခမ်းအနားမှာ ကွင်းထဲဝင်ရောက်ပြီး အသင်းဖန်တွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ် ။

ဒီလိုပြောင်းလဲမှုအပေါ် ဆိုရှယ်မီဒီယာပေါ်မှာ မနှစ်သက်မှုတွေရှိခဲ့ပေမယ့် ကျွန်တော့တကိုယ်တည်းအမြင်ကတော့ ကောင်းတယ်လို့ ထင်မိပါတယ် ။ ကမ္ဘာ့ဖလားက ၄ နှစ်မှတကြိမ်ကျင်းပတာပါ ၊ ပြိုင်ပွဲအထိ လိုက်ပါသွားခဲ့ပြီးမှ ဒီအခွင့်အရေးကို မရလိုက်တဲ့သူတွေ အများကြီးရှိပါတယ် ။ အခုတော့ သူတို့ပါ ပါဝင်ခွင့်ရရှိတော့မှာဖြစ်လို့ ကောင်းတယ်လို့ ထင်မိပါတယ် ။ အချိန်နည်းနည်းတော့ ပိုကြာသွားနိုင်တာပေါ့ ။

ဖီဖာဟာ အခုကမ္ဘာ့ဖလားမှာ ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ ၃ မိနစ်စီ ( စုစုပေါင်း ၆ မိနစ် ) အနားပေးသွားဖို့ရှိနေပြီး ကစားသမားတွေ ရေဓါတ်ဖြည့်နေချိန်မှာ ထုတ်လွှင့်သူတွေအနေနဲ့ ကြော်ငြာတွေကို ပြသခွင့်ပြုထားပါတယ် ။ ဒီနှစ်မှာ စည်းမျဥ်းအသစ်တွေလည်း ထပ်ဖြည့်ထားတာကြောင့် ပွဲကစားချိန်တွေဟာ ပုံမှန်ထက် အများကြီးပိုကြာနိုင်တယ်လို့လည်း သုံးသပ်ထားကြပါတယ် ။

လာမယ့် နွေရာသီ ကမ္ဘာ့ဖလားဆီကို အရည်အချင်းအရှိဆုံးနဲ့ စျေးကွက်တန်ဖိုး အမြင့်မားဆုံးအဖြစ် ဦးဆောင်ပြီး တက်လှမ်းလာကြမယ့် ထိပ...
05/06/2026

လာမယ့် နွေရာသီ ကမ္ဘာ့ဖလားဆီကို အရည်အချင်းအရှိဆုံးနဲ့ စျေးကွက်တန်ဖိုး အမြင့်မားဆုံးအဖြစ် ဦးဆောင်ပြီး တက်လှမ်းလာကြမယ့် ထိပ်တန်းကစားသမား သုံးဦးစလုံးဟာ ဥရောပတိုက်က ထွက်ပေါ်လာတဲ့ တိုက်စစ်မှူးတွေပဲ ဖြစ်ပါတယ်

ပထမဆုံးတစ်ဦးကတော့ စပိန်နိုင်ငံရဲ့ အနာဂတ်ကြယ်ပွင့်လေး ယာမယ် ဖြစ်ပြီး ဒုတိယတစ်ဦးကတော့ ပြင်သစ်အသင်းရဲ့ အားကိုးရတဲ့ ခေါင်းဆောင် အမ်ဘာပေပဲ ဖြစ်ပါတယ် နောက်ဆုံးတစ်ဦးကတော့ နော်ဝေရဲ့ ဂိုးသွင်းစက်ကြီး အာလင်းဟာလန်းပါပဲ

အခုလိုမျိုး ကမ္ဘာ့အဆင့် ကစားသမားကောင်းတွေ တစ်ပြိုင်နက်တည်း ပါဝင်ဆင်နွှဲမယ့် ပြိုင်ပွဲကြီးအတွင်းမှာ ဘယ်တိုက်စစ်မှူးက ပိုမိုခြေစွမ်းပြပြီး ရွှေဖိနပ်ဆုနဲ့အတူ မိခင်နိုင်ငံကို ချန်ပီယံဆု ဖလားကြီးဆီ ပို့ဆောင်ပေးသွားမလဲဆိုတာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်

လန်းမန်းစ်ကတော့ စျေးကွက်ပေါက်စျေး ယူရို ၅၂ ဒသမ ၇ သန်းအထိ စံချိန်တင်သတ်မှတ်ခြင်းခံလိုက်ရပါပြီ ဒီလိုနဲ့ပဲ လန်းမန်းစ်ဟာ တစ်...
05/06/2026

လန်းမန်းစ်ကတော့ စျေးကွက်ပေါက်စျေး ယူရို ၅၂ ဒသမ ၇ သန်းအထိ စံချိန်တင်သတ်မှတ်ခြင်းခံလိုက်ရပါပြီ ဒီလိုနဲ့ပဲ လန်းမန်းစ်ဟာ တစ်ကမ္ဘာလုံးက ထိပ်တန်းဂိုးသမားအများစုကို ကျော်တက်ပြီး ကမ္ဘာ့တတိယမြောက် တန်ဖိုးအမြင့်မားဆုံး ဂိုးသမားအဖြစ် သမိုင်းသစ်စိုက်ထူနိုင်ခဲ့ပါတယ်

အခုလိုမျိုး လန်းမန်းစ်ရဲ့တန်ဖိုးက ကမ္ဘာ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံးသုံးနေရာအထိ ရောက်ရှိလာခြင်းဟာ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အတော်လေးကို ထူးခြားဆန်းသစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာစေပါတယ် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးဂိုးသမားစာရင်းရဲ့ အရှေ့ဆုံးပိုင်းမှာ နေရာတစ်ခုကို ခိုင်ခိုင်မာမာ ရယူပြနိုင်ခဲ့တာဖြစ်လို့ သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းက ဘယ်လောက်အထိ ထူးခြားပြောင်မြောက်နေသလဲဆိုတာကို အပြည့်အဝသက်သေပြနေတာပါ

ဒါကြောင့်မို့လို့ လာမယ့်ရာသီသစ်မှာ လန်းမန်းစ်အနေနဲ့ လက်စွမ်းတွေကို ကွင်းအတွင်း ဘယ်လိုမျိုး ဆက်လက်ပြသပြီး အစွမ်းပြဦးမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမယ့် အခင်းအကျင်း ဖြစ်လို့နေပါတယ်

ရီးရဲမက်ဒရစ်အသင်းကတော့ လာမယ့်ဘောလုံးရာသီမှာ အမှတ်ပေးချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေအတွက် အကောင်းဆုံးပြင်ဆင်နေပါပြ...
03/06/2026

ရီးရဲမက်ဒရစ်အသင်းကတော့ လာမယ့်ဘောလုံးရာသီမှာ အမှတ်ပေးချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေအတွက် အကောင်းဆုံးပြင်ဆင်နေပါပြီ ။ လီဗာပူးနဲ့စာချုပ်ကုန်သွားတဲ့ ပြင်သစ်နောက်ခံလူ အီဘရာဟီမာ ကိုနာနေးကို အလွတ်နဲ့ ခေါ်ယူဖို့ နှုတ်သဘောတူညီမှုရယူနိုင်ခဲ့သလို အင်တာမီလန်နောက်တန်းကစားသမား ဒန်ဇယ် ဒမ်ဖရိုင်းစ်ကိုလည်း စာချုပ်ဖျက်သိမ်းကြေးပေးချေကာ ခေါ်ယူတော့မှာပါ ။

အထူးသဖြင့် ဒမ်ဖရိုင်းစ်လိုကစားသမားမျိုးကို ခေါ်ယူနိုင်တာက ရီးရဲမက်ဒရစ်အတွက် အများကြီး အကျိုးရှိစေနိုင်ပါတယ် ။ ဒမ်ဖရိုင်းစ်ဟာ မော်ရင်ညိုရဲ့ကစားပုံနဲ့ ကိုက်ညီတဲ့သူမျိုးဖြစ်ပြီး ရှေ့နောက်အတက်အဆင်းကစားနိုင်သလို ရီးရဲမက်ဒရစ်ညာတောင်ပံက ရိုဒရီဂိုနဲ့လည်း အတွဲညီညီကစားနိုင်ဖို့ရှိပါတယ် ။ ဒမ်ဖရိုင်းစ်ကို ခေါ်ယူလိုက်တာဟာ ထရမ့် အလက်ဇန်းဒါးအာနိုးအတွက်တော့ စိတ်ပူစရာဖြစ်စေခဲ့မှာပါ ။

ရီးရဲမက်ဒရစ်ဟာ ကွင်းလယ်ကစားသမားတွေကို ခေါ်ယူဖို့လည်း စီစဉ်နေပြီး ချဲလ်ဆီးကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်ကို ဦးစားပေးစဉ်းစားထားတယ်လို့သိရပါတယ် ။ လာမယ့်ရာသီမှာတော့ ဒီကစားသမားတွေနဲ့ မော်ရင်ညိုတို့ရဲ့ ပေါင်းစပ်မှုဟာ ဘယ်လိုများဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေမှာပါ ။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဘာလာလာผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์