13/06/2025
အဆုတ်ရောဂါခံစားနေရသည့် မြန်မာကလေးငယ်တဦး
ဆေးကုသနိုင်ရေးအတွက် အလှူရှင်လိုအပ်
လတ်ကဘန် ၊ ဇွန် . ၁၃ ၊ အလုပ်သမားဟစ်တိုင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လတ်ကဘန်နယ်မြေ ချလောင်ကရုန်
၃၃ လမ်းတွင်နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား
မိသားစုမှ အသက်၄ နှစ်အရွယ်ရှိ ကလေးငယ်တဦးသည် အဆုတ်တွင်
အနာရှိနေသဖြင့် မိဘများအနေဖြင့် ကလေးငယ်ကို ရေရှည်ဆေးကုသ
ရန်ငွေကြေးအခက်ခဲ များရှိသဖြင့် ဆေးကုသနိုင်ရေးအတွက် အလှူရှင်
များလိုအပ်နေကြောင်း အလုပ်သမားဟစ်တိုင်သို့ ပြောသည်။
"သမီးလေး ဒီရောဂါခံစားနေရတာ ၂ လလောက်ရှိနေပြီ မကြာခဏ
ကိုယ်ပူပြီး ချောင်းဆိုနေတာ ရိုးရိုးဖျာတယ်ထင်ပြီး လမ်းထဲဆေးဆိုင်
က ဖျားနာပျောက်ဆေးဝယ်တိုက်လာတာ.. ရောဂါက မသက်သာ
ဘူး သမီးလေးက ရေသောက်တဲ့အခါနဲ့အစာစားတဲ့အခါ ဗိုက်ထဲနာ
တော့ .. အစားလည်းမစား့ရေမသောက်နိုင်တဲ့အထိဖြစ်လာတယ်"
လို့ ကလေးမိခင်ဖြစ်သူ မငယ်က ပြောပါတယ်။
ကလေးရဲ့ ကျန်းမာရေးအခြေနေ တနေ့တခြားပိုဆိုးလာသည့်
ကို မြင်တွေ့နေသည့် မိဘများရဲ့လုပ်ဖော်ကိုင်ဘက်တဦးက
ကလေးငယ် ဆေးကုသနိုင်ရေးအတွက် လူမှုကူညီရေးအဖွဲ့
များနှင့်ချိတ်ဆက်ပေးခဲ့သဖြင့် အကူညီရသည့် ငွေဖြင့်
ဆေးရုံတင်ပြီး ခြောက်ရက်ကြာ ဆေးကုသမှုခံယူခဲ့ရာ
ကုန်ကျစရိတ် ဘတ်ငွေသုံးသောင်းကျော်ရှိခဲ့ကြောင်း
သိရသည်။
" အရင်ကဆို ကလေးက အစားရယ် ရေရယ်ဝင်တာနဲ့
ပြန်အန်ထွက်တာ ..မိဘတွေ ချေးငှားလို့ရတဲ့ငွေနဲ့
ကူညီရေးအဖွဲ့တွေ ကူညီပေးတဲ့ ငွေတွေနဲ့ ဆေရုံတင်
ကုသပြီးမှ အစာနဲ့ရေနည်းနည်းပြန်ဝင်လာတယ်... ကလေး
ကျန်းမာရေးအခြေနေက တရက်ခြားတခါတော့ ဆေးရုံကို
သွားပြီးဆေးစစ်နေရတုန်ပဲလေး.. တခါသွားရင် တထောင်..
နှစ်ထောင်လောက် ကုန်ကျနေရတော့ လက်ရှိမှာလည်း
အဖေတယောက်တည်း လုပ်အားခနဲ့ရပ်တည်နေရတော့
သူတို့ခမျာ တော်တော်ကိုအခက်ခဲတွေဖြစ်နေရှာတယ်"
လို့ အကူညီပေးနေတဲ့ ကိုကျော်မင်းစိုးကပြောသည်။
အဆုတ်ရောဂါခံစားနေရတဲ့ကလေးငယ် ဆေးကုသမှု
ဆက်လက်ကုသနိုင်ရေးအတွက် စေတနာရှင် အလှူရှင်များ
လိုအပ်နေဆဲဖြစ်သည့်အတွက် ကလေးကျန်းမာရေးအတွက်
ကူညီပေးလိုသူများအနေဖြင့် မိခင်ဖြစ်သူဖုန်းနံပါတ်
( 062 713 4794 ) နှင့်လင်းရောင်ချယ်လူမှု့ကူညီရေး
( 095 113 3984 ) တို့ထံ ဆက်သွယ်ကူညီနိုင်ပါ
သည်။
#အလုပ်သမားဟစ်တိုင်
💢ကလေးငယ်ဆေးကုသမှုဆက်လက်ခံယူနိုင်ရေးအတွက်
စေတနာရှင်များအလှူရှင်များ မြင်တွေ့နိုင်အောင် ကျေးဇူး
ပြုပြီး ပေးကြပါ ခင်မျာ....🙏🙏🙏