18/03/2025
နားမလည်နိုင်တဲ့ အာရှလမ်း တိုက်ပွဲ
KNU အနေနဲ့ သူ့အာဏာစက် တစ်စက်မှမရှိတဲ့ မြဝတီကို အောင်ဇေယျမရောက်ဖို့ ဘာကြောင့် ကာကွယ်နေတာလဲ
မြဝတီမှာ ဖက်ဆစ်တပ်အင်အားအပြည့်နဲ့ ဌာနဆိုင်ရာအကုန်လည်ပတ်နေတယ်
BGF , DKBA , PC တရားဝင်သွားလာလှုပ်ရှား စိတ်ကြိုက်ရနေတယ် KNU နဲ့ PDF တွေ သင်္ဃန်းညီနောင်ကနေ ကျော်မလာအောင် BGF အဖွဲ့ကနေ ညီနောင်အဝင်မှာ အင်အားထောင်ဂဏန်းနီးပါး ပိတ်ထားတယ်
KNU အနေနဲ့ သူ့ညီအစ်ကို BGF,DKBA,PC အဖွဲ့တွေ နဲ့ သူအပါအဝင် ၁၀၁၈ လမ်း၊ထိုးကော်ကိုးလမ်း၊ကြက်ဥတောင်လမ်း၊တောင်ပေါ်လမ်းဟောင်း အဲ့ဒီလမ်းအသီးသီးကနေ နေ့စဉ်သိန်းရာချီနေတဲ့လမ်းကြေးတွေရနေတဲ့အတွက် အာရှလမ်းမကို ပိတ်ပြီး အသည်းအသန်ခုခံကာကွယ်နေတာ ဖြစ်နေပေမယ့် အင်အားအများဆုံးတိုက်နေရတဲ့ NUG PDF စစ်ကြောင်းအသီးသီးက ဘာအတွက် ဒီအာရှလမ်းမှာ ခုခံကာကွယ်နေရတာလဲ
ဘာအတွက်လဲ
စစ်ကောင်စီစစ်ကြောင်း မြဝတီရောက်တာမရောက်တာ ၊အာရှလမ်းမပွင့်တာမပွင့်တာ PDF အဖွဲ့တွေအတွက် ဒီတော်လှန်ရေးအတွက် ဘာများ အကျိုးသက်ရောက်မှု အားသာချက်ရှိလဲ
PDF အချို့နေရာယူထားတဲ့ တောင်ပေါ်လမ်းဟောင်းကနေ ကားလမ်းကြေးမရတာကလွဲရင် ကျန်တာ ဘာမှ မျှော်လင့်ချက်မရှိဘူး
အားသာချက်ရှိမှတို့ အကျိုးအမြတ်ရှိမှတို့ဆိုတာထက် ဒီအာရှလမ်းမှာ ခုခံကာကွယ်နေတဲ့ လူငယ်ရာပေါင်းများစွာရဲ့အသက်တွေဟာ အလကား စတေးရသလို ဖြစ်နေတယ်
လူအသက်တွေကို တန်ဖိုးမထားဆုံးဟာ KNU ပဲ
မန်ယူလိုပဲ အရင်အရှိန်အဝါကြောင့်သာနာမည်ကြီးနေတာ အခုချိန် တောင်ကုန်းပေါ်က ကင်းစခန်းလောက်သာသာကို အသည်းအသန် တိုက်ယူနေရတဲ့ အနေအထားဖြစ်နေပြီ