Star in the Darkness Stories

Star in the Darkness Stories စာဖတ်ခြင်းဖြင့် မိတ်ဆွေတို့ရဲ့ စိတ်တွေအေးချမ်းကြပါစေ🙏🙏🙏
(1)

04/09/2025

အမှောင်ထဲကကြယ်တစ်ပွင့် အတွဲ(၂) အပိုင်း(၂၅)

( သက္ကရာဇ်နှင့် ခေါင်းဆောင်ရွေးပွဲ)

ခေါင်းဆောင်ရွေးပွဲနေရောက်တော့ ပန်းနု၊ နောင်နောင်နဲ့သက္ကရာဇ်တို့ဟာ သူတို့နေထိုင်ရာကနေထွက်လာခဲ့တယ် အနီးဆုံးရွာကိုရောက်တော့ သူတို့ကိုစောင့်နေတဲ့ ဣဘယဂါမရွာသားတွေကိုတွေ့လိုက်ရတယ်။ သူတို့အနောက်ကိုလိုက်သွားရင်းနဲ့ နောင်နောင်က အတိတ်ကအကြောင်းတွေပြန်ပြောပြနေတယ်

" ဒီရွာတွေမှာတိုက်ပွဲတွေဖြစ်ခဲ့တာလေ မပန်းနု... လူတွေသေတာမနည်းဘူး... အသက်ရှင်တဲ့လူနည်းနည်း
ပဲကျန်ခဲ့တာပေါ့..."

ပန်းနုက ခေါင်းညှိမ့်ပြရင်း နားထောင်နေခဲ့တယ်။ ပန်းနုနဲ့နောင်နောင်ဟာ ရင်းနီးတာထက်ရင်းနီးလာပါပြီ

ဒီလိုနဲ့ ကွင်းပြင်တစ်ခုကိုကျော်ပြီးတော့ သစ်ပင်ကြီးတစ်ပင်အရှေ့အရောက်မှာ ရွာသားတွေကရပ်လိုက်တယ် ထိုအခါ ပန်းနုက

" ဘာလို့ဆက်မသွားတာလဲ နင်တို့ရွာကမရောက်သေးဘူးလား..."

" ရောက်ပါပြီဗျာ ရောက်နေပါပြီ... ဒါပေမယ့် ရွာရဲ့လူကြီးတစ်ယောက်တံခါးဖွင့်ပေးမှ ဝင်လို့ရမှာမို့စောင့်နေတာပါ..."

" ဒါဆိုလဲ မြန်မြန်ခေါ်လေ အချိန်ပုတ်တယ်... နေလဲပူတယ်..."

ပန်းနုကစိတ်မရှည်တာကြောင့် နောင်နောင်က အရှေ့တိုးလိုက်ပြီး သစ်ပင်ရဲ့ပင်စည်ကိုလက်နဲ့ထိလိုက်တယ် ။ ပင်စည်က နှစ်ခြမ်းကွဲသွားပြီး အတွင်းဘက်ကရွာကြီးကိုမြင်လိုက်ရတာကြောင့် ရွာသားတွေသာမက ပန်းနုနဲ့ သက္ကရာဇ်ပါအံဩသွားကြတယ်

တံခါးပွင့်လာတာနဲ့ အတွင်းက လူတစ်ချို့ထွက်လာပြီး သူတို့ကိုစိုက်ကြည့်ပြီးဝိုင်းထားလိုက်ကြတယ်။ ခေါ်လာတဲ့ရွာသားတွေကလဲ ကြောက်လန့်ပြီး သူ့လူတွေကိုပြောပြလိုက်တယ်

" အဲ့ကောင်လေးဖွင့်တာ... အဲ့ကောင်လေးဖွင့်တာ... ငါတို့ရွာရဲ့ဝင်ပေါက်ကိုဒီကောင်လေးဖွင့်တက်တယ်... ရွာလူကြီးတွေကိုမြန်မြန်ခေါ်လိုက်..."

ရွာသားတစ်ချို့ပြေးဝင်သွားတဲ့အချိန် သက္ကရာဇ်က နောင်နောင့်ကိုကြည့်ကာ

" ငါ့ညီက ဘယ်လိုဖြစ်ပြီး ဒီတံခါးကိုဖွင့်တက်တာလဲ ပြောပြပါဦး..."

" အော်... ဒါကပြောရမယ်ဆိုရင်အရှည်ကြီးပဲအကိုရ... အရင်ဘဝတုန်းကအကြောင်းတွေပြန်ပြောရမှာမို့လို့ အေးအေးဆေးဆေးမှပြောပြမယ်... အခုတော့ အထဲကိုဝင်ကြရအောင်..."

ထိုစဉ် ခင်ခင်စန်းနဲ့အတူ လူကြီးတစ်ချို့ရောက်လာပြီး

" ငါထင်တော့ထင်ပါတယ် ဒီငရဲထိန်းကဖွင့်တက်မှာပါလို့... အရင်ဘဝက အကြောင်းတွေအကုန်မှတ်မိနေတာထူးဆန်းတယ်နော်ငရဲထိန်းလေး..."

" ဒီရွာရဲ့ဝင်ပေါက်တံခါးက အရင်ကထက်ပိုကောင်းလာမယ်ထင်တာ... အခုတော့အရင်အတိုင်းပါပဲလားခင်ခင်စန်းရ..."

လူငယ်လေးတစ်ယောက်က သူတို့ရွာလူကြီးတွေကို ပေါ့ပေါ့တန်တန်ပြောလိုက်တာကြောင့် ရွာသားများက ဒေါသထွက်ကုန်တယ်။ ဒီအခြေအနေကိုခင်ခင်စန်းက အမြန်ထိန်းသိမ်းလိုက်ရတယ်။

" ဒါပေါ့ငရဲထိန်းလေးရယ် ငရဲထိန်းလေးနဲ့ဆရာကြီးအောင်မှိုင်းတို့အတူတူတွဲပြီး နတ်ဆိုးကိုတိုက်ခိုက်တုန်းက ကျွန်မတို့က ဘောင်မဝင်သေးပါဘူးရှင်... သာမန်စုန်းအဆင့်ပဲရှိပါသေးတယ်... အခုလိုအဆင့်ဖြစ်လာတယ်ဆိုတာကလဲ ဆရာကြီးအောင်မှိုင်းချန်ထားခဲ့တဲ့ ကျမ်းစာအုပ်တွေကြောင့်ပဲဖြစ်လာရတာပါ... ကျွန်မရဲ့ပညာအဆင့်အတန်းကနိမ့်နေသေးတော့ အရင်ကထက်ပိုကောင်းအောင်မလုပ်နိုင်သေးပါဘူး..."

ခင်ခင်စန်းရဲ့စကားကြောင့် အံဩကုန်ကြတဲ့လူတွေထဲမှာ သက္ကရာဇ်က အဆိုးဆုံးပါ သူဟာ လုံးဝမထင်ထားတဲ့ကိစ္စတစ်ခုကိုကြားလိုက်ရတာကြောင့် စကားတောင်မပြောနိုင်ပါဘူး ဒါပေမယ့်အခြေအနေကိုအမြန်ထိန်းလိုက်ပြီး

" ခေါင်းဆောင်ရွေးပွဲကစတော့မှာလားဗျ... ဘာစည်းကမ်းတွေနဲ့ ဘယ်လိုတွေချမှတ်ထားတယ်ဆိုတာပြောပြပါဦး..."

" ကောင်ပါပြီရှင် ကောင်းပါပြီ... ရွာထဲကိုဝင်ခဲ့ပါ အထဲရောက်မှအေးအေးဆေးဆေးပြောကြတာပေါ့..."

ဣဘယဂါမရွာကြီးဟာ စည်းကားလို့နေခဲ့ပါပြီ အနယ်နယ်အရပ်ရပ်ကစုန်းကဝေတွေတော်တော်များများက လာရောက်ပူးပေါင်းထားတာကြောင့် အင်အားတော်တော်တောင့်တင်းနေခဲ့ပြီ။ ဟိုးစတုန်းထဲက ကြိုတင်စီစဉ်ထားခဲ့လိုသာ နေရထိုင်ရတာ အဆင်ပြေကြတာဖြစ်ပါတယ် ဒါတောင် လူမရှိတဲ့အိမ်တွေမရှိတော့ပါဘူး။

ရွာထဲကိုဝင်တာနဲ့ အစီအရင်တွေချထားတဲ့ဂိတ်ဝကိုစတင်တွေ့ရတယ် ဂိတ်ကိုကျော်တာနဲ့ အကွက်ရိုက်ထားတဲ့ခြံတွေက မျက်နှာချင်းဆိုင်တည်ရှိနေပြီး ခြံတွေထဲမှာက ဆင်တူအိမ်လေးတွေကို လှပစွာတွေ့ရှိရတယ် အကွက်ရိုက်ထားတဲ့ခြံတွေအရှေ့မှာ လမ်းမကြီးတွေရှိပြီး ထိုလမ်းမကြီးတွေအားလုံးရဲ့ဆုံမှတ်နေရာမှာ သစ်ပင်အကြီးကြီးတစ်ပင်ရှိနေခဲ့တယ် ထိုသစ်ပင်ကြီးရဲ့ဘေးမှာမှ အဆောက်အဦးကြီးတစ်ခုတည်ရှိနေပြီး ထိုအဆောက်အဦးဟာ လူငါးရာခန့်ဆန့်တဲ့ အစည်းအဝေးခန်းမကျယ် လေးခုအထိရှိတယ်။ ခန်းမတစ်ခုစီမှာ အနိမ့်ဆုံးဝင်ခွင့်ရှိတဲ့အဆင့်အတန်းတွေကိုသတ်မှတ်ထားတာတွေ့ရတယ်။

သက္ကရာဇ်တို့အထဲရောက်သွားချိန်မှာတော့ တစ်ရွာလုံးက လူတွေထွက်ကြည့်ကြတယ် တချို့ကတီးတိုးပြောနေပြီး တချို့ကတော့ ထိပ်လန့်နေကြတယ်။

ပန်းနုက သက္ကရာဇ်ကိုကြည့်ပြီး

" ငါ့မောင်ရေ.. ငါ့မောင်ကတော့ တော်တော်နာမည်ကြီးနေပြီဟ.. တစ်ရွာလုံးကတောင်ထွက်ကြည့်ရတယ်..."

" အစ်မကလဲ သူတို့တွေမျက်လုံးထဲမှာ လိုလားတဲ့အရိပ်အယောင်မတွေ့ရပါဘူးဗျာ ..."

ထိုအခါ ခင်ခင်စန်းက လမ်းလျှောက်နေရင်း တိုးတိုးလေးပြောတယ်

" ဒီရွာမှာက ပညာထက်တဲ့လူကခေါင်းဆောင်နေရာနေရတယ်... သူ့ရဲ့ဦးဆောင်မှု့အောက်မှာ ပညာထက်သထက်ထက်အောင် လေ့ကျင့်ရတယ်... ခေါင်းဆောင်ခနခနရွေးတယ်ဆိုတာက ဘယ်သူကအစွမ်းပိုထက်လဲဆိုတာကိုကြည့်ကြတာပဲ..."

" ခေါင်းဆောင်ကိုပြန်လည်ထိန်းကျောင်းဖို့ အထက်မှာ ရွာလူကြီးတွေရှိတယ်... ရွာလူကြီးတွေလက်မခံနိုင်တာမျိုးကို ခေါင်းဆောင်ကလုပ်ရင် ချက်ချင်းဖြုတ်ချနိုင်တယ်... အဲ့ဒါကဒီရွာရဲ့အခြေခံအချက်တစ်ခုပဲ... ဣဘယဂါမရွာဆိုတာက ဆရာကြီးအောင်မှိုင်းရဲ့ ခံယူချက်အတိုင်းရေရှည်ရပ်တည်နေတဲ့ရွာပဲ... ရွာလူ‌ကြီးတွေက ဆရာကြီးအောင်မှိုင်းရဲ့စိတ်ကိုအတွင်းကျကျနားလည်ဖို့လိုအပ်တယ်... အဲ့တော့မှ ဒီရွာကခေါင်းဆောင်တွေကို ကောင်းကောင်းထိန်းချုပ်နိုင်မှာပေါ့..."

သက္ကရာဇ်ဟာ ခင်ခင်စန်းရဲ့စကားကြောင့်တွေဝေသွားခဲ့တယ် သူဟာ ခေါင်းဆောင်ဖြစ်ဖို့ရည်ရွယ်ချက်နဲ့လာခဲ့တာဖြစ်ပြီး ခေါင်းဆောင်ဖြစ်ပါက သူလုပ်ချင်ရာလုပ်မယ်ဆိုတဲ့အတွေးနဲ့လာခဲ့တာဖြစ်တယ် အခုတော့ ခေါင်းဆောင်ရဲ့အထက်မှာ အချုပ်အနှောင်တွေကများလွန်းတယ်လို့ထင်မိတယ် ဒါကြောင့်

" ကျွန်တော်မရှင်းလို့ထပ်မေးဦးမယ်ဗျ... ခေါင်းဆောင်ဖြစ်ပါပြီဆိုမှတော့ တစ်ရွာလုံးက လူကြီးလူငယ်တွေအားလုံး ကို ဦးဆောင်ရမှာမဟုတ်ဘူးလား... တစ်ရွာလုံးကလည်း ခေါင်းဆောင်ရဲ့စကားကိုနာခံရမှာမဟုတ်ဘူးလားဗျ..."

" ဟုတ်တယ်လေ.. ခေါင်းဆောင်က ဦးဆောင်ရမှာမှန်တယ်... ဒါပေမယ့် ခေါင်းဆောင်ကတလွဲတွေလုပ်ရင် ရွာပျက်ဆီးသွားမှာဆိုးလို့ အထိန်းတစ်ခုထားတဲ့သဘောပဲ... ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအစဉ်အလာကို ဆရာကြီးအောင်မှိုင်းတောင် မဖျက်ဆီးနိုင်ဘူး..."

ခင်ခင်စန်းဟာစကားစကိုရပ်လိုက်ပြီး သက္ကရာဇ်မျက်နှာကိုစေ့စေ့ကြည့်လိုက်တယ်

" ဆရာကြီးအောင်မှိုင်းတောင် သူမလုပ်ချင်တဲ့ကိစ္စကို လုပ်လိုက်ရတာပဲ... ရွာလူကြီးတွေကလဲ တစ်ဦးထဲဆုံးဖြတ်တာမဟုတ်ဘူး... ရွာသားတွေအားလုံးကလက်ခံမယ့်ဟာကိုပဲဆုံးဖြတ်ရတာ..."

သူတို့စကားကောင်းနေစဉ် ခန်းမကြီးထဲမှ လူကြီးဆယ်ယောက်ထွက်လာတာတွေ့လိုက်ရတယ် လူကြီးတွေက သက္ကရာဇ်ကိုပြုံးပြီး နှုတ်ဆက်တယ်

" ခေါင်းဆောင်ရွေးပွဲလာမယ်ဆိုလို့‌စောင့်နေတာ... ပြောရမယ်ဆိုရင် အပြင်လူတစ်ယောက်အနေနဲ့ ဒီရွာရဲ့ခေါင်းဆောင်ရွေးပွဲကို ဝင်ပြိုင်လို့မရဘူး... ဒီတော့ ရွာသားအဖြစ်ဝင်ရမယ်... ရွာသားဖြစ်ဖို့ကမခက်ပါဘူး... အနိမ့်ဆုံး စုန်းအဆင့်ကတောင် ရွာသားဖြစ်နိုင်တယ်... သစ္စာရေတော့သောက်ရမယ် ဘယ်လိုလဲ..."

" သောက်ဆိုလဲသောက်တာပေါ့... ကျွန်တော်ကဘာကိုကြောက်ရမှာလဲ အခုသောက်လို့ရလား..."

" ရပါတယ်... ရပါတယ်... ခန်းမထဲကိုဝင်ခဲ့ပါ... အရင်ဆုံး အနောက်ဘက်ခန်းမကနေဝင်ရအောင်..."

သက္ကရာဇ်ဟာ ရွာလူကြီးတွေဦး‌ဆောင်မှု့နဲ့အတု အဆောက်အဦးကြီးရဲ့အနောက်ဘက်ကနေဝင်လိုက်တယ် လူအားလုံးလိုက်ပါလာခဲ့ပြီး တောင်ဘက်ခန်းမတံခါးကိုဖြတ်သမ်းဖို့အလုပ်မှာတော့ လူတစ်ချို့ကကျန်ရစ်နေခဲ့တယ်

" အနောက်ဘက်ခန်းမက အနိမ့်ဆုံးစုန်းတွေပါဝင်ခွင့်ရှိတယ်... တောင်ဘက်ခန်းမကတော့ မောက်လုံးအဆင့်ကအနိမ့်ဆုံးဝင်ခွင့်ရှိတာပဲ... ကဲ မြောက်ဘက်ခန်းမကိုဝင်ကြရအောင် ..."

သက္ကရာဇ်ဟာ ကျန်ရစ်နေခဲ့တဲ့လူတစ်ချို့ကြည့်လိုက်ပြီး နောက်ထပ်ခန်းမထဲကိုဝင်သွားလိုက်တယ် သူနဲ့အတူ လူအနဲငယ်သာဝင်လာနိုင်တာမို့ မျက်မှောင်ကြုံ့လိုက်ပြီး

" သူတို့ကဘာလို့ဝင်မလာနိုင်ရတာလဲ..."

" အော်... ဒီခန်းမက ကဝေကြီးတွေပဲဝင်လို့ရတာ... အဆင့်နိမ့်ကဝေတွေဝင်ခွင့်မပေးထားဘူး..."

နောက်ထပ်ခန်းမတစ်ခုသို့ဝင်ခါနီးတွင် ခင်ခင်စန်းနဲ့ပန်းနုက အပြင်မှာကျန်ရစ်ခဲ့တယ် သူတို့ဟာလိုက်ပြီးဝင်မလာခဲ့ပါဘူး

" ဟာ အစ်မပန်းနုကဝင်လို့မရဘူးလား..."

" မရဘူးလေကောင်လေးရဲ့... သူတို့အဆင့်က အနိမ့်ဆုံးသတ်မှတ်ချက်ထဲမှာဝင်မနေဘူး... ဒါကြောင့် သူတို့အမြင်မှာ တံခါးကပိတ်နေတာပဲ..."

" ဒါဆို ကျွန်တော်က ဘာလို့ဝင်လို့ရတာလဲ ..."

" အနိမ့်ဆုံးသတ်မှတ်ချက်ထဲမှာ ပါနေလို့ဝင်လို့ရ‌တာပေါ့ကောင်လေးရယ်..."

ခင်ခင်စန်းဟာ ဏ္ဍဘယဂါမရွာရဲ့ခေါင်းဆောင်ပါ သူတောင်ဝင်ခွင့်မရတဲ့‌ခန်းမဆိုတော့ သက္ကရာဇ်ဟာ စဉ်းစားသွားခဲ့တယ်

" သိပ်ပြီးစဉ်းစားမနေနဲ့ကောင်လေး ဒီခန်းမထဲကို တင်ခွင့်ရတဲ့လူက ငါတို့ရွာမှာ လူအယောက်ငါးဆယ်ကျော်ရှိတယ်... အဲ့လူတွေထက်ပညာနိမ့်တဲ့ခင်ခင်စန်းက ဒီရွာရဲ့ခေါင်းဆောင်ဘာလို့ဖြစ်နေတာလဲဆိုတာရှင်းပြရရင် အခုချိန်မှာနားလည်နိုင်ဦးမှာမဟုတ်သေးဘူး... ရွာသားအဖြစ်သစ္စာရေသောက်ပြီးမှ အကြောင်းစုံကိုသိနိုင်လိမ့်မယ်..."

သစ္စာရေသောက်ဖို့အတွက် သက္ကရာဇ်ဟာ စောင့်နေလိုက်တယ်ထိုစဉ် လူကြီးတွေက သက္ကရာဇ်ကိုဝိုင်းလိုက်ပြီး

" ရှိန်သက္ကရာဇ်ထွန်းဆိုတဲ့အမောင်က ဣဘယဂါမရွာရဲ့ ရွားသားဖြစ်ချင်ပါသလား..."

" ဟုတ်ကဲ့ဖြစ်ချင်ပါတယ်..."

" ရွာသားအချင်းချင်းစောင့်ရှောက်ဖို့ကတိပေးနိုင်ပါသလား..."

" ပေးပါတယ်..."

" ရွာရဲ့အကျိုးကိုထမ်းဆောင်နိုင်မလား..."

" ထမ်းဆောင်နိုင်ပါတယ်..."

" သာမန်လူသားတွေအပေါ်မှာ မညှင်းဆဲမသတ်ဖြတ်ပါဘူးဆိုတဲ့သစ္စာကိုထိန်းနိုင်ပါ့မလား..."

" ထိန်းနိုင်ပါတယ်..."

" ဒါဆိုရင် သစ္စာရေသောက်ပါ.."

သက္ကရာဇ်ဟာ လူကြီးတွေကမ်းပေးတဲ့ရေခွက်ကိုယူပြီး

" သစ္စာဖောက်ရင် ဘာဖြစ်မယ်ဆိုတာထည့်ပြောဦးလေ..."

" သစ္စာဖောက်ရင် ရွာကနေမောင်းထုတ်ယုံကလွဲပြီးဘာမှမရှိပါဘူး..."

" ဗျာ... ဒါပဲလား..."

" အင်း... ဒါပါပဲ..."

သစ္စာရေခွက်ကိုမော့သောက်လိုက်ပြီး သက္ကရာဇ်က ကြောင်တောင်တောင်နဲ့ကြည့်နေခဲ့တယ်လူကြီးတွေက သက္ကရာဇ်ကို ထူလိုက်ပြီး

" ဒီနေ့ကစပြီး ငါ့တူက ဒီရွာသားဖြစ်ပြီ... သစ္စာမဖောက်ဖို့တက်နိုင်သလောက်ထိန်းပါ... ကဲ.. လာလာ.. ငါ့တူမွေးခဲ့တဲ့အခန်းကို လိုက်ပို့မယ်..."

" ဗျာ.. ကျွန်တော်မွေးခဲ့တဲ့အခန်း ဟုတ်လား..."

" ဟုတ်တယ်ငါ့တူ... ငါ့တူက ဒီရွာမှာမွေးခဲ့တာပါ.. ပြီးတော့ အဲ့အခန်းက ယနေ့အထိ နဂိုအတိုင်းပဲရှိသေးတယ်..."

သူတို့ပြန်ထွက်လာတော့ ပန်းနုနဲ့ခင်ခင်စန်းကစကားပြောနေကြတယ်။လူကြီးတစ်ယောက်သာကျန်ခဲ့ပြီး ကျန်လူကြီးများက ဘယ်ရောက်မှန်းမသိရောက်ကုန်တာကြောင့် သက္ကရာဇ်ပင်ကြောင်သွားခဲ့တယ်

" ငါ့မောင် အခြေအနေကောင်းလား..."

" ကောင်းပါတယ်အစ်မ... ကျွန်တော်မွေးတဲ့အခန်းကိုသွားလိုက်ပြမလို့တဲ့... အဲ့ဒါလိုက်သွားဦးမယ်..."

ပန်းနုကခေါင်းငြိမ့်ပြတဲ့အချိန် ခင်ခင်စန်းက

" နင်လဲကြည့်ချင်ရင် သစ္စာရေသောက်ပြီး ရွာသားဖြစ်အောင်လုပ်လိုက်လေ..."

" တော်စမ်းပါဟာ... ငါ့ဟာငါနေတာလွတ်လပ်တယ်... နင်တို့လိုအရှုပ်ထုတ်တွေလုပ်စရာမလိုတော့ဘူး... ငါ့စိတ်နဲ့မကိုက်လို့ လူသတ်မိရင် အလကားနေမောင်းထုတ်ခံနေရဦးမယ်..."

ခင်ခင်စန်းဟာ ပန်းနုစကားကြောင့် တစ်ခစ်ခစ်ရယ်မောလိုက်တယ်

" ဒါဆိုလဲဟယ် ခန်းမထဲကနေသာစောင့်တော့... ပြန်လာမှ အေးအေးဆေးဆေးစကားပြောကြမယ်..."

သက္ကရာဇ်ကို ခင်ခင်စန်းနဲ့လူကြီးတစ်ယောက်ကရွာအနောက်ဘက်သို့ခေါ်သွားပြီး နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးထဲသို့ဝင်သွားလိုက်သည်။ အိမ်ကြီးရဲ့အပေါ်ထပ်အခန်းတွေမှာ စုန်းတချို့နဲ့ သမန်းကျားတချို့နေထိုင်လျှက်ရှိပြီး သူတို့ကိုတွေ့သည်နှင့် လာရောက်အရိုအသေပေးကာ နှုတ်ဆက်ကြတယ်

ခင်ခင်စန်းက သက္ကရာဇ်ကိုခေါ်ပြီးအခန်းငယ်တစ်ခုအတွင်းသို့ဝင်လိုက်တယ် အတွင်းမှာရှိသည့် ရုပ်ထု တစ်ခုကို လှည့်လိုက်သည်နှင့်နံရံက တံခါးသဖွယ်ပွင့်သွားတော့တယ်

သူတို့နဲ့ပါလာတဲ့လူကြီးက တံခါးပေါက်ကိုပြန်ပိတ်လိုက်ပြီး နံရံမှာရှိသည့်ပန်ချီကားတစ်ချက်ကိုညွှန်ပြကာ

" ဒီပန်းချီကားကိုသေသေချာချာကြည့်ပါငါ့တူ... ဒီမှာတွေ့လား လူတစ်ယောက်လက်ကာပြနေတဲ့ပုံ..."

လူကြီးကထိုပန်းချီကားကိုဖြုတ်ကာ ဘေးနားမှာရှိသည့် ပန်းချီကားတစ်ချပ်ဖြင့်အစားထိုးလိုက်ပြီး ဆက်ရှင်းပြတယ်။

" အခုလဲလိုက်တဲ့ပန်းချီကားက လူတစ်ယောက်လမ်းလျှောက်မယ့်ပုံဖြစ်နေတယ်တွေ့လား... အဲ့ဒီပုံနှစ်ပုံချိန်းပြီးမှ ငါတို့တွေအထဲကိုဆက်ဝင်လို့ရမယ်... မဟုတ်ရင် ဒီမြေအောက်ခန်းထဲမှာ တပ်ထားတဲ့ လျှို့ဝှက်လက်နက်တွေက ဝင်လာသမျှအကုန်လုံးကိုတိုက်ခိုက်လိမ့်မယ်..."

" ဟ ကောင်းလိုက်တဲ့ထောင်ခြောက်တွေပါလား မဆိုးဘူး..."

" ဆိုပါတာ့ကွာ ဒီလမ်းလျှောက်နေတဲ့ပန်းချီကားရဲ့အနောက်မှာ စက်သွားအသေးလေးတစ်ခုရှိတယ်... ကျန်တဲ့စက်သွားအကြီးတွေကနံရံထဲမှာမြုတ်ထည့်ထားတာပေါ့ဟာ... ပန်းချီကားကိုမလဲပဲ ဒီအတိုင်းဝင်လိုက်ရင် ကြွက်တစ်ကောင်တောင်မလွတ်နိုင်ဘူး... ဒီအကြောင်းကို ငါကလူတစ်ချို့ပဲသိတာ ကျန်တဲ့အဖွဲ့သားတွေတစ်ယောက်မှမသိဘူး...တစ်ကယ်လို့ တစ်ယောက်ယောက်က ဒီအခန်းအကြောင်းမေးလာခဲ့ရင် ပန်းချီကားအကြောင်းကိုလုံးဝမပြောပါနဲ့ ...ကြားလား..."

သက္ကရာဇ်က ရွာလူကြီးနဲ့ခင်ခင်စန်းကိုကြည့်ပြီး

" ကျွန်တော်က ဒီနေ့မှရွာသားဖြစ်တာလေ ဘာဖြစ်လို့လျှို့ဝှက်ချက်တွေလာပြောပြနေတာလဲ..."

ခင်ခင်စန်းနဲ့လူကြီးကပြုံးပြီးဘာမှဆက်မပြောဘူး သူတို့ဟာ အခန်းပေါင်းများစွာကိုကျော်ဖြတ်ပြီး တင်းလာခဲ့လိုက်တယ်။ အခန်းတွေရဲ့တံခါးဘောင်တွေမှာတော့ အချုပ်အင်းတွေကပ်ထားတာမြင်လိုက်ရတယ်။ သက္ကရာဇ်က အင်းတွေကိုကြည့်ပြီး အင်းစီရင်တဲ့လူကိုလန့်လာမိတယ် ဘာဖြစ်လို့လဲဆိုတော့ ထိုအင်းတွေကိုကြည့်နေရင်းနဲ့ သူ့ရင်ထဲမှာကြောက်စိတ်တွေပေါ်လာခဲ့လိုပဲ

နောက်ဆုံးမှာတွေ့ရတဲ့တံခါးကိုတွန်းဖွင့်လိုက်တော့ စားပွဲတစ်ခုအပေါ်မှာ အရိုးခေါင်းတစ်ခုကိုတွေ့လိုက်ရတယ်။ ‌အခန်းတွင်းကနံရံနဲ့ကြမ်းပြင်တွေမှာလဲ သွေးတွေပေကျံနေပြီးတော့ တိုက်ပွဲအကြီးအကျယ်ဖြစ်ထားဟန်တူတယ်။

သက္ကရာဇ်က အခန်းထဲလှည့်ပတ်ကြည့်နေတုန်း တစ်နေရာအရောက်မှာတော့ ခြေလှမ်းတွေတုံ့သွားခဲ့တယ် သမန်းကျားတစ်ချို့ရဲ့အလောင်းတွေနဲ့ လူအရိုးစုတွေကိုတွေ့လိုက်ရတော့ သက္ကရာဇ်ဟာ ဟိုးတုန်းကအကြောင်းအရာများကိုပြန်ပြီးသတိရလာတယ်

မိခင်ဝမ်းအတွင်းမှာ ပုံမှန်လူသားသန္ဓေသားဘဝနဲ့နေစဉ်ကအကြောင်းကိုတော့ပြန်ပြီးမမှတ်မိပါဘူး ပညာတွေစုပ်ယူတာများပြီး မိခင်ဝမ်းတွင်းကနေစတင်ထွက်လာတာကနေစပြီး သတိရလာခဲ့တယ်

က‌ဝေကြီးရဲ့ပညာစက်တွေက သူ့ကိုယ်ထဲမှာ အလျင်အမြန်တိုးပွားလာတာကြောင့် သူ့ရဲ့အရိုးအဆစ်နဲ့ကြွက်သားတွေကလဲ မွေးကင်းစခလေးငယ်နဲ့မတူအောင် ကြီးထွားနှုန်းအရမ်းမြန်လာတယ် မိခင်ဖြစ်သူအေးမြက သူ့ကို ကြည့်ပြီးအံဩနေတဲ့အချိန် အစောင့်တချို့ရောက်လာပြီး သူ့ကိုမြင်တော့ ရွာရှိလူကြီးများကို အကြောင်းကြားဖို့လုပ်တယ် ထိုအချိန်မှာပဲ သက္ကရာဇ်ရဲ့ပါးစပ်ကနေ ကတေစက်တွေထွက်လာပြီး အစောင့်များကို သတ်ပစ်မိသွားတယ်။ သေဆုံးသွားတဲ့စုန်းကဝေတွေကနေ ပညာတစ်ချို့ထပ်မံစုပ်ယူနေတုန်းမှာပဲ မိခင်ဖြစ်သူက သူ့ကို လုံခြည်တစ်ထည်နဲ့ပတ်ပြီး အပြင်ကိုခိုးထုတ်သွားခဲ့တယ်

သက္ကရာဇ်က ထိုအဖြစ်အပျက်များကိုပြန်လည်မြင်ယောင်မိတာကြောင့် သူသတ်ပစ်ခဲ့တဲ့အရိုးစုတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်

" ဒါက ကျွန်တော်မွေးခဲ့တဲ့အခန်းပေါ့ ဟုတ်လား..."

" ဟုတ်တယ် ငါ့တူ... ဒီအခန်းမှာ မင်းကိုမွေးခဲ့တာပဲ... မင်းရဲ့အမေက ရွာသားတစ်ချို့ကိုသတ်သွားတော့ ရွာကလူတွေဒေါသမတရားထွက်ကုန်ကြတယ်... အဲ့ဒါကြောင့် မင်းအမေ့ကို သတ်ဖို့ ရွာကလူတွေကတောင်းဆိုခဲ့ကြတာပဲ..."

သက္ကရာဇ်က ခေါင်းကိုငိုက်ကာ သက်ပြင်းချလိုက်ပြီး

" ဖြစ်ပြီးသားကိစ္စတွေကို ဘာလို့လာပြောပြနေရတာလဲဗျာ အတိတ်ကိုပြန်ပြင်လို့မှမရတာ ..."

" ဒါပေါ့ကောင်လေးရာ အတိတ်ကိုပြန်ပြင်လို့မရပေမယ့် ဖြစ်လာမယ့်အနာဂါတ်မှာအမှားတွေထပ်မလုပ်ဖို့ သတိထားလို့ရတာပေါ့..."

သက္ကရာဇ်ဟာ စားပွဲခုံအနောက်ဘက်ကို ကြည့်မိသွားတယ် ထိုနေရာလေးက သူမွေးဖွားခဲ့တဲ့နေရာလေးပေါ့ အဲ့အချိန်မှာပဲ ခြေရာတစ်စုံကိုအမှတ်မထင်မြင်မိသွားခဲ့တယ်

" ဟင်... ဒီခြေရာက လူကြီးခြေရာမဟုတ်ပါဘူး... အရွယ်မရောက်သေးတဲ့ကလေးခြေရာပဲ... ငါသတ်မိတဲ့အထဲမှာ ကလေးမပါပါဘူး..."

သက္ကရာဇ်က တွေးနေစဉ် ခင်ခင်စန်းက

" ခေါင်းဆောင်ရွေးပွဲကိုသွားကြည့်ကြမလား ဒီအခန်းမှာနေရတာ ညှင်းသိုးသိုးနဲ့ဆိုတော့ နေရတာသိပ်အဆင်မပြေဘူး... ခေါင်းဆောင်ရွေးပွဲမှာ မင်းနိုင်ခဲ့ရင် ဒီအခန်းကို ဒီအတိုင်းထားမလား သန့်ရှင်းရေးလုပ်မလားဆိုတာဆုံးဖြတ်ပေါ့..."

ဒီလိုနဲ့သူတို့ဟာ အပြင်ကိုပြန်ထွက်လာခဲ့ကြတယ် သက္ကရာဇ်ရဲ့အတွေးထဲမှာတော့ စဉ်းစားစရာတွေအများကြီးနဲ့ပေါ့

ခင်ခင်စန်းနဲ့လူကြီးက သူ့ကို ရွာရဲ့အနောက်ဘက်ကိုခေါ်သွားခဲ့တယ် ရွာအနောက်ဘက်မှာတော့ ရေကန်ကြီးတစ်ခုရှိနေပြီး ထိုရေကနိကြီးရဲ့အလည်မှာမှ ပြိင်ကွင်တစ်ခုကတည်ရှိနေတယ်

" ရေကန်အလည်မှာပြိုင်ရမှာလား ..."

" ဟုတ်တယ်လေ.. ရေကန်ထဲပြုတ်ကျရင်အရှုံး.. ကြိုက်သလိုပြိုင်လို့ရတယ် ကြိုက်တဲ့အစီအရင် ကြိုက်တဲ့ပညာကိုသုံးလို့ရတယ်..."

သက္ကရာဇ်ကပြုံးလိုက်ပြီး ခေါင်းဆောင်ရွေးပွဲကိုဆက်ကြည့်နေခဲ့တယ်

ရေကန်ကြီးအထဲမှာတော့ ကောင်လေးနှစိယောက်က ပညာပြိုင်နေကြတယ် ဘေးပတ်လည်မှာတော့ အားပေးသူရွာသားတစ်ချို့က အော်ဟစ်‌အားပေးနေလေရဲ့
သက္ကရာဇ်က ပညာပြိုင်နေတဲ့နှစ်ယောက်ကိုကြည့်ပြီး

" အဲ့နှစ်ယောက်က အခုမှ အိမ်တလိမ့်စုန်းအဆငိ့ပဲရှိတာမှတ်လား... ဘယ်လိုဖြစ်ပြီးခေါင်းဆောင်ရွေးပွဲကိုဝင်ပြိုင်နေရတာလဲ..."

" ဒါလား... ခေါင်းဆောင်ရွေးပွဲဆိုတာက ရည်ရွယ်ချက်နှစ်မျိုးနဲ့လုပ်တာကွ... ပထမရည်ရွယ်ချက်ကတော့ အစွမ်းကြီးတဲ့လူက ဦးဆောင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ပေါ့..
ဒုတိယရည်ရွယ်ချက်ကတော့ ရွာကလူတွေအချင်းချင်း စည်းလုံးညီညွတ်အောင် ပွဲလုပ်ပေးတဲ့ရည်ရွယ်ချက်ပေါ့..."

သူတို့စကားပြောနေစဉ် ပြိုင်ကွင်းထဲကကောင်လေးတစ်ယောက်ဟာ ရှုံးနိမ့်ပြီး ရေကန်ထဲပြုတ်ကျသွားခဲ့တယ်

အနိုင်ရသူကောင်လေးက အားပေးသူတွေကိုကြည့်ပြီး စိန်ခေါ်နေခဲ့တယ်။ ကွင်းပြင်ဘေးကလူတွေကလဲ တဟေးဟေး တဟားသားနဲ့ အားပေးကြသလို နောက်ထပ်ပြိုင်မယ့်လူကို စောင့်မျှောိနေကြတယ်

သူတို့ကြည့်နေစဉ် ကောင်မလေးတစ်ယောက်ကတက်သွားပြီး ပြိုင်ကွင်းထဲမှာမက်တပ်ရပ်လိုက်တယ် ထိုအခါ ပထမပွဲမှာနိုင်ထားတဲ့လူက ရေကန်ထဲဒိုင်ပင်ထိုးဆင်းသွားခဲ့တယ်

ဘေးပတ်ပတ်လည်ကအားပေးသူတွေလဲ တဝါးဝါးတဟားဟားနဲ့ပွဲကြကုန်သလို ပြိုင်ကွင်းထဲကကောင်မလေးကလဲ အားလုံးကိုလက်ပြနှုတ်ဆက်ကာ ပြန်ဆင်းသွားပြန်တယ်

" သူကဘယ်လိုဖြစ်လို့နိုင်သွားတာလဲမခင်ခင်စန်း..."

" အော်... ဒါလား... ဟင်း..ဟင်း..ဟင်း... အချစ်ပေါ့ကွယ်... အချစ်ပေါ့... ကောင်လေးက ကောင်မလေးကိုချစ်တော့အရှုံးပေးတာပေါ့..."

ထိုနေက ပြိုင်ပွဲ ငါးဆယ်လောက်ပြိုင်ကြပေမယ့် စွမ်းအားကြီးတဲ့ပညာသည်တွေမထွက်ပဲ အဆင့်နိမ့်စုန်းများသာ ပညာပြိုင်ကြတာဖြစ်ပါတယ်

သက္ကရာဇ်က ခန်းမထဲပြန်သွားတော့ ပန်းနုဟာ ဖျော်ရည်တစ်မျိုးကိုသောက်နေတာတွေ့ရတယ်

" အစ်မပန်းနု... ဒီရွာကခေါင်းဆောင်ရွေးပွဲကလဲ ကလေးတွေကစားနေသလိုပဲဗျာ... ကြည့်ရတာသိပ်အဆင်မပြေဘူး..."

" ငါ့မောင်က ဘာတွေမြင်လဲပြောပြစမ်းပါဦး..."

" အစ်မကလဲ ပြိုင်ပွဲထဲမှာ နှစ်ယောက်ပြိုင်တယ်ဗျာ... ကျန်တဲ့လူတွေကတဝါးဝါးတဟားဟားနဲ့ တည်တည်တန့်တန့်လဲမရှိဘူး..."

" နောက်ရက်တွေဒီ့ထက်ပိုရီရမယ်ကြည့်နေငါ့မောင်..."

* ဟင်.. ဟုတ်လား..."

နောက်ရက်တွေရောက်တော့ ပန်းနုပြောတဲ့အတိုငိးပေါ့ပျက်ပျက်ပြိုင်ပွဲများသာတွေ့ရတယ် ထူးခြားတာကတော့ သက္ကရာဇ်ကိုယ်တိုင်ပင် ပြုံးရယ်ပြီး အားပေးလာမိတာပါ

တချို့ပညာတွေဆို တော်တော်လေးအဆင့်နိမ့်တာကြောင့် ဟာသဖြစ်‌ပြီး တချို့ပညာတွေဆိုလျှင် အပြင်လောကမှာတောင်မသုံးတဲ့ပညာတွေဖြစ်ပါတယ် ညနေစောင်းရောက်တော့ ရေကန်ဘေးတွင် လူအပြည့်ဖြစ်လာသလို့ ကဝေတချို့ကပါ ဝင်ရောက်ယှဉ်ပြိုင်နေပြီဖြစ်တယ်

ဒါတောင်မှ ထူးဆန်းတဲ့ပညာတွေမပါပဲနဲ့ ပေါ့ပေါ့ပါးပါးပညာတွေကိုသာသုံးနေကြတယ် ညမိုးချုပ်လာတော့ သကီကရာဇ်ကပြန်ဖို့လုပ်နေစဉ် ပြိုင်ကွင်းထဲကထူးဆန်းတဲ့အရာကြောင့် ဂရုစိုက်မိသွားတယ် ဝင်လာတုန်းကတော့ ပြိုင်မယ့်လူနှစ်ယောက်ထဲပါ ဒါပေမယ့် တကယ်တမ်းယှဉ်ပြိုင်တဲ့အခါမှာတော့ လူတွေအများကြီးတိုက်ခိုက်ကြတာကိုမြင်နေရတယ် ပြိုင်ပွဲဝင်နှစ်ယောက်က ပြိုင်ကွင်းတစ်ဖက်စီမှာထိုင်ပြီး သူတို့မွေးထားတဲ့ သရဲတစ္ဆေတွေကသာ ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်

ဒီပွဲဟာအကြိတ်အနယ်ရှိလှတယ် သရဲတစ္ဆေတွေက အသေအကြေချကြပြီး ရှုံးနိမ့်သွားတဲ့သရဲတွေဟာ အခိုးအငွေ့တွေအဖြစ်ပြောင်းလဲကုန်တယ်

သက္ကရာဇ်ကကြည့်နေစဉ် နိုင်တဲ့သရဲများက ရှုံးတဲ့လူအနားကိုဝိုင်းသွားပြီး ကြောက်လန့်အောင်ခြောက်လှန့်ကြတယ် အော်ဟစ်အားပေးသူတွေကလည်း ကွင်းလုံးပြည့်ဆူညံနေအောင်အားပေးနေပြီး

ရှုံးသွားတဲ့ကဝေက ထိုင်ရာမှထကာ အော်ဟစ်အားပေးနေသူတွေကို လက်ပြနှုတ်ဆက်ပြီး ရေကန်ထဲကိုခုန်ဆင်းလိုက်ရပါတော့တယ်

" ဆက်တိုက်ရင်ရသေးတာကို ဘာလို့ဆက်မတိုက်တာလဲမသိဘူး..."

သက္ကရာဇ်ကစဉ်းစားနေစဉ် ရွာလူကြီးတစ်ယောက်က သူ့ကိုကြည့်ပြီး

" တခြားပညာတွေသုံးပြီးတိုက်ရင်ရပေမယ့် သူတို့နှစ်ယောက်က မပြိုင်ခင်ထဲကကတိထားထားတာရှိတယ်... သူတို့ပိုင်တဲ့အစောင့်တွေပဲပြိုင်ကြမယ်ဆိုပြီးပြိုင်တာဆိုတော့... အစောင့်ရှုံးတာနဲ့အရှုံးပေးလိုက်တာပေါ့လူလေးရယ်... ဒါက ဒီရွာသားတွေရဲ့ကတိပဲ... ဣဘယဂါမရွာသားမှန်ရင် ကတိမဖျက်ကြဘူးကွယ့်... တစ်ယောက်နဲ့တစ်ယောက်လဲ လေးလေးစားစားဆက်ဆံကြတယ်... ငါ့တူက အပြင်လောကမှာနေတာနဲ့ ဒီရွာမှာနေတာ ဘာကွာတယ်ထင်လဲ..."

ထိုတော့မှ သက္ကရာဇ်ဟာ အပြင်လောကနဲ့ ဒီရွာကိုနှိုင်းယှဉ်ကြည့်မိတယ် အပြင်လောကမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် အနိုင်ကျင့်ကြတာတွေ နောက်ကျောကိုဓါးနဲ့ထိုးတာတွေက အများသားမဟုတ်လား တစ်ယောက်နဲ့တစ်ယောက်တွေ့တာနဲ့ ပညာပြိုင်တဲ့ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဘယ်လိုယုတ်မာလှည့်စားပြီး ပြိုင်ဘက်ကိုသတ်ပစ်ရမလဲဆိုတာပဲစဉ်းစားနေကြတာပါ သက္ကရာဇ်ကဝေဖြစ်ကထဲက စိတ်အေးလက်အေးမနေရတာကြာလှပြီ ယခုပြိင်ပွဲနဲ့ဒီရွာလေးထဲကိုရောက်မှပဲ စိတ်ရောလူပါအနားရသကဲ့သို့ဖြစ်နေခဲ့တာပါ

ထိုစဉ် ပြိုင်ပွဲနိုင်တဲ့ကဝေက ကန်ပတ်ပတ်လည်ကြိကြည့်ပြီး အစောင့်ကောင်းကောင်းရှိတဲ့လူထွက်ခဲ့ဖို့စိန်ခေါ်တယ် ထိုအခါခင်ခင်စန်းက သက္ကရာဇ်အနားကပ်ပြီး

" ကြည့်ရတာအစောင့်တော်တော်ကောင်းတဲ့လူပဲနိုင်မယ်ထင်တယ် သက္ကရာဇ်ဝင်ပြိုင်ကြည့်ပါလား..."

သက္ကရာဇ်ကလဲ သူ့ရဲ့အစောင့်တွေကိုစမ်းကြည့်ချင်တာကြောင့် မက်တပါရပ်လိုက်တယ် ထိုအခါ အားပေးသူရွာသားများက ဝေးကနဲထအော်သလို ရွာလူကြီးတစ်ချို့ကလဲ ထပ်မန်ရောက်ရှိလာကြတယ် ။

ပြိုင်ကွင်းထဲကလူက သက္ကရာဇ်ကိုကြည့်ကာ ပြုံးပြီးနှုတ်ဆက်တယ်။

" ညီလေးပြိုင်ပြီလား... သက်သက်ညှာညှာတော့လုပ်ကွာနော် ..."

သက္ကရာဇိကခေါင်းငြိမ့်ပြလိုက်ပြီး သူ့ရဲ့ဆေးကြိမ်လုံးကိုထုတ်လိုက်တယ် ထိုအခါ ပတ်ပတ်လည်ကလူတွေက တဟေးဟေးနဲ့အားပေးကြတော့တာပဲ

ပြိုင်ကွင်းထဲမှာ တစ်ဖက်ကဝေရဲ့အစောင့်သရဲတွေက ကွင်းလုံးပြည့်နီးပါးဖြစ်နေခဲ့တယ် သက္ကရာဇ်ဟာ ကြိမ်လုံးကိုလက်နဲ့ပွတ်ပြီး

" ငါ့ကြိမ်လုံးထဲကအစောင့်တွေ... တစ်ကောင်လောက်ထွက်လာပြီးဆုံးမပေးစမ်းပါ ..."

ထိုအခါ အစောင့်ညီနောင်သုံးကောင်ထဲမှ အငယ်ဆုံးအကောင်ထွက်လာပြီး ရွှေရောင်တင်းပုတ်ကိုကိုင်ကာ သက္ကရာဇ်ရဲ့အရှေ့မှာရပ်နေလိုက်တယ်

ရွာသားတွေက တဟားဟားရယ်ပြီး လှောင်ကြတယ် သက္ကရာဇ်ကလဲ လက်ပြနှုတ်ဆက်လိုက်ပြီး ထိုင်လိုက်တဲ့အချိန်မှာပဲ တစ်ဖက်လူရဲ့သရဲတစ္ဆေတွေက အုံလိုက်ကျင်းလိုက်ပြေးဝင်လာခဲ့တော့တယ်

တင်းပုတ်တစ်ချက်ဝှေ့လိုက်တိုင်း ဆယ်ကောင်ဆယ့်ငါးကောင်လောက်လွင့်ထွက်သွားသလို ကွင်းလုံးပြည့်အားပေးသူတွေက ဝေးကနဲထအော်ကြတယ်

သိပ်မကြာခင်မှာပဲ တဖက်လူရဲ့အစောင့်သရဲတွေပြာဖြစ်ကုန်ပြီး ထိုလူလဲ ရေကန်ထဲခုန်ချပြေးရတော့တယ်

အားပေးသံတွေက ကွင်းလုံးပြည့်ဖြစ်နေပြီး သက္ကရာဇ်က လက်ပြနှုတ်ဆက်ကာပြန်ဆင်းဖို့လုပ်တယ်။ထိုအချိန်မှာပဲ လူတစ်ယောက်ခုန်ဝင်လာပြီးတော့

" အကိုလဲ ပညာနည်းနည်းစမ်းချင်တယ်ကွာ.. ရမလား..."

" ရပါတယ်အကို ကြိုက်တဲ့နည်းနဲ့စမ်းပါ..."

သက္ကရာဇိကခွင့်ပြုလိုက်တာနဲ့ ကဝေအတိုက်တွေစထုတ်တယ် အားပေးသူရွာသားများက အသံတိတ်သွားပြီး တီးတိုးပြောကုန်ကြတယ် သက္ကရာဇ်ဟာ တဖက်လူထုတ်လိုက်တဲ့ ကဝေစက်တွေကို လက်ပြန်ရိုက်ချလိုက်ပြီး ခြေတစ်ဖက်ကိုဆောင့်နင်းလိုက်တာနဲ့ ပြိုင်ကွင်းပြင်ဟာ ရေပြင်အဖြစ်ပြောင်းလဲပြီး ယှဉ်ပြိုင်ဘက်က ရေကန်ထဲသို့ပြုတ်ကျသွားတော့တယ်။

ဘေးပတ်ပတ်လည်က အော်ဟစ်အားပေးသံတွေဆူညံကုနိပြီးတော့ ပြုတ်ကျသူကိုလှောင်ရယ်ကြပြန်တယ် ဘာပဲပြောပြော ပြိုင်ပွဲက ပျော်ရွှင်မှု့တွေအတိနဲ့ပေါ့

အဲ့နေ့က ငါးပွဲတိတိ ယှဉ်ပြိုင်တိုက်ခိုက်ရတယ် ငါးပွဲလုံး ပြိုင်ဘက်တွေကိုအသာလေးနိုင်သွားတာကြောင့် ရွာသားတွေက သက္ကရာဇ်ကိုအားပေးချီးကျူးကြတယ်

ခန်းမထဲကိုပြန်ရောက်တော့ ပန်းနုက စာအုပ်တစ်အုပ်ကိုဖတ်နေပြီး ခင်ခင်စန်းက ပန်းနုကိုချီးကျူးတယ်

" ပန်းနုရေ နင့်မောင်ကတော့ တကယ့်ဆရာကြီးပဲ... ငါတို့တွေပါးစပ်ကိုမစေ့ရဘူး..."

" ဘာဖြစ်လို့လဲဟ..."

" ပြိုင်ကွင်းထဲမှာ သူငါးပွဲဝင်ပြိုင်တာ ငါးပွဲစလုံး အံဩစရာတွေပဲလုပ်ပြသွားတယ်... ပြိုင်ဖက်တွေဆိုတာရစရာကိုမရှိဘူး... ဘေးကနေဝိုင်းလှောင်ကြတာလေ..."

" ဟုတ်လားငါ့မောင် ငါးပွဲလုံးနိုင်ခဲ့လား..."

" အသာလေးနိုင်ခဲ့ပါတယ်အစ်မရယ်... ကြည့်ရတာမနက်ဖြန်ပြိုင်ကွင်းကပိုစိတ်ဝင်စားဖို့ကောင်းမယ်ထင်တယ်..."

သူတို့စကားပြောနေစဉ် ရွာလူကြီးတစ်ချို့ဝင်လာပြီးခင်ခင်စန်းနဲ့တီးတိုးစကားပြောကြတယ် ။စကားပြောပြီးတော့ခင်ခင်စန်းက ပန်းနုနဲ့သက္ကရာဇ်ကိုလှန်းပြောတယ်

" သက္ကရာဇ်ကို ပညာတွေထပ်ဖွင့်ပေးဖို့ငါတို့ရွာလူကြီးတွေဆုံးဖြတ်လိုက်ပြီ... ရှိသမျှရွာလူကြီးတွေအကုန်လုံး လာစောင့်ပေးမှာဆိုတော့ စိတ်မချစရာမရှိပါဘူး... အဲ့ဒါပြောပြတာ သက္ကရာဇ်ကရော ပညာတွေဖွင့်ဖို့အတွက်စိတ်ပါလား... ဒီအတိုင်းဆက်နေဦးမလား..."

သက္ကရာဇ်က ပန်းနုကိုကြည့်လိုက်တော့ ခေါင်းညှိမ့်ပြတာကြောင့် လက်ခံလိုက်တယ်။

ဆက်ရန်ရှိသေးသည်။
နေလင်းရောင်(ဒဂုံမြေ)

03/09/2025

အမှောင်ထဲကကြယ်တစ်ပွင့် အတွဲ(၂) အပိုင်း(၂၄)

( သက္ကရာဇ်နှင့် ဘဒင်တို့ညီနောင်)

သက္ကရာဇ်ဟာ နောင်နောင်နဲ့ပန်းနုတို့မသိအောင် အနောက်ကနေတိတ်တိတ်လေးလိုက်လာခဲ့တယ် သူတို့နှစ်ယောက်စလုံး နန္ဒာတို့ဘုံထဲဝင်သွားမှ နီးစပ်ရာ ကျောက်တုံးတစ်ခုမှာထိုင်လိုက်ပြီး ပညာစက်တွေကို နှိုးဆွကြည့်နေခဲ့တယ် ။ သက္ကရာဇ်ဟာ ဣဘယဂါမရွာကိုသွားပြီး ခေါင်ဆောင်ရွေးပွဲဝင်ပြိုင်ရတော့မှာဖြစ်တာကြောင့် သူ့ပညာစွမ်းကိုစမ်းကြည့်ဖို့စဉ်းစားလိုက်တယ် သူဟာ အစောင့်ဖြစ်သူ ဘုန်းမြတ်ကို ဆင့်ခေါ်လိုက်တော့ ဘုန်းမြတ်က အနားရောက်လာပြီး

" ဘာအလိုရှိပါသလဲသခင်... လိုအပ်တာခိုင်းပါ..."

" ငါခိုင်းချင်တာက ငါ့ကိုတိုက်ခိုက်ဖို့ပဲ..."

" မဖြစ်နိုင်ပါဘူးသခင်... အစောင့်တွေဆိုတာက သခင်ကိုပြန်တိုက်ခိုက်ဖို့အခွင့်အရေးမရှိပါဘူး.. ပြီးတော့ သခင့်ရဲ့ပညာကမြင့်နေတာကြောင့် ဘယ်နည်းနဲ့မှ နိုင်အောင်တိုက်ခိုက်နိုင်မှာမဟုတ်ပါဘူး..."

သက္ကရာဇ်က ခေါင်းကုတ်ပြီး ထိုင်ရာမှထတယ် ပြီးတော့ သူတို့နေထိုင်ရာဘုံထဲသို့ပြန်လည်ဝင်ရောက်လိုက်ပြီး အေးမြနဲ့ပန်းနုတို့ရှိရာသို့သွားကာ

" အမေနဲ့အစ်မ ကျွန်တော့်ရဲ့အသက်ဘူးကို တစ်နေရာမှာဖွက်လို့ပြီးပါပြီ ..."

" ကောင်းတာပေါ့သားရယ်... ငါ့သားလုပ်နိုင်မယ်ဆိုတာအမေသိပါတယ် ကဝေဖိုးထွေးတုန်းကလဲ သူ့ရဲ့အသက်တစ်စိတ်တစ်ပိုင်းကို ရုပ်ထုတစ်ခုထဲမှာဖွက်ထားလို့ မနဲရှာလိုက်ရသေးတယ်သားရဲ့ အခုလောက်ဆိုရင် အမေစိတ်အေးလို့ရပါပြီ..."

အေးမြက ခေါင်းတငြိမ့်ငြိမ့်နဲ့ပြောနေပြီး ပန်းနုက သူ့ရဲ့မျက်နှာကိုကြည့်ကာ

" ငါ့မောင်က တစ်ခုခုအလိုမကျဖြစ်နေတယ်နဲ့တူတယ်... ဘာလဲ ဖွက်ထားတဲ့နေရာကိုစိတ်မချတာလား..."

" မဟုတ်ပါဘူးအစ်မရာ... ကျွန်တော့်စိတ်ထဲမှာ ခေါင်းဆောင်ရွေးပွဲတင်ဖို့ကိုစိတ်စောနေတာ.. ဒါပေမယ့် တိုက်ပွဲအတွေ့အကြုံကနည်းသေးတော့ စိတ်ချလက်ချမနေနိုင်ဘူးဖြစ်နေတာဗျ..."

" ဟုတ်တယ်ငါ့မောင် ငါ့မောင်က အတွေ့အကြုံအရမ်းနုသေးတယ်... သူသေကိုယ်သေတိုက်ပွဲတွေကိုမကြုံဖူးသေးဘူး ဒါကြောင့်အတွေ့အကြုံယူဖို့လိုအပ်တယ်..."

ပန်းနုက ပြောနေရင်းစဉ်းစားနေတယ် ထိုစဉ် ပန်းနုမျက်နှာလက်ကနဲဖြစ်သွားပြီး

" တိမ်ညွန့်စားတုန်းက ရောက်လာတဲ့ညီအစ်ကိုတွေကိုမှတ်မိလား..."

" မှတ်မိတယ်အစ်မ... အစ်မကိုတောင်ရိသဲ့သဲ့ပြောတဲ့နှစ်ယောက်လေ..."

" အေး ဟုတ်တယ် သူတို့နှစ်ယောက်က တစ်ဦးချင်းစီဆိုရင် ငါ့မောင့်ရဲ့ပညာကိုမယှဉ်နိုင်ဘူး... နှစ်ယောက်ပေါင်းရင်တော့ ငါ့မောင်လွယ်လွယ်နဲ့နိုင်မှာမဟုတ်ဘူးကွ... အဲ့တော့ အစ်မအကြံပေးချင်တယ် အဲ့နှစ်ကောင်ကိုရှာပြီးရှင်းပစ်လိုက်ပါလား... ဒါဆို ငါ့မောင်လဲအတွေ့အကြုံရသွားမယ် တစ်ရန်ရှင်းပြီးသားလဲဖြစ်တာပေါ့ငါ့မောင်ရယ်..."

သက္ကရာဇ်က ပြုံးလိုက်ပြီး

" ဟဲဟဲ တိမ်ညွန့်စားတုန်းက ရုပ်တည်နဲ့လာဖြဲတဲ့နှစ်ကောင် ညစာကိုဝအောင်စားထားဟေ့.. မင်းတို့နှစ်ကောင် မနက်မိုးလင်းတာကိုမမြင်စေရဘူးမှတ်..."

သက္ကရာဇ် ကြိမ်းဝါးလိုက်တဲ့အသံက ဟိန်းထွက်နေပြီး ပျံသန်းနေတဲ့ငှက်များကတောင် လန့်ဖြန့်ကာ လမ်းကြောင်းပြောင်းလဲသွားကြတယ်

သက္ကရာဇ်တစ်ဦးထဲထွက်သွားတာကို နန္ဒာနဲ့အေးမြက စိတ်မချပါဘူး သူတို့နှစ်ယောက်ဟာ ဝေမာနိကဘုံတံခါးဝအထိလိုက်ပို့ကြပြီး လူရိပ်မမြင်ရတော့တဲ့အထိမျှော်ကြည့်နေကြပါသေးတယ်

" အမလေးလေး ဖြစ်နေလိုက်ကြတာ.. အေးမြကတော့ထားပါတော့ ဟိုကလေးမက ဘာဖြစ်နေတာတုန်း..."

ပန်းနုက စလိုက်တာကြောင့် နန္ဒာက ရှက်သွေးဖြာသွားပြီး

" မောင်ကြီးကိုနဲနဲတော့စိတ်ပူတာပေါ့အစ်မရယ် သူ့မှာ အတွေ့အကြုံမရှိသေးတဲ့အပြင် တစ်ယောက်ထဲသွားပြီးတိုက်ခိုက်ရမှာဆိုတော့ စိတ်ပူမိတယ်..."

တောနက်တစ်ခုရှိ မြေကွက်လပ်တစ်ခုမှာ အသက်ငါးဆယ်ခန့်ရှိတဲ့လူနှစ်ယောက်ထိုင်ကာစကားပြောနေကြတယ်။

" အကိုကြီး ကျုပ်ရင်ထဲမှာလေးနေတယ်ဗျာ.. ဒီတစ်ခါပညာအဆင့်တက်ဖို့ နဲနဲခက်မယ်နဲ့တူတယ် ..."

" အေးကွ ငါလဲ အဲ့ဒါစဉ်းစားနေတာ... ဒါပေမယ့် အကြံတစ်ခုတော့ရှိပါသေးတယ်..."

" ဘာအကြံတုန်းအကိုကြီးရ ပြောပြပါဦး..."

" ဟိုးမှာမြင်နေရတဲ့စမ်းချောင်းကိုတွေ့လား အဲ့စမ်းချောင်းကမ်းတစ်နေရာမှာ သူယောင်သီးတွေကိုတွေ့ဖူးတယ်... ငါတို့တွေ သူယောင်သီးတွေကို သိမ်းယူထားလိုက်မယ်..."

" အာ.. အကိုကြီးကလဲ သူယောင်သီးကဘာလုပ်ဖို့တုန်း မိန်းမလိုချင်တာများ လူမိန်းမတွေရိုက်သတ်လို့မကုန်ဘူး ကြိုက်တဲ့မိန်းမကိုပြော ညီလေးခိုးပေးမယ်..."

" မင်းကလေ အဲ့ဒါကြောင့် သုံးစားမရတာ... သူယောင်သီးကဘာမှလုပ်မရမှန်းငါလဲသိတာပေါ့ကွ... ငါလုပ်ချင်တာက ဒီလို... သူယောင်သီးဆိုတာက ဇော်ဂျီတွေသိပ်ကြိုက်တာ ငါတို့က သူယောင်သီးတွေကိုဖွက်ထားပြီး လိုတဲ့ဆေးဝါးတွေနဲ့ ပြန်လဲရမယ်... ဇော်ဂျီကလဲ သူယောင်သီးတွေအသိမ်းခံထားရရင် ငါတို့တောင်းတဲ့ဆေးကိုပေးမှာပဲ..."

" ဟုတ်တယ်နော်အကိုကြီး... ‌ညီလေးတို့အဆင့်တက်ဖို့လိုတဲ့ဆေးကိုဖော်ခိုင်းရမယ် ..."

ဒီလိုနဲ့ လူကြီးနှစ်ယောက်ဟာ ချောင်းရိုးအတိုင်း ဆင်းလာပြီးတော့ သူယောင်သီးတွေကိုရှာဖွေနေကြတယ်။ ခနကြာတော့ စမ်းချောင်းဘေးက အပင်တစ်ခုမှာ သီးနေတဲ့သူယောင်သီးများကိုတွေ့လိုက်ရတယ် သူတို့က အကုန်လုံးကိုခူးယူပြီး တစ်နေရာကနေစောင့်ကြည့်နေလိုက်တယ်

" အကိုကြီး ဇော်ဂျီကမလာသေးပါလား... ကြာလိုက်တာ... စိတ်မရှည်တော့ဘူးဗျာ..."

" မင်းကလဲတမျိုး... ‌လာတဲ့အထိစောင့်ရမှာပေါ့ကွ စိတ်ကိုရှည်ရှည်ထားစမ်းပါ ..."

ညီအကိုနှစိယောက်က ညနေစောင်းတဲ့အထိစောင့်နေပေမယ့် ဇော်ဂျီရဲ့အရိပ်အယောင်ကိုမမြင်ရတာကြောင့် စိတ်မရှည်ကြတော့ပါဘူး အငယ်ကောင်က သူယောင်သီးတစ်လုံးကို ကိုင်ကြည့်ပြီး

" ဟင် ဒီသူယောင်သီက ဝဝတုတ်တုတ်နဲ့လှလဲမလှဘူး ဖက်တီးကြီးပါလား..."

" ထားလိုက်စမ်းပါညီလေးရာ ဒီမှာဇော်ဂျီမလာလို့စိတ်ညစ်နေရတဲ့အထဲ..."

အငယ်ကောင်က ဝတုတ်နေတဲ့သူယောင်သီးကိုကြည့်ပြီး

" အကိုကြီး ဒီသူယောင်သီးကိုကြည့်ပြီး အသဲယားလာပြီး... သူယောင်သီးကိုစားကြည့်ရင်ဘယ်လိုနေမလဲမသိဘူး စားကြည့်ကြမလား..."

" အေးကွ.. ငါလဲ မစားဖူးဘူး.. တစ်ယောက်တစ်ဝက်စားကြည့်ရအောင်..."

ကဝေညီနောင်က ဝတုတ်နေတဲ့သူယောင်သီးကိုခါးကနေကိုင်ချိုးပစ်လိုက်တယ် ထိုအခါ တိုးညှင်းတဲ့ညီးတွားသံထွက်ပေါ်လာပြီး ထိုအသံကြောင့် သစ်ပင်မှာနားနေတဲ့ငှက်များက အလန့်တကြားထပြေးသွားကြတယ်

" အနံ့က တမျိုးပဲအကိုကြီးရ အစေးတွေလဲထွက်လာတယ် ပြီးတော့ မမှည့်သေးလို့လားမသိဘူး လျှာနဲ့တို့ကြည့်တာ နဲနဲဖန်တယ်ဗျ..."

" အေးကွာ ဖန်တန်တန်နဲ့... ရေငန်းသီးလိုပဲ စားရတာအစဉ်မပြေပါဘူး လွှင့်ပစ်တာပဲကောင်းတယ်..."

အကိုဖြစ်သူက သူကိုင်ထားတဲ့သူယောင်သီးတစ်ပိုင်းကို အဝေးသို့လွှင့်ပစ်လိုက်တယ်။ သူယောင်သီးတစ်ပိုင်းက ကျောက်တုံးတစ်ခုနဲ့ထိမိပြီး ရပ်တန့်သွားတဲ့အချိန်မှာတော့ လူတစ်ယောက်က ကောက်ယူလိုက်တယ်

" ငါ့သူယောင်သီးကို.. မင်း.. မင်းတို့...ဖျက်ဆီးလိုက်ပြီ ဟုတ်လား..."

အသံလာရာကို ကဝေညီနောင်ကကြည့်လိုက်တော့ အနီရောင်အထက်အောက်ဝတ်ထားတဲ့ဇော်ဂျီကိုတွေ့လိုက်ရတယ်

" အေး... ငါတို့မင်းကိုစောင့်နေတာကြာလို့ ပျင်းတာနဲ့ စမ်းကြည့်လိုက်တာ... ဒီသူယောင်သီးကလဲ ဖက်တီးပါကွာ လှလဲမလှဘူး..."

" လှလှမလှလှ မင်းတို့နဲ့ဘာဆိုင်လဲ... ငါ့သူယောင်သီးတွေကိုဖျက်‌ဆီးတာ ငါ့ကိုရန်စတာပဲ..."

ဖေဇော်ဂျီက ဒေါသပေါက်ကွဲနေပါပြီ သူအမြတ်နိုးဆုံးဖြစ်တဲ့သူယောင်သီးကိုဖျက်ဆီးလိုက်တာကြောင့် ဖေဇော်ဂျီရဲ့ဒေါသက အထွဋ်အထိပ်ကိုရောက်ရှိနေခဲ့ပြီ

ကဝေညီနောင်က ထိုင်ရာကနေထလာပြီး

" ဖျက်ဆီးတော့ဘာဖြစ်လဲကွာ... ငါတို့လက်ထဲမှာတခြားသူယောင်သီးတွေလဲရှိသေးတယ် အကုန်ဖျက်ဆီးလိုက်ရမလား..."

ကဝေညီနောင်က ဇော်ဂျီဒေါသထွက်နေမှန်းသိတာကြောင့် ပိုပြီးဆွပေးတယ် ဒေါသမထိန်းနိုင်တော့တဲ့ဖေဇော်ဂျီက မျက်လုံးတွေနီရဲလာပြီး ဒေါသတကြီးနဲ့ ဆေးကြိမ်လုံးကိုဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ မွှေးပျံ့တဲ့ရနံ့တွေက လှိုက်ကနည်းထွက်ပေါ်လာပါတော့တယ်

ကဝေညီနောင်လဲ သူတို့ဂွင်ထဲရောက်ပြီဖြစ်တာကြောင့် ဇော်ဂျီကိုအရှေ့အနောက်ညှပ်ကာ နေရာယူလိုက်ကြတယ်

ဇော်ဂျီတောင်ဝှေ့ကနေ အမွှေးနံ့တွေအကုန်ထွက်သွားတာနဲ့ ကဝေအကြီးကောင်က တဟားဟားရီပြီး လက်တွေကို ဘယ်ညာဝှေ့ယမ်းလိုက်တယ် ထိုအခါ လေပြင်းတွေတိုက်ခတ်လာပြီး ဇော်ဂျီထုတ်လိုက်တဲ့အမွှေးနံ့တွေက လွင့်မြောကုန်တယ်

ဇော်ဂျီက ဆေးလုံးတစ်ချို့ကို ထုတ်ယူကာ ဝါးလိုက်တယ် ပါးစပ်အပြည့်ဝါးပြီးတော့ ထိုဆေးမှုန့်တွေကိုထွေးထုတ်လိုက်ရာ ဆေးမှုန့်တွေထိမှန်သွားတဲ့နေရာတွေက အသက်ဝင်လာပြီး လှုပ်ရှားလာခဲ့တယ် အသစ်ပင်တွေ့ရဲ့အကိုင်းတွေက လက်များသဖွယ်လှုပ်ရှားလာပြီး ကဝေအကြီးကောင်ကို ဖမ်းချုပ်ဖို့လုပ်တယ် နွယ်ပင်များကလဲ ခြေထောက်တွေကိုရစ်ပတ်တယ် ကျောက်တုန်းကျောက်ခဲအသေးလေးတွေကလဲ စုစည်းလာလိုက်တာ လူတစ်ရပ်ခန့်မြင့်တဲ့ကျောက်ဘီလူးအဖြစ်ပြောင်းသွားတော့တယ်

" ဟားဟားဟားဟား... ဒိဇော်ဂျီကဘယ်ဆိုးလို့လဲ... သက်မဲ့တွေကိုအသက်ရှိအောင်လုပ်နိုင်တယ်.. မဆိုးဘူး မဆိုးဘူး ..."

" အပိုတွေပြော‌မနေနဲ့အကိုကြီး မြန်မြန်ကိစ္စဖြတ်လိုက်တော့ မဟုတ်ရင် ပြသနာတက်တော့မယ်..."

ကဝေအကြီးကောင်ဘက်မှာအဆင်ပြေနေပေမယ့် အငယ်ကောင်ဘက်မှာတော့ ခြုံနွယ်တွေပေါများတာကြောင့် နွယ်ပင်တွေကရစ်ပတ်ချုပ်နှောင်နေပါပြီ

ကဝေအကြီးကောင်က သူ့ညီကိုကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ပြောလိုက်တယ်

" မင်းကတော်တော်အသံုးမကျတာပဲ... မယားတွေရှာဖို့ပဲအသုံးဝင်တယ်.. ကျန်တာဘာမှသုံးစားမရတဲ့ကောင်... မင်းရဲ့ပညာစက်တွေကို အခုနှိုးလိုက်တော့..."

အငယ်ကောင်က သူ့ကိုအသုံးမကျဘူးလို့ပြောတာကြောင့် စိတ်တိုသွားပေမယ့် ဘာမှပြန်မပြောတော့ပါဘူး သူဟာ ဒေါသထွက်ထွက်နဲ့ ပညာစက်တွေကို နှိုးလိုက်တယ် ကဝေစက်တွေက တဝီဝီလည်လာပြီး သူ့ရဲ့ခန္ဓာကိုယ်ကို ချုပ်နှောင်ထားတဲ့ နွယ်ပင်တွေသစ်ကိုင်းတွေကိုဖြတ်တောက်သွားခဲ့တယ်

အကြီးကောင်ကလည်း ပညာ‌စက်တွေကိုနှိုးလိုက်တာမို့ စက်တွေက ဇော်ဂျီရဲ့ဆေးအစွမ်းကြောင့်ဖြစ်လာတဲ့အရာတွေကိုဖျက်ဆီးပစ်လိုက်တယ် ။ ဇော်ဂျီက သူ့ရဲ့ဆေးအစွမ်း‌ပျယ်တာကိုသိတာနဲ့ ဆေးက်ြမ်လုံးကိုမြှောက်ပြီး ဆေးလုံးတွေကိုလေပေါ်ပစ်တင်တယ် ဆေးလုံးတွေက ကြိမ်လုံးနဲ့တစ်သားထဲပေါင်းသွားတဲ့အချိန်မှာတော့ ဆေးကြိမ်လုံးနဲ့ရိုက်ဖို့ပြေးဝင်သွားခဲ့တယ် ကဝေအကြီးကောင်ရဲ့အနားမရောက်ခင်မှာပဲ ဇော်ဂျီက တုံ့ကနဲရပ်သွားတာကြောင့် ကြည့်လိုက်ရာ မြေကြီးထဲကို သူ့ခြေထောက်က ကျွံဝင်နေခဲ့ပါပြီ ထိုအချိန်မှာပဲ သူ့ရဲ့လက်ကို ပြင်းပြင်းထန်ထန်ထိခိုက်မိပြီး ကြိမ်လုံးကလွင့်ထွက်သွားခဲ့တယ် ထိုအချိန်မှာပဲကျန်တဲ့လက်တစ်ဖက်ကချုပ်နှောင်တာခံလိုက်ရပြီး

" အဖိုးကြီး... ခင်များ လိမ်လိမ်မာမာနေရင်အသက်ရှည်မယ်... ဘာလဲ သေချင်နေပြီလားခင်များက..."

ဇော်ဂျီက အဖမ်းခံလိုက်ရတဲ့အချိန် သူ့ရဲ့ဆေးလုံးတွေကိုနှိုက်ဖို့ဟန်ပြင်လိုက်စဉ်မှာပဲ ပတ်ဝန်းကျင်မြင်ကွင်းများဟာ ပြောင်းလဲသွားခဲ့တယ် ကျေးငှက်သာရကာတို့ရဲ့အော်မြည်သံနှင့်အတူ ကလေးငယ်လေးတစ်ယောက်က ခွေးတစ်ကောင်နဲ့ဆော့ကစားနေတာကိုမြင်နေရပြီး ထိုကလေးငယ်က သူ့ကိုမြင်တာနဲ့ပြေးလာကာ

" ဖေဖေကြီးပြန်လာပြီမေမေရေ... ဖေဖေကြီးပြန်လာပြီ..."

" ဟယ် ယောကျာ်းပြန်လာပြီလား... အလုပ်တွေလုပ်ရလို့ပင်ပန်းနေပြီလားယောကျာ်းရယ်.. လာလာ အိမ်ထဲကိုလာ..."

အိမ်ထဲကနေတဲ့ထွက်လာတဲ့အမျိုးသမီးက သူ့သဘောကျတဲ့ သူယောင်မယ်ဝဝကြီးပဲဖြစ်နေခဲ့တယ် သူဟာပျော်သွားပြီး ကလေးငယ်ကိုလက်ကဆွဲကာ အိမ်ထဲကိုဝင်လိုက်တယ် အိမ်ထဲမှာတော့ စားသောက်ဖွယ်ရာအစုံအလင်ရှိနေပြီး သူတို့မိသားစုဟာ ပျော်ပျော်ရွှင်ရွှင်နဲ့စားသောက်လိုက်ကြတော့တယ်

ကဝေအကြီးကောင်ဟာ သူ့အရှေ့မှာထိုင်နေတဲ့ဇော်ဂျီကိုကြည့်ပြီးပြုံးလိုက်တယ်

" ဟင်းဟင်းဟင်း... ဒီဇော်ဂျီက သူယောင်မယ်ဖက်တီးကိုကြိုက်နေတာပါလား... သူ့ရဲ့စိတ်ကိုညှို့ပြီး သူလိုချင်တာကိုဖန်ဆင်းပေးထားလိုက်ရင် ငါ့အတွက်အဆင်ပြေမှာပဲလေ... ဟားဟားဟား... ညီလေးရေ... ငါတို့လိုတဲ့ဆေးတွေကို စိတ်ကြိုက်ဖော်ခိုင်းလို့ရပြီကွ..."

ကဝေညီနောင်နှစ်ယောက်က တဟားဟား ရီနေစဉ် နူးညံ့တဲ့လှိုင်းတစ်ခုက တဖြည်းဖြည်းပတ်လည်ဝိုင်းလာတာကိုသတိမထားမိခဲ့ဘူး သူတို့နှစ်ယောက်ဟာ ဇော်ဂျီကိုသာအာရုံစိုက်မိနေကြတယ်

" အကိုကြီး ဒီဇော်ဂျီရဲ့လွယ်အိတ်ထဲမှာ ဘာတွေပါမလဲ ကြည့်ရအောင် ..."

" ဆေးပင်တွေနဲ့ဆေးတွေပဲပါမှာပေါ့ညီလေးရ... ဘာတွေပါမယ်ထင်လို့လဲ..."

" မသိဘူးလေအကိုကြီးရာ... သိဒ္ဓိဝင်တာတွေများပါမလားလို့ ကြည့်ချင်လို့ပါ..."

အငယ်ကောင်က ဆေးလွယ်အိတ်ကိုသွန်ချလိုက်တော့ ရှားပါးဆေးမြစ်တွေအပြင် ထူးဆန်းတဲ့ပစ္စည်းတချို့ပါထွက်ကျလာတယ်

" ဟာ... ကျောက်လက်ဝါး.. ကျောက်ခြေထောက်တွေပါလား.... မှန်းစမ်း.. ဒီအလုံးလေးက ဘာလေးလဲ..."

" ညီလေးရေ အဲ့ဓါတ်လုံးက လိုတရဓါတ်လုံးပဲ... အသက်ရှည်မယ် အနာမဲ့မယ် လိုတိုင်တလို့ရတယ်ကွ... နတ်မင်းကြီးတွေကိုတောင်အလိုရှိရာစေခိုင်းလို့ရတဲ့ဓါတ်လုံး... ငါတို့လိုအပ်တာတွေကို စိတ်ကြိုက်ဖန်ဆင်းလို့ရပြီ ဟားဟားဟား..."

အကြီးကောင်စကားဆုံးတာနဲ့ အငယ်ကောင်က ဓါတ်လုံးကိုမြိုချလိုက်တယ် ပြီးတော့ မျက်စိကိုမှိတိပြီး

" ငါ့ကိုပြုစုမယ့်ကောင်မလေးချောချောလေးတွေထွက်လာခဲ့စမ်း..."

ကဝေအငယ်ကောင်ကတလိုက်တာနဲ့ ကြိမ်လုံးတွေကိုင်ထားတဲ့လူထွားကြီးနှစ်ယောက်ပေါ်လာပြီး အငယ်ကောင်ကိုရိုက်တော့တယ်

" အမလေးဗျ လုပ်ပါဦးအကိုကြီး... ကျုပ်ကိုရိုက်နေပြီဗျ..."

" ဟာကွာ ညီလေးကလဲ... နတ်သမီးလေးနှစ်ယောက်က မင်းကိုနမ်းနေတာများ ရိုက်နေတယ်ဆိုပြီးပြောရသလား... အေးအေးဆေးဆေးပျော်ပါးလိုက်ဦး... ဒီဆေးလွယ်အိပ်ထဲမှာ နဂါးအမတေများပါမလားမသိဘူး ရှာကြည့်ဦးမယ်..."

ကဝေအကြီးကောင်က ဆေးလွယ်အိပ်ထဲကထွင်လာတဲ့ပစ္စည်းတွေကို ထပ်ရှာဖွေနေတယ် အငယ်ကောင်ကတော့ ကြိမ်လုံးနဲ့ရိုက်တဲ့ဒဏ်ကိုလှိမ့်ပြီးခံနေရလေရဲ့

" သေပါပြီဗျ သေပါပြီ... အကိုကြီးရေ.. လုပ်ပါဦး ညီလေးရဲ့ပညာတွေထုတ်လို့မရတော့ဘူးဗျ..."

ကဝေအငယ်ကောင်ကအော်နေပေမယ့် အကြီးကောင်ရဲ့နားထဲမှာ သီချင်းဆိုသံတွေသာကြားနေရတယ် သူဟာ ဆေးလွယ်အိတ်ထဲကနေ ထွက်လာတဲ့ နဂါးအမတေကိုကိုင်ပြီး အူမြူးနေတယ်။ နဂါးအမတေကနေ ရီသံတစ်ချက်ထွက်လာတာကြောင့် ကဝေအကြီးကောင်က အံဩသွားတော့တယ်

" ဟင် ဘယ်လိုဖြစ်တာလဲ... ဇော်ဂျီဘယ်ရောက်သွားလဲ အငယ်ကောင် မင်းဘယ်မှာလဲ..."

အကြီးကောင်ရဲ့မြင်ကွင်းဟာ ရှင်းလင်းပြီးဘာမှမရှိပါဘူး သူဟာ လေဟာနယ်ထဲမှာမက်တပ်ရပ်နေရသလိုဖြစ်နေခဲ့တယ်

" ဟေ့ကောင်အငယ်ကောင်... မင်းဘယ်မှာလဲလို့မေးနေတယ်လေ..."

" ဒီဘက်မှာလေ အကိုကြီး... လုပ်ပါဦးဗျာ.. ကျုပ်ကို အသေရိုက်နေကြတယ်ဗျ နာလှပြီ..."

" ဟင် ငါမင်းကိုမမြင်ရဘူး... အသံပဲကြားရတယ်..."

ထိုစဉ် ကောင်းကင်ထက်ကနေ အသံတစ်ခုထွင်ပေါ်လာခဲ့တယ်

" မင်းတို့ညီအစ်ကိုနှစ်ကောင်က... ဖေဇော်ဂျီကို စိတ်ညှို့ထားလို့ ငါကလဲ စိတ်ပြန်ညှို့ထားလိုက်တာ... အခုဘာတက်နိုင်သးလဲ ငါပြန်မဖြေမချင်း မင်းတို့ဒီအတိုင်းသာနေပေတော့..."

" ဟေ့ကောင် မင်းကဘာကောင်တုန်း... ငါတို့ညီအစ်ကိုနှစ်ယောက်သတိလစ်သွားတဲ့ခနလေးမှာ ငါတို့ကိုစိတ်ညှို့လိုက်တယ်ပေါ့လေ ဟုတ်လား...သတ္တိရှိရင် ပြန်ဖြေပေးစမ်း သူသေကိုယ်သေတိုက်မယ်..."

" ဟားဟားဟားဟား... သူသေကိုယ်သေတိုက်မယ်ဆိုပါလား... ငါကလဲ အဲ့ဒါမျိုးကိုမှ သဘောကျတာ ..."

ကဝေညီနောင်နှစ်ယောက်ရဲ့မြင်ကွင်းတွေက ပြောင်းလဲသွားတော့တယ်။ သူတို့နှစ်ယောက်ရဲ့အရှေ့မှာ ဇော်ဂျီက ငုတ်တုတ်လေးထိုင်နေပြီး ကြောင်နေတယ် ဇော်ဂျီရဲ့အရှေ့မှာတော့ လူငယ်လေးတစ်ယောက်ရပ်နေပြီး ထိုလူငယ်လေးက သူတို့ကို ပြုံးပြီးကြည့်နေတယ်

" ဟေ့ကောင်လေး... မင်းကဒိမှာဘာလာလုပ်နေတာလဲ ခပ်ဝေးဝေးသွားစမ်း... ဒီမှာအစွမ်းထက်တဲ့ကဝေတစ်ကောင်နဲ့ငါတို့တိုက်တော့မှာ... မင်းပါရောပြီးသေနေမယ်..."

" ဘာပြောတယ်ဗျ ကျုပ်ပါရောပြီးသေမယ်ဟုတ်လား... ခင်များတို့က တော်တော်ရီစရာကောင်းတာပဲ..."

ကောင်လေးကပြောပြီးတာနဲ့ ဇော်ဂျီရဲ့ဦးခေါင်းကိုကိုင်ပြီး ပညာစက်တစ်ချို့ထည့်သွင်းလိုက်တယ်

" အားး ဆိုတဲ့အသံနဲ့အတူ ဇော်ဂျီကအနောက်သို့ပက်လက်လန်လဲကျသွားတယ်..."

" မင်း.. မင်းက.. ငါတို့ပညာစက်တွေကိုဖျက်ဆီးနိုင်တယ်ပေါ့ ဟုတ်လား..."

" ဟဲဟဲ.. ခုနတုန်းကတော့.. သူသေကိုယ်သေတိုက်မယ်လေးဘာလေးနဲ့ အခုမှကြောက်နေပြီလားဗျ..."

" ဘာ ငါတို့ကို ညှို့လိုက်တာ မင်းပေါ့... မင်း မင်းက ဘယ်သူလဲ..."

" ကျုပ်တို့တွေ့ဖူးပါတယ်... ပြန်စဉ်းစားကြည့်ပါဦးဗျာ..."

သက္ကရာဇ်ကပြောလိုက်တဲ့အချိန် အငယ်ကောင်က အကြီးကောင်အနားကပ်လိုက်ပြီး

" အကိုကြီး... ဟိုးတစ်လေတုန်းက ပန်းနုနဲ့တွေ့ခဲ့တာမှတ်မိသေးလား... ဒီကောင်လေးက ပန်းနုနဲ့ပါလာတဲ့ကောင်လေးပဲ..."

" ဟေ ဒါဆို မဖြစ်ဘူး အန္တရာယ်များတယ်... ဘေးပတ်ပတ်လည်ကိုသတိထား ပန်းနုကအလစ်ဝင်တိုက်ရင် မလွယ်ဘူး..."

ညီအကိုနှစ်ယောက်အခြေအ‌တင်ပြောနေစဉ်မှာပဲ သက္ကရာဇ်က စိတ်မရှည်တဲ့ပုံစံနဲ့

" အရေမရအဖက်မရတွေပြောမနေပါနဲ့... ဆရာမပန်းနုပါမလာဘူး... ငါတစ်ယောက်ထဲလာတာ.. မင်းတို့က ဖေဇော်ဂျီကိုအနိုင်ကျင့်ယုံမကဘူး သူ့ရဲ့သူယောင်မယ်ကိုပါဖျက်ဆီးလိုက်တာဆိုတော့ ငါ့အနေနဲ့ညှာတာစရာမလိုတော့ပါဘူးလေ..."

ကဝေညီနောင်က မျက်နှာတွေတည်သွားကြတယ် ပြီးတော့ သူတို့ဗိုက်ကိုသူတိုနှိပ်ပြီး အူးလှိုက်သည်းလှိုက်ရီကျပြန်တယ်

" မင်းလိုချာတိတ်က ငါတို့ညီအစ်ကိုနှစ်ယောက်ကို... ဟားဟားဟား...."

ကဝေညီနောင်ဟားတိုက်ရီနေစဉ် သက္ကရာဇ်က မြေကြီးကိုလက်နဲ့ကိုင်ပြီး ပညာစက်တွေကိုထည့်သွင်းလိုက်တယ် ထိုအခု သူ့ကိုလှောင်နေတဲ့ ညီအစ်ကိုနှစ်ယောက် မျက်နှာပျက်သွားပြီးတော့ ပညာစက်တွေကိုနှိုးဆွလိုက်ကြတော့တယ်

စမ်းချောင်းဘေးမှာ ကဝေသုံးယောင်ရဲ့တိုက်ပွဲက တော်တော်လေးကိုပြင်းထန်လွန်းလှတယ် လေပြင်းတွေတိုက်ခပ်လာသလို ကောင်းကင်ကနေလဲမိုးကြိုးတွေအဆက်မပြတ်ပစ်ခပ်နေခဲ့တယ်။ တိုက်ပွဲနှင့်မနီးမဝေးတစ်နေရာမှာတော့ လူတစ်စုက ကျားကြီးတစ်ကောင်ဘေးတွင်ပတ်ပတ်လည်ထိုင်နေကြပြီး ကျားကြီးရဲ့ဒဏ်ရာများကိုကုသနေကြတယ် ထိုလူစုကိုဦးဆောင်လာသူကတော့ ခင်ခင်စန်းပါ သူဟာ အဝေးကနေလွင့်လာတဲ့ကဝေစက်များကိုခံစားမိတာနဲ့ သူ့လူတွေကိုအချက်ပြလိုက်တယ်

" ဟိတ်... ငါတို့လူတွေအကုန်လုံးကို ဒီမှာလာစုဖို့အချက်ပေးလိုက်... သမန်းကျားတွေလဲ လာခဲ့ပါလို့ပြောလိုက်... ဘယ်သူတိုက်ပွဲဖြစ်နေပြီလဲမသိဘူး... ငါအနောက်ကနေ နှစ်ယောက်လိုက်လာခဲ့ အခြေအနေသွားကြည့်ရအောင်..."

ခင်ခင်းစန်းတို့အမြန်သွားကြည့်ရု အပြင်းအထန်တိုက်ပွဲဖြစ်ထားတဲ့နေရာကိုသာတွေ့ရပြီး စမ်းချောင်းလေးဘေးမှာတော့ ခေါင်းမပါတော့တဲ့ကိုယ်လုံးနှစ်ခုကိုသာတွေ့လိုက်ရတယ်

" ဒီအလောင်းတွေက ကဝေဘဒင်တို့ညီအစ်ကိုနှစ်ယောက်ရဲ့အလောင်းတွေမှတ်လား... မှန်းစမ်း တိုက်ပွဲက ဒီမှာစဖြစ်တာ... ဟင် ဒီမှာသူယောင်သီးတစ်လုံးကိုခွဲထားတာဆိုတော့ ဘဒင်တို့ညီအစ်ကိုတွေက သူယောင်သီးကိုလာခွဲပြီး ဇော်ဂျီကို ရန်လာစတာနဲ့တူတယ်... ဒီမှာ ဇော်ဂျီရဲ့ဆေးမှုန့်တွေတွေ့တယ်..."

ခင်ခင်စန်းက သူ့အနောက်မှာပါလာတဲ့စုန်းနှစ်ယောက်ကိုရှင်းပြနေစဉ် သမန်းကျားကြီးတစ်ကောင်ရာက်လာပြီး လူအသွင်ပြောင်းလဲလိုက်တယ်

" အော် ကိုစံထွားပါရောက်လာပြီလား ဒီမှာဘဒင်တို့ညီအစ်ကိုနှစ်ယောက်တော့သေပြီရှင့်... ကြည့်ရတာ ဇော်ဂျီကိုရန်လာရှာလို့ အသတ်ခံလိုက်ရတာထင်တယ်..."

စံထွားက အလောင်းနှစ်ခုကိုသေသေချာချာကြည့်ပြီး

" ဇော်ဂျီသတ်တာဆိုရင် အလောင်းတောင်ကျန်မှာမဟုတ်ဘူး ခင်ခင်စန်း... ပြီးတော့လည်ပင်းကိုဖြတ်သွားတာက ကဝေစက်နဲတိတိကျကျကိုဖြတ်သွားတာ... ခြေရာလက်ရာတွေကိုကြည့်ရရင် ဘဒင်တို့ညီအစ်ကိုကို လူတစ်ယောက်ထဲကသတ်သွားတာဖြစ်ရမယ်..."

" တစ်ယောက်ထဲကသတ်သွားတာဖြစ်နိုင်ပါ့မလားရှင်... ဘဒင်တို့က လွယ်လွယ်နဲ့သတ်လို့ရတဲ့သူငယ်နှပ်စားတွေမဟုတ်ဘူးနော်... အသက်ရာချီရှည်တဲ့ကဝေကြီးတွေ... သူတို့နှစ်ယောက်ကိုသတ်ဖို့ဆိုတာ မလွယ်လောက်ဘူး..."

" အင်း ဟုတ်တယ်... ဒါပေမယ့် လူတစ်ယောက်ထဲကသတ်သွားတာတော့အမှန်ပဲ... သူသုံးသွားတဲ့ပညာတွေကိုစစ်ကြည့်လို့ရမလား..."

စံထွားက ပညာတွေကိုစစ်ခိုင်းတာကြောင့် ခင်ခင်စန်းက ပတ်ဝန်းကျင်ကို သေသေချာချာလေ့လာပြီး သုံးသွားတဲ့ပညာစက်တွေကိုစစ်ဆေးကြည့်လိုက်တယ်

" အင်း အဆင့်မြင့်တဲ့ကဝေပညာတွေသုံးပြီးတိုက်သွားတာပဲ... မြေကြီးကနေဖန်ဆင်းလိုက်တဲ့ကျားကတောင် ကိုစံထွားနှစ်ကိုယ်စာလောက်ရှိမယ်ထင်တယ်... ခြေရာကနည်းတာကြီးမဟုတ်ဘူး... ပြီးတော့ ဒီသစ်ပင်မှာထိမှန်ထားတဲ့ပညာစက်တွေကိုကြည့်ရင် အားတော်တော်ပါတယ်... လာတိုက်ခိုက်တဲ့လူကလဲ နှစိရာချီကဝေကြီးတစ်ယောက်ပဲဖြစ်ရမယ်..."

ခင်ခင်စန်းဟာ မှတ်ချက်အမျိုးမျိုးပေးနေပေမယ့် စံထွားက ကျားခြေရာကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်

" ဒီခြေရာတွေကိုကြည့်ရင် သမန်းကျားတွေရဲ့ဟိတ်ဟန်ပါနေတယ်ခင်ခင်စန်း... ငါထင်တာမမှားဘူးဆိုရင် ဒီကဝေကြီးနှစ်ယောက်ကိုသတ်သွားတာက အေးမြရဲ့သားပဲဖြစ်ရမယ်... ဟိုးတလောတုန်းက ဂူထဲမှာဖြစ်ပျက်သွားတာတွေကိုနင်မှတ်မိတယ်မဟုတ်လား..."

" ကျားနှစ်ကောင်ဂူထဲကိုလာတဲ့ကောင်လေးလား... သူ့အဆင့်နဲ့ ဘဒင်တို့ကိုသတ်နိုင်ပါ့မလား... တကယ်လို့သတ်နိုင်တယ်ဆိုရင် ကျွန်မတို့ဘက်က ဒီထက်ပိုပြီးပြင်ဆင်ဖို့လိုမယ်ထင်တယ်..."

" အေး ဟုတ်တယ်... ရှေ့လမှာ ခေါင်းဆောင်ရွေးပွဲကျင်းပမှာဆိုတော့... အဲ့ရောက်ရင် သူ့အစွမ်းကိုသိရမှာပဲလေ... ကြည့်ရတာ ဒီကောင်လေးကိုနိုင်မယ့်လူက ငါတို့ရွာမှာ လူနည်းစုပဲရှိလောက်မယ်ထင်တယ်..."

ခင်ခင်စန်းနဲ့စံထွားက အတေးကိုကြည့်ပြီးပြောနေရစ်ကြတယ် သူတို့ဟာ ကဝေကြီးဘဒင်တို့ညီအစ်ကိုနှစ်ယောက်ကို အချိန်ခနလေးအတွင်းသတ်ဖြတ်သွားတဲ့ လူကို အံဩနေကြလေရဲ့

ပန်းနုက သူစိုက်ထားတဲ့အပင်တွေကိုကြည့်ကာ သဘောကျနေစဉ် အရှေ့သို့ ဦးခေါင်းပြတ်နှစ်လုံးက လျက်တပျက်ကျရောက်လာတာကြောင့်လန့်သွယးခဲ့တယ်

" ဟဲ့ပလုပ်တုတ်... အာ.. ငါ့မောင်ကတော့လုပ်ပြီကွာ... ဘာကိစ္စဒီခေါင်းကြီးတွေကိုယူလာခဲ့တာတုန်း တစ်ခါထဲမီးရှို့ခဲ့တာမဟုတ်ဘူး အလုပ်ရှုပ်တယ်..."

သက္ကရာဇ်က ပန်းနုကိုကြည့်ကာပြုံးလိုက်ပြီး

" ဒါတွေထားဦးအစ်မ.. ဖေဇော်ဂျီက သူတို့နှစ်ယောက်ကြောင့် ကြောင်တောင်တောင်ဖြစ်နေတယ်... အဲ့ဒါဘယ်လိုလုပ်ရမလဲ ပြောပြဦး..."

" ဟင်.. ဖေဇော်ဂျီက ဘယ်ကဘယ်လိုဖြစ်ပြီး ‌ပါလာရတာတုန်း..."

" အဲ့ဒါတော့ကျွန်တော်လဲမသိဘူးအစ်မ... ကျွန်တော်သူတို့နှစ်ယောက်ကိုလိုက်ရှာရင်းနဲ့ သူယောင်သီးတွေရှိတဲ့နေရာမှာ သူတို့တိုက်ခိုက်နေတာတွေ့တာပဲ... အဲ့မှာ ကျွန်တော်ဝင်တိုက်ပြီး သူတို့နှစ်ယောက်ကိုသတ်လိုက်တာ... တိုက်ပွဲကပြင်းထန်တယ်ဆိုပေမယ့် သိပ်မကြာလိုက်ပါဘူးအစ်မရာ ခနလေးနဲ့ကိစ္စပြတ်တာပဲ..."

ပန်းနုက သက္ကရာဇ်စကားကြောင့်ကြောင်သွားတယ် ကဝေဘဒင်တို့ညီအစ်ကိုနှစ်ယောက်‌ဆိုတာက ဉာဏ်နီဉာဏ်နက်များမှန်းသိတာကြောင့် လွယ်လွယ်နဲ့အနိုင်မယူနိုင်ပါဘူး ဒါပေမယ့် သက္ကရာဇ်က ခေါင်းဖြတ်ပြီးယူလာတာကြောင့် သူကလက်ခံရတော့မှာပါ

ပန်းနုဟာ သက္ကရာဇ်အနောက်ကနေလိုက်လာခဲ့တယ် ခန်းမထဲဝင်လိုက်တော့ သူယောင်သီးတွေကြားမှာ ငူငူကြီးထိုင်နေတဲ့ဖေဇော်ဂျီကိုမြင်လိုက်ရတယ်

" ဖေဇောိဂျီ.. ဖေဇော်ဂျီ.. အဆင်ပြေရဲ့လား..."

ဖေဇော်ဂျီက ပန်းနုကိုမြင်တော့ တစ်ဝက်ပဲကျန်တဲ့ သူယောင်သီးကိုပြတယ်

"ဟယ်... ဒါကဘယ်လိုဖြစ်တာလဲ... ဘဒင်တို့ဖျက်‌ဆီးလိုက်တာထင်တယ်.. ဒုက္ခပါပဲ... ဒီအသီးက ဖေဇောိဂျီအချစ်ဆူံ သူယောင်မယ် ဝဝကြီးပဲ... ဘယ်လိုလုပ်ရပါ့မလဲ..."

" ကျွန်တော်လဲ ဘာလုပ်ရမှန်းမသိလို့ ဒိကိုသယ်လာလိုက်တာ... ဒီအတိုင်းပစ်ထားရင် ဘာဆက်ဖြစ်မယ်ဆိုတာမပြောနိုင်ဘူးလေ..."

" အင်း ငါ့မောင်ခေါ်လာတာကောင်းပါတယ်... ဒီမှာခေါ်ထားတာကစိတ်ချရသေးတယ်.. သူ့ကိုဘယ်လိုကုရမယ်ဆိုတာမသိသေးတော့ ခနလောက်ခေါ်ထားတာကောင်းပါတယ်..."

ဒိလိုနဲ့ ဖေဇောိဂျီဟာ သက္ကရာဇ်တို့နေရာကိုရောက်လာခဲ့တော့တယ် ဖေဇော်ဂျီကိုကုဖို့အတွက် အခက်အခဲကရှိနေဆဲပါပဲ နန္ဒာတို့က ပါလာတဲ့သူယောင်သီးတွေကို တစ်နေရာမှာသိမ်းထားလိုက်ရတယ်

အဲ့ဒီလိုနေလာရင်း သက္ကရာဇ်က ကျမ်းစာအုပ်ထဲကပညာတွေကို ပိုပြီးတက်မြောက်လာခဲ့တယ် လေ့ကျင့်တာလဲမရပ်ခဲ့သလို ခေါင်းဆောင်ရွေးပွဲနေ့မတိုင်ခင် ပညာထက်သည်ထက် ထက်အောင်လေ့ကျင့်နေပါတော့တယ်။

ဆက်ရန်ရှိသေးသည်။
နေလင်းရောင်(ဒဂုံမြေ)

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Star in the Darkness Storiesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์