08/04/2024
ဘဲမှာ စော်သုံးဗွေ ရှိတယ်။
ဘယ်သူ့ကို လက်ထပ်ရမှန်း ဝေခွဲမရဘူး။
စမ်းသပ်တဲ့အနေနဲ့ စော်တစ်ဗွေစီကို ဒေါ်လာ
ငါးထောင်စီ ပေးလိုက်တယ်။
ပထမစော်က ငါးထောင်ကို ဆံပင်ညှပ်တယ်၊
လက်သဲအလှပြင်တယ်၊ပေါင်းတင်တယ်၊အဝတ်
အစားသစ်တွေ ဝယ်တယ်။ ပြီးတော့ ဘဲကို ပြော
တယ်။ "ပိုက်ဆံအားလုံး ရှင့်အတွက် ကျမလှဖို့
ပြင်လိုက်တယ်။ ရှင့်ကို ချစ်တယ်"
ဒုတိယစော်က တီဗီဝယ်တယ်၊စီဒီစက်ဝယ်တယ်၊
ဂေါက်ကလပ်ဝယ်တယ်။ဒါတွေကို သူ့ဘဲကိုပဲ
လက်ဆောင်ပြန်ပေးလိုက်တယ်။ "ကျမရှင့်ကို
အရမ်းချစ်လို့ ဟု"
တတိယစော်က ငါးထောင်ကို စတော့စျေးကွက်
မှာ ရင်းနှီးမြှုပ်နှံလိုက်တယ်။ငွေက နှစ်ဆတိုး
လာတယ်။ ငါးထောင်ကို ပြန်ထုတ်ပြီး ဘဲကို ပေး
လိုက်တယ်။ကျန်တဲ့ ငွေကို ထပ်ရင်းနှီးထားတယ်။
"ကျမတို့ အနာဂါတ်အတွက် ငွေတွေရင်းနှီးမြှုပ်နှံ
ထားတာ၊ရှင့်ကို အရမ်းချစ်လို့ ပါ "
ဘဲက စော် သုံးဗွေ စီက ပိုက်ဆံအတွက် တုန့်ပြန်မှုတွေကို သေချာ တွေးတောစဉ်းစားပြီး
နောက်ဆုံးတော့ နို့အကြီးဆုံး စော်ကိုသာ လက်ထပ်
ဖို့ သူ ဆုံးဖြတ်လိုက်တော့ တယ် ။
Crd