T & T Creativity You and only you have the power to change your life.

ဘဝခရီးက လျှောက်လှမ်းရ မလွယ်ပါဘူး ...။ 😊ပုခုံးထက်မှာ တာဝန်ရှိတယ် ...၊ရင်ထဲမှာ ဖိအားရှိတယ် ...၊တယောက်တည်း တမိုးကို ထမ်းထား...
18/10/2025

ဘဝခရီးက လျှောက်လှမ်းရ မလွယ်ပါဘူး ...။ 😊
ပုခုံးထက်မှာ တာဝန်ရှိတယ် ...၊
ရင်ထဲမှာ ဖိအားရှိတယ် ...၊
တယောက်တည်း တမိုးကို ထမ်းထားရတယ် ...။

ဘယ်လောက်ခက်ခဲလည်း လက်မလွှတ်ဘူး ...၊
ဘယ်လောက်ပင်ပန်းလည်း ရှောင်မပြေးဘူး ... ။😊

အရင်တုန်းက
ငါတို့ဟာ ကြံ့ခိုင်ချင် ဟန်ဆောင်တယ်၊
နောက်တော့ ကြံ့ခိုင်ဖို့ ကျင့်သားရသွားတယ် ... ။

တကယ်တော့
မှီခိုရာ ပုခုံးတစုံ ဘယ်သူ မလိုချင်မှာလဲ ...?

ဒါပေမဲ့ ငါတို့ သန်စွမ်းသူဖြစ်အောင် လုပ်ရတယ် ...။
မသန်စွမ်းရင်
အခက်အခဲကြုံချိန် ဘယ်သူ လာကူမလဲ ? ...
ဘယ်သူကမှ ကိုယ့်တသက်တာ ခိုလှုံရာကမ်းစပ် မဖြစ်နိုင်ဘူး ...။
မိဘတွေ အိုသွားမှာပဲ၊
သူငယ်ချင်းတွေ တနေ့ ကျဲသွားမှာပဲ၊
ဒီတသက်က တယောက်တည်း ခရီးဆက်ရတယ် ...။

လူ့ဘဝခရီးလမ်းမှာ
ခလုတ်ထိလိုက် လဲကျလိုက်ပဲ ...၊
လဲကျရင် ပြန်ထရတယ် ... ။
ဘာကိစ္စနဲ့ကြုံကြုံ
ငိုချင် ငိုလို့ရတယ်၊
ဒါပေမဲ့ မပျော့ညံ့ရဘူး ... ။
အော်ဟစ်ပေါက်ကွဲလို့ရတယ်၊
ဒါပေမဲ့ အရှုံးမပေးရဘူး ... ။
မူးရူးလို့ရတယ် ဒါပေမဲ့
ကိုယ့်ကိုယ်ကိုယ် မစွန့်ပစ်ရဘူး။
နည်းနည်းလေး တောင့်ခံလိုက်တာနဲ့
အခက်အခဲကို ကျော်လွှားသွားနိုင်ပါတယ် ...။

နိုင်းနိုင်းစနေ

#စာပေ

#ရသ

#နိုင်းနိုင်းစနေ

ပင်ပန်းတယ် မဟုတ်လား  ...။ထုတ်မပြောချင်တာတွေလည်း ရှိတယ်မဟုတ်လား ။ငိုလို့မရလို့ ရယ်လိုက်ရတဲ့ ဟာသတွေလည်း များပြီမဟုတ်လား .....
09/10/2025

ပင်ပန်းတယ် မဟုတ်လား ...။
ထုတ်မပြောချင်တာတွေလည်း ရှိတယ်မဟုတ်လား ။
ငိုလို့မရလို့ ရယ်လိုက်ရတဲ့ ဟာသတွေလည်း
များပြီမဟုတ်လား ...။
အဆင်ပြေရဲ့လား လို့မေးလိုက်တိုင်း
ဒီလိုပါပဲလို့ ဖြေတတ်ခဲ့တာ
ဘယ်အ‌ချိန်လောက်ကတည်းကဆိုတာ
မမှတ်မိတော့ဘူး မဟုတ်လား ...။ 😌

🔹 မြကျေး 🔹

#မြကျေး

#စာပေ

#အတွေး

တကယ်တော့ ဘဝဆိုတာ မျိုသိပ်စရာတွေကိုအကြိမ်ကြိမ်... မျိုမျိုချပြီးလှလှ မလှလှအဆင်သင့်သလို  ကကြရတာပါပဲ ... ။😊မောင်လှမျိုး ( ခ...
06/10/2025

တကယ်တော့ ဘဝဆိုတာ
မျိုသိပ်စရာတွေကို
အကြိမ်ကြိမ်... မျိုမျိုချပြီး
လှလှ မလှလှ
အဆင်သင့်သလို ကကြရတာပါပဲ ... ။😊

မောင်လှမျိုး ( ချင်းချောင်းခြံ )

#ကဗျာ

#စာပေ

#မောင်လှမျိုး

အခုအချိန်မှာ...ဘာကို သတိရဆုံးလဲမေးရင်ကမ္ဘာကြီးမှာ ရှင်သန်ရတာဘယ်လောက်ထိပင်ပန်းကြောင်း မသိခဲ့တဲ့ တချိန်တုန်းကငယ်ဘဝတွေကို  ...
01/10/2025

အခုအချိန်မှာ...
ဘာကို သတိရဆုံးလဲမေးရင်

ကမ္ဘာကြီးမှာ ရှင်သန်ရတာ
ဘယ်လောက်ထိပင်ပန်းကြောင်း မသိခဲ့တဲ့

တချိန်တုန်းက
ငယ်ဘဝတွေကို ပြန်သတိရတယ် ... ။ 😌



#ရသ

#စာပေ

အတောင်မရှိတော့တဲ့ အင်းဆက်တွေလိုပါပဲ ... ။ပျံသန်းရမယ့် အချိန်မှာ လမ်းတွေလျှောက်နေရတယ် ... ။ 😌ခင်အောင်မြင့်  #ကဗျာ  #စာပေ ...
24/09/2025

အတောင်မရှိတော့တဲ့
အင်းဆက်တွေလိုပါပဲ ... ။
ပျံသန်းရမယ့် အချိန်မှာ
လမ်းတွေလျှောက်နေရတယ် ... ။ 😌

ခင်အောင်မြင့်

#ကဗျာ

#စာပေ

#ခင်အောင်မြင့်

မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ မတွေးဘဲအပူအပင်ကင်းကင်းနဲ့ အိပ်ပျော်ခဲ့တဲ့ ငယ်ဘဝတွေကို လွမ်းတယ် ... ။ 🥰ရှိရှိမရှိရှိ ဘာမှမသိဘဲ ရင်...
23/09/2025

မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ မတွေးဘဲ
အပူအပင်ကင်းကင်းနဲ့ အိပ်ပျော်ခဲ့တဲ့
ငယ်ဘဝတွေကို လွမ်းတယ် ... ။ 🥰

ရှိရှိမရှိရှိ ဘာမှမသိဘဲ
ရင်ထဲရှိတဲ့အတိုင်း ပျော်ပျော်ကြီးခုန်ပေါက်ပြီးလျှောက်ခဲ့တဲ့ လမ်းတွေကို ပြန်သတိရတယ် ...။

လွတ်လပ်ပေါ့ပါးစွာ ပျော်ပျော်ရွင်ရွင်နဲ့ဆော့ကစားခဲ့တဲ့
နေ့ရက်တွေကိုလည်း ပြန်မြင်ယောင်တယ် ... ။

အစစအရာရာ စိတ်ထဲ ဘာမှမထားတတ်တဲ့
အရွယ်လေးကို တကယ်လွမ်းတယ် ... ။ 🥰🥰🩵



#စာပေ

゚viralシfypシ゚

စိတ်ထဲမှာ နာကျင်နေတဲ့အရာကိုမျက်နှာမှာ လာမပေါ်အောင်ထိန်းထားဖို့... တည်ဆောက်ထားတဲ့အရာတွေပြိုလဲသွားခဲ့ရင်တောင်ခြေလှမ်းတွေ ခ...
22/09/2025

စိတ်ထဲမှာ နာကျင်နေတဲ့အရာကို
မျက်နှာမှာ လာမပေါ်အောင်
ထိန်းထားဖို့...

တည်ဆောက်ထားတဲ့အရာတွေ
ပြိုလဲသွားခဲ့ရင်တောင်
ခြေလှမ်းတွေ ချော်မသွားဖို့ . . .

ကိုယ့်အပေါ် မကောင်းမှန်းသိတဲ့
ဆက်ဆံရေးတွေကို
အပြုံးမပျက်ခေါ်နေပြောနေနိုင်ဖို့ . . .

ဘဝကြီးက ပြိုလဲခဲ့ဖူးတယ် ဆိုရင်တောင်
အဆင်ပြေနေတဲ့ ပုံစံမျိုးနဲ့ နေတတ်ဖို့ . . .

တခုခု ဖြစ်ခဲ့ဖူးတယ် ဆိုရင်တောင်
ဘာမှမဖြစ်ခဲ့သလို နေတတ်ဖို့ဆိုတာ
ကိုယ့်မှာ အများကြီး ဖြတ်သန်းခဲ့ရတာ . . . ။

တကယ်တော့ ဘယ်လောက်
ရင့်ကျက်လာသလဲ ဆိုတာက
ပျော်ရွှင်ခြင်း နာကျင်ခြင်းတွေကို
လူမြင်အောင် ထုတ်ခံစားမပြဘဲ
မင်းရင်ထဲမှာ ဘယ်လိုထားတတ်လာသလဲ
ဆိုတာနဲ့ပဲဆိုင်တယ်... ။

ပျော့ကွက်ကို ချနင်းမယ့်သူရှေ့မှာ
အားနည်းချက်ကို ထုတ်မပြရဘူး ... ။

ပြီးတော့ဒဏ်ရာအသစ်တွေ
ထပ်ပေးမယ့်သူတွေကို
ဒဏ်ရာအဟောင်းတွေအကြောင်း
ဘယ်တော့မှပြောမပြရဘူး သိလား ... ။

တကယ်တော့စိတ်သက်သာရာ
သက်သာကြောင်းဆိုတာ
ငါတို့ ကိုယ်တိုင်ဆီမှာက လွဲရင်
တခြား ဘယ်သူ့ဆီမှာမှ
တကယ်မရှိဘူး ... ။ 😊



#စာပေ

စည်း ________မြင်းတွေလည်း သံခွါတပ်ပြီး ဝင်လို့ရပါတယ် ...  ။လူတွေလည်း ဦးထုပ်မချွတ်ဘဲ လာလို့ရပါတယ် .... ။ဒါပေမယ့် ... ခွင်...
21/09/2025

စည်း
________

မြင်းတွေလည်း သံခွါတပ်ပြီး ဝင်လို့ရပါတယ် ... ။
လူတွေလည်း ဦးထုပ်မချွတ်ဘဲ လာလို့ရပါတယ် .... ။
ဒါပေမယ့် ...
ခွင့်တော့တောင်းရမယ် ... ။ 😊

🔹တာရာမင်းဝေ🔹

#တာရာမင်းဝေ

#ကဗျာ



#စာပေ

ပင်လယ်ဟာတောင်တန်းတွေရဲ့ဘုရင်ဖြစ်တယ် ... ။ဘာဖြစ်လို့လဲဆိုတော့...ပင်လယ်ဟာ အားလုံးရဲ့ အောက်နိမ့်တဲ့နေရာမှာ ရှိနေလို့ပဲ ...။...
18/09/2025

ပင်လယ်ဟာ
တောင်တန်းတွေရဲ့ဘုရင်ဖြစ်တယ် ... ။

ဘာဖြစ်လို့လဲဆိုတော့...
ပင်လယ်ဟာ အားလုံးရဲ့ အောက်နိမ့်တဲ့
နေရာမှာ ရှိနေလို့ပဲ ...။

ပင်လယ်ဟာ သူ့ကို တောင်တန်းတွေက
ဝါးမျိုသွားမှာကို စိုးရိမ်ပူပန်မနေဘူး ... ။
တောင်တန်းတွေကသာ သူတို့ကို ပင်လယ်က
ဖုံးလွှမ်းသွားမှာ ကြောက်ရွံစိုးလန့်နေရရဲ့ ။

မသိမ်းပိုက်သူဟာ
အရာရာကို အောင်နိုင်တယ်... ။ 🥰

#သုည

#မင်းခိုက်စိုးစန်

#ကဗျာ

ပြီးပြည့်စုံတဲ့ဘဝဆိုတာမရှိဘူး.။အနာတရမရှိတဲ့ အိပ်မက်ဆိုတာလည်းမရှိဘူး..။ဒါကြောင့်မလို့နာကျင်ပြီးပင်ပန်းဦးမှာပဲ ပြိုလဲချင်...
14/09/2025

ပြီးပြည့်စုံတဲ့ဘဝဆိုတာမရှိဘူး.။
အနာတရမရှိတဲ့ အိပ်မက်ဆိုတာလည်းမရှိဘူး..။
ဒါကြောင့်မလို့နာကျင်ပြီးပင်ပန်းဦးမှာပဲ
ပြိုလဲချင် ရပ်တန့်လိုက်ချင်မှာပဲ.
အဲဒီအစား ခဏလောက်ငိုလိုက်လို့ရတယ် ။
အော်ဟစ်ပြီး ရင်ဖွင့်လိုက်လို့ရတယ် ။

လူတစ်ချို့အတွက် ငါကလူကောင်းဖြစ်နိုင်သလို လူဆိုးလည်းဖြစ်နိုင်တာပဲလေ
ဘေးလူတွေရဲ့အထင်အမြင်စကားလုံးအနည်းငယ်နဲ့ဘယ်လိုလူလို့သတ်မှတ်မရပါဘူး ။

ကိုယ်လိုချင်တဲ့နေရာလေးဆီကိုပဲ ဂရုတစိုက်လျှောက်သွားရင်ရပြီ ။

အဆင်မပြေတဲ့နေ့တွေရှိလည်းရပါတယ် ။
တစ်နေ့ကျရင် အဆင်ပြေသွားမှာ..
အရာအားလုံးပြီးဆုံးသွားမှာ
လွတ်လွတ်လပ်လပ် ရယ်မောပြီးပျော်ရွှင်တတ်တဲ့
ငါ့ကိုယ်ငါ သေချာပေါက်
ပြန်ရှာတွေ့ဦးမှာပါ ... ။ ☺



#စာပေ

ပျော်စရာတွေ ရှိတုန်းက ပျော်ခဲ့သလို ဘဝမှာ ဒဏ်ရာတွေ ရလာပြန်တော့လည်း ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ ၊ ဘယ်သူ့ကိုမှ ပုံမချဘဲ ကိုယ့်ဒ...
13/09/2025

ပျော်စရာတွေ ရှိတုန်းက ပျော်ခဲ့သလို
ဘဝမှာ ဒဏ်ရာတွေ ရလာပြန်တော့လည်း
ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ ၊
ဘယ်သူ့ကိုမှ ပုံမချဘဲ
ကိုယ့်ဒဏ်ရာကိုယ် အကောင်းဆုံး ကုစားရတယ် ။
ဒါဟာလည်း ကိုယ်နားလည်ထားတဲ့
မိမိကိုယ်မိမိ တာဝန်ယူခြင်း တစ်မျိုးပဲ ... ။

🔹စူးရှမေ🔹

#စာပေ

#စူးရှမေ

ကူညီတာများရင် ဝတ္တရားဖြစ်တတ်တယ်တဲ့။ ဒီစကားက အလကားမဟုတ်ဘူး။ တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်ကို တစ်ခါ နှစ်ခါကူညီကြည့်၊ ကျေးဇူ...
12/09/2025

ကူညီတာများရင် ဝတ္တရားဖြစ်တတ်တယ်တဲ့။
ဒီစကားက အလကားမဟုတ်ဘူး။

တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်ကို
တစ်ခါ နှစ်ခါကူညီကြည့်၊ ကျေးဇူးတင်လိမ့်မယ်။

သုံးလေးခါထက်ပိုသွားရင်
ဝတ္တရားတစ်ခုလို ဖြစ်လာလိမ့်မယ်...။ 😊

မကူညီနိုင်တဲ့အခါ
ရှေ့က ကူညီခဲ့တာတွေပါ လုံးဝ မေ့သွားလိမ့်မယ်။

လောကမှာ
ဘယ်သူကမှ ဘယ်သူ့ကိုလုပ်ပေးရမယ်လို့
တာဝန်မရှိဘူးနော်။
ကူညီတယ်ဆိုတာ ဝတ္တရားမဟုတ်ဘူး ... ။ 🥰

ငွေကြေးကူညီခဲ့ဖူးတာ၊ လုပ်အားကူညီခဲ့ဖူးတာ
အချိန်အားဖြင့်၊ လူအားဖြင့်၊ စိတ်ခွန်အားစသဖြင့်
ကူညီခံခဲ့ရဖူးရင်
မမေ့တတ်ခြင်းက လူပီသခြင်းတစ်မျိုးပါပဲ ... ။ 🩵



#စာပေ

ที่อยู่

Bangkok
10250

เบอร์โทรศัพท์

+959776550219

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ T & T Creativityผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง T & T Creativity:

แชร์