Khan Sar Mu Yiek Hi Everyone,
Welcome to DeMo Vchannle page. We upload motivation , Daily life, Comedy, short own movie in there. Please Like and Shared.

18/10/2025

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ချစ်ခြင်းတရားမရှိပဲ နေလို့ရပါတယ်၊ ဒါပေမယ့် ချစ်ခြင်းတရားကိုပိုင်ဆိုင်တဲ့သူက ပိုကောင်းတဲ့ဘဝကိုပိုင်ဆိုင်ရတာပေါ့ဖြစ်စဉ် (၁...
06/06/2021

ချစ်ခြင်းတရားမရှိပဲ နေလို့ရပါတယ်၊ ဒါပေမယ့် ချစ်ခြင်းတရားကိုပိုင်ဆိုင်တဲ့သူက ပိုကောင်းတဲ့ဘဝကိုပိုင်ဆိုင်ရတာပေါ့
ဖြစ်စဉ် (၁)

မကွေးမှာကျောင်းတက်စဉ် ထန်းရည်သောက်ဖို့သွားဖူးတယ်။ ထန်းတဲလေးတစ်ခုထဲမှာ ယောက်ျားဖြစ်သူက ထန်းလက်နဲ့ လည်ဆွဲလိုလို လက်ကောက်လိုလိုလေးလုပ်နေတယ်။ ကိုယ်တွေဝင်သွားတော့ မိန်းမကပြောတယ်

သောက်မယ့်သူလာတယ်လေ ထဦး တော်ဘာတွေလုပ်နေတာတုန်းတဲ့

ယောက်ျားက ဖုတ်ဖတ်ခါရင်းထလာရင်း ရော့ဆိုပြီး လက်ထဲကသူ Handmade လေးပေးတယ်
ကလေးမဟုတ်သူငယ်မဟုတ်နဲ့တော် ဆိုတဲ့ မယားက ခပ်ပြုံးပြုံးယူရင်း အဝတ်သေတ္တာလေးပေါ် လှမ်းပြီးတင်လိုက်တယ် ပစ်တင်တာမဟုတ်ဘူးလိုလိုချင်ချင် ကျေကျေနပ်နပ်နဲ့ ပုံပျက်မှာစိုးလို့ အသာတင်တာ

ဒီဖြစ်ရပ်မှာ ကျွန်တော်ချစ်ခြင်းတရားကိုတွေ့တယ်။ အားနေချိန်လေး အလကားရတဲ့ထန်းရွက်ထန်းလက်ကလေးနဲ့ လက်ဆောင်ကိုယ်တိုင် လုပ်ပေးနေတာ .. မိန်းမကလည်း တယုတယလေး သေတ္တာပေါ်တင်တယ် ချစ်ခြင်းရဲ့ တန်ဖိုးဆိုတာ ငွေနဲ့မဆိုင်ဘူးပေါ့

ဖြစ်စဉ် (၂)

ကန်တော်လေးမှာနေတုန်းက လမ်းထိပ်မှာ ဆိုက်ကားဂိတ်ရှိတယ်။ ညနေခင်း ညဈေးရှိတယ်။ ဆိုက်ကားဆရာ မယားတစ်ယောက်က ဈေးသိမ်းချိန် ဆိုက်ကားဆရာကလည်း ကုန်စိမ်းဝိုင်းသိမ်းတာပေါ့။ ကိုယ်ကတော့ ကြီးတော်မှာလိုက်တာဝယ်ရင်း ကြားရတယ်

နေကောင်းရဲ့လား နှုတ်ခမ်းကဖြူလို့တဲ့ မိန်းမကပြောရော

ကွမ်းမစားထားလို့ပါကွာတဲ့ .. ယောက်ျားကပြန်ဖြေတယ်

အမြဲကွမ်းစားတဲ့သူကမစားဘူး ဆိုတည်းကနေမကောင်းလို့ပေါ့ ပေါင်းလာတာကြာပြီငါ့ကိုမညာနဲ့ ဆေးဆိုင်မှာရပ် စပ်ဆေးဝယ်လိုက်မယ် ဘာဖြစ်နေလဲပြောတဲ့

နေလောင်ထားလို့မဲညိုနေတဲ့ မျက်နှာခပ်ကြမ်းကြမ်းပေါ်က အပြောင်းအလဲတစ်ခုကိုတောင် သတိထားမိတဲ့ ချစ်ခြင်းကို ကျွန်တော်မြင်ရတယ် သိပ်နွေးထွေးတာပဲ

ဖြစ်စဉ် (၃)

ပန်းဆိုးတန်းတံတားပေါ်မှာ ၂၀၁၃ ဝန်ကျင်လောက်က အဖိုးနဲ့ အဖွားနှစ်ဦးတောင်းလေ့ရှိတာကိုမြင်ဖူးကြသူတွေရှိမယ်။ ကျွန်တော်က ကန်တော်လေးကို အဲကနေဖြတ်ပြန်တော့အမြဲကြုံနေကျ။

တစ်နေ့ကျွန်တော့မှာ ခေါက်ဆွဲကြော်လေးတစ်ဗူးပါလာတာနဲ့ ပေးလိုက်တော့ ကျန်းမာချမ်းသာဖို့ဆုတောင်းရင်း အဖိုးဘက်ကိုလှည့်ပေးတယ်။ ပူသေးတယ် ပူတုန်းလေးစားလိုက်တဲ့။

လက်ထဲကိုရောက်လာတဲ့အစားအသောက်လေး ပူနွေးနေတာကို သတိထားမိရုံနဲ့ ပူတုန်းလေးစားစေချင်လို့ သတိရလိုက်တဲ့ ချစ်ခြင်းမေတ္တာ၊ ကျွန်တော်မျက်ရည်လည်တဲ့ထိ ကြည်နူးရတယ်
ဖြစ်စဉ် (၄)

ဖျာလိပ်ကြီးရွက်ပြီး ပဲခူးမှာလှည့်ရောင်းနေတဲ့ အဒေါ်ကြီးတစ်ယောက်ပေါ့
အကြီးရောင်းကောင်းလားဆိုတော့ မောလို့နားရင်း လက်လေးတစ်ချောင်းထောင်ပြတယ် တစ်ချပ်တဲ့

အနောက်ရပ်ကွက်တွေဘက်ရောင်းပါ့လား အဲဘက်ကဝယ်မယ်သူများမှာဆိုတော့

သူရှိတုန်းကတော့ နှစ်ယောက်လည်ရောင်းတာ သူကဆုံးသွားလို့ အဲဘက်တွေမသွားချင်တော့ပါဘူးတဲ့

ဝမ်းရေးကို လစ်လျူရှုရလောက်တဲ့ ချစ်ခြင်း၊ တစ်ယောက်လက်ကို တစ်ယောက်ဆွဲပြီး နယ်လှည့်ရောင်းခဲ့တုန်းက မှတ်ဥာဏ်တွေနဲ့ နာကျင်မှုကို ထမင်းတစ်လုပ်နဲ့ မလဲပြန်ဘူး သူတော်တော်ခံစားရပုံပဲ .. ကျန်ခဲ့သူက ပိုလွမ်းရတာမလား

ဒါကြောင့် ချစ်ခြင်း မြတ်နိုးခြင်း ဂရုစိုက်ခြင်း တန်ဖိုးထားခြင်းတွေဟာ

ငွေကြေးနဲ့တိုင်းတာလို့မရသလို ထင်ပေါ်ကျော်ကြားတဲ့ဇာတ်လမ်းကျောရိုး ရှိဖို့မလိုပါဘူး

Surprise Gift တွေလည်းမဟုတ်သလို တန်ဖိုးကြီးတဲ့အရာတွေလည်း မဟုတ်ပြန်ဘူး

အပိုတွေလုပ်မနေနဲ့ ပြတ်မှာပဲဆိုတဲ့ အဖြစ်အပျက်တွေထဲ အပေါ်ကလူတွေမပါခဲ့ဘူး

တကယ်ချစ်ဖို့ပဲလိုတာပါ .... တကယ်ချစ်ရင် သူ့ဘက်က နဖူးပေါ်လက်ကလေးတင်ပြီး စမ်းလိုက်တာကအစ ကမ္ဘာတစ်ခြမ်းကိုပိုင်လိုက်ရသလိုခံစားရတယ်

သူနဖူးကို ခပ်ဖွဖွလေးနမ်းလိုက်တာနဲ့တင် ကိုယ်ဟာ အရှင်သခင်တစ်ပါးလိုဖြစ်သွားတာ

ချစ်ခြင်းသာပါပါစေ ... ကိုယ့်အပေါ် စိုးရိမ်တကြီးကြည့်လိုက်တဲ့အကြည့်လေးကအစ .. ဘယ်သူမှ အမှန်တကယ် မရထိုက် မရနိုင်တဲ့ ကမ္ဘာ့ အကောင်းဆုံးလက်ဆောင်ပါ

Credit post owner

ဘုရားထဲမှာ တန်ဖိုးရှိတဲ့ အရာတွေ ဘာလို့ ထည့်သွင်းထားတာတုန်း။တစ်ချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာ။ဘုရားထဲမှာ ဌာပနာတယ်။ဌ...
06/06/2021

ဘုရားထဲမှာ တန်ဖိုးရှိတဲ့ အရာတွေ
ဘာလို့ ထည့်သွင်းထားတာတုန်း။

တစ်ချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာ။
ဘုရားထဲမှာ ဌာပနာတယ်။

ဌာပနာဆိုတာ…ထည့်သွင်းတာ၊
ထည့်သွင်းခြင်း တည်ထားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

အဲဒီတော့ ရတနာတွေ ဘာကိစ္စ
ဘုရားထဲမှာ ထည့်ကြတာတုန်း။

နိုင်ငံခြားသားတွေ အမြင်နဲ့ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိဘူးလို့ ပြောမှာပေါ့နော်။
ဒါတွေထည့်လိုက်လို့ဘာအကျိုးရှိမှာတုန်း။

ဘုရားရုပ်ပွား ဆင်းတုတော် ထည့်တာတော့
ထားပါတော့။ ရတနာတွေ ထည့်တယ်။
အခုခေတ်လည်း ထည့်တာပဲ။

ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေက
ကိုယ့်သဒ္ဓါတရားနဲ့ ကိုယ် ထည့်ကြတယ်။
ဘာအတွက် ထည့်တာလဲဆိုတော့
ကြည်ညိုလို့ လှူတာပဲ သိတယ်။

သို့သော်…တကယ့်အစစ်အမှန်က ရည်ရွယ်ချက် ရှိတယ်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့အခါ
ဘုရားရဲ့ ဓာတ်တော်တွေကို
ရှစ်ပြည်ထောင်မင်းတွေကို ခွဲဝေပြီး ပေးလိုက်တယ်။

ဓာတ်တော်တွေက ရှစ်ပြည်ထောင်တောင်
ရောက်သွားတယ်။

ဒီဓာတ်တော်တွေကို အန္တရာယ်ဖြစ်မှာစိုးလို့
အရှင်မဟာကဿပတို့က
အဇာတသတ်မင်းနဲ့ တိုင်ပင်ပြီးတော့
ဓာတ်တော်တိုက်ကြီး တစ်ခုလုပ်ပြီး ဓာတ်တော်တွေ စုထည့်ထားတယ်တဲ့။

အဲဒီလို စုထည့်ထားပြီး အင်မတန်
တန်ဖိုးရှိတဲ့ ပတ္တမြား တစ်လုံးကို
အဲဒီထဲမှာ ထည့်ထားပြီး စာရေးထားတယ်။

နောင်တစ်ချိန်ကျရင်…
ဒီဓာတ်တော်တိုက်ကြီး ပျက်စီးသွားရင်
ပြင်ဆင်ဖို့အတွက် ငွေကြေး မတတ်နိုင်ဘူးဆိုရင် ဒီပတ္တမြားတုံးကြီးကို ရောင်းချပြီး ပြုပြင်ပါတဲ့။

အဲဒီတော့ ရတနာတွေ ထည့်သွင်းထားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ…
သင်္ခါရသဘောတရားအရ တစ်နေ့ကျ
ပျက်မှာပဲ။

maintenance လိုတယ်လေ။
maintenance အတွက် ထည့်ခဲ့တာ။
ဒီလိုဆိုလို့ရှိရင်တော့ ရည်ရွယ်ချက်
ကောင်းတယ်ပေါ့။

maintenance အတွက် deposit
လုပ်ထားခဲ့တာ။ ဒါတွေကိုယူပြီး
ဘုရားပြင်ရမယ်ပေါ့။
အဲဒီ ရည်ရွယ်ချက်ပဲ။

နောက်ပိုင်းကျတော့…
ဒီရည်ရွယ်ချက်က တဖြည်းဖြည်း
ပျောက်လာတဲ့ သဘောပဲ။

မြန်မာပြည်မှာ…ကုသိုလ်ရှင်တွေ ဆိုင်းဘုတ် ထိုးလေ့ ရှိကြတယ်လေ။
ဘုရားတံတိုင်းတို့ ဘာတို့ ညာတို့
အကုန်လုံးပေါ့။

ကုသိုလ်ရှင်တွေ ဘာလို့ ထိုးတာတုန်း-?
နာမည် ကြော်ငြာတာလား။
ရည်ရွယ်ချက်က ဘာလဲ။
ကိုယ့်ကို လူသိစေချင်လို့ ထိုးတာလား။

မသိလည်း ဘာဖြစ်လဲ-?
လှူတာက လှူတာပဲပေါ့။

အဲဒီတော့ ဆိုင်းဘုတ်ထိုးခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုရင်
အမျှဝေတဲ့သဘော၊ မြင်တဲ့ပုဂ္ဂိုလ်က သာဓုခေါ်ရအောင်လို့။

ဒါ့ကြောင့်မို့…ရှေးတုန်းက
မိသားစုကောင်းမှုဆိုတာရဲ့ နောက်မှာ…
နတ်လူ သာဓုခေါ်စေသော် ဆိုတာလေး
ပါတယ်။

အခုခေတ်ကတော့…အဲဒီ
နတ်လူသာဓု ခေါ်စေသော်ဆိုတာလေး
ပျောက်သွားပြီး နာမည်ကြော်ငြာတာ
ဖြစ်သွားတယ်။
ဒါက ပြောင်းလဲလာတဲ့ သဘောပေါ့နော်။

မူရင်းအဓိပ္ပါယ် ပျောက်သွားပြီးတော့ ပြောင်းလဲလာတဲ့ သဘောဟာ
ဒီလိုပဲ ရှိတယ်ပေါ့။

စပြီးလုပ်တဲ့ အချိန်ကတော့ အဓိပ္ပါယ်
ရှိတယ်။

အဲဒီအဓိပ္ပါယ်ရှိတာတွေဟာ
နောက်ပိုင်း အဓိပ္ပါယ် မသိတော့ဘူး။
တစ်မျိုးတစ်မည် ပြောင်းလဲသွားတတ်တယ်။

#ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ။

credit to;

တရားချစ်ခင်သူ.မျှဝေပူဇော်လှူဒါန်းပါသည်
ဓမ္မအသိနဲ့ အကျိုးရှိကြပါစေ

12/02/2021

Psychology website မှာ Gaslighting အကြောင်း ဖတ်ကြည့်တော့ မြန်မာနိုင်ငံက စစ်အာဏာရှင် တစ်အုပ်စုရဲ့ နည်းဗျူဟာနဲ့ ကွက်တိကျနေလို့ ဘာသာပြန်ထားပါတယ်
ကိုယ့်ရဲ့ ရန်သူတွေက ဘယ်လိုလူတွေဆိုတာ သိထားတာက သူတို့ကို ဆန့်ကျင်ရာမှာ အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်
အချိန်ပေးပြီး ဖတ်ကြည့်ပါလို့ plz plz!!

Gaslighting
Gaslighting ဆိုတာ power ရယူဖို့အတွက် လူတွေကို လှည့်ဖျားဉာဏ်ဆင်ပြီး သုံးတဲ့နည်းပါ
တော်တော်လည်း ထိရောက်တဲ့ နည်းပါ။ အာဏာရှင်တွေ သုံးတဲ့နည်းပါ
Gaslighting လုပ်တဲ့ လူတွေမှာ အချက် ၁၁ ချက် တွေ့ရပါတယ်
၁။ လိမ်ညာစကားတွေကို ဗြောင်ပြော တယ်
သူတို့က ပေါ်တင်လိမ်တယ်။ မမှန်တာတွေ ပြောနေရင်းကနေ လူတိုင်းသိတဲ့ မှန်တဲ့အချက် တချို့ကို သူတို့က ထည့်ပြောတယ်။ အလိမ်ခံရတဲ့သူတွေဟာ ဘယ်ဟာ အမှန် ဘယ်ဟာအမှားဆိုတာ မသိတော့ဘူး။ ကြာတော့ သူတို့ရဲ့ အလိမ်အညာတွေကိုလည်း အမှန်တွေလား မသိဘူးဆိုပြီး တွေဝေလာတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုတောင် ယုံဖို့ခက်လာတယ်။
(ဥပမာ - မအလ speech မှာဆို မဲခိုးကြောင်းကို ပြောတယ်
စု ဆို တစ်နိုင်ငံလုံး ဆန္ဒပြနေတာကို တွေ့တယ်
အဲဒါတောင် သူ့ speech ကြည့်နေတုန်းမှာ တစ်ချို့မဲတွေကတော့ မှားတာ ဖြစ်လောက်တယ်ဆိုပြီး အတွေးဝင်လာတယ်။ ကိုယ့်ကိုယ်ကို ပြန်သတိပေးရတယ် he is a gaslighter!!)
(*** လူတစ်ယောက်ကို Gaslighter လို့ သတ်မှတ်ပြီးရင် ဘာပြောပြော ယုံလို့မရတော့ပါဘူး)
၂။ ဗြောင်ငြင်းတယ်
သူတို့ တစ်ခုခု လုပ်ပေးမယ်လို့ ပြောထားဖူးတာကို မပြောဖူးဘူးလို့ ဗြောင်ငြင်းတယ်။ ဆက်တိုက်ငြင်းလွန်းတော့ သူတို့ မပြောဖူးဘူးတာလားဆိုပြီး ကိုယ့်ဘာသာ တွေဝေလာတယ်။ အဲဒီတော့ ကိုယ်တိုင်ထက် သူတို့ပြောတာကို ယုံလာတယ်။
ဥပမာ - မအလ ဆို အာဏာသိမ်းလို့ရတဲ့ ပုံစံပြောတယ်
ပြီးတော့ သူမပြောဘူး ငြင်းတယ်။
အဲဒီတော့ သူအဲဒီလိုသဘောနဲ့ ပြောလိုက်တာ မဟုတ်လောက်ပါဘူး ဆိုပြီး ယုံလာတယ်။
(*** ဘာပြောပြောမယုံပါနဲ့)
၃။ လူတွေတန်ဖိုးအထားဆုံး အရာကို အသုံးချတယ်
မိဘတွေဆိုရင် သူတို့အတွက် သားသမီး အရေးကြီးဆုံး။
အဲဒီတော့ သားသမီးကို အသုံးချပြီး မိဘတွေကို အသုံးချမယ်။
ဥပမာ - ပြည်သူတွေက ဒီမိုကရေစီက အရေးကြီးဆုံးလို့ ယူဆတယ်ဆိုရင် အဲဒါကို အသုံးချတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် နိုင်ငံကို တစ်နှစ်သိမ်းရတာပါလို့ ပြောသလိုမျိုးပေါ့။
၎။ အချိန်နဲ့အမျှ အားအင်ချိနဲ့ ကျရှုံးအောင်လုပ်တယ်
နည်းနည်းစီ ဖြေးဖြေးစီ အနိုင်ကျင့်တာပေါ့။
လိမ်ပြောလိုက် အမိန့်ထုတ်လိုက်နဲ့ လူတွေကို ဖြည်းဖြည်းချင်းသတ်တာပဲ။
ကြာလာတော့ မခံနိုင်တော့ဘဲ သူတို့ သားကောင် ဖြစ်ရပါတယ်။
ဥပမာ - ခု တစ်မျိုးပြောလိုက် နောက်တစ်မျိုးပြောလိုက်၊ အင်တာနက် ဖျက်လိုက်၊ အပြင်မထွက်ရ အမိန့်ထုတ်လိုက်၊ သံပုံးမတီးရပြောလိုက် ၊ ဝန်ထန်းတွေကို ချော့လိုက် ခြောက်လိုက် လိုမျိုးတွေပေါ့။
အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေ စိတ်ဓာတ်ခွန်အား လူအင်အားနဲ့လာတာကို လိုချင်တာပါ။
(***Gaslighter နဲ့ ရင်ဆိုင်ရတာ ဖြစ်တဲ့အတွက် ဘာကိုမှ မယုံ နားမထောင် လိုက်မခံစားဘဲ စိတ်ရော ကိုယ်ရော ခိုင်မာမှုကို တည်ဆောက်မယ်။)
၅။ အပြောနဲ့ အလုပ် မညီပါဘူး
Gaslighter တိုင်းတာ အပြောတစ်မျိုးအလုပ်တစ်မျိုး လုပ်ပါတယ်။
လူတစ်ယောက်ကို Gaslighter လို့ သတ်မှတ်ပြီးတာနဲ့ အဲဒီလူကို လုံးဝ ယုံလို့မရတော့ဘူး။
ဥပမာ - မအလ က တစ်နှစ်ပြည့်ရင် ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်ပြောတာကို ယုံလို့မရသလိုမျိုးပေါ့။
၆။ ချီးမွမ်းစကား သို့မဟုတ် ကောင်းတာတစ်ခုခု မက်လုံးပေးပြီး တွေဝေအောင် လုပ်တယ်
တစ်ခါတလေ လူတွေရဲ့အပြုအမူ တစ်ခုခုကို ချီးမွမ်းပေးတယ်။
အဲဒါက တမင် စိတ်မသက်မသာဖြစ်အောင် လုပ်ချင်တာပါ။ စိတ်ထဲမှာ အင်းဒီလိုဆိုတော့လည်း သူတို့က သိပ်မဆိုးရှာပါဘူးလေ လို့ တွေးမိသွားပါပြီ။
အဲ့တော့ ကိုယ့်ခံယူချက်ကို ပျက်ပြားစေပြီး ကိုယ်မှန်တယ်ထင်နေတဲ့ အရာတွေကို ပြန်မေးခွန်းထုတ်စရာ ဖြစ်အောင် တမင်တွက်ချက်ပြီး လုပ်တာကို ခံလိုက်ရတယ်။ သူတို့ချီးမွမ်းသွားတဲ့ အကြောင်းအရာကို ပြန်ကြည့်လိုက်ရင်လည်း အဲဒါသူတို့ကို အကျိုးရှိစေမယ့် ကိစ္စမျိုးပဲ ဖြစ်ဖို့များပါတယ်။
ဥပမာ - CDM မှာ မပါဝင်သေးတဲ့ ဝန်ထမ်းတွေကို ချီးမွမ်းစကားပြောတာမျိုးပေါ့
(***အရမ်းတော်ကြောင်း အားကိုးကြောင်းတွေ လာပြောရင် သူ့လှည့်ကွက်ထဲ ဝင်နေပါပြီ
ရုန်းထွက်ပြီး CDM လုပ်ရမှာပါ)
၇။ တွေဝေခြင်းက လူကို ပျော့ညံ့စေတယ်ဆိုတာ ကောင်းကောင်းသိတယ်
လူတွေက တည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်ဖြစ်တဲ့ ခံစားချက်မျိုးကို ကြိုက်တယ်။အဲတော့ သူတို့က အဲအချက်ကို ကလိပြီး လူတွေကို ယုံကြည်မှုပျောက်စေတယ်။
ဥပမာ - ဆန္ဒပြသူတွေကြောင့် တိုင်းပြည်တည်ငြိမ်မှုကို ပျက်ပြားစေတယ်ဆိုပြီး ပြောတာမျိုးပေါ့
အဲလိုတွေကြားပါများရင် ငါတို့ ဆန္ဒပြနေလို့များ ပိုဆိုးနေတာလားဆိုပြီး ကိုယ့်ယုံကြည်ချက်ကို လျော့စေတယ်
သူတို့ကိုများ လက်ခံလိုက်ရင် တိုင်းပြည် နိုင်ငံတော်ငြိမ်းချမ်းမလားဆိုပြီး တွေဝေလာတယ်
(****Gaslighter ရဲ့ လှည့်ဖျားမှုကို ခံရပြီ ဆိုတာ ကို နားလည်ပြီး သူတို့လက်အောက်က လွတ်ဖို့ ကြိုးစားရမှာပါပဲ)
၈။ ဉာဏ်များတယ်
သူတို့ကသာ ဆေးသမား သို့မဟုတ် လူညာ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ကပဲ လူတွေကို တစ်ချိန်လုံး စွပ်စွဲနေပါလိမ့်မယ်။ ကြာလာတော့ လူတွေက ကိုယ့်ကိုယ်ကို ခုခံချေပနေရင်း သူကမှ တကယ့် ဆေးသမား (သို့မဟုတ်) လူညာဆိုတဲ့အချက်ကို မေ့သွားပါတယ်
ဥပမာ - မအလ ပြောသွားတာတွေထဲမှာ အမှန်တွေ လိုက်ရှာမိနေတာမျိုးက
လူညာဆိုတာကို ခဏေမ့သြားလို့ပါ
(***အညာမခံရဖို့ ရုန်းထွက်ရပါမယ်)
၉။ သွေးထိုးစကား ပြောတယ်
တစ်ဖွဲ့နဲ့ တစ်ဖွဲ့ သွေးထိုးပေးတယ်။ အဲတော့ ယုံမိတဲ့သူတွေက ဘယ်သူနဲ့မှ မတည့်ဘဲ တစ်ယောက်တည်း ဖြစ်တဲ့အချိန်မှာ အားကိုးရာက Gaslighter ဖြစ်လာပါတယ်။ နောက်ဆုံး Gaslighter ရဲ့ သားကောင်ဖြစ်ရတာပဲ
ဥပမာ - ပြည်ပအားကိုး ပုဆိန်ရိုးလိုမျိုးပေါ့
နေရင်းထိုင်းရင်း တစ်ခြားနိုင်ငံတွေကို မုန်းမိနေတာ
၁၀။ ရူးနေပါတယ်လို့ ပြောတယ်
ဒီနည်းကတော့ Gaslighters တွေအတွက် အထိရောက်ဆုံးနည်းပါ။ လူရာမဝင်အောင် လုပ်နည်းပါ။ သူတို့ မကြိုက်တဲ့သူဆို အဲလူက ရူးနေတာပါဆိုပြီး ဝါဒဖြန့်လိုက်ရော။ အဲတော့ အဲလူကို တစ်ခြားသူတွေက မယုံတော့ဘူးပေါ့
(***ပြည်သူ့ခေါင်းဆောင်တွေကို အရူးခေါင်းစဉ်တပ်လာရင် လုံးဝ မယုံပါဘူး)
၁၁။ အားလုံးက လိမ်နေတာချည်းပဲလို့ကိုယ့်ကိုယ်လာ ပြောတယ်
လူတွေ သတင်းတွေ အားလုံးက လိမ်နေတာလို့ ကိုယ့်ကို လှည်စားပြီး လာပြောတယ်။ အဲအခါမှာ ကိုယ့်အနေနဲ့က လူတစ်ယောက်က ဒီလောက်ထိ လှည်စားပြောမယ်လို့မထင်ဘူး။ အဲတော့ ငါအရင် ကြားထားတာတွေက တကယ်အလိမ်အညာတွေလားဆိုပြီး ကိုယ့်ကို လှည့်စားတဲ့ Gaslighter ကို ယုံမိသွားရော။ သူ့သားကောင်ဖြစ်သွားတာပေါ့နော်
ဥပမာ - ပြည်တွင်းသတင်းစာထဲမှာ နိုင်ငံက တည်ငြိမ်းအေးချမ်းပြီး နိုင်ငံတကာ သတင်းစာ နဲ့ social media က လိမ်နေတာပါဆိုပြီး ကြေညာသလိုမျိုးပေါ့
Gaslighter ရဲ့ သားကောင်ဆို ပြည်တွင်းသတင်းစာက တစ်ခြားမီဒီယာတွေအကုန်လုံးကလိမ်နေတယ်လို့တော့ ညာမပြောလောက်ဘူး
မြို့ကြီးတွေမှာပဲ ဆန္ဒပြပွဲတွေ ဖြစ်နေတာနေမှာပါ တစ်ခြားနေရာတွေက အေးချမ်းနေတာပါဆိုပြီး တွေးရော
(***Gaslighter ကို လုံးဝ လုံးဝ မယုံရ)
ကိုယ်တွေရင်ဆိုင်နေရတဲ့သူက Gaslighter လို့ သိရတဲ့အတွက် သူ့အလိမ်အညာ လှည့်ကွက်ထဲ မဝင်ဘဲ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ဆန့် ကျင်ကြမယ်


04/02/2021
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၃-၂-၂၀၂၁) ရက်နေ့၊ ည  (၈:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
03/02/2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၃-၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
(၂-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၃-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာ စုစုပေါင်း (၁၁,၁၉၆)ခု အား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆၃) ဦး တွေ့ရှိရပါသည်။
, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

Credit
03/02/2021

Credit

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂-၂-၂၀၂၁) ရက်နေ့၊ ည  (၈:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
02/02/2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂-၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
(၁-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာ စုစုပေါင်း (၁၂,၃၇၇)ခု အား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၁၀) ဦး တွေ့ရှိရပါသည်။
, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁-၂-၂၀၂၁) ရက်နေ့၊ ည  (၉:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
01/02/2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁-၂-၂၀၂၁) ရက်နေ့၊ ည (၉:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

(၃၁-၁-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာ စုစုပေါင်း (၉,၀၁၉)ခု အား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၀၉) ဦး တွေ့ရှိရပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

ပြည်ထောင်စုဝန်ကြီးအသစ်(၁၁)ဦးခန့်အပ်ဖေဖော်ဝါရီ ၁၊ ၂၀၂၁ ပြည်ထောင်စုဝန်ကြီးဌာန(၁၁)ခုရဲ့ ပြည်ထောင်စုဝန်ကြီးတွေကို အသစ်ခန့်အပ...
01/02/2021

ပြည်ထောင်စုဝန်ကြီးအသစ်(၁၁)ဦးခန့်အပ်

ဖေဖော်ဝါရီ ၁၊ ၂၀၂၁

ပြည်ထောင်စုဝန်ကြီးဌာန(၁၁)ခုရဲ့ ပြည်ထောင်စုဝန်ကြီးတွေကို အသစ်ခန့်အပ်လိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်နိုင်ဦး၊အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကိုကိုနိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးချစ်နိုင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကိုကို၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမြင့်ကြိုင်နဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာသက်ခိုင်ဝင်းတို့ကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

Zawgyi

ပြည်ထောင်စုဝန်ကြီးအသစ်(၁၁)ဦးခန့်အပ်

ဖေဖော်ဝါရီ ၁၊ ၂၀၂၁

ပြည်ထောင်စုဝန်ကြီးဌာန(၁၁)ခုရဲ့ ပြည်ထောင်စုဝန်ကြီးတွေကို အသစ်ခန့်အပ်လိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်နိုင်ဦး၊အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကိုကိုနိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးချစ်နိုင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကိုကို၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမြင့်ကြိုင်နဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာသက်ခိုင်ဝင်းတို့ကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

Credit

ที่อยู่

Bangkok
10400

เบอร์โทรศัพท์

+9595054052

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Khan Sar Mu Yiekผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Khan Sar Mu Yiek:

แชร์

//iconSize: [32, 32], //html: '' }) .bindTooltip(name, { //permanent: true, direction: 'bottom', //offset: L.point(12, 25), //opacity: 0.88, interactive: true }) .bindPopup(name); markersLayer.addLayer(marker); } function getMore() { if (gettingMore) { return; } gettingMore = true; var center = map.getCenter(); $.ajax({ url: "/vicinitysearch", data: { lat: center.lat, lng: center.lng, country: "THAILAND" } }) .done(function(data) { var added = 0; data.forEach(function(loc) { if (!locationIds.includes(loc.id)) { var mapLoc = {id:loc.id,lat:loc.latitude,lng:loc.longitude,title:trunc20(loc.name),popupHtml:loc.popupHtml,urlPath:loc.urlPath,pictureUrl:loc.pictureUrl}; locations.push(mapLoc); locationIds.push(loc.id); map._addMarker(mapLoc); added++; } }); }) .always(function() { gettingMore = false; }); } map._clearMarkers = function() { markersLayer.clearLayers(); } }); }, 4000); });