N O T E W O R L D

N O T E     W O R L D entertainments

ဘဝမှာ အပင်ပန်းဆုံးအလုပ်လောကမှာ အပင်ပန်းဆုံးအလုပ်က ဘာလဲသိလား?ကျွန်တော့်အထင်တော့တခြားသူတွေအပေါ် ကိုယ့်စိတ်တိုင်းကျ လိုက်ပြ...
20/04/2024

ဘဝမှာ အပင်ပန်းဆုံးအလုပ်

လောကမှာ အပင်ပန်းဆုံးအလုပ်က ဘာလဲသိလား?
ကျွန်တော့်အထင်တော့
တခြားသူတွေအပေါ်
ကိုယ့်စိတ်တိုင်းကျ လိုက်ပြီး
ထိန်းချုပ်ချင်နေတဲ့စိတ်လို့ထင်တယ်။

လူတွေဘယ်အချိန်မှာ စိတ်
အဆင်းရဲဆုံးလဲဆိုရင် တစ်ခုခုကကိုယ်ဖြစ်စေချင်သလို ဖြစ်မလာတဲ့အချိန်တွေပေါ့။
အများအားဖြင့် အဲ့လိုဖြစ်မလာတဲ့အခြေအနေတွေကလည်း
ကိုယ့်ပတ်ဝန်းကျင်က
လူတွေ၊ သူတို့ရဲ့အရေးကိစ္စတွေနဲ့ ပတ်သတ်နေတက်တယ်။

ကိုယ့်အိမ်မက် တစ်ခုခုကို
တိတိကျကျထား၊ ပြီးတော့
ဘာတွေလုပ်ရမယ်ဆိုပြီး
အစီအစဥ်တွေချ ပြီးရင်
ရေကုန်ရေခမ်းကြိုးစားလုပ်။
အဲလို အစအလယ်အဆုံး
အကောင်းဆုံးလုပ်ထားတဲ့
မလုပ်မျိုးတောင် နောက်ဆုံးမှာ
အရှုံးနဲ့ ကြုံရနိူင်သေးတာပဲလေ။

အခုတင်ပြတဲ့ အိပ်မက်တို့
ရည်ရွယ်ချက်တို့ဆိုတာတွေက
တကယ်ဆိုရင် ကိုယ်တိုင်
ထိန်းချုပ်လို့ရတယ်လို့ သတ်မှတ်ထားတာတွေနော်။
ဒီလိုတစ်ကိုယ်ရေလုပ်ဆောင်မှု
စွမ်းရည်အပေါ် 80% လောက်
မူတည်နေတဲ့ အလုပ်တွေမှာ
တောင် ထင်သလိုမဖြစ်နိုင်ချေက
20 % လောက် ရှိနေသေးတယ်။

ပြောချင်တာက သူများတွေနဲ့
ပတ်သတ်လာရင် ကိုယ်ထိန်းချုပ်နိုင်တာ၊ ကိုယ့်သဘော
အတိုင်း ဖြစ်လာဖို့ဆိုတာ
အတော်ကြီးကို ရာခိုင်နှုန်းနည်းတဲ့ ကိစ္စပါ။

ဒါပေမယ့် ကျွန်တော်တို​့ပတ်
ဝန်းကျင်ကို သတိထားကြည့်ရင်
လူအများစုဟာ ကိုယ်ဖြစ်စေ
ချင်သလို ဖြစ်ဖို့ သူတစ်ပါးကို
ကြိုးကိုင်ချင်နေတာ တွေ့ရလိမ့်မယ်။ ဒီပွဲမှာ တစ်ခါတလေ နှစ်ဖက်လုံးမှာ နာကျင်စရာတွေ
ကြုံရနိုင်ပြီး အများအားဖြင့်တော့ ကိုယ့်ဘက်က စိတ်ဆင်းရဲမှု၊ ဒေါသနဲ့ နောင်တရစရာတွေ
သာ ရလိမ့်မယ်။

ကိုယ်ကိုယ်တိုင်တောင်
တစ်ခါတခါ ပြောတာတစ်ခြား
ခံစားကတခြား၊ ဆုံးဖြတ်တာက
တစ်ခြား၊ လုပ်ကိုင်တာက
တခြား ဖြစ်တက်တာ။ ဘာကြောင့်များ တခြားသူက
တစ်စိတ်ထဲရှိပြီး တစ်သဘောထဲ
အမြဲ တည်ငြိမ်နေပါ့လိမ့်မလဲ။

မှတ်ထားဖို့က သူများကို
ထိန်းချုပ်ဖို့ ကြိုးစားလေ၊
ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းလည်း နည်းလာလေ ဆိုတာပါ။ သူတစ်ပါးက ကိုယ်ပြောသလို မလုပ်ရင် နာကျင်လာမယ်၊
သူများက ကိုယ်နားလည်သလို
မခံစားမိရင် ကြေကွဲလိမ့်မယ်၊
သူများက ကိုယ်ရှုမြင်သလို
မတွေးတောရင် စိတ်ပျက်လာလိမ့်မယ်။ ဒါကြောင့် မိမိကိုယ်ကိုယ် အထင်ကြီးပြီး ကိုယ့်သဘော
အတိုင်းအရာရာ ဖြစ်ဖို့ တရားသေ သတ်မှတ်မထားဖို့ လိုအပ်တယ်။

ที่อยู่

Bangkok
10600

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ N O T E W O R L Dผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง N O T E W O R L D:

แชร์