CHAN MYA - ချမ်းမြ

CHAN MYA - ချမ်းမြ အပ္ပဂ္ဃ အနုပညာ

"လွမ်းရစ်"အလွမ်းတွေကို ညနေခင်းနဲ့ရောပြီးအရောင်တင်ထားလိုက်တယ်နံနက်ခင်းတွေကပဲ အဓိပ္ပာယ်မရှိသလိုလိုညတွေကပဲ ပိုမှောင်လာသလိုလ...
03/05/2025

"လွမ်းရစ်"

အလွမ်းတွေကို ညနေခင်းနဲ့ရောပြီး
အရောင်တင်ထားလိုက်တယ်

နံနက်ခင်းတွေကပဲ အဓိပ္ပာယ်မရှိသလိုလို
ညတွေကပဲ ပိုမှောင်လာသလိုလို နဲ့
အရက်သမားတစ်ယောက် ဥပုသ်စောင့်သလိုမျိုးပါပဲ မြစံပယ်ဖြူ

စစ်ကြီးမပြီးသေးလည်း
အချစ်ခရီးတွေထွက်ရင်း ငါတို့ဝိဖွာနေကြတာပေါ့

ကပ်ကြီးသုံးပါးဟာ ဘယ်အရပ်ကိုပဲလှည့်ထားထား
ငါတို့ဆီကိုပဲ မျက်နှာမူလာတယ်
ယုံလွယ်စရာမကောင်းတော့တဲ့ ကမ္ဘာကြီးမှာ
ငါ့ချစ်ခြင်းမေတ္တာကိုတော့ မင်းယုံပါ

သေသွားတဲ့မျှော်လင့်ချက်တွေ
အိပ်မက်တွေကိုတော့ ငါတို့ဘယ်ပန်းအိုးလေးထဲ
ထည့်စိုက်ထားမလည်း မြစံပယ်ဖြူ

ဆင်သွားတော့ လမ်းဖြစ်
မင်းသွားတော့ ဒီလူ လွမ်းရစ်တာပေါ့ ...။ ။

ချစ်ခြင်းများဖြင့်
ချမ်းမြ
28/4/2025

"နှစ်သစ်"အင်္ကျီအသစ် ပုဆိုးအသစ်ဖိနပ်အသစ် ဆံပင်ကေအသစ် နဲ့နှစ်သစ်လို့်ပြောကြတာပဲ အချစ်ရယ်စိတ်တွေက အသစ်မှမဖြစ်နိုင်ကြသေးတာ ...
17/04/2025

"နှစ်သစ်"

အင်္ကျီအသစ် ပုဆိုးအသစ်
ဖိနပ်အသစ် ဆံပင်ကေအသစ် နဲ့

နှစ်သစ်လို့်ပြောကြတာပဲ အချစ်ရယ်
စိတ်တွေက အသစ်မှမဖြစ်နိုင်ကြသေးတာ

ချစ်ခြင်းများဖြင့်
ချမ်းမြ

"သင်္ကြန်"ရေ မစိုတာ ငါတစ်ယောက်တည်းလည်းမဟုတ်ဘူးသင်္ကြန်ကတော့ ကျပြီးရင်သူ့ဟာသူ ပြန်တက်သွားမှာပဲနှစ်သစ်ဟာ ပျော်စရာမကောင်းကြ...
13/04/2025

"သင်္ကြန်"

ရေ မစိုတာ
ငါတစ်ယောက်တည်းလည်းမဟုတ်ဘူး

သင်္ကြန်ကတော့ ကျပြီးရင်
သူ့ဟာသူ ပြန်တက်သွားမှာပဲ

နှစ်သစ်ဟာ ပျော်စရာမကောင်းကြောင်းကိုတော့
တမလွန်က ငါ့အဖေဆီကို ဖုန်းဆက်ပြောရမယ်

ချစ်ခြင်းများဖြင့်
ချမ်းမြ

"မန္တလေး"မြင်သမျှဟာ ရင်ကွဲစရာတွေကြည့်ပဲမှတ်ဥာဏ်ဒိုင်ယာရီမှာ ကြောက်ရွံစိတ်တွေနဲ့ကပ်ဘေးကို ဘေးကပ်ထားပြီးပူသမျှကို ကူစရာတွေ...
11/04/2025

"မန္တလေး"

မြင်သမျှဟာ ရင်ကွဲစရာတွေကြည့်ပဲ
မှတ်ဥာဏ်ဒိုင်ယာရီမှာ ကြောက်ရွံစိတ်တွေနဲ့

ကပ်ဘေးကို ဘေးကပ်ထားပြီး
ပူသမျှကို ကူစရာတွေ နဲ့ စိတ်ဖြေ

ပျက်စီးဆုံးရှုံးမှုတွေကြားကပဲ
ငါတို့ မြို့လေးဟာ
ပိတောက်တစ်ခက်နဲ့ ပြန်လာလိမ့်မယ်

ချစ်ခြင်းများဖြင့်
ချမ်းမြ
6/4/2025

"ခင်ဗျားပြန်လာပါ မန္တလေး"မန္တလေးရေ မန္တလေးရေ မန္တလေးရေဆောက်တည်ရာမဲ့ ငိုသံတွေ နဲ့ မြေပေါ်မှာ ခြေဗလာတွေ နာရီလက်တံ တစ်ချက်မ...
29/03/2025

"ခင်ဗျားပြန်လာပါ မန္တလေး"

မန္တလေးရေ မန္တလေးရေ မန္တလေးရေ

ဆောက်တည်ရာမဲ့ ငိုသံတွေ နဲ့
မြေပေါ်မှာ ခြေဗလာတွေ

နာရီလက်တံ တစ်ချက်မတီးခင်
အက်ကွဲသွားခဲ့တာက ငါတို့ နှလုံးသားတွေ

ဘုရားလည်း မတတော့ဘူး
တရားလည်း မနာတော့ဘူး

ဒဏ်ရာတွေ ယင်မအုံခင်တော့
ဘုရားကြီးက ရေကင်းသံ နဲ့ အတူ
ခင်ဗျားပြန်လာပါ မန္တလေး

ချစ်ခြင်းများဖြင့်
ချမ်းမြ
၂၉ ၊ ၃ ၊ ၂၀၂၅

27/03/2025

"သင်္ကြန်ရေကန်တော့တဲ့ အညာဓလေ့"

"သားတို့ သမီးတို့ရေ လာဟေ့ နင်တို့ အဘိုး နဲ့ အဘွား ကို ရေသွားကန်တော့ရအောင်"

"ငါ့ညီတို့ ငါ့ညီမတို့ရေ လာဟေ့ အဖေ နဲ့ အမေကို ရေကန်တော့ရအောင်"

"သူငယ်ချင်းတို့ရေ လာကွာ ငါတို့ဆရာကို့ ရေသွားကန်တော့ရအောင်"

တကယ်တော့ ဒါလေးက ကျနော်တို့ အညာဒေသရဲ့ ချစ်စရာဓလေ့တစ်ခုပေါ့လို့ပြောရမယ်။
ယခုလို တန်ခူးလ သင်္ကြန်ကျခါနီးရင် ကျနော်တို့ အညာဒေမှာ ရေသွားကန်တော့ရအောင် ဆိုတဲ့ အသံတွေဟာ နေ့စဥ်နဲ့ အမျှကြားနေကြရတဲ့ စကားပါ။
ရေကန်တော့တယ်ဆိုတာက ရေ နဲ့ သွားလောင်းတာမဟုတ်ပါဘူး။အခုလို နှစ်ကူးတဲ့တန်ခူးလ အတာသင်္ကြန်ကိုရောက်တဲ့အခါမှာ ကိုယ့်ထက်ကြီးတဲ့ အဘိုး အဘွား လူကြီး မိဘ ဆရာသမားတွေကို ကန်တော့တာကိုခေါ်တာပါ။သီတင်းကျွတ် ၊ တန်ဆောင်တိုင် မှာ ကန်တော့တာ နဲ့ ဘာကွာလည်းဆိုရင်တော့ နည်းနည်းလေးပဲ ကွာပါတယ်။တခြား အခါကြီးရက်မြတ်မှာ ကန်တော့တာက ကန်တော့လက်ဆောင်တွေ နဲ့ပဲကန်တော့ကြတာပါ။အခုလို တန်ခူးလ သင်္ကြန်ရက်မြတ် အချိန်အခါမှာ ကန်တော့တာကတော့ ဒီလိုကန်တော့ကြတာပါ ....
ဟိုရှေးယခင်ကဆိုရင်တော့ ရေဖလားလေးတစ်ခွက် ဒါမှမဟုတ် ရေလေးတစ်အိုး နဲ့ တစ်နှစ်တာ ကံသုံးပါးနဲ့ပြစ်မှားခဲ့သည်ရှိသော် ဒါတွေကို ဝန်ချတောင်းပန်ရင်းကန်တော့ကြတာပါ။အခုတော့ ခေတ်နဲ့ညီစွာပဲ မုန့်များဆေးဝါးများ အသုံးဆောင်များ ပိုက်ဆံများ စသဖြင့် ကန်တော့ လက်ဆောင်များအပြင် အိမ်က သောက်ရေအိုးစဥ်က ရေတစ်ခွက်ခက်ပြီး ကန့်တော့ကြတာပေါ့။ရေဆိုတာ အေးမြခြင်း သဘောဆောင်လို့ နှစ်သစ်မှာအေးချမ်စေဖို့အဓိပ္ပာယ်ပါ။
အဲဒါကို ကျနော်တို့ အညာဒေသက လူတွေက ရေကန်တော့တယ် ဆိုပြီး ခေါ်ဝေါ်ကြတာပါ။
ကန်တော့လို့ပြီးသွားရင်လည်း ကန်တော့ခံလူကြီးမိဘဆရာသမားတွေက အငယ်တွေကို သင်္ကြန်တွင်းသုံးဖို့သင်္ကြန်မုန့်ဖိုးဆိုပြီး ပြန်လည်ပေးကြပါတယ်။ရေကန်တော့တယ်ဆိုတာ အညာဒေသ ရဲ့ချစ်စရာဓလေ့တစ်ခု အခေါ်ဝေါ်တစ်ခုဆိုရင် မမှားဘူးပေါ့။

ချစ်ခြင်းများဖြင့်
ချမ်းမြ

23/03/2025

"အမေ"

ကမ္ဘာကြီးကို ခါးစောင်းတင်
သားမိုက်အတွက် မျက်ရည်တွေသုတ်ရင်း
အပြန်လမ်းကိုမျှော်နေရှာတဲ့ အမေ

ဖြေသာစရာမရှိတဲ့ ဝေဒနာတွေ နဲ့
အဖော်မဲ့နေတဲ့ မုဆိုးမတစ်ယောက်
လောကဓံကိုရင်ဆိုင်နေပုံက
သွေးကျဆေးတွေသာစျေးတက်လာခဲ့တယ်

နွေထက်ပူတဲ့ စိတ်ခံစားမှုနဲ့
အဝေးရောက်နေတဲ့သားနှစ်ယောက်အတွက်
ပို့သတဲ့ မေတ္တာတွေဟာ
ကျနော်တို့အတွက် ကဗျာပါပဲ အမေ

စိတ်ပုတီးပေါ်က သောက
အမေ ပြောပြစရာလူမရှိတော့
ကျနော့် ဖုန်းရိန်းတုန်းလေးက
ခဏ ခဏထမြည်တယ်

ဒီတစ်ခါ အတည်ပါ အမေ
ရယ်စရာတွေပြောပြရင်း
လက်ကျန်သက်တမ်း နဲ့ မနက်ဖြန်တိုင်းအတွက်
အမေ့ရဲ့ ကြေးစည်သံလေး ပိုသာယာလာဖို့
အထီးကျန်ခြင်းကို ကိန်းဂဏန်းလိုရေရွတ်
သတိရတယ်ဆိုတဲ့ စကားကို
ကျနော် ဖောက်ခွဲပစ်လိုက်မယ်

အဟုတ် မိုက်ခဲ့တဲ့ သားကြောင့်
အမေ ခလုတ်တိုက်ခဲ့ရတာလည်း
ခဏ ခဏပဲမလို့လား

ဘဝက ကြေးကြီးပါတယ် အမေ
အိပ်တန်းမပြန်နိုင်သေးတဲ့ငှက်တစ်ကောင်
အိပ်မက်နဲ့ လက်တွေ့ မှာတော့
ဘာမှ မသိခင်မှာပဲ ဘာမှ မရှိတော့ဘူး

ချစ်ခြင်းများဖြင့်
ချမ်းမြ

၂၀၂၅ ၊ မတ်လ ၂၁ ကမ္ဘာ့ကဗျာနေ့ အမှတ်တရ
21/03/2025

၂၀၂၅ ၊ မတ်လ ၂၁
ကမ္ဘာ့ကဗျာနေ့ အမှတ်တရ

"ခင်ဗျားကိုသတိရတာ ဘာအကြောင်းပြချက်မှမလိုဘူးမလား " ဆိုတဲ့ စာအုပ်လေး မျက်နှာဖုံးအသစ်လေး နဲ့သတ္တမအကြိမ် ပြန်လည်ထွက်ရှိလာပါပ...
20/03/2025

"ခင်ဗျားကိုသတိရတာ ဘာအကြောင်းပြချက်မှမလိုဘူးမလား " ဆိုတဲ့ စာအုပ်လေး မျက်နှာဖုံးအသစ်လေး နဲ့သတ္တမအကြိမ် ပြန်လည်ထွက်ရှိလာပါပြီ အမြို့မြို့အနယ်နယ်စာအုပ်ဆိုင်တိုင်းတွင် မေးဝယ်ပါ

“မန္တလေး ဘုရားကြီးက အချဉ်ပေါင်း”မန္တလေး မဟာမြတ်မုနိဘုရားမှာရောင်းတဲ့အချဉ်ပေါင်းဟာလည်းနာမည်ကြီးပါတယ်။ဘုရားရဲ့အ၀င်ပေါက်မှာ...
15/03/2025

“မန္တလေး ဘုရားကြီးက အချဉ်ပေါင်း”

မန္တလေး မဟာမြတ်မုနိဘုရားမှာရောင်းတဲ့အချဉ်ပေါင်းဟာလည်းနာမည်ကြီးပါတယ်။ဘုရားရဲ့အ၀င်ပေါက်မှာဆိုအချဉ်ပေါင်းသည်တွေဆိုအများကြီးပဲ။လက်ရာကလည်းအတူတူပါပဲ။အထူးသဖြင့်ရန်ကုန်ကလာတဲ့သူတွေဆိုသိကြတယ်။ကိုယ့်မြို့မှာနေသူကသိပ်မသိလှဘူး။
တချို့ကလည်းသိကြပါတယ်။အချဉ်ပေါင်းပဲဘာထူးလို့လည်းပေါ့လို့မေးကောင်းမေးလိမ့်မယ်။ဘာမှမထူးပါဘူးလို့ပဲဖြေရပါမယ်။မက်မန်းသီးရယ်၊ဂွေးသီးလေးရယ်၊ဇီးပူသီးတွေကိုညက်အောင်ထောင်းထားပြီးတော့ထည့်တယ်။ငပိရည်လေးနဲ့ငရုပ်သီးစပ်စပ်စားချင်သူစပ်စပ်လေးပေါ့။ဒီလိုရိုးရိုးတန်းတန်းလေးပဲသုတ်တာပါ။
အဲဒါကို နာမည်ကြီးကဘာလို့ကြီးတယ်လို့မသိဘူး။ကျွန်တော်ငယ်ငယ်ကဆိုလည်း ဘုရားကြီးကိုရောက်ရင်ကျန်တဲ့မုန့်ပြီးမှတောင်တယ်။အချဉ်ပေါင်းအရင်ဝယ်ခိုင်းတယ်။တစ်ထုပ်တည်းမဟုတ်ဘူး နှစ်ထုပ်ဝယ်တာ။တစ်ထုပ်ကဘုရားမှာပဲစားတယ်။နောက်တစ်ထုပ်ကတော့အိမ်မှာစားတယ်လေ။တစ်ခါတစ်လေဆိုရင်တော့ ရပ်ကွက်ထဲကအသိတွေကမှာလို့လည်းဝယ်ခဲ့ရသေးတယ်။

”ဟေ့….ဟို မိသားစုဘယ်သွားမလို့လည်း ဘုရားကြီးလား။ဒါဆို အပြန်ဘုရားကြီးအချဉ်ပေါင်းလေးဝယ်ခဲ့ပါအုံး” အဲဒီလိုမှာကြတယ်

ကိုယ်မြို့မို့ကိုယ်ပြောတယ်။ကိုယ်ငါးချဉ်ကိုယ်ချဉ်ဖြစ်မှာလည်းဆိုးတယ်။ဘယ်မြို့မှာမှအခုလိုမျိုးဘုရားသွားရင်အချဉ်ပေါင်းမှာတယ်ဆိုတာသိပ်မကြားဘူးပါဘူး။ဒါပေမယ့်ကျွန်တော်တို့မန္တလေးကသူမန္တလေးသားတွေကတော့ ဘုရားသွားရင်အချဉ်ပေါင်းမှာကြပါတယ်။မန္တလေးလာတဲ့ဧည့်သည်တွေ မသိသေးတဲ့သူတွေသိသွားပြီဆိုတော့ ဘုရားကြီးကိုရောက်ရင် အချဉ်ပေါင်းလေးဝယ်စားဖြစ်အောင်စားကြပါလို့ အကြံပေးပါရစေ။

ချစ်ခြင်းများဖြင့်
ချမ်းမြ
မန္တလေးနေ့စဉ်သတင်းစာ (၂၆.၄.၂၀၁၆)

ပြာသိုလ်လပြည့် မြန်မာနိုင်ငံ အမေများနေ့မှာ အမေများအားလုံး ကျန်းမာကြပါစေ
13/01/2025

ပြာသိုလ်လပြည့် မြန်မာနိုင်ငံ အမေများနေ့မှာ
အမေများအားလုံး ကျန်းမာကြပါစေ

"မြစံပယ်ဖြူ သို့ "(၁)အရွက်ဟောင်းလေးကြွေသွားတယ်ဆိုတာအရွက်အသစ်လေး ဝေဖို့ပါ မြစံပယ်ဖြူအထူးသဖြင့်ချစ်ခြင်းမေတ္တာဆိုတာ နှလုံး...
12/12/2024

"မြစံပယ်ဖြူ သို့ "

(၁)

အရွက်ဟောင်းလေးကြွေသွားတယ်ဆိုတာ
အရွက်အသစ်လေး ဝေဖို့ပါ မြစံပယ်ဖြူ

အထူးသဖြင့်
ချစ်ခြင်းမေတ္တာဆိုတာ
နှလုံးသားနှစ်ခု တိုက်နေရတဲ့
ငြိမ်းချမ်းရေး ဖော်ဆောင်ပွဲပဲ

(၂)

မြစံပယ်ဖြူ ရေ
တစ်ဆောင်းသစ်ပြန်လို့
ဆောင်းခိုငှက်ကလေးတွေတောင်
အိမ်ပြန်ချိန်ရောက်ပြီနော်
မြစံပယ်ဖြူ ရော နေကောင်းကျန်းမာရဲ့လား

(၃)

တစ်မိုးအောက်ထဲမှာ ဆိုပေမယ့်
ကျနော်တို့က တစ်မြို့ဆီမှာလေ မြစံပယ်ဖြူ

ဆေးပေးလို့ လည်းမရ
ပြေးတွေ့လို့လည်းမရ တဲ့ အခြေနေမို့
မြစံပယ်ဖြူ နေမကောင်းဖြစ်မှာ ကျနော်ကြောက်တယ်

ဒဏ်ရာတွေကိုသာ အပိုင်ယူရကြေးဆိုရင်
မြစံပယ်ဖြူ ရဲ့ ဒဏ်ရာတွေကို
ကျနော့်ကိုယ်ပိုင်နံပါတ်တက်ထားလိုက်မယ်

(၄)

မြစံပယ်ဖြူ ရေ
မင်း သတိရတဲ့ အခါ ဖုန်းခေါ်ပါ
ပိုသတိရလာတဲ့အခါ
ကျနော့်ညာလက်ဖျံက မြို့လေးဆီအလည်လာပါ

မင်း ဒဏ်ရာတွေကို ကျုံးရေ နဲ့ ဆေးပါ
သံသရာတစ်ကွေ့ မှာ ဝင်တိုက်မိတဲ့ ချစ်ခြင်းမေတ္တာကို
မဟာမုနိဘုရား မှာ ရေစက်ဆုံအောင် ဆုတောင်းပါ

အုတ် ၊ ကျစ် ၊ ကျော် ၊ အေး အော်မှ ထူးတဲ့ မြို့မှာ
ကျနော်ဟာ မြစံပယ်ဖြူ ချစ်တယ်ပြောမှ လူဖြစ်ခဲ့တယ်
မြစံပယ်ဖြူ ကို ကျနော် ချစ်တယ်

(၅)

နွေမှာဆို ကံ့ကော်ပန်း ၊ ဇီဇဝါပန်း
ဆောင်းမှာဆို သဇင်ပန်း ၊ ချယ်ရီပန်း ၊ ခွာညိုပန်း
မိုးမှာဆို ခတ္တာပန်း ၊ ဇွန်ပန်း ၊ မြတ်လေးပန်း တဲ့
ကျနော့်မှာ ဆိုရင်လား
ကျနော့် မှာ ဆိုရင်တော့
မြစံပယ်ဖြူ ဆိုတဲ့ပန်းလေးပဲပေါ့

(၆)

အပေါ်ယံမဟုတ်တဲ့ အရာတွေကို
ကျနော် က ချစ်တယ်

တက်တူးထိုးတာ
အရက်သောက်တာ ကအစ

ကဗျာရေးတာ
မြစံပယ်ဖြူ ကိုချစ်မိတာ အဆုံးပေါ့

(၇)

တကယ်တော့ ကျနော်ဟာ
ဒဏ်ရာတွေပေါ်ကို
ဒဏ်ရာ မထပ်စေချင်ခဲ့တဲ့
ဆန်ကုန်မြေလေးတစ်ကောင်ပါ မြစံပယ်ဖြူ

မဖြစ်နိုင်ခြင်းတွေအတွက်
တောင်းပန်ပါတယ်

ခြောက်သွေ့နွမ်းခြောက်နေတဲ့
ဘုရားပန်းတွေမှာတော့
ကျနော့် ဆုတောင်းခြင်းတွေအပြည့်ပါပါတယ်

(၈)

မြစံပယ်ဖြူရေ ...
စိုးရိမ်ပူပန်ခြင်းရဲ့ အဝေးမှာတော့
အိပ်မပျော်ခြင်းတွေကို
ကျနော် အပိုင်ဝယ်ထားတယ်

လူပိန်းစကားပြောရရင်
ကျနော် မလွမ်းချင်ဘူး

ဆုတောင်းတွေသာတကယ်ပြည့်ခဲ့ရင်
သတိရခြင်းအကြောင်းတွေကိုတော့ ပြောပြချင်သေးတယ် မြစံပယ်ဖြူ

(၉)

တနင်္ဂနွေဟာလည်း
အဆင်​မပြေမှုတွေကိုထမ်းပိုးထားပုံရတယ်

ရှင်သန်လိုစိတ် မရှိတဲ့နေ့တွေမှာတော့
မင်းရင်ခွင်ထဲ ခေါင်းထိုးငိုမယ် မြစံပယ်ဖြူ

(၁၀)

မြစံပယ်ဖြူ တစ်ယောက်ကတော့
ငြိမ်းချမ်းပါစေ
ချစ်ခြင်းများဖြင့်လည်း နွေးထွေးပါစေ

ကျနော်ကတော့ မပျော်လူ

ချစ်ခြင်းများဖြင့်
ချမ်းမြ

ที่อยู่

Bangkok
10400

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ CHAN MYA - ချမ်းမြผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท