03/12/2025
လူတစ်ယောက်ကို ပြောင်းလဲဖို့
အချိန်တွေ အများကြီး မပေးနဲ့။
သူ့စိတ်ကို ပြောင်းလဲလို မရရင်
ကိုယ့်စိတ်ကို ပြောင်းလဲပစ်လိုက်ပါ။
ဘယ်လိုမျိုးလဲဆိုတော့
သူ့ကို လိုအပ်နေတဲ့ ကိုယ့်ရဲ့ စိတ်၊
သူ့အပေါ် မျှော်လင့်နေတဲ့
ကိုယ့်ရဲ့ စိတ်၊
တစ်နေ့မှာဆိုပြီး
အားတင်းနေမိတဲ့ ကိုယ့်ရဲ့ စိတ်၊
သူ မရှိရင် ဖြစ်မှာ မဟုတ်ဘူးဆိုပြီး
အားငယ်နေတဲ့ ကိုယ့်ရဲ့ စိတ်
အဲဒီစိတ်တွေကို အကုန်ပြောင်းလဲပစ်လိုက်ပါ။
ကျွန်မတိုဟာ လူတစ်ယောက်ကို
အချိန်တွေ အကြာကြီးပေးပြီး
စောင့်ဆိုင်းနေဖိုတာဝန်မရှိပါဘူး။
လိုလည်းမလိုအပ်ပါဘူး။
#ဦးအောင်သင်း