30/03/2026
🥷 MLBB x Naruto Collab: Skin တွေကို အသက်သာဆုံး အပိုင်သိမ်းမယ့် Budget Guide 🥷
ငွေကုန်ကြေးကျ သက်သာပြီး အမိုက်စား Naruto Collab Skin တွေ ကိုင်ချင်တဲ့ ဘော်ဒါတွေအတွက် အတိကျဆုံး တွက်ချက်ပေးထားတဲ့ Guide လာပါပြီ!
📅 Event ကာလ: March 27 ကနေ May 10 အထိ (၄၅ ရက်တိတိ)
🎟️ Premium Supply (Ticket) ရက်များ: Phase 1 (April 3) & Phase 2 (April 10)
(မှတ်ချက် - Phase တစ်ခုမှာ Dia 250 ဖြည့်ပြီး ပြန်သုံးတာနဲ့ Free Ticket 29 စောင်စီ ရပါမယ်)
⚡ Itachi သို့မဟုတ် Minato (New Skin) အတွက် အသက်သာဆုံး Formula
Target: Coin 1200 / အကြိမ်ရေ 120 (ခန့်မှန်း Dia 6000 ဖိုး)
💰 ခန့်မှန်း ကုန်ကျစရိတ်: 50,000 MMK ဝန်းကျင် (Weekly Pass ၇ ခုစာ)
March 27 (Event စစချင်း): Weekly Pass (၁) ပတ်စာ အရင်ဝယ်ပါ။ Surprised Reward ကနေ Ticket 1-3 ခု ရပါမယ်။ April 2 ရက်နေ့အထိ နေ့စဉ် Dia 25 နဲ့ တစ်ခါလှည့်ပါ။ (စုစုပေါင်း 8 Draws)
April 3 (Phase 1): Weekly Pass (၃) ပတ်စာ ထပ်ဝယ်ပါ။ နေ့စဉ် Dia 25 လှည့်တာကို April 7 အထိ ဆက်လုပ်ပါ။ (စုစုပေါင်း 13 Draws)
April 7 ရက်နေ့: Dia 50 နဲ့ ၃ ကြိမ် လှည့်ပါ။ ပြီးတာနဲ့ Phase 1 ကရထားတဲ့ Free Ticket 29 စောင်ကို အကုန်သုံးလိုက်ပါ။ (စုစုပေါင်း 45 Draws)
April 8 - 9 ရက်နေ့: နေ့စဉ် Dia 25 နဲ့ ပုံမှန်လေး ဆက်လှည့်ပါ။ (စုစုပေါင်း 47 Draws)
April 10 (Phase 2): Weekly Pass (၃) ပတ်စာ ထပ်ဝယ်ပါ။ နေ့စဉ် Dia 25 နဲ့ April 14 အထိ ဆက်လှည့်ပါ။ (စုစုပေါင်း 52 Draws)
April 14 ရက်နေ့: Dia 50 နဲ့ ၃ ကြိမ် လှည့်ပါ။ ပြီးတာနဲ့ Phase 2 ကရထားတဲ့ Free Ticket 29 စောင်ကို အကုန်ထပ်သုံးလိုက်ပါ။ (စုစုပေါင်း 84 Draws)
April 15 မှ May 10 အထိ: နေ့စဉ် Dia 25 နဲ့ ပုံမှန်လေးပဲ ဆက်လှည့်သွားပါ။ (စုစုပေါင်း 110 Draws)
Bonus: Event Mission တွေလုပ်ရင် Ticket 10 စောင် ထပ်ရမယ့်အတွက် Total 120 Draws တိတိ ပြည့်သွားပါပြီ!
🦊 Naruto သို့မဟုတ် Sasuke (Old Skin) အတွက် အသက်သာဆုံး Formula
Target: Coin 1400 / အကြိမ်ရေ 140 (ခန့်မှန်း Dia 7000 ဖိုး)
💰 ခန့်မှန်း ကုန်ကျစရိတ်: 110,000 MMK ဝန်းကျင် (Weekly Pass ၅ ခု + Dia 1200)
March 27 (Event စစချင်း): Weekly Pass (၅) ပတ်စာ တစ်ခါတည်း သွင်းထားပါ။ Surprised Reward ကနေ Ticket 2-6 ခု ရပါမယ်။ နေ့စဉ် Dia 25 နဲ့ ပုံမှန်လှည့်ပါ။ (စုစုပေါင်း 47 Draws)
April 3 (Phase 1): Dia 600 သီးသန့် ထပ်ဖြည့်ပါ။ ပြီးရင် Dia 450 သုံးပြီး 10x Draw တစ်ခါ လှည့်ပါ။ ရလာတဲ့ Free Ticket 29 စောင်ကို အကုန်သုံးပါ။ (စုစုပေါင်း 86 Draws)
April 10 (Phase 2): နောက်ထပ် Dia 600 ထပ်ဖြည့်ပါ။ Dia 500 သုံးပြီး 10x Draw ထပ်လှည့်ပါ။ Free Ticket 29 စောင်ကို အကုန်သုံးပါ။ (စုစုပေါင်း 125 Draws)
Bonus: Event Mission ကနေရမယ့် Ticket 10 စောင် ထပ်ပေါင်းလိုက်ရင် Total 135 Draws ကျော်သွားပါပြီ!
⚠️ ဒီ Guide က အရင် Event တွေရဲ့ Data ကို အခြေခံပြီး အကောင်းဆုံးဖြစ်အောင် တွက်ချက်ထားတာပါ။ ကိုယ့်ရဲ့ ကံ (Coin Drop Rate) ပေါ်မူတည်ပြီး ကုန်ကျစရိတ် အနည်းငယ်လောက်တော့ အပြောင်းအလဲ ရှိနိုင်ပါတယ်။
ကဲ... ကိုယ့်လူတို့ရော အသစ်ထွက်မယ့် ခပ်မိုက်မိုက် Itachi / Minato လား? ဒါမှမဟုတ် Original Vibe အပြည့်နဲ့ Naruto / Sasuke ကိုပဲ အပိုင်သိမ်းမလား? Comment မှာ ဆွေးနွေးသွားကြဦး! 👇
(Skin လှည့်ဖို့ Weekly Pass တွေနဲ့ Diamond တွေ ဈေးနှုန်းမှန်ကန်စွာနဲ့ ယုံကြည်စိတ်ချရတဲ့ နေရာမှာ ကြိုစုထားချင်ရင်တော့ အခုပဲ Messenger မှာ လာရောက် ဝယ်ယူနိုင်ပါတယ်ခင်ဗျာ 💎✨)